ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထွက်ဗူးသီးနဲ့ ၂၀၁၀ / ပြည်သူ ရှိနေသရွေ့ ပါတီ ရှိနေမှာပါ ၂၀၂၁

ဒေါ်အောင်ဆန်းစုကြည်ရဲ့  ခြံထွက်ဗူးသီးနဲ့  ၂၀၁၀ / ပြည်သူ ရှိနေသရွေ့ ပါတီ ရှိနေမှာပါ  ၂၀၂၁

(၁)  ဗူးသီး ...

 လွန်ခဲ့သော  ၂၂ နှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ် ကျနေပါတယ်။ သန်းရွှေက ၂၀၁၀ နိုဝင်ဘာမှာ ရွေးကောက်ပွဲကို  ကျင်းပပြီး ၂၀၀၈ ခြေဥကို အသက်သွင်းခါနီး ဖြစ်ပါတယ်။  ၂၃ မတ်လ ၂၀၁၀ မှာ  ဒေါ်အောင်ဆန်းစုကြည်ဟာ ရှေ့နေတွေက တဆင့် ဗူးသီးကြီး တလုံးပေးလိုက်ပါတယ်။ အဓိပ္ပာယ်က ၂၀၁၀ ရွေးကောက်ပွဲကို မဝင်"ဘူး" လို့ ဆိုလိုပါတယ်။   

------

 " ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထွက်ဗူးသီးနဲ့ ၂၀၁၀ "  https://groups.google.com/g/freemyanmar/c/7ttsbaMWnFU?pli=1    https://tinyurl.com/4yb6922k

အဲဒီသတင်းနဲ့ ပက်သက်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး ABMA က အခုလို တင်ပြထားပါတယ်။ http://allburmamonksalliance.com/?p=4974

(၂၃-၃-၂၀၁၀) နေ့ နေ့လည်ပိုင်းကNLD ဗဟိုအလုပ်အမှုဆောင်လည်းဖြစ် အဖွဲ့ဝင်လည်းဖြစ်ပြီး NLD ရဲ့ပြောရေး ဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းဟာ ရှေ့နေကြီး ဦးကြည်ဝင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဦးဉာဏ်ဝင်းတို့ဟာ ဒေါ်အောင်ဆန်းစုကြည်နှင့် (၃) နာရီခန့် တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး NLD ရုံးကို ညနေ(၄)နာရီကျော်မှာ ပြန်လည်ရောက်ရှိခဲ့ပါတယ်။ NLD ရုံးမှာ သတင်းထောက်အချို့နဲ့ တွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားများကို ပြန်လည်ပြောကြားခဲ့ပါသည််။ ဒေါ်အောင်ဆန်းစုကြည်က နအဖ ရဲ့ ရွေးကောက်ပွဲဥပဒေ၊နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေနှင့် ရွေး ကောက်ပွဲကော်မရှင် ဥပဒေများ အပေါ် ဝေဖန်ပြောကြားလိုက်ပြီး NLD ပါတီအနေနဲ့ ပါတီမှတ်ပုံတင်ရေး ရွေး ကောက်ပွဲဝင်ရေး ကိစ္စများရပ်အပေါ် (၂၉.၃.၂၀၁၀)နေ့မှာ ပြုလုပ်မယ့် ဗဟိုဦးစီးအစည်းအဝေးမှာ ဒီမိုကရေစီ နည်းကျကျ ဆုံးဖြတ်ကြဖို့ သဘောထားပေးခဲ့ပါသည််။ 

ထူးခြားတာကတော့ အဲဒီနေ့မှာပဲ… ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေကြီး ဦးဉာဏ်ဝင်းမှ တဆင့် ဗဟိုအမျိုး သမီးအဖွဲ့ဝင်များအတွက် သူမ၏ ခြံထွက် ဗူးသီးကြီးတလုံးကိုပါ ..... လက်ဆောင်ပေးလိုက်ခြင်းပင် ဖြစ်ပါသည်။ ဒီလို ပေးလိုက်ခြင်းအပေါ် ဗဟိုအမျိုးသမီးအဖွဲ့က “ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ဆောင်ဟာ “ဗူးဆိုရင် ဖရုံ မသီးဘူး”ဆို တဲ့ ရွေးကောက်ပွဲဥပဒေနဲ့ ပါတီမှတ်ပုံတင်ရေး ဥပဒေအပါအဝင် ကော်မရှင်ဥပဒေများကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်းနှင့် ၎င်း ရွေးကောက်ပွဲကိုလည်း မဝင်ဘူး၊ ပါတီကိုလည်း မှတ်ပုံမတင်ဘူးဆိုတာ ပြတ်ပြတ်သားသား ပဲ ပြောဆိုလိုက်တာပဲ” လို့ အဓိပ္ပါယ်ကောက်ယူကြပြီး အားလုံး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြတယ်လို့ ခိုင်လုံတိကျ သော သတင်းရပ်ကွက်မှ ကြားသိရပါသည်။

---

 (စကားချပ် -ဒီမှာ NLD ရဲ့ အလေ့အထကို တွေ့မြင်ရပါမယ်။ ဒေါ်အောင်ဆန်းစုကြည်က သဘောထား မှတ်ချက်ပေးပြီး ပါတီဗဟိုအစည်းအဝေးကျင်းပပြီးမှ ဆုံးဖြတ်ချက် ချကြပါတယ်။ အများထင်သလို ဒေါ်အောင်ဆန်းစုကြည်က အာဏာရှင်ဆန်ဆန် တယောက်တည်း ဆုံးဖြတ်တာ မရှိပါ။ ၂၀၁၂ ရွေးကောက်ပွဲကို ဝင်မလား ဆုံးဖြတ်တာလည်း ပါတီဗဟိုအစည်းအဝေး ခေါ်ပြီးမှ ဆုံးဖြတ်ကြတာ ဖြစ်ပါတယ်။  ဒါကြောင့် NLD မှာ  တဦး တယောက် တစု တဖွဲ့က စစ်တပ်နဲ့ လက်ဝါးရိုက်ပြီး လုပ်ခွင့် မရှိတာမို့  ဖောင်းမထုခင် သမိုင်းကို သိဖို့ လိုပါတယ်။ ၂၀၁၂ ရွေးကောက်ပွဲဝင်မှာမို့ ၂၀၁၁ ဒီဇင်ဘာမှာ ထပ်မံမှတ်ပုံတင်တာကို တွေ့ရပါမယ်။ )


၂၀၂၁ စစ်တပ် အာဏာသိမ်းပြီး နောက် ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ စကားတွေက တဆင့် သူ့ရဲ့သဘောထားကို သိရှိနိုင်ပါတယ်။ 

(၂) " ပြည်သူ ရှိနေသရွေ့ ပါတီ ရှိနေမှာပါ"

၂၄ မေ ၂၀၂၁ မှ ာ " ပြည်သူ ရှိနေသရွေ့ ပါတီ ရှိနေမှာပါ" လို့ မှာကြားတယ်။ ဒီအချက်ဟာ အရေးကြီးဆုံးပဲ။ သိန်းစိုးဟာ NLD ကို ပါတီမှတ်ပုံတင်စာရင်းက ဖျက်ရင်တောင် ပါတီ မပျက်ဘူးလို့ ဆိုလိုတယ်၊ တကယ်တမ်းကျတော့ မှတ်ပုံတင်တာ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲဝင်ဖို့ပဲ။ ရွေးလောက်ပွဲ မဝင်ရင် မှတ်ပုံတင်စရာ မလိုဘူး။ NLD ဟာ ၁၉၈၈ စက်တင်ဘာ ၂၇ မှာ ပထမအကြိမ် မှတ်ပုံတင်ခဲ့တယ်။  အဲဒီနောက် စစ်တပ်ရဲ့ ပါတီစာရင်းက ပယ်ဖျက်ခံရတယ်။ ၂၀၁၁ ဒီဇင်ဘာ ၁၂မှာ ဒုတိယအကြိမ် မှတ်ပုံတင်တယ်။ NLD လိုပဲ ၁၉၉၀ ရွေးကောက်ပွဲဝင် လူဘောင်သစ် ဒီမိုကရက်တစ်ပါတီ (၁၂-၅-၂၀၁၄) ၊ SNLD(၈.၅.၂၀၁၂ ), ALD (၂၄-၄-၂၀၁၇) လည်း ဖျက်သိမ်းခံရပြီးမှ ပြန်လည် မှတ်ပုံတင်တာပဲ။ မှတ်ပုံမတင်လို့ ဘယ်ပါတီမှ ပျက်မသွားဘူး။ ဒါ့အပြင် ဗကပ၊ KNU၊  KIO၊  UWSP၊  SNPP၊  CNF၊   ULA စတဲ့ EAO တွေလည်း မှတ်ပုံမတင်ဘူး။ ဗကပ၊ KNU ဆိုရင် အနှစ် ၇၀ ရှိပြီ၊ မပျက်ဘူး။  

ပြည်သူရှိနေသ‌ရွေ့ NLD ရှိနေမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော            https://www.myanmar-now.org/mm/news/6866 


၂၀၂၂ ဇူလိုင် Myanmar Now သတင်းမှာ  " ပါတီရုံးခန်းဖွင့်လိုသူများက အမှုရင်ဆိုင်ရနေသော ဒေါ်အောင်ဆန်းစုကြည်ထံ ရှေ့နေများမှတစ်ဆင့် တင်ပြတောင်းဆိုခဲ့ရာ ပါတီဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က သဘောမတူကြောင်း တုံ့ပြန်သည်" ဟု သိရှိရပါတယ်။

ခေါင်းဆောင်များ အဖမ်းခံထားရချိန် ပါတီရုံးဖွင့်လိုသူများနှင့် NLD ရင်ဆိုင်နေရ https://myanmar-now.org/mm/news/11885


(၃) All Absurd 

၁ အောက်တိုဘာ ၂၀၂၁မှာ အင်္ဂလိပ်လို "All Absurd"  လို့ ပြောပါတယ်။  အားလုံး မဟုတ်တမ်းတရမ်းတွေ  အားလုံးအဓိပ္ပာယ်မဲ့ကြောင်း   ဒေါ်အောင်ဆန်းစုကြည်က ဟု အဂတိမှု စွပ်စွဲချက်တွေကို ပယ်ချ ငြင်းဆန်ပါတယ်။   "အဓိပ္ပာယ်မရှိဘူးတဲ့။ သူပေးလည်း မပေးဘဲနဲ့တဲ့ ဒေါ်လာတို့၊ ရွှေ ခုနစ်ပိဿာတို့ဆိုတာ ပေးလည်းမပေးဘဲနဲ့ ပေးတယ်ဆိုတာ  ပြောရက်တယ် " ပြောဆိုခဲ့ ပါတယ်။   https://www.rfa.org/burmese/news/dassk-said-phyominthien-allegations-are-absurd-10042021062552.html


(၄) ညီညွတ်ရေး  Unity

၅  နိုဝင်ဘာ ၂၀၂၁ မှာ  “ပြည်သူပြည်သားတွေ ကျန်းမာရေး၊ စီးပွားရေး၊ တိုင်းပြည်အခြေအနေအတွက် စိတ်ပူတဲ့အကြောင်း၊ အကုန်လုံး ညီညီညွတ်ညွတ်ရှိစေချင်တဲ့အကြောင်း၊ အများအတွက်လည်း စိတ်တူကိုယ်တူ ကူညီစေချင်တဲ့အကြောင်း အဲဒါမျိုးလေးတွေတော့ ပြောပါတယ်”  ပြောခဲ့ပြီး    ၁၈ ဧပြီ  ၂၀၂၂    မှာတော့ "ပြည်သူလူထုအချင်းချင်းကြားမှာ စည်းလုံးညီညွတ်မှုရှိကြဖို့နဲ့ ဆွေးနွေး တိုင်ပင်ကြ" ဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ ပါတယ် ။ တိုက်ဆိုင်တာလား တမင် ရည်ရွယ်တာလား မသိနိုင်ပေမယ့်၊ ညီညွတ်ရေး Unity ဆိုတာ အမျိုးသားညီညွတ်ရေးအစိုးရ National Unity Government ကို ရည်ညွန်းလေသလား တွေးမိပါတယ်။


Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား