အိုင်ဒီရော်လော်ဂျီ မရှိ

မြန်မာ စစ်တပ် ရော အခြားတရသ ခေါင်းဆောင်တွေရောဟာ .. ပဒေသရာဇ် ခေတ်နောက်ဆွဲ အမျိုးသားရေး၊ ဘာသာရေး သသနာရေး (မဘသ ဝါဒ ) တွေနဲ့ မိမိလူမျိုး အပေါ် ... သွေးထိုး စည်းရုံးတယ်။
သာမန် စည်းရုံးရေး မဟုတ်ပဲ အသက်စွန့် တိုက်ခိုက်ရမယ့် လက်နက်ကိုင် တော်လှန်ရေးမှာ ပြင်းထန်တဲ့ အကြောင်းပြချက် လိုအပ်တယ်
ဒါကြောင့် မြန်မာကို ရန်သူလို သဘောထားဖို့ " ဗမာလူမျိုးကြီးဝါဒ တိုက်ဖျက်ရေး" ဆိုတဲ့ ဂိုက်လိုင်းပုံစံ သွင်းရတယ်။ ပဒေသရာဇ်ခေတ်က သမီးယောက်ဖ ခမည်းခမက်အချင်းချင်း တိုက်တဲ့ စစ်ပွဲတွေ ကို လူမျိုးရေး စစ်ပွဲ ဖြစ်သယောင်ပုံဖော်ပြောကြတယ်။
ထိုခေတ်က လူမျိုးဟာ သာမည၊ အရှင်သခင်ဟာ အဓိက ဖြစ်တယ်။ ဘယ်လူမျိုးမဆို ကျွန်တွေပဲ။ ဘုရင့်နောင် အလောင်းဘုရား တပ်မတော်မှာ မွန်တပ်၊ ရှမ်းတပ်၊ ချင်းတပ်၊ ကချင်တပ်၊ ရခိုင်တပ်တွေပါဝင်ကြတာ လူမျိုးရေးနဲ့ မဆိုင်၊ ပဒေသရာဇ်ဓလေ့သာ ဖြစ်တယ်။
ရာဇဝင် ဟာ ရာဇ - မင်း ၊ ဝံသ - အမျိုး ဖြစ်တယ်။ မင်းမျိုးတွေရဲ့ မှတ်တမ်းပဲ။ သမိုင်း မဟုတ်ဘူး။ ဒီနိုင်ငံမှာ အဲဒီ မင်းမျိုး၊ ​ခတ္ထိယအမျိုး တွေကို လူမျိုးသမိုင်း လုပ်နေကြတယ်။ မင်းမျိုး၊ ​ခတ္ထိယအမျိုး တွေဟာ မျိုးပျက်တွေ ဖြစ်တယ်။ သားပေး သမီးယူ မောင်လှယ် နှမလှယ် သမီးယောက်ဖ ခမည်းခမက်တွေ ဖြစ်တယ်။ အချင်းချင်း သဝဏ်လွှာပို့ရင် " ဦးရီးတော်၊ နောင်တော်၊ ယောက်ဖတော်" စသဖြင့် နှုတ်ဆက်ကြတယ်။ အာဏာအတွက်ဆိုရင် သားအဖချင်းလည်း tတ်တာပဲ။
ပြည်သူတွေကို အသည်သားလို့ ခေါ်တယ်။ နာမည်မှာ "င" တပ်ခေါ်တယ်။ ငါ့ကျွန် လို့ ခေါ်တာ အဲဒီခေတ်က ယဉ်ကျေးမှုပဲ။ ဘုရင့် ဝါးဖက်ကျ ကွမ်းစားရရင် အကောင်ပဲ။ စားကြွင်းစားကျန် ဖက်ခွက်စားရတာ ဂုဏ်ပဲ။ ပြည်သူတွေဟာ တက်လာတဲ့ ဘုရင်တွေကို မွန်ဖြစ်စေ မြန်မာဖြစ်စေ အမှုထမ်းတာပဲ။ မိမိ အရှင်ကို သစ္စာစောင့်တာပဲရှိတယ်။ လူမျိုးရေး မရှိဘူး။ လက်အောက်ခံ ပြည်သူတွေက စစ်တိုက်ချင်သူ တယော​က်မှ မရှိဘူး။ လူမျိုးရေး မုန်းတီး အနိုင်ကျင့်တာလည်း မရှိဘူး အရှင်သခင် ခိုင်းတာ လုပ်ရတဲ့ ကျွန်တွေပဲ။
အဲဒီခေတ်မှာ ပုဂံ၊ တောင်ငူ၊ အင်းဝ၊ ပြည်၊ ပဲခူး၊ ပြည်၊ မုတ္တမ၊ သထုံ၊ အင်းဝ၊ ဓညဝတီ၊ မြောက်ဦး စတဲ့ ... ( တမြို့တနိုင်ငံ ဖြစ်နေတဲ့ ) city state မြို့ပြနိုင်ငံတွေ ဖြစ်တယ်။ ဒါကြောင့် ပုဂံမင်းဆက် ၊ အင်းဝမင်းဆက်၊ မြောက်ဦးမင်းဆက်လို့ မြို့အမည်စွဲ နာမည်ပေးကြတာ ။ အခြားလူမျိုးကိုသာမက ကိုယ့်အချင်းချင်းလဲ စစ်တိုက်တာပဲ။ နိုင်တဲ့ ဘုရင်က နယ်မြေသိမ်းတာ တရားတယ် right of conquest လို့ စစ်ဖြစ်တဲ့ နှစ်ဦး နှစ်ဘက်စလုံးက လက်ခံထားကြတယ်။
ယခုခေတ်မှာ ဒီ ရာဇဝံသတွေကို လူမျိူးရေး အတွက် ဆွပေးပြီး လူမျိုးအချင်းချင်း ရန်တိုက်ပေးမယ်၊ ကိုယ့်နယ် သူ့နယ် သွေးထိုးပြီး နယ်လုကြဦးမယ် ဆိုရင် ခေတ်နောက်ပြန်ဆွဲတာပဲ။ " ဗမာလူမျိုးကြီးဝါဒ တိုက်ဖျက်ရေး" ဆိုတဲ့ ဂိုက်လိုင်း ဟာ တဖြည်းဖြည်း ကြီးထွားလာတယ်။ ဖက်ဒရယ်ကို ဖျက်ဆီးနေတဲ့ "အတွင်းရန်သဘောထား " ဖြစ်နေတာ တွေ့ရတယ်။ မအလပြုတ်ဖို့ " မတူတာ ခွဲလုပ်၊ တူတာ တွဲလုပ် " ဆိုပေမယ့် စိတ်ဓာတ်နဲ့ ရည်ရွယ်ချက်က ပြဒါးတလမ်း သံတလမ်း ဖြစ်နေ ရင် အကွက်ရွေ့တာ ၊ အချောင်နိုက်တာတွေ ဖြစ်လာမှာပဲ။ ဘယ်လိုမှ မညီညွတ်နိုင်ဘူး။ 

ဘယ်အချက်တွေဟာ လူမျိုးကြီးဝါဒ လဲလို့ မေးရင် တိတိကျကျ ပြုစုထားတဲ့ နိုင်ငံတကာအဆင့်မီ စာတမ်းတခုမှ မရှိဘူး။ စိတ်ကူးပေါက်ရာ ကပေါက်တိကပေါက်ချာ စွပ်စွဲနေတာပဲရှိတယ်။ စွပ်စွဲတဲ့ အချက်တွေဟာ တခုမှ international standard မရှိဘူး .. အမျိုးအစားခွဲထုတ်လိုက်ရင် လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ ဖက်ဒရယ်ရေး အုပ်စုထဲမှာပဲ ရှိတယ်၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဒီ ၃ ခုရှိရင် အလိုလို ပြေလည်မှာ ဖြစ်တယ်။လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ ဖက်ဒရယ်ရေး အစစ်မှန် ရရင် အဲဒီစွပ်စွဲချက်တွေဟာ တကယ်မရှိဘူး ဆိုတာ မြင်တွေ့ရလိမ့်မယ်။
တဖက်က မြန်မာစစ်တပ်ဟာ ပဒေသရာဇ် ရုပ်တု ၃ ခုနဲဲ့ မဘသ ဝါဒ ကို ပုံဖော်နေချိန်မှာ၊ အခြားတရသတွေဘက်ကလည်း အဲဒါကို ( ချေဖျက်မယ့် အိုင်ဒီရော်လော်ဂျီ မရှိပဲ ၊ ပိုမို မီးထိုးပေးမယ့် ... ) သံတူ ကြောင်းကွဲ တရသ မဘသ ဝါဒတွေကို မြှင့်တင်​ေနတယ်။ လူမျိုးအချင်းချင်း သံသယ စိတ်တွေ ကြီးထွားစေတယ်။ သူတို့ စွပ်စွဲတဲ့ ဗမာလူမျိုးကြီးဝါဒကို လူမျိုးစွဲဝါဒတွေ ကိုင်စွဲပြီး တိုက်ဖျက်မယ် ဆိုတာ မီးတောက်ပေါ် ဓာတ်ဆီလောင်းနေတာပဲ ဖြစ်တယ်။ ဒီပုံ ဒီနည်းနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ဆိုတာ ဝေးပါသေးတယ်

===
ဘယ်ဘုရင်မဆို ရက်စက်တာချည်းပဲ
ရခိုင် မင်းရာဇာကြီးက ဘုရင့်နောင်နန်းတော်ကို ရွှေတွေ ခွါ မီးရှို့ ဘုရင့်နောင်မြေးတွေကို ဖမ်း ဘုန်းကြီး ပညာတတ် အကုန် သုံ့ပန်းလုပ် female ကို သားမယားပြု male ကို ဘင်္ဂလားဒေ့ရှ် ပို့ပစ်တာ ပဲ
ရှမ်း မိုးညှင်းစလုံက အင်းဝကို သိမ်း သူ့သား သိုဟန်ဘွားကို ထားခဲ့၊ သိုဟန်ဘွားက ရဟန်းတော်တွေကို ဆွမ်းပင့်ကြွေးပြီး ၃၀၀ ကျော် tတ်ပစ်တာ သိသလား ။ ရှမ်းက ဖျက်တာမှ ဥသျှစ်သီး ကို ထုသကဲ့သို့ မြို့ပျက်ပြီး ဘာမှ ပြန်မရအောင် ဖျက်တာ ။ ဂငယ်သုံးခု ဥသျှစ်ထု ဆိုပြီး အင်းဝပျက်တဲ့ နှစ် ကို မှတ်ထားကြတာ အလကား ကာရန်ညီ ရုံသက်သက် မဟုတ်ဘူး။
မွန် ဒလဗန်းက အင်းဝကို ဖျက်၊ မြန်မာဘုရင်နဲ့ ဆွေမျိုးတွေကို ဖမ်း ၊ ပဲခူးကို ခေါ် ၊ ချောင်း ထဲ မင်း နဲ့ တကွ မင်းမျိုး အကုန်လုံး ကို အဝတ်နဲ့ ထုပ်ပတ်ပြီး ပစ်ချပြီး ရေနှစ် tတ်ပစ်တာ သိသလား။ ဖျင်ယားပြီး ၊ အထက် ကို ချီတက် မုဆိုးဖို ရွာလေးကို သိမ်းဖို့ လုပ်လို့ အောင်ဇေယျ ထ, တုပ်ထည့်လိုက်တာ အခု ထိ ဇာတ်နာကြရတယ်။
ဆိုလိုတာက ဘုရင် ခေတ် မှာ အင်အားနည်းရင် ပဏ္ဏဆက်ရတယ် အင်အားကြီးရင် ဘုန်းလက်ရုံးဆန့်တယ်
ဘုရင်မှာ လူမျိုးစွဲ မရှိဘူး၊ မင်းမျိုး ပုဏ္ဏားမျိုး မူးမတ်မျိုး ကျွန်မျိုး ပဲ ရှိတယ်
ခုခေတ်မှ xင်ယားပြီး ဘာလူမျိုး ဘုရင် ညာလူမျိူး ဘုရင် လို့ သမိုင်းကို ရိုးရိုး မဖတ်ဘူး ၊ လူမျိုးရေး အမုန်းတရားနဲ့ ဖတ်တယ်
ဘုရင်ခေတ်က ဘုရင်တွေသာ .. လူမျိုးရေး စိတ်ရှိရင် ဘယ်သူက လူမျိုးခြားကို မိဖုရားမြောက် ပြီး ကပြား သားတော်ကို နန်းအပ်ခဲ့မလဲ စဉ်းစားလေ
ဘုရင်ခေတ်မှာ မင်းမျိုးဆိုတာ ကပြား ကကတစ်တွေချည်းပဲ
ရှမ်မိဘုရားနဲ့ ညား ၊ ရခိုင် မိဘုရား၊ ကလားမိဘုရားနဲ့ ညား၊ မွန်မိဘုရားနဲ့ ညားရင်
မြန်မာ မျိုးဆက် ကျန်မလား .. ( No ပါ ) သား .. ကပြား ကျန်မယ်။
သား ကပြားက .. ရှမ်း ကလား ရခိုင် မွန်မနဲ့ ထပ်ယူ .. မြေး ကကတစ် ၊
မြေး ကကတစ်က ... ရှမ်း ကလား ရခိုင် မွန်မနဲ့ ထပ်ယူ .. မြစ် ကသပေါင်း
မြစ် ကသပေါင်း ... ရှမ်း ကလား ရခိုင် မွန်မနဲ့ ထပ်ယူ .. တီ .. ?.
တီ .... ဆိုရင် ဘာဖြစ်မလဲ

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား