အနှစ် (၇၀) သင်ခန်းစာ

တိုင်းရင်းသား EAO အဖွဲ့တွေ ၊ လက်နက်ကိုင်အဖွဲ့တွေ တည်ထောင်ကြတဲ့ နေ့တွေ အထိမ်းအမှတ်နေ့တွေဆိုရင် NUG ​နဲ့ NUCC က သဝဏ်လွှာတွေ ကြေညာချက်တွေ ထုတ်ပြန်ကြတယ်

မနေ့က NUG  (၂) နှစ် နှစ်ပတ်လည်နေ့မှာ ဘယ်အဖွဲ့ကမှ သဝဏ်လွှာ ထုတ်ပြန်တာ မတွေ့ရဘူး။ ဒါဟာ ဘာကို ပြသနေသလဲ ဆိုရင် မအလ စကစကို ကြောက်ရွံ့နေတာက တချက်၊ သူတို့ဟာ NUG ကို အစိုးရတရပ်လို့ အသိအမှတ် မပြုချင်တာ တချက်ကြောင့်ပဲ။

နောက်တချက်က လွတ်မြောက်ရေးအမည်ခံ တရုပ်ဩဇာခံတွေ ဖြစ်နေကြလို့ပဲ။ တရုပ်က ပထမဆုံး တိုင်းရင်းသား EAO အဖွဲ့တွေကို ကြိုး - ဆွဲတင်း ထားလိုက်တယ်။  ပြည်တွင်းမှာသာ ဖက်ဒရယ်တွေ၊ ကွန်ဖက်ဒရိတ်တွေ၊ ဘာပြည်နယ် ညာပြည်နယ်တွေ ခပ်တင်းတင်း ခပ်စွာစွာ ပြောတတ်ကြတာ။ တရုပ်က “ဟိတ် ဆိုရင် တိတ်”ကြရတာပဲ။ 

စကား ဆက်စပ်လို့ ဆက်ရေးရရင် ...

  တပ်မတော်နေ့မှာ မအလဟာ သိန်းစိန် ခြေအစုံကို  ရှိခိုးတာကို ပုံကြီးချဲ့ပြသတယ်။  သိန်းစိန် - သန်းရွှေ အတွဲကို ပွဲထုတ်လာတယ်။ တရုပ်က ၂၀၀၈ ခြေဥ အောက်က ရင်ကြားစေ့ရေး အသံပေးတယ်။ ၂၀၀၇ - ၂၀၁၂ ကာလ က NLD ကို ကျုံးသွင်းခဲ့တဲ့ လူဟောင်းတွေထဲက နော်ရေးဟီဇာ၊ ဘန်ကီမွန်း ပြန်ပေါ်လာတယ်။ 
စစ်အုပ်စုမှာ ၂ ဖွဲ့ရှိတယ်။ ဒါပေမယ့် ရည်ရွယ်ချက် မတူဘူး။ သန်းရွှေ သိန်းစိန် အုပ်စုဟာ အဟောင်းစား တွေ ဖြစ်တယ်။ မအလ စိုးဝင်း မိုးမြင့်ထွန်းတို့ဟာ အသစ်စားတွေ ဖြစ်တယ်။  အသစ်စား အုပ်စုဟာ တချိန်ချိန်တော့ အဟောင်းစား တွေ ဆီက လုပ်ကွက်တွေ လုယူကြတာပဲ။ မအလဟာ သန်းရွှေလို အနှစ် ၂၀ အာဏာရှင် လုပ်ချင်သလို နောက်လိုက်တွေက အစွယ်တဖွေးဖွေး သွားရည် တမြားမြားပါ။ နဝတ နအဖ တုန်းကလို စားချင်ဝါးချင် လို့ အာဏာသိမ်းကြတာပါ။ အဟောင်းစား အုပ်စုက ၂၀၀၈ ခြေဥ အကာကွယ်ရအောင် မအလ အနှစ် ၂၀ အာဏာရှင် ဖြစ်မှာ မလိုလားဘူး။ 

မအလကလည်း PR ရွေးကောက်ပွဲ ကျင်ပပေးမယ် ပြောရင်း အချိန်ဆွဲ ထားမယ်။ သန်းခေါင်စာရင်း ၂၀၂၄  ပြောရင်း အချိန်ဆွဲ ထားမယ်။ စမတ်မှတ်ပုံတင် ပြောရင်း အချိန်ဆွဲ ထားမယ်။  အချိန်ကြာတာနဲ့ အမျှ  အကွက်တွေ ရွေ့ရင်း ဖက်ဒရယ် ဆိတ်ခေါင်းချိတ် ခြေဥ အသစ် ရေးဖို့ အသံပေးမယ်။ ညီလာခံ ဘာညာ လုပ်မယ်။ ဒီအကွက်ကို အဟောင်းစားတွေက မကြိုက်ဘူး။ ဒါကြောင့် တရုပ်အားကိုးနဲ့ မအလကို  ကျုံးသွင်းနေကြတာ။
မအလ စဝ စကစ အဖွဲ့ဟာ ( CDM , NUG , PDF  သာ မပေါ်ခဲ့ရင် ) အဟောင်းစား အုပ်စုကို  ( သန်းရွှေက နေဝင်းကို လုပ်သလို)  ချောင်ထိုးထားမှာ အသေအချာပဲ။ ဒါပေမယ့် မအလ အစီအစဉ်ဟာ အကွက်ပျက်နေတယ်။ ဒါကြောင့် သိန်းစိန်ကို ဆရာတင်ထားသယောင် ပွဲထုတ်ပြတာ ဖြစ်တယ်။ လိုရင်းက အချိန်ဆွဲဖို့ပဲ။
မအလဟာ တရုပ်- အဟောင်းစား - ကျုံးသွင်းအဖွဲ့  ဝန်ရိုးတန်းအုပ်စုကို မချစ်သော်လည်း အောင့်ကာနမ်းနေတာ ဖြစ်တယ်။ အချိန်ဆွဲထားရင်း NUG PDF အားပျော့ရေးသည် ကနဦး အလုပ်၊ ၂၀၀၈ ခြေဥကို ဖျက်ပြီး ထင်ရာစိုင်းမှာက နောက်ပိုင်းအလုပ် ဖြစ်တယ်

အဟောင်းစား အုပ်စုကလည်း မအလ ခြေလှမ်းကို မြင်တယ်။ မအလဟာ အာဏာမသိမ်းမီ ၃ ရက်က ၂၀၀၈ ခြေဥကို ဖျက်မယ်လို့ ကြုံးဝါးခဲ့ဖူးတယ်။ ဒါကြောင့် NUG PDF နဲ့ ခြောက်ပြီး ၊ မအလကို ၂၀၀၈ ခြေဥ ကျုံးထဲ ပြန်သွင်းနေတာ ဖြစ်တယ်။

တိုင်း ရင်းသား ပြည်သူအားလုံး သိဖို့က ...  အသစ်စား အဟောင်းစားတွေရဲ့  ကစားကွက်မှာ မျောပါမနေပဲ ... မိမိလမ်း မိမိဖောက်ကြဖို့ လိုတယ်။ သူများတီးလုံးမှာ က, မိရင် Time အချိန်တည်းဟူသော အခွင့်အရေးကို ဆုံးရှုံးရလိမ့်မယ်။ 

Resource အရင်းအမြစ် များတဲ့ဘက်က time အချိန် ကို ဆွဲ၊ space ဘောင်ကို ချဲ့ ကစားရင် ...   ဘာဖြစ်မလဲ .. အနှစ် (၇၀) သင်ခန်းစာက သက်သေပြနေတယ်။ 

တရုပ်ဟာ သူ့ဩဇာခံရေးအတွက် တရုပ်နယ်စပ်မှာ "ဝနဲ့ မိုင်းလား စံပြမြို့နယ် ၂ ခု လောက် " တည်ပြပြီး ဖော်ရှိုးလုပ်  နေတာကို အားမကျကြပါနဲ့။  သွားရည်ကျရင် မှားလိမ့်မယ်။ သင်တို့ ပထဝီအနေအထားက  ဝ နဲ့ မိုင်းလားနေရာမှာ မရှိဘူး

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား