ဗမာပြည်နယ် ဖွဲ့ရေး

ဗမာပြည်နယ် ဖွဲ့ရေး ဆိုပြီး NUG တည်ပြီး တိုက်ခိုက်နေတဲ့ အဖွဲ့တွေရှိတယ်။ နောက်တမျိုးက တော်လှန်ရေးမှာ နောက်ချန်ပြီး အချောင်နိုက်ချင်လို့ အကြောင်းပြတဲ့ အဖွဲ့တွေ ရှိတယ်။
ဗမာပြည်နယ် ဖွဲ့ရေး ဆိုတာ တိုင်းဒေသကြီး ၇ ခုကို ဗမာပြည်နယ် သတ်မှတ်လိုက်ရင် ဘာမှ ခက်ခဲတာ မဟုတ်ဘူး။ ဒါပေမယ့် အခု ပြောနေကြတဲ့ ဗမာပြည်နယ် ဖွဲ့ရေး ဆိုတာ တိုင်းဒေသကြီး ၃ ခုပဲ ဗမာပြည်နယ် ယူစေ၊ ကျန်တဲ့ ပင်လယ်ထွက်ပေါက်ရှိတဲ့ ဧရာ၊ ရန်ကုန်၊ ပဲခူး၊ တနင်္သာရီကို ဘုံပိုင်ပြည်နယ် ဖွဲ့မယ် ဆိုတဲ့ အဆိုပြုချက်ဟာ မရိုးဖြောင့်ဘူး။
ဘာကြောင့် မရိုးဖြောင့်သလဲ ဆိုတော့ လူမျိုးအမည် နဲ့ ပြည်နယ်ရှိရမယ် ဆိုရင်လည်း အားလုံးဟာ လူမျိုးနာမည်တွေပဲ တပြေးထဲ ဖြစ်သင့်တယ်။ ဒါမှ ဗမာပြည်နယ် ဖွဲ့ရေး ဆိုတဲ့ အကြောင်းပြချက်ဟာ သူတို့ အဆိုနဲ့ သူတို့ တဖြောင့်ထည်းကျမယ်။ လူမျိုးနာမည်နဲ့ ပြည်နယ် ရှိသင့်တယ်လဲ ဆိုရဲ့ .. ဧရာ၊ ပဲခူး၊ ရန်ကုန်၊ တနင်္သာရီကိုတော့ ဒုံရင်း အတိုင်းထားမယ် ဆိုရင် တဖြောင့်တည်း မရှိ၊ ကောက်ကွေ့နေတယ်။
ဗမာပြည်နယ် ဖွဲ့ပြီးနောက် လူမျိုးစုလွှတ်တော်မှာ ဗမာ တချိုး ၊ ဗမာ မဟုတ် တဲ့ ပြည်နယ် ၁၀ ခု ဖြစ်လာမယ် ဆိုတာလည်း ယုတ္တိမကျဘူး။ ဧရာ၊ ပဲခူး၊ ရန်ကုန်၊ တနင်္သာရီက လူမျိုးတွေမှ မဟုတ်တာ။ ဖြစ်သင့်တာက အမျိုးသားလွှတ်တော်ဟာ လူမျိုးစုလွှတ်တော် စစ်မှန်ရင် လူမျိုး ၁၀၀ ကျော်က အမတ် ၁၀၀ ကျော် တက်သင့်တယ်။ လူမျိုးတမျိုး စီရဲ့ အမတ် ၁ ယောက်စီက ၁ မဲစီ ပေးခွင့်ရှိသင့်တယ်။ အခုတော့ ပြည်နယ်ရ လူမျိုးတွေက ပြည်နယ်တွင်း လူမျိုးကြီးဝါဒ နဲ့ တမဲစီ ကိုယ်စားပြုပြီး ဗမာပြည်နယ်ကို ဝိုင်း မဲခွဲတိုင်း နိုင်အောင် ကြံစည်နေတာ သိပ်ကို ပေါ်လွင်နေတယ်။
NUG ကို အပုပ်ချဖို့၊ မိမိ ရှီရှောင်လုပ်ဖို့ ဆင်ခြေတရပ် ဖန်တီးနေကြပေမယ့် ဗမာပြည်နယ် ဖွဲ့ရုံနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ခြေဥ ရေးလို့ ( လုံးဝ ) လုံးဝ မရဘူး
ဘာကြောင့်လည်း ဆိုတော့ တာချီလိတ်၊ ကျိုင်းတုံအထိ ပါဝင်မယ့် "ဝပြည်နယ် " .. ကို ဘယ်လို ဖွဲ့စည်းမလဲ။ ဒါကို ဘယ် CSO ၊ ဘယ် EAO ဘယ် ဆယ်လီ ကိုးလီ တွေမှ မပြောဘူး။ ဖက်ဒရယ် အကြောင်း live လွှင့်ပြီး ဖောရှောရိုက်နေကြတဲ့ လေပေါကြီးများ အဖွဲ့လည်း မပြောဘူး။ " ဝပြည်နယ် " မပါပဲ ပြည်ထောင်စု မဖြစ်နိုင်ဘူး။ အဲဒါမျိုးကို ခွန်မားကိုဘန်၊ အောင်စိုးဦး စတဲ့ ဘူထွားကြီးတွေက အစ ငြိမ်းငြိမ်းပြည့်၊ မောင်ဆောင်းခ၊ ဗိုလ်နဂါး၊စိုးဝင်းဆွေတို့ နောက်ပေါက်တွေ အကုန်လုံး ဒွါရခြောာက်ပါး ပိတ်နေကြတယ်။
မင်းတို့တော်လှန်ရေးဟာ မရိုးသားဘူး။ မရိုးသားတော့ ဘယ်မှာ အရွေ့ရှိမလဲ။ ဗမာပြည်နယ်ကို ပြောရဲရင် ဝပြည်နယ်ကို ပြောရဲရမယ်။ တအာန်းပြည်နယ်၊ ပအိုဝ်းပြည်နယ်၊ ရှမ်းနီပြည်နယ် ကို ပြောရဲရမယ်။
မေယုခရိုင်ကို ပြောရဲရမယ်။ ပြောတော့ ရိုဟင်ဂျာကို စာနာသယောင် မဟာဂရုဏာရှင်တွေယောင် ဆောင်နေတာ မေယုခရိုင်ကို တယောက်မှ မဟရဲဘူး။ TNLA က စစ်အင်အားရှိတော့ တအောန်းပြည်နယ်ကို ပေးချင်သယောင် ဟန်လုပ်ပြီး ၊ မြင်စိုင်း၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝခေတ်ကို ထူထောင်တဲ့ ရှမ်းနီက ကချင်ပြည်နယ်ထဲ က လူမျိုးခွဲအဖြစ်နေရတာ ဘယ် စဆရကတွေက ထောက်ပြဝေဖန်ရဲသလဲ။ ဘာကြောင့် အပေါက်ပိတ်နေကြသလဲ။ KIO ကို ကြောက်ဖားနေကြတာ မဟုတ်ဘူးလား။
အလကား လူတွေ။ ဂျာဘူလီတွေ။ တောရိုင်းဥပဒေအတိုင်း အင်အားကြီးတဲ့ အဖွဲ့ကို ဖားနေတဲ့ လူတွေ၊ အင်အားနည်းရင် ထိုးချချင်တဲ့ လူတွေ။

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား