ဦးသန့်နှင့် လူမျိုးရေးဝါဒ U Thant & Racism

ဦးသန့်နှင့် လူမျိုးရေးဝါဒ U Thant & Racism

တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း လူမျိုးရေးဝါဒနှင့် လူမျိုးရေး ခွဲခြားဆက်ဆံမှုတို့ကို အဆုံးသတ်စေရန် လုပ်ဆောင်ခဲ့သည့် ပထမဆုံးသော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်မှာ ဦးသန့် ဖြစ်ပါသည်။ 
အထွေထွေ အတွင်းရေးမှူးချုပ်အနေဖြင့် မိမိ၏ အလုပ်တာဝန်မှန်သမျှသည် နိုင်ငံရေး၊ စီးပွားရေးနှင့်လူမှုရေး၊ လူမျိုးရေးခွဲခြားဆက်ဆံမှုကို အဆုံးသတ်ရေးဟူသော ကဏ္ဍသုံးရပ်တွင် ငြိမ်းချမ်းစွာ ၀ိုင်း၀န်းဆောင်ရွက်မှုများ ပေါ်ပေါက်လာရန် ဦးတည်သင့်သည်ဟု ဦးသန့် လက်ခံထားခဲ့သည်။ 

ကုလသမဂ္ဂရုံးတွင် တာဝန်ထမ်းဆောင်သည့် အစောပိုင်းကာလများကပင် လူမျိုးရေးဝါဒကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ 

၁၉၆၄ ခုနှစ်က ခရီးစဉ် တစ်ခုတွင် လူမျိုးရေးဝါဒသည် “စိုးရိမ်စရာ အလွန်ကောင်းလှသော ရောဂါဆိုးကြီးတစ်ခု” ဖြစ်သည်ဟု ခိုင်းနှိုင်းခဲ့ပြီး လူမျိုးရေးဝါဒီများအား ယင်းတို့သည် “ပြဿနာကို မြေတောင်မြှောက်ပေးနေခြင်း ဖြစ်ကာ နောက်ဆက်တွဲ ဘေးဒုက္ခဆိုး ကျရောက်ကိန်း ဆိုက်ဖို့သာ ရှိသည်”ဟု ဝေဖန်ခဲ့သည်။ “ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုနှင့် ပေါင်းဖက်ထားသည့် လူမျိုးရေး ခွဲခြားမှုဒဏ် ကြုံတွေ့ရသူများ၏ ဒေါသပုန်ထသည့် ခံစားချက်များကို မိမိလည်း ကောင်းစွာ နားလည်ပါကြောင်း”၊ သို့ရာတွင် လူမျိုးရေးဝါဒကို “ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စ အဖြစ် မှတ်ယူကာ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ ငြိမ်းချမ်းစွာ ဖြေရှင်းသင့်ကြောင်း” တိုက်တွန်းခဲ့ပါသည်။ 

၁၉၆၄ ခုနှစ်တွင်ပင် ဦးသန့်က အောက်ပါအတိုင်း ဆိုခဲ့သည်။ “လူမျိုးရေး ပဋိပက္ခများကို ထိန်းချုပ်ဟန့်တားပြီး လုံး၀ပပျောက်သွားအောင် မပြုလုပ်နိုင်ပါက ပျက်စီးခြင်းများစွာကို သယ်ဆောင်လာမည့် အလားအလာ ရှိနေသည်ကို မျက်ဝါးထင်ထင် မြင်နေရပြီ ဖြစ်သည်။ ထိုသို့သော ပဋိပက္ခများသည် လူသားမျိုးနွယ် စွမ်းဆောင်နိုင်သမျှ ကောင်းကျိုးအဖြာဖြာကို လှိုဏ်စားသွားမည်ဖြစ်ကာ လူသားတို့ကို ဆတ်ဆတ်ထိမခံ၊ အမုန်းတရားများသာ ပွားများပြီး ယဉ်ကျေးမှု မရှိဘဲ နိမ့်ကျသည့် အဖြစ်သို့ ကျဆင်းသွားစေလိမ့်မည်။ ထို့ကြောင့် မည်သည့်လူမျိုး၊ မည်သည့် အသားအရောင် ဖြစ်စေ နောင်လာမည့် မိမိတို့၏ သားမြေးများကို ထောက်ညှာသောအားဖြင့် ထိုသို့ ပဋိပက္ခများ ဖြစ်မလာစေရန် ဟန့်တားရမည်။” 

ထိုနှစ် ဒီဇင်ဘာလတွင် ဒေါက်တာမာတင်လူသာကင်း သြစလိုမြို့၌ နိုဘယ်ဆုယူရန် သွားစဉ် ဦးသန့်က ဂုဏ်ပြုနေ့လည်စာ တည်ခင်းပေးခဲ့သည်။ ထိုကာလက ဦးသန့်၏ မိတ်ဆွေ တဖြစ်လဲ လုပ်ဖော်ကိုင်ဖက် လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာရပ်ဖ်ဘန့်ချ်မှာ နိုဘယ်ဆုရှင် အာဖရိကန်-အမေရိကန် လူ့အခွင့်အရေး လှုပ်ရှားမှု အထင်ကရ ခေါင်းဆောင် တစ်ဦး ဖြစ်သည်။ 

၁၉၆၇ ခုနှစ်တွင် ဦးသန့်သည် အမေရိကန် ပြည်ထောင်စု၏ ပြည်တွင်းရေးများကို ဝင်ရောက် မစွက်ဖက်လိုသော်လည်း မာတင်လူသာကင်း ဦးဆောင်သည့် လှုပ်ရှားမှု၏ အတွေးအခေါ် ဒဿနများကို ထောက်ခံကြောင်း ဆိုခဲ့သည်။ 

ထိုနှစ်များတွင် ဦးသန့်သည် တောင်အာဖရိက အစိုးရ၏ အသားအရောင် ခွဲခြားရေး မူဝါဒများကို ဆန့်ကျင်ခဲ့ပြီး ၎င်းတို့၏ “လူမျိုးရေး အဆိပ်သင့် တရားများ”သည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိပါးကြောင်း ဝေဖန်ခဲ့သည်။ 
ကုလသမဂ္ဂကို ဦးဆောင်နေစဉ် ကာလအတွင်း တဖြည်းဖြည်း ကြီးထွားလာနေသော ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် ကမ္ဘာ့ပြည်သူ ဟူသည့် အယူအဆရှိသင့်ကြောင်း ဦးသန့် ပို၍ပင် လက်ခံလာခဲ့သည်။ ထို့ပြင် လူမျိုးရေးဝါဒသည် ဤဂြိုလ်ကမ္ဘာကို ကယ်တင်ရေး လုပ်ဆောင်ချက်များနှင့် အံမဝင်ဟု ယူဆခဲ့သည်။ ၁၉၆၈ ခုနှစ်က ကုလသမဂ္ဂရုံးတွင် “ကမ္ဘာကြီးကို ကယ်တင်နိုင်မည့် တစ်ခုတည်းသော အရာမှာ လူသားမျိုးနွယ်သည် တစ်ခုတည်းသော ကမ္ဘာမြေကြီးပေါ်တွင် သွေးစည်းညီညွတ်စွာဖြင့် မှီတင်းနေထိုင်ကြသည့် မိသားစုကြီးတစ်ခု အဖြစ်ရောက်ရှိရမည်ဟု မျှော်မှန်းချက် ထားရှိခြင်းပင် ဖြစ်သည်” ဟု ဦးသန့်က ဆိုသည်။ 
အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် နောက်ဆုံး တာဝန်ထမ်းဆောင်သည့် ၁၉၇၁ ခုနှစ်တွင် ကုလသမဂ္ဂ၏ ပထမဆုံး “အပြည်ပြည်ဆိုင်ရာ လူမျိုးရေးဝါဒနှင့် လူမျိုးရေး ခွဲခြားမှုကို တိုက်ဖျက်ရေးနှစ်” ဟု သတ်မှတ်ပေးခဲ့ပြီး “အသားအရောင် ခွဲခြားရေး၊ နာဇီဝါဒတို့၏ အမျိုးမျိုးသော အသွင်သစ်များ အပါအဝင် လူမျိုးရေး ခွဲခြားမှု သရုပ်သကန်မှန်သမျှ အဆုံးသတ်ရေး”အတွက် ဦးသန့် တောင်းဆိုခဲ့သည်။ 

ဦးသန့် နောက်ဆုံးပြောကြားခဲ့သော မိန့်ခွန်းများ တစ်နေရာတွင် လူမျိုးရေးဝါဒသည် “စက်ဆုပ်ရွံရှာဖွယ်” ဖြစ်ပြီး “ထိုသို့ ရှက်ရွံဖွယ်ရာ အလေ့အကျင့်များကို အမြစ်ဖြတ်နိုင်ရန် အားလုံးတွင် တာဝန်ရှိသည်” ဟု ပြောကြားခဲ့သည်။ 
U Thant was the first United Nations Secretary-General to campaign throughout his tenure for an end to racism and racial discrimination.

He believed that all his work as Secretary-General should centre on facilitating peaceful cooperation in three equally important areas: political, economic and social, and 'the elimination of racial discrimination'.

He spoke out strongly against racism from the very start of his time in office. 

During travels in 1964 he called racism “a most serious form of sickness" and warned racists that they were “cultivating trouble and can only reap disaster”. He said that he understood “all too well the emotional, even the furious, reaction which racial discriminatinon, supported by physical force, may endure in its victims” but urged that racism be seen as a "world problem to be solved at all costs, peacefully if possible”

Also in 1964 he said:
"There is the clear prospect that racial conflict, if we cannot curb and finally eliminate it, will grow into a destructive monster...Such a conflict will eat away possibilities for the good of all that mankind has hitherto achieved and reduce men to the lowest and most bestial level of intolerance and hatred. This, for the sake of all our children, whatever their race and colour, must not be permitted to happen.” 
In December that same year he hosted a lunch in honour of Dr Martin Luther King Jr. when Dr King was on his way to Oslo to receive the Nobel Peace Prize. At the time, U Thant's friend and closest aide was Under Secretary-General Dr Ralph Bunche, himself a Nobel Laureate and distinguished African-American civil rights leader. 

In 1967 U Thant would say that he did not wish to interfere in the internal affairs of the United States but that he "agreed with the philosophy of the movement headed by Martin Luther King"
During these same years he continued to campaign against the Apartheid policies of the South African government, calling their "poisonous racial dogma" a threat to international peace and security.
Over his tenure as head of the UN, he became ever more convinced by the idea of global citizenship, to meet what he felt were increasingly global challenges, and saw racism as incompatible with the actions needed to save the planet. In 1968 at the UN he said: "The only thing that can save the world is the vision of the human race as one family and inhabiting a world that is an indivisible entity." 

In 1971, in his last year as Secretary-General, he welcomed the UN's first "International Year for Action to Combat Racism and Racial Discrimination" and demanded "an end to Apartheid, Nazism in all of its contemporary forms, as well as other manifestations of racism"

In one of his last speeches, he called racism "abhorrent" and said that "a great responsibility rests upon all to eradicate the shameful practices which they encourage."


Thant Myit-U

Comments

Popular posts from this blog

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား

ဖ၊ဆ၊ပ၊လ ပဏာမ ပြင်ဆင်မှု ညီလာခံမိန့်ခွန်း