ပေးထားချက်

တရုပ် ဗဟိုပြု လော်ဘီတွေရေးတာ "ချန်" ထားတာ ရှိတော့ အလုံးစုံ ပြည့်စုံတဲ့ "မှန်"ကန်တာ မဟုတ်ဘူး
ပေးထားချက် ... လို့ ပြောရင် မအလတပ်၊ တရုပ်၊ EAO တွေရဲ့ ပေးထားချက်ကို ပြောပြီး တကယ့် ပြည်သူ့ရဲ့ ပေးထားချက်ကို ချန်ပြောလေ့ရှိတယ်။ ပြည်သူ့လူထု အင်အားသာ အကြီးကျယ်ဆုံး ဖြစ်တယ်ဆိုတာ ချန်ရစ်ထားလိုက်ကြတယ်။ " တော်လှန်ရေးရဲ့ အခြေခံသည် ပြည်သူလူထု နိုးကြားပါဝင်ခြင်း၊ ပြည်သူလူထုက မိမိအင်အားကို သိရှိခြင်း ဖြစ်တယ်" ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းကို သတိရဖို့ လိုတယ်။ သူ့သမီး ပြောတဲ့ ပြည်သူသာ အဓိက ဆိုတာ အခြေပြု၊ ဗဟိုပြုရမယ့် ပေးထားချက် ဖြစ်တယ်။ အမေကျော် ဒွေးတော် မလွမ်းကြနဲ့။
ဂျီဩပေါ်လစ်တစ် ... ပထဝီနိုင်ငံရေး နဲ့ ပက်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်း ပြောဖူးတယ်။ မဟာမိတ် ဖွဲရင် အဝေးက နိုင်ငံနဲ့ ဖွဲ့ပါတဲ့။ အနီးက နိုင်ငံတွေက သူတို့ အကျိုးစီးပွားဘက် ပင်းတာ၊ ဩဇာလွှမ်းဖို့ ကြိုးစားတာနဲ့ မဟာမိတ် မဖြစ်နိုင်ဘူးတဲ့။ " အိမ်နီးနားချင်းနိုင်ငံကို ညီအကိုလို ဆက်ဆံပါ၊ အဝေးနိုင်ငံကို မိတ်ဆွေဖွဲ့ပါ" တဲ့။ သူ့မိန့်ခွန်း အတိအကျ ရှာပေးမယ်။ စာဖတ်နာသူတွေ သိကြလိမ့်မယ်။ ဒါကို မြန်မာစစ်တပ်က ကောင်းကောင်း နားလည်တယ်။ တရုပ်ကို ညီအကိုလို ဆက်ဆံပြီး ရုရှကို မဟာမိတ်ဖွဲ့နေတယ်။
မြန်မာနိုင်ငံကို တရုပ်က လွှမ်းမိုးတယ်။ ဒါပေမယ့် တရုပ်ကို ကမ္ဘာက လွမ်းမိုးတယ်။ မြန်မာနိုင်ငံ ဆိုတဲ့ ဆီမီးခွက်ထဲက EAO ၊ မအလ၊ NUG ပဲ စူးစိုက်ကြည့်ရင် bird eye view ကို မမြင်နိုင်ဘူး။ တရုပ်ဟာ သူ့ပြဿနာနဲ့ သူရှိတယ်။ ဒါဟာ ဂါမဏိရဲ့ ချိုင်းအောက်ပဲ ဖြစ်တယ်။ (ဒါကို ပြောလို့ ဂတ်စ်ပိုက်လိုင်းကို မမြင်ကြနဲ့။ )
တရုပ်ရဲ့ ပြဿနာကို သိမှ တကယ့် ပထဝီနိုင်ငံရေးမှာ အမေရိကန် ၊ ဥရောပ၊ အာဆီယံ၊ ဂျပန်၊ အိန္ဒိယကြားက တကယ့် Geopolitics ကို သိမယ်။ တရုပ်ကို အရှိတရားထက်ပိုပြီး အထင်ကြီး ကိုးကွယ်မိရင် တဖက်က အမေရိကန်၊ ဥရောပ က NUG ကို လက်ရှောင်သွားလိမ့်မယ်။ သူတို့ဟာ ကွန်မြူနစ်တစ္ဆေခြောက်နေတဲ့ လူတွေ ဖြစ်တယ်။ သူတို့က hard power မပေးလို့ တရုပ်ဘက် ခြေကျွံမိရင် ရှိရင်းစွဲ soft power ပါ လက်လွတ်ရလိမ့်မယ်။
တရုပ်ဟာ နည်းပညာအခက်အခဲ၊ ရင်းနှိးမြုပ် အခက်အခဲ ဖြစ်နေတယ်။ အမေရိကန်ဟာ တရုပ်သည် ချမ်းသာလာရင် အရင်းရှင်စရိုက်ဝင်ပြီး ကွန်မြူနစ်က ဒီမိုကရေစီ ဖြစ်လာမယ် ထင်ခဲ့တယ်။ ထင်သလို မဖြစ်လာပဲ ကိုယ်မွေးတဲ့ သရဲ ကိုယ့်ပြန်ခြောက်ခံရတယ်။ လုပ်သားခ ဈေးပေါ၊ ကျင့်ဝတ်မရှိ၊ နည်းပညာခိုးတယ်။ ရင်းနှီးမြုပ်တွေ ဆွဲယူတယ်။ ချမ်းသာတယ်။ စစ်အင်အားကြီးတယ်။
တောင်တရုပ်ပင်လယ်မှာ ကျွန်းတု ဆောက်တယ်။ အာဆီယံနဲ့ ရေပိုင်နက် ပြဿနာတက်တယ်။ ထိုင်ဝမ်ကို သိမ်းဖို့ လုပ်တယ်။ မြောက်ကိုရီယားကို မြှောက်ပေးတယ်။ ဂျပန်က စစ်တပ် ထူထောင်လာတယ်။ အမေရိကန်က လေယာဉ်တင်သင်္ဘော ၃ စီ အမြဲတမ်း ချထားတယ်။ အမေရိကန၊ ဩစီ၊ အိန္ဒိယ၊ ဂျပန် က Quad စစ်ရေးအဖွဲ့ ဖွဲ့တယ် .. အမေရိကန်က တရုပ်ကို နည်းပညာ ပိတ်ပင်တယ်။ တရုပ်ထဲက ရင်နှီးမြုပ်တွေ ဆွဲထုတ်တယ်။ အာဆီယံကို မက်လုံးပေးတယ်။ ရွေ့လာမယ့် လုပ်ငန်းတွေကို အာဆီယံက သွားရည်ကျတယ်။ တရုပ်ကိုလည်း တည့်အောင်ပေါင်းတယ်။  

အာဆီယံဟာ အမေရိကန်ဘက် ယိမ်းရမလား တရုပ်ဖက် ပင်းရမလား နှစ်ခြမ်းကွဲနေတယ်။ မြန်မာပြည်မှာ တရုပ် ကြိုးကိုင်တာကို မကြိုက်ဘူး။ မကြိုက်ပေမယ့် အပျောဆွဲနဲ့ ကစားနေတာ ဖြစ်တယ်။ ဘယ်နိုင်ငံမှ အာဆီယံထဲ တရုပ်ပြည်နယ်ကို မလိုချင်ဘူး။ ဒါကြောင့် ကြေညာချက်မှာ ပြင်ပနိုင်ငံတခုခုက ကြိုးကိုင်မှာ မလိုလားဘူး လို့ ပါတယ်။ NUG ကို ဖြစ်စေ စကစကို ဖြစ်စေ အခုထိ ပုံအော မလောင်းဘူး။ 

ဒါကို တရုပ်ဟာ စကစဘက် နိုင်မြင်းလောင်းနေသယောင် ပိုပိုသာသာ လော်နေကြတာ သတိထားသင့်တယ်။ ကြိုးတန်းပေါ် လမ်းလျောက်နေရတဲ့ NUG သတိထားသင့်တယ်။
တရုပ်ဟာ စစ်ရေး မဟာမိတ် ရုရှာဟာ လုံးပါးပါးတော့မယ်။ အမေရိကန်နဲ့ ဥရောပဟာ ယူကရိန်းကို နှစ်ရှည် လက်နက်ထောက်ပံ့ဖို့ စက်ရုံတွေတောင် ဆောက်နေပြီ။ နော်ဝေ ဆွီဒင် ကြားနေနိုင်ငံတွေက နေတိုး ဝင်ကုန်ပြီ။ ရုရှရဲ့ ပထဝီနိုင်ငံရေးဟာ ရှုံးနေပြီ။ တရုပ်ဟာ BRI ကို အောင်မြင်ဖို့ ကမ္ဘာ့ ခေါင်းဆောင်နေရာကို ပြသဖို့ လိုတယ်။ အာဆီယံမှာ တရုပ်ဟာ အကြည်ညို ပျက်ရင် အမေရိကန်ဘက် ယိမ်းကြမယ့် နိုင်ငံတွေချည်းပ။ မြန်မာကို တရုပ်ဘယ်လို ကိုင်တွယ်သလဲ ဆိုတာ စာမေးပွဲ တခု ဖြစ်တယ်။
တရုပ်လော်ဘီတွေဟာ မြန်မာပြည်သူတွေ ဟာ တရုပ်လုပ်သမျှကို အသံတိတ်ဆိတ်စွာနဲ့ မျောပါစေချင်တယ်။ Misinformation ပေးချင်ကြတယ်။ အာဆီယံနဲ့ နိုင်ငံတကာ မျက်စိလည်မယ်။ ဆန္ဒပြတဲ့ အသိမ်မွေ့ဆုံး သဘောထားပေးတာတောင် မလုပ်ရဲအောင် ခြိမ်းခြောက်နေတယ်။ တဖက်က အလံရှူးတွေက ပိုက်လိုင်းခွဲဖို့ မြှောက်ပေးနေတယ်။ ဒီနှစ်ဖက်စလုံးဟာ အစွန်းရောက်တာပဲ။ soft power နဲ့ ကစားရမယ့် ပွဲကို ဖျက်ဆီးချင်ကြတဲ့ ရည်ရွယ်ချက်က တူနေတယ်။
အိန္ဒိယ၊ ဂျပန်က တထီးတနန်းစီ တရုက် ဩဇာကို လျော့ချဖို့ ကြိုးစားတာပဲ။ သူတို့ဟာ ပြည်သူကို မမြင်ဘူး၊ အစိုးရကို မမြင်ဘူး၊ နိုင်ငံကိုပဲ မြင်တယ်။ အုပ်းစီတဲ့ အစိုးရကို ဝင်ရောပြီး ခြေကုပ်ယူဖို့ ကြိုးစားတာပဲ။ ဒီအတွက် ပြည်သူကို ချနင်းဖို့ ဝန်မလေးဘူး။ အိန္ဒိယသမုဒ္ဒရာ လုံခြုံရေး နယ်စပ်မှာ နာဂ ကွန်မြူနစ်တွေ အင်အားစုနေတာတွေ ထည့်တွက်ရင် PDF ကို ကျော်ပြီး တွက်ဆနေတာ ဖြစ်တယ်။ တရုပ်ဟာ မြန်မာပြည်ကို ထင်သလို ခြယ်လှယ်လို့ ရနိုင်တဲ့ အနေအထား မရှိသေးဘူး။ မအလတပ်ကိုယ်တိုင်က အဲဒီလို အဖြစ်မခံဘူး။ ဒါကြောင့် ရုရှ အိန္ဒိယ နဲ့ ပေါင်းနေတာ ဖြစ်တယ်။
တရုပ်ကလည်း မအလကို ညှပ်ဖမ်းဖို့ EAO ဒုတ်ပြပြီး ကြိုးစားနေတာ ဖြစ်တယ်။ တရုပ်ဟာ မအလနဲ့ NLD ကို ၂၀၀၈ အောက် ပြန်သွင်းနိုင်ရင် ၊ ယာယီ အဆင်ပြေပြီး ဒေသတွင်း ကြည်ညိုခံရမယ် လို့ ယူဆနေတယ်။ မအောင်မြင်ရင် ကမ္ဘာ့ခေါင်းဆောင်သစ် စာမေးပွဲ ကျမယ်။ ဒေသတွင်း နိုင်ငံတွေဟာ တဖက်ကို ယိမ်းကြမယ်။ ဒီအချက်တွေဟာ တရုပ်ရဲ့ ပျေ့ာကွက်ပဲ။ ဒါဟာ ဂါမဏိဂျိုင်းအောက်က လွတ်နေတဲ့ နေရာပဲ။
-----

မဟုတ်တရုပ်တွေ လုပ်နေတာ ငြိမ်ခံရင် သွေးတိုးစမ်းရာက စနေနှစ်ခိုင်ပါ လာစမ်းလိမ့်မယ်။ ငြိမ်မခံလို့ ဂတ်ပိုက်လိုင်းကို ခွဲပါလား ဆိုတဲ့ နောက်တဖက်စွန်းကိုလည်း မနင်းကြနဲ့ ဦး။ Gas ဂတ်ပိုက်လိုင်းကို ခွဲရမှာ မဟုတ်။ သိမ်းရမှာ ဖြစ်တယ်။ တရုပ်ပစ္စည်း သပိတ်မှောက်ဖို့ ပြောချင်ပေမယ့် မလွယ်ကူမှန်းသိလို့ မပြောဘူး။ ဒါပေမယ့် တတ်နိုင်ရင် မသုံးကြနဲ့။ 
လုပ်ရမှာက NUG က သူ့ရဲ့ နိုင်ငံခြားရေး မူဝါဒအတိုင်း သံခင်း တမန်ခင်း သွား ... ၊ ပြည်သူက မိမိတို့ အသိ စိတ်နဲ့ ဆန္ဒဖော်ထုတ်ကြဖို့ပဲ .. မြေပြင်တင်မကဘူး ဆိုရှယ်မီဒီယာကနေ ပြသနေဖို့ လိုတယ် ။  ဆန္ဒတောင်မပြရဲတဲ့ အထိ တရုပ်ကြောက်နေရင်တော့ တရုပ်ကျုံးသွင်းတဲ့ ၂၀၀၈ ခြေဥ လမ်းကို တရွတ်တိုက် လိုက်ကြလိမ့်မယ် .. တရုပ်က ငါခင်းတဲ့ လမ်း မြန်မာပြည်သူတွေ ကြိုက်လို့ အသံတိတ်နေကြပြီ ဆိုတဲ့ သဘော ပြောလာလိမ့်မယ်
တရုပ်ဟာ ဘယ်လောက်မာမာ သူ့မှာ အာခိလိ ဟီးလ်ရှိတယ်။ သူ့ရဲ့ ဂဏန်းမျက်စိက ဘာလဲ မြင်အောင်ကြည့် တရုပ်ဟာ BRI အတွက် ကမ္ဘာက ယုံကြည်မှုလို ချင်တယ်။ ကမ္ဘာ့ယုံကြည်မှုရဖို့ ယုံလောက်တဲ့ ဦးဆောင်နိုင်စွမ်းကို ပြရမယ်။ အာဆီယံမှာ တရုပ်ဘာလဲ ဘယ်လိုလဲကို မြန်မာအရေး ဘယ်လို ကိုင်တွယ်မလဲကို ကြည့်နေကြတယ်။ မြန်မာပြည်သူတွေ ကျေနပ်တဲ့ ဦးဆောင်နိုင်စွမ်းကို ( for show ပဲ ဖြစ်ဖြစ်) ပြသဖို့က တရုပ်ရဲ့ အလုပ်ပဲ။
မြန်မာပြည်သူတွေက ဒါကို သိရင် ကစားလို့ရပြီ .. တွစ်တာမှာ တရုပ်ကို များများဝေဖန်ကြ။ အချက်အလက်ပါတဲ့ ဝေဖန်မှုတွေ များများ လုပ်ကြ။ နောက်တချက်ဟာ နိုင်ငံတိုင်းဟာ သူတို့အကျိုးစီးပွားကို အဓိက ထားတယ်။ ဒီတော့ အကျိုးစီးပွားနဲ့ ယှဉ်တဲ့ အကောင်းအဆိုး အကြောင်းအကျိုးကို ဝေဖန်ကြ။ ဥပမာ .. သဘာဝပတ်ဝန်းကျင်၊ မြေရှားသတ္တု၊ အိန္ဒိယသမုဒ္ဒရာ လုံခြုံရေး .. မြန်မာတွေဟာ သောက်ချဉ်မဟုတ်ကြောင်း နိုင်ငံတကာ ရော တရုပ်ရော သိလေလေ ၊ အရွေ့တွေ မှန်လာလေလေပဲ။

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား