ဗမာပြည်ကွန်မြူနစ်ပါတီကို ဝေဖန်ဖို့

ဒီနိုင်ငံက လက်နက်ကိုင်တွေထဲမှာ ဗမာပြည်ကွန်မြူနစ်ပါတီကို ဝေဖန်ဖို့ အခက်ခဲဆုံးပဲ။ 

ဘာကြောင့်လည်း ဆိုတော့ ခွဲထွက် အဖွဲ့ သခင်စိုး ရဲ့ ကွန်မြူနစ်ပါတီ (ဗမာပြည်) က လွဲရင်၊ တသီးပုဂ္ဂလ ခွဲထွက် လက်နက်ချ မောင်မောင်စိုး ကျော်ဝင်း မောင်စူးစမ်းလို ကွန်ပျက် တွေကလွဲရင် ... မူလ ဗကပ အူတိုင်ကြီးဟာ  သူတို့ ယုံကြည်ရာ ဝါဒနဲ့ တော်လှန်ရေးကို သစ္စာမဖော​က်ကြဘူး။ အကျင့်ပျက် ခြစား စစ်တပ်နဲ့ ပေါင်းစား လုပ်စား အပစ်ရပ် တာ မရှိဘူး။ 

ဒါကြောင့်လည်း လုပ်စားချင်တဲ့ တရသတွေဟာ ဗကပကို သစ္စာဖောက်ပြီး ခင်ညွန့်နဲ့ လက်ဝါးရိုက်ပြီး အပစ်ရပ်သွားကြတယ်။ ဗကပဟာ တရသတွေအပေါ်မှာ ကောင်းမွန်ခဲ့လို့ ဒီနေ့အထိ ဝတွေ ကိုးကန့်တွေ မိုင်းလားတွေ ကချင်တွေ ရှမ်းမြောက်တွေ တအာန်းတွေဟာ လေးစားနေဆဲ ဖြစ်တယ်။ ဒါကြောင့်လည်း ဗကပ ရဲ့ စစ်ရေး လက်တံသစ် PLA ကို လက်ခံ သင်ကြားပေးနေကြတာ ဖြစ်တယ်။ 

ဗကပကို ဝေဖန်ဖို့ ခက်ခဲတယ်။

ဘုံဝါဒကို သိရသလောက် နားလည်လွယ်အောင်ပြောရရင် သမိုင်းဦးဘုံမြေခေတ်က လူတွေဟာ ဘုံစနစ်နဲ့ နေထိုင်ခဲ့ဖူးတယ်။ ပုဂ္ဂလပိုင်ဆိုင်မှု ပေါ်လာပြီးနောက် မြေရှင်တွေ၊ မြေရှင်တွေကို အငြင်းပွားရာက တရား စီရင်ပေးတဲ့ ပဒေသရာဇ်တွေ ပေါ်လာတာပဲ။ ပဒေသာပင်မြေက ပေါက်သလို ဘုံစိုက်ပျိုး ဘုံစားသောက်ရာက ရာဇ ဆိုတဲ့ မင်းတွေ ပေါ်လာတယ်။ အစပထမကတော့ လူတွေက ဒီမိုကရေစီနည်းနဲ့ တင်မြှောက်တဲ့ သမ္မတမင်းတွေပဲ။ နောင်တော့ သားစဉ်မြေးဆက် ဒီရာထူးကို ဆက်ခံလာကြရာက ဒီမိုကရေစီပါ ပျက်ဆီးသွားတယ်

ဒီတော့ ကွန်မြူနစ် နဲ့ ဒီမိုကရေစီ ဆိုတာ ဟိုးရှေး ပဝေသဏီထဲက ရှိခဲ့တယ်။ အာဏာရှင် ဆိုတာလည်း ရှေးထဲက ရှိခဲ့တယ်။ ဘယ်သူက ရှေးကျသလဲ ပိုဖြူစင်သလဲဆိုတာ ဖြေကြည့်ပါ။ ဒါပေမယ့် လူဟာ လောဘ ဒေါသ မောဟတွေ ရှိလာတဲ့အတွက် အံဝင်ခွင်ကျ မရှိတော့ဘူး။ အံဝင်ဂွင်ကျ မရှိတဲ့ ဘုံဝါဒကို လူတွေကြားမှာ ပြန်လည်ပေါ်လာဖို့ ဆိုတာ မလွယ်ရေးချ မလွယ်ဘူး။ ဒီတော့ ကွန်မြူနစ်ဝါဒကို ယုံကြည်သူတွေဟာ  ဒီစနစ်ကို ထူထောင်ချင်ရင် မားစ်ဂြိုလ်ပေါ်မှာ လူနေဖို့ ကြိုးစားရသလိုပဲ။ ကိလေသာစင်တဲ့ အရိယာ ဖြစ်ဖို့ ကြိုးစားရသလိုပဲ။ မဖြစ်နိုင်ဘူးတော့ မဟုတ်။ မလွယ်ဘူး။

အင်္ဂါဂြိုလ်ပေါ် လူနေချင်ရင် အဲဒီပတ်ဝန်းကျင်နဲ့ ညီထွေစွာ နေရသလို၊ အရိယာတွေဟာလည်း ပုထုဇဉ်တွေနဲ့ ဆက်ဆံတဲ့အခါ  တန်ရာ တန်ရာ ညီထွေတဲ့ တရားနဲ့ ပါရမီနုသူကို တမျိုး၊ ရင့်သူကို တမျိုး ပြောဆိုရသလို ကျင့်ကြဖို့လိုတယ်။  ဗကပရဲ့ ပြသနာက အချင်းတူ အနံတူ လေးထောင့်ထဲ အဝိုင်း သွင်းသလို ဖြစ်နေတာကို သတိမမူပဲ ရိုက်သွင်းချင်တဲ့အတွက် ဇွတ်အတင်း လုပ်ရာက လူတွေနဲ့ ဆန့်ကျင်ဘက်ကို ရောက်နေတာပဲ။

အိမ်ထောင်သားမွေး ရရှာဖွေ စုဆောင်း နေတဲ့ အရပ်သား လူတွေကို အရိယာလောက်နီးနီး လောဘ ဒေါသ မောဟ မရှိတဲ့အထိ လုပ်ဖို့ မတွေးခင် ၊ ဘုံစနစ်ရှိတဲ့ သံဃာ့အသိုင်းအဝန်းတောင် ဒီနေ့ ဘာဖြစ်နေသလဲ ကြည့်ပါ။ ဒီလိုပြောလို့ ဘုံစနစ်ဟာ ဒီကမ္ဘာမြေပေါ်မှာ လုံးဝ မပေါ်လာတော့ဘူးလို့ မထင်ကြပါနဲ့။ အရိမေတ္တယျ ဘုရားပွင့်တော်မူတဲ့ ကာလဟာ  လူပြည်မှာ ဘုံစနစ် ပြန်လည် ထွန်းကားနေချိန်ပဲ ဖြစ်တယ်။ အနာဂတ ဝံသကျမ်းကို ဖတ်ကြည့်







Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား