Right of conquest - မြေရှင်ပဒေသရာဇ်ခေတ်ရဲ့ နိုင်ံတကာ ဥပဒေ

စာဖတ်ကြပါဆိုရင် တထွာထက်ကျော်တဲ့ စာကို မဖတ်ချင်ကြဘူး .. အင်္ဂလိပ်လို ရေးတာကို ဘာသာပြန် မဖတ်ချင်ဘူး။ google   translate လို ဘာသာပြန်ပေးတဲ့ ခူးပြီး ခပ်ပြီး app ရှိတာတောင် xပျင်းကျပြီး သူများ ပါးစပ်ဖျား လမ်းဆုံးနေကြတယ် .. ရှေးမြန်မာဘုရင်တွေက နယ်ချဲ့တာကို အရည်မရ အဖတ်မရ ဇာတ်နာပြီး မျက်ရည်ချူနေကြတယ်။ မြေရှင်ပဒေသရာဇ်ခေတ်ပါဆိုနေမှ နယ်မြေအသစ် မချဲ့လို​့ လဥ သန်းရှာနေရမလား။

မြန်မာနိုင်ငံမှာ ဖြစ်လာမယ့် နေရာမှာ ကမ္ဘာဦးအစ မြေကြီးက ပေါက်လာတဲ့ လူမျိုးရယ်လို​့ တယောက်မှ မရှိဘူး။ ငါး လိပ် မကန်းတွေပဲ ရှိတယ်။

နောက်မှ သမိုင်းဦးဘုံမြေခေတ်မှာ ရေကြည်ရာ မြက်နုရာ ရှာရင်း ဒီမြေပေါ်ကို ကျူးကျော်လာကြသူတွေချည်းပဲ။ အဲဒီ သမိုင်းဦးဘုံမြေခေတ်မှာ ရှိတဲ့ အညာသားဆိုတာလည်း ယနေ့ မြန်မာလူမျိုးတွေ မဟုတ်ဘူး
နောက် မြေရှင်ပဒေသရာဇ်ခေတ် မှာ ရှေးဦးလူတွေကို နောက်လူတွေက တိုက်ထုတ်ရင်း ဒီနေရာကို ရောက်လာကြတာ။ အဲဒီ နောက်လူတွေဟာ နယ်ချဲ့တွေချည်းပဲ။ အင်အားမရှိတဲ့ အုပ်စုက ခုခံကာကွယ်တဲ့ အဆင့်နဲ့ နေရတယ်။ အင်အားရှိလာရင် သူလည်း နယ်ချဲ့တာပဲ။

ဒီတော့ မြန်မာ မွန် ရှမ်း တွေဟာ ဗုံလုံတလှည့် ငါးပျံတလှည့် နယ်ချဲ့ကြတာပဲ။ အင်အားကြီးသူက နယ်မြေ သိမ်းယူကြတဲ့ right of conquest ဆိုတာ အဲဒီခေတ်ရဲ့ နိုင်ံတကာ ဥပဒေပဲ။

ရှမ်းလည်း အင်းဝမှသည် ပြည်အထိ ကို သိမ်းပြီး ပထမရှမ်းခေတ်၊ ဒုတိယ ရှမ်းခေတ် တည်ထောင်တာပဲ။ အဲဒါမျိုးတော့ သိပ်ဂုဏ်ယူကြတာ။ ယနေ့ ကျင်းပနေဲ့ ရှမ်းနီအမျိုးသားနေ့ March 13 ရက်ဆိုတာ အင်းဝနေပြည်တော်ကို မိုးညှင်းစလုံ သိမ်းတဲ့နေ့ပဲ။ မြန်မာသက္ကရာဇ် ၈၈၈ တန်ခူ လဆန်း ၁၂.. အင်္ဂလိပ်လို ( ၁၅၂၇ မတ်လ ၁၃ ရက်).. (၈၈၈) ကို "ဂငယ် သုံးခု ဥသျှစ်ထု" စာချိုး မှတ်ထားတာ။ ရှမ်းတွေ အဝ နေပြည်တော်ကို ဖျက်ဆီးပစ်ကြတာ ဥသျှစ်သီးကို ထုချေသကဲ့သို့ ကြေမွပျက်စီးကြကုန်၏လို့ ဆိုတယ်။







မွန်လည်း အင်အားရှိရင် နယ်ချဲ့တာ ဒလဗန်း က အင်းဝကို သိမ်းတဲ့ အထိပဲ။ အင်းဝဘုရင်ကို ဖမ်းပြီး ဆွေတော်မျိုးတော်မပါကျန် ရေထဲ နှစ်tတ် မျိုးဆက်သုဉ်းခဲ့တာ ဘယ်မွန်မှ မကောင်းကြောင်း မရေးဘူး။ မုဆိုးဖို ရွာသူကြီး အောင်ဇေယျက ပြန်ဆော်မှ လူတွေ tတ်တယ်လေး ဘာလေး xက်ဖြစ်သည်းကြတယ်။
ရခိုင်လည်း အချောင်ရရင် ဘုရင့်နောင်ရဲ့ ရွှေအပြည့်မိုးထားတဲ့ ကမ္ဘောဇသာဒီ နန်းတော်ကို ကြေးထည်ပါမချန် အကုန်ခွါယူပြီး မီးတိုက်ခဲ့တာပဲ။ ဒါမျိုးတော့ ရခိုင်ရာဇဝင်မှာ မကောင်းကြောင်း ဘယ်တော့မှ မရေးဘူး။ ဘုရင့်နောင် မြေး၊ နန္ဒဘုရင်ရဲ့ သားသမီးတွေကို အမျိုးအဆွေ နောက်လိုက်တွေပါ မကျန် ဖမ်းဆီး မယားပြု ကျွန်ပြုကြတာ အဲဒီမျိုးဆက်ဟာ ဒီနေ့ ဘင်္ဂလားဒေ့ရှ်မှာ ရှိနေတယ်။

ဘုရားပင့်တာလောက် အသည်းပေါက်ပြပြီး လူတွေ ဖမ်းခေါ်သွားတာကျတော့ ရွေပျောက်သလို ကြောင်ပျောက်သလို ရူးချင်ယောင်ဆောင်နေတယ်။ ကျန်လူမျိုးတွေလည်း အင်အားရှိလာရင် နယ်ချဲ့တာပဲ။ အနည်းဆုံးတော့ နယ်စွန် နယ်ဖျားကို တိုက်ခိုက် လုယက်ကြတာပဲ။ ဘယ်လူမျိုးမှ သူတော်စင် မဟုတ်ဘူး။ 

ဒါတွေဟာ right of conquest ပဲ။ မြေရှင်ပဒေသရာဇ်ခေတ်ရဲ့ နိုင်ံတကာ ဥပဒေပဲ။ ဒါတွေကို အနာဖေးခွါ ဇာတ်နာပြနေတာဟာ ... ပညာရေး   နိ့မ်ကျနေတာကို ပြသနေတယ်


Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား