၁၉၄၈ လွတ်လပ်ရေး ယူခါစ မြန်မာနိုင်ငံ မြေပုံ ( Union of Burma )

 
၁၉၄၈ လွတ်လပ်ရေး ယူခါစ မြန်မာနိုင်ငံ မြေပုံ ( Union of Burma ).

ပုံထဲက အနီရောင် စာသား၊ မျဉ်းကြောင်းတွေဟာ ၁၉၄၇ ခြေဥမှာ ဖဆပလအစိုးရ က အသစ် ရေးဆွဲပေးတာ ဖြစ်တယ်။  အချို့တွေက ပင်လုံစာချုပ်ထက် ပိုရသွားကြတယ်။ သူတို့ ဗမာလူမျိုးကြီးဝါဒီလို့  စွပ်စွဲနေတဲ့ "ကရင်နု" လက်ချက်ပေါ့။ နောက်မှ ရှင်းပြဦးမယ်။
▪️ အလိမ်ဖြည်ခြင်း (၁)
တိုင်း division တွေဟာ နေဝင်းက သတ်မှတ်တာပါ။ ကိုလိုနီခေတ်နဲ့ လွတ်လပ်ရေးရတုန်းက မရှိခဲ့ပါဘူး လို့ လိမ်ပြောကြတယ်။
အမှန်တရားက - 
တိုင်း division ခုနှစ် (၇) တိုင်း ရှိတယ်။ ဟောဒီ မြေပုံမှာ မြင်ရမယ်။ စစ်ကိုင်း ၊ မကွေး၊ မန္တလေး၊ ပဲခူး၊ အာရကန်၊ တနင်္သာရီ တိုင်း ကို မြင်
ရမယ်။ 

▪️ အလိမ်ဖြည်ခြင်း (၂) 
ချင်း နဲ့ ကချင်ဟာ ပြည်နယ် (ပြည်ထောင်) state တွေ ဖြစ်တယ်လို့ လိမ်ပြောကြတယ်
အမှန်တရားက -
ချင်း၊ ကချင်၊ ကရင်၊ မွန် ဟာ ပြည်နယ် state မရှိခဲ့ဘူး။ ရခိုင်သည်လည်း ပြည်နယ် state မဟုတ်ခဲ့ဘူး။ 
Arakan Division အာရကန်တိုင်းသာ ဖြစ်တယ်။ ရခိုင်ပြည်နယ် ဆိုပြီး လူမျိုးစွဲပြည်နယ် မရှိခဲ့ဘူး။ အာရကန် ဆိုတာ လူမျိုးစုံ တိုင်း တခုဖြစ်တယ် .. 
မြေပုံမှာ ကြည့် .. စစ်ကိုင်း တိုင်း က နယ်မြေတချို့ကို ကချင် ပြည်နယ် ( မျဉ်းနီ) ၊ မကွေးတိုင်းက နယ်မြေတချို့ကို ချင်းဝိသေသတိုင်း ( မျဉ်းနီ ) ထဲ ထည့်ပေးရတယ်။  

▪️ ဦးနု ၊ နေဝင်း၊ သန်းရွှေ မွှေလိုက်တာ လူမျိုးစွဲ ပြည်နယ်တွေ ၊ ဒေသ တွေ ဖြစ်လာပြီး လူမျိုးရေး အတ္တစွဲတွေ ဟာ သူတို့ချည်း လောင်မြိုက်တာ မဟုတ်ပဲ၊ မြန်မာ ( ဗမာ) ကို မြိုက်နေတယ်
 



▪️ အလိမ်ဖြည်ခြင်း (

ကချင် ရှမ်း ချင်း ဟာ မြန်မာနိုင်ငံထဲမှာ ပါ / မပါ ကို တော​င်တောင် အီအီတွေ ဝေ့လည်ကြောင်ပတ် ပြောဆိုနေကြတယ် ...  အရှင်းဆုံး အလွယ်ဆုံး စစ်ဆေးနည်းကို ပြောပြမယ် .. 

ကိုလိုနီခေတ် က ထုတ်ဝေတဲ့ အိန္ဒိယနဲ့ မြန်မာအစိုးရထုတ် .. တရားဝင် ဂေဇက်ဝင် မြေပုံတွေ ၊ တံဆိပ်ခေါင်းတွေ ရှိတယ်။ ရှာဖွေလေ့လာကြည့်ပါ ..  မြန်မာနိုင်ငံ နယ်နိမိတ်စည်းကို တိတိကျကျ မြင်ရမယ်။ 


( အခုခေတ်မှာ ကွန်ပြူတာနဲ့ ရေးပြီး ဂျင်းထည့်တဲ့ မြေပုံအတုတွေကိုတော့ သိနိုင်တဲ့ ဉာဏ်ရည် ရှိဖို့တော့ လိုတယ် ..... 

.. ငပိန်းတွေ များသမှ အဲဒီ ဂျင်းမြေပုံအတုကို တခုတ်တယ live ထဲ ထည့်ပြနေတယ်။ )


ချင်းနိုင်ငံ၊ ရှမ်းနိုင်ငံ၊ ကချင်နိုင်ငံ ( ချင်းပြည်ထောင်၊ ရှမ်းပြည်ထောင်၊ ကချင်ပြည်ထောင်) မြေပုံရယ်လို့ .... တခုမှ .. သီးခြား မရှိဘူး ... မယုံရင် ရှာကြည့်ပါ။ ဒီလောက် ရှင်းတာ ရှိဦးမလား။

Example အနေနဲ့ ကိုလိုနီခေတ် George VI   စာတိုက်တံဆိပ်ခေါင်း ကို ဓာတ်ပုံပြလိုက်တယ်။ မြန်မာ ( Burma ) နိုင်ငံ စာတန်း ထိုးပြီး  မြန်မာဝတ်စုံနဲ့ အမျိုးသားကြီး၊ ၎င်းအနောက်မှာ မြန်မာနိုင်ငံမြေပုံ ။  ဒါ တကွက်ပဲပြလိုက်တာ ...



စကားမစပ် တပါထည်း ပြောလိုက်တယ်။  .. ကချင်နဲ့ ချင်းဟာ ပင်လုံစာချုပ် မတိုင်ခင်က ပြည်နယ် အဆင့်တောင်မရှိဘူး ။ တောင်ပေါ် ရွာလေးတွေ ဖြစ်တယ်။ ရှမ်းဆိုရင်လည်း ရှမ်း၊ ဝ၊ ပအိုဝ်း၊ တအာန်း စော်ဘွား ( မြို့စား) တွေ ရဲ့ သီးခြား ပြည်နယ်လေးတွေ ရှိတယ်။ ယနေ့လို ရှမ်းပြည်နယ် ဆိုပြီး မရှိဘူး။ ရှမ်း ကချင် ချင်း အစိုးရရယ်လို့ မရှိဘူး။ ဒါကြောင့် ပင်လုံစာချုပ်မှာ ၎င်း အစိုးရတွေ မရှိခဲ့လို့ပဲ၊ .. ကော်မတီဖွဲ့ပြီး လက်မှတ်ထိုးရတာ သက်သေပဲ။

အတိတ် ပစ္စုပ္ပန် အနာဂတ် အမှန်တရားကို မသိပဲ ... ဂျင်းတွေ အတင်းတွေ ပါးစပ်ရာဇဝင်တွေနဲ့ ... ဘယ်လိုမှ ဖက်ဒရယ် မရနိုငိဘူး


Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား