ဗမာတွေ ရခိုင်ကို တကျပ်လှူဖူးလို့ AA က ကူတိုက်ပေးရမှာလား

ရခိုင်တွေက " ဗမာတွေ ရခိုင်ကို တကျပ်လှူဖူးလို့ AA က ကူတိုက်ပေးရမှာလား၊ စစ်အာဏာသိမ်းတာ ရခိုင်ကို သိမ်းတာ မဟုတ်ဘူး။ ကင်းအောင် နေရမယ်၊ ကိုယ့်လမ်းကိုယ်လျှောက် ရက္ခိတလမ်းစဉ်ရှိတယ်။ " လို့ မောက်မောက်မာမာ ပြောကြတယ်။ ပြောရုံပဲလား ဆိုတော့ မဟုတ်သေး၊ ပွဲလမ်းသဘင်တွေ ပျော်မြူးနေကြတယ်။
မြန်မာ(ဗမာ) တွေကလည်း အဲဒီလိုပြောရင် ကြက်နာ လည်လိမ်ထားသလို ဘာမှ ပြန်မပြောတတ်ဘူး။ အဲဒီလိုနဲ့ အခြားတိုင်းရင်းသားတွေက ဗမာမုန်းစိတ္တနာနဲ့ နင်ပဲငဆ ပြောလိုက်၊ ဗမာက မချေပပဲ ငြိမ်ခံနေလိုက်နဲ့၊ ကြာတော့ ရောင့်တက်လာတယ်။
ဒါကြောင့် ကြုံရင် ကြုံသလို သမိုင်းဖော်ပြီး ခပ်ဆဆ ပြန်တွယ်ရတယ်။ သမိုင်းမှန်ရှိပါရက်နဲ့ မသိလို့ မိုးလင်း၊ မသိလို့ မိုးချုပ်၊ ပြည်ထောင်စုကြီး စုံးစုံးမြုပ်မယ့် အရေးကိုတော့ လက်မခံနိုင်ဘူး။ အနာရှိရင် စပ်ကြပေတော့။
ဟောဒီမှာ ဗမာတွေ ၁၉၆၈ မုန်တိုင်း၊ ၂၀၁၀ ဂီရိမုန်တိုင်း၊ ၂၀၂၃ မိုခါမုန်တိုင်းမှာ ဗမာတွေရဲ့ ချွေးနည်းစာနဲ့ ရခိုင်ကို ကူခဲ့တဲ့ အထောက်အထား တချို့။













NUG ရဲ့ လှူဒါန်းငွေဟာ ပြည်တွင်းပြည်ပက ဗမာတွေ လုပ်အားခတွေက လှူထားတာ ဖြစ်တယ်။ ဒါကို ... ဓာတ်ငွေ့ ရောင်းရငွေ ဆိုပြီး ကျေးဇူးမတင် xင်လှန်မပြကြနဲ့ဦး။ လက်ရှိ မြန်မာ့ရေပိုင်နက်ဟာ ပဒေသရာဇ်ခေတ် ဘုရင်တွေ ​တယောက်နဲ့မှ မသက်ဆိုင်ဘူး ။ လွတ်လပ်ရေးရပြီးမှ ပေါ်ပေါက်လာတဲ့ ရေပိုင်နက်။ အဲဒီရေပိုင်နက်ထဲက ဓာတ်ငွေ့ဟာ ပြည်ထောင်စုသား အားလုံးနဲ့ ဆိုင်တယ်။ မြန်မာ့ရေပိုင်နက် ဖြစ်တယ်။ ရခိုင့်ရေပိုင်နက်မဟုတ်ဘူး။  

၁၉၆၈ က ဗမာတွေဟာ စက်ရုံအလုပ်ရုံတွေမှာ အချိန်ပို ဆင်းပြီး လုပ်အားခရှာပြီး ထည့်ဝင် လှူဒါန်းကြတယ်။ အဲဒီတုန်းက ဘာဓာတ်ငွေ့မှ မထွက်ရုံမက ရခိုင်တွေ ရေနံချောင်း၊ ချောက်က ရေနံကို သုံးကြရတယ်။
ဂီရိမုန်တိုင်းတုန်းကလည်း လှူခဲ့တဲ့ ဗမာတွေ သက်ရှိထင်ရှားရှိနေသေးတယ်။ အလှူခံစားရတဲ့ ရခိုင်တွေထဲမှာ AA စစ်ဗိုလ်စစ်သားတွေ ရဲ့ မိဘ ဆွေမျိုးတွေ ပါဝင်နေတယ်။ ၂၀၁၀ ဆိုတော့ သက်ရှင်နေသူတွေရှိနေဦးမှာပဲ။ ရေငုံနှုတ်ပိတ်မနေကြပါနဲ့။ သူ့ကျေးဇူး ငါ့ကျေးဇူးဟာ ဖော်ထုတ်တာ မင်္ဂလာတပါးပါ။
နောက်တချက် ပြောဦးမယ်။ ဆိပ်ကမ်းနဲ့ ပိုက်လိုင်း
ဆိပ်ကမ်းနဲ့ ပိုက်လိုင်း အငှါးငွေ ဟာ ၈၀% က တရုပ်၊ ၁၀ % က စစ်တပ်နဲ့ ခရိုနီ၊ ၁၀% က လမ်းတံတားထဲ ရောက်တယ်။ အဲဒီ လမ်းတံတားကို ရခိုင်တွေ မသုံးဘူးလား။ ရခိုင်ပြည်နယ်မှာ မရှိဘူးလား။
မကျေနပ်ဘူး ... ထား၊ တရုပ်နဲ့ စစ်တပ်ကို ဘယ်ရခိုင်ပါတီ၊ ဘယ်ရခိုင်တပ်တော်မှ တရားဝင် ကြေညာချက်ထုတ် ကန့်ကွက်ဖူးသလဲ။ ( မရှိဘူး) ဒါတွေကို မစဉ်းစားတတ်ကြ။ အလံရှုးတွေ သွေးထိုးတဲ့ အတိုင်း ဘဝင်မြင့်၊ ဇာတ်နာပြ၊ မျက်ချုပြနေကြတယ်။ ရခိုင်ပါတီ/ တပ်တော်တွေကလည်း နစ်နာရင် တရားဝင် ကြေညာသင့်တယ်။ စစ်တပ်နဲ့ တရုပ်ကိုတော့ သွားလေးဖြီး၊ ခါးလေးညွတ်၊ ဗမာကိုတော့ အပုပ်ချ ဖောင်းထုတာ မလုပ်သင့်ဘူး။ ဒါဟာ နိုင်ငံရေး သတ္တိမဟုတ်ဘူး။

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား