စစ်တုရင် အပ်ကွက် checkmate

NLD က စကစ စီစဉ်နေတဲ့ "PR ရွေးကောက်ပွဲ"ဟာ  တရားမဝင်ဘူး လို့ ကြေညာလိုက်တာ စကစနဲ့ တရုပ် ဟာ အပ်ကွက် checkmate မိသွားတယ်။ စစ်တုရင် အပ်ကွက် checkmate မိရင် ပွဲက ပြီးပြီ။ စည်းကမ်းရှိတာကိုး။လက်တွေ့မှာ စည်းကမ်းမရှိတော့ ဘာဆက်လုပ်မလဲပဲ ကြည့်နေရတယ်။  မိမိကိုယ်ကို ရိုသေတဲ့ လူတွေဆိုရင် အပ်ကွက် မိရင် အရှုံးကို ဝန်ခံရတယ်။

တရုပ် အာဆီယံ အမေရိကန်က ရှေးတုံးကလိုပဲ "အခြေခံဥပဒေ လမ်းကြောင်းက ရင်ကြားပြန်စေ့" ပါလို့တစာစာ ဟစ်အော်နေပေမယ့် အခြေအနေက ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်လို မဟုတ်ဘူး

၁၉၉၀ ရွေးကောက်ပွဲရလာဒ်တုံးက  အခြေခံဥပဒေမရှိသေးလို့ အာဏာလွှဲမပေးဘူး  ဆိုပြီး ညစ်ပတ်တယ်။ NLD က လွှတ်တော် ခေါ်ဖို့  မလုပ်နိုင်အောင် တားစီးလိုက်တယ်။ ဒီနေ့လို အင်တာနက် ရှိရင် မခက်ခဲဘူး။ ဟိုတုန်းက အစည်းအဝေးတခု လုပ်ဖို့ မလွယ်ဘူး။    စစ်တပ်က ပြည်သူ့ကိုယ်စားလှယ် နဲ့ စစ်တပ်အလိုတော်ရိ ၁ ချိုး ၇ ချိုး ပါတဲ့  အမျိုးသား ညီလာခံ ခေါ်တယ်။ 

၂၀၂၀ ရွေးကောက်ပွဲရလာဒ်ကို ဒါမျိုးလုပ်လို့မရဘူး။ ၂၀၀၈ အခြေခံဥပဒေရှိနေပြီ။ ၂၀၂၁လွှတ်တော် CRPH ရှိနေပြီ။ လွှတ်တော်ရှိပါရက်နဲ့ အမျိုးသားညီလာခံ ခေါ်လို့ မရဘူး။ ဥပဒေ ပြုချင်ပြင်ချင် ဖျက်ချင် ရင် ၂၀၂၁ လွှတ်တော်နဲ့ CRPH ကပဲ လုပ်ခွင့်ရှိတယ်။ ၂၀၂၁ လွှတ်တော် CRPH က၂၀၀၈ ခြေဥကို ဖျက်လိုက်ထားပြန်တယ်။ )။  

တရုပ်က CRPH ကို ဘေးဖယ်ပြီး ၂၀၀၈ အခြေခံဥပဒေ လမ်းကြောင်းကို ဇွတ်အော်နေပေမယ့် ၊ သူ့မယားပါသားက ၂၀၀၈ အခြေခံဥပဒေကို ချိုးဖောက်နေတယ်။ ၂၀၀၈ အခြေခံဥပဒေလမ်းကမြောင်းထဲ ချော်ကျနေတယ်။ ပြန်တက်လို့မရဘူး။ မြောင်းထဲက ၂၀၀၈ အော်နေတာပဲရှိတယ်။ ဆိုတော့ ၂၀၀၈ လမ်းကြောင်းပေါ်မှာ ဘယ်သူ ဘယ်ဖွဲ့မှ ရှိမနေကြတော့ဘူး။

ဒါကို အာဆီယံ တရုပ် အမေရိကန်မြင်အောင် မီဒီယာတွေ ပါတီတွေ နိုင်ငံရေး အကဲဖြတ်တွေ တက်ကြွလှုပ်တွေ ဥပဒေပညာရှင်တွေက ကမ္ဘာသိအောင် ထောက်ပြရမယ်။ 

စကစက "PR ရွေးကောက်ပွဲ" နဲ့ တရုတ် အာဆီယံက " ခြေ/ဥ လမ်းကြောင်း" ကို လူသိရှင်ကြား ထုတ်ပြောလာမှ NLD က တောက်ချလိုက်တာ၊ အချိန်ကိုက်ပဲ... တောက်ချတယ် ဆိုတာ ဒါမျိုးမှ အစစ်။

NLD ကြေညာချက်ဟာ အာဆီယံ တရုပ် အမေရိကန်ကို  နားရွက်ဆွဲပြီး ပြသလိုက်တယ်။ 

(၁) ၂၀၂၀ ရွေးကောက်ပွဲ ကို မင်းတို့ နိုင်ငံတကာက အားလုံး လက်ခံထားတယ် မဟုတ်လား။  ဒါကိုပဲငါတို့ ဆုပ်ကိုင်မယ်။ ရွေးကောက်ပွဲအသစ် တရားမဝင်ဘူး။

(၂) ၂၀၂၀ ရွေးကောက်ပွဲ ရလာဒ်ဟာ UEC တရားဝင်ကြေညာပြီးသား။ UEC အဆုံးအဖြတ်သာအတည်ဖြစ်တယ်။ 
(၃) မအလဟာ ၂၀၁၆ အစိုးရကို လက်နက်ကိုင် ပုန်ကန်တယ်။ ၂၀၂၀ ရွေးကောက်ပွဲရလာဒ်ကို ဖျက်တယ်။  မအလဟာ အိမ်စောင့် အစိုးရ မဟုတ်ဘူး။ သူ့ကို နိိုင်ငံတော်သမတက အာဏာလွှဲတာ မရှိဘူး။လူလိမ်သာ ဖြစ်တယ်။ ရာဇဝတ်ကောင်သာ ဖြစ်တယ်။

(၄) ရွေးကောက်ပွဲ ကော်မရှင်ဟာလည်း နိုင်ငံတော်သမတက ခန့်ပြီး လွှတ်တော်က အတည်ပြုပေးရတယ်။ မအလ လက်မှတ်ထိုး ခန့်တဲ့ သိန်းစိုးအဖွဲ့ (UမEC)  ဟာ တရားမဝင်ဘူး။ ဒါကြောင့် သိန်းစိုး ကရွေးကောက်ပွဲ ရလာဒ် ဖျက်တာရော၊ အသစ်ကျင်းပတာရော လုပ်ခွင့်မရှိဘူး။ တရား မဝင်ဘူး။

အချက်ကြီး ၄ ချက်နဲ့  ကြေညာလိုက်တာ ... မအလ   တရုပ် အာဆီယံ အမေရိကန်သာ ဖြောင့်မတ်မှု ရှိရင် ၊ ပြိုင်ပွဲစည်းကမ်း Rule of Law ကို လိုက်နာရင် ဆိုရင် ပွဲက ပြီးနေပြီ။  

( NUCC ထဲ က ဒေဝဒတ်တွေလည်း မအလအလိုကျ ရွေးကောက်ပွဲရလာဒ် ဖျက်ပေးဖို့  
စုရွေးလွှတ်ကို စွန့်လွှတ်ဖို့   ထပ်ပြီး မအော်ကြနဲ့ဦး။ )

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား