PDF ဆုတောင်း

ပွင့်တော်မူပြီးကုန်သော ဗုဒ္ဓဘုရားရှင်အပေါင်း၊ ပစ္စေကဗုဒ္ဓအပေါင်း၊ ရဟန္တာအပေါင်း၊ အရိယာအပေါင်း၏ မေတ္တာဓာတ်၊ တန်ခိုးတော်သည်  အပြစ်မဲ့ ပြည်သူပြည်သသား အပေါင်း နှင့်တကွ ကျွန်ုပ်/ တို့ "-----" အပါအဝင် " ---- " တပ်ဖွဲ့  အဖွဲ့ဝင်များနှင့် မိသားစုများ အပေါ်တွင် လွှမ်းခြုံကာကွယ်ပါစေသတည်း


ပွင့်တော်မူပြီးကုန်သော ဗုဒ္ဓဘုရားရှင်အပေါင်း၊ ပစ္စေကဗုဒ္ဓအပေါင်း၊ ရဟန္တာအပေါင်း၊ အရိယာအပေါင်း၏ မေတ္တာဓာတ်၊ တန်ခိုးတော်ကြောင့်  သိကြားမင်း၊ စတုလောကပါလနတ်မင်းကြီးလေးပါ၊ လောကစောင့်နတ်များ၊ နဂါး၊ ဂဠုန်၊ ကုဗ္မန်၊ ယက္ခ၊ ဂန္ဓဗ၊ ဝိဇ္ဇာ၊ ဇော်ဂျီ ၊ တပသီအပေါင်း သည် အပြစ်မဲ့ ပြည်သူပြည်သသား အပေါင်း နှင့်တကွ ကျွန်ုပ်/ တို့ "-----" အပါအဝင် " --- " တပ်ဖွဲ့  အဖွဲ့ဝင်များနှင့် မိသားစုများ အပေါ်တွင် မေတ္တာသက်ဝင် ချစ်ခင်ပါစေ၊ ကူညီစောင့်ရှောက်မစကြပါစေ၊ ကာကွယ်ကယ်ဆယ်ကြပါစေ


ပွင့်တော်မူပြီးကုန်သော ဗုဒ္ဓဘုရားရှင်အပေါင်း၊ ပစ္စေကဗုဒ္ဓအပေါင်း၊ ရဟန္တာအပေါင်း၊ အရိယာအပေါင်း၏ မေတ္တာဓာတ်၊ တန်ခိုးတော်ကြောင့်  တောစောင့်နတ်၊ တောင်စောင့်နတ်၊ မြေစောင့်နတ်၊ မြစ်စောင့်နတ်၊ ရေစောင့်နတ်၊ အာကာသစိုး၊ ရုက္ခစိုး၊ မိုးနတ်သား၊ လေနတ်သားတိုသည် သည် အပြစ်မဲ့ ပြည်သူပြည်သသား အပေါင်း နှင့်တကွ ကျွန်ုပ်/ တို့ "-----" အပါအဝင် " ----" တပ်ဖွဲ့  အဖွဲ့ဝင်များနှင့် မိသားစုများ အပေါ်တွင် မေတ္တာသက်ဝင် ချစ်ခင်ပါစေ၊ ကူညီစောင့်ရှောက်မစကြပါစေ၊ ကာကွယ်ကယ်ဆယ်ကြပါစေ


ရှေးရှေးဘဝ ယခုဘဝ အတိတ်ကာလ ကျွန်ုပ်/ တို့  ပြုခဲ့ ဖူးသော  ကုသိုလ်တို့သည်  ပစ္စုပ္ပန်ကာလ တွင်  ကျွန်ုပ် "----"  ကို ဘေးကင်း ရန်ကွာ ကျန်းမာ ချမ်းသာ အသက်ရှည် သန်စွမ်း ခြင်း အကျိုး တရား ဖြစ်ပါစေ။  


ရှေးရှေးဘဝ ယခုဘဝ အတိတ်ကာလ ကျွန်ုပ်/ တို့  ပြုခဲ့ ဖူးသော  ပါရမီ တို့သည်  ပစ္စုပ္ပန်ကာလ တွင်  ကျွန်ုပ် "----"  တွင်  ကြီးစွာသော တန်ခိုး အာနုဘော် ဖြစ်စေကာ အများအကျိုး ဆောင်ရွက်ရာတွင် ကြီးစွာသော အောင်နိုင်ခြင်း ဖြစ်ပါစေ။


ရှေးရှေးဘဝ ယခုဘဝ အတိတ်ကာလ ကျွန်ုပ်/ တို့  ပြုခဲ့ ဖူးသော  ကုသိုလ် နှင့် ပါရမီတို့သည်  ကျွန်ုပ် "----"  ကို  ပြုပြီးသော  ကုသိုလ် နှင့် ပါရမီ များအား အစဉ်အမြဲ  မမေ့မလျော့ သတိရခြင်း၊ မပြုသေးသော ကုသိုလ် နှင့် ပါရမီ များ အား ပြုလုပ်ရန် အမြဲမပြတ် အထောက်အပံ့ပေးခြင်း သည် ဖြစ်ပါစေ။

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား