ရှမ်းနီ အမျိုးသားများ ခရီးကြမ်း ဘယ်လို ဖြတ်သန်းမလဲ

ရှမ်းစော်ဘွားတွေရဲ့ လက်တွေ့မဆန်တဲ့  1961 ၈ ပြည်ထောင်မူကို တရားသေ ဆုပ်ကိုင်ပြီး မဆုံးသော ပြသနာတွေ ဆက်ကြမလား?  ? ဖက်ဒရယ် စနစ်သစ် ခေတ်သစ်ကို ကို တကယ်လုပ်ကြမလား
 No photo description available.
No photo description available.May be an image of text


ရှမ်းနီ အမျိုးသားများ ခရီးကြမ်း ဘယ်လို ဖြတ်သန်းမလဲ 
 ချစ်မင်းထွန်း 30 March 2019

“ကျမတို့ လူမျိုးဆိုရင် လက်နက်ကိုင်တဲ့လူမရှိဘူး။ အများကြီး နိုင်စားတာ ခံနေရတယ်၊ အဲဒါတွေ လုံးဝ မခံချင်ဘူးရှင့်။ အဲဒါကြောင့် ဒီအဖွဲ့ထဲကို တတ်နိုင်တဲ့ဘက်ကနေ တာဝန်ထမ်းဆောင်မယ် ဆိုပြီးတော့ ဝင်လာခဲ့တာရှင့်”

ထိုစကားကို ပြောလိုက်သူကတော့ ရှမ်းနီ အမျိုးသားများ တပ်မတော် (SNA) တွင် ဆေးတပ်သား အဖြစ် တာဝန် ထမ်းဆောင် နေသည့် စစ်သမီးပျို စိန်စိန် ဖြစ်သည်။

စိန်စိန် ဝင်ရောက် အမှုထမ်းနေသည့် ရှမ်းနီ အမျိုးသားများ တပ်မတော် (SNA) သည် ၁၉၈၉ ခုနှစ် ဇူလိုင် ၅ ရက်က ဖွဲ့စည်း ထူထောင်ခဲ့ပြီး အိန္ဒိယ-မြန်မာ နယ်စပ်တွင် လှုပ်ရှားရင် တဖြည်းဖြည်း ကြီးထွားလာသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဖြစ်သည်။


ထိုအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး အိန္ဒိယ-မြန်မာ နယ်စပ်က နွဲ့အင်ဖာ (ကျောက်ဖြာတောင်) သို့ ၂၀၀၇ ခုနှစ်တွင် သွားရောက် လေ့လာခဲ့ပြီး ၂၀၀၉ ခုနှစ်၌ အခြေစိုက်လှုပ်ရှားခဲ့ရာ ယနေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ ခန္တီး၊ ဟုမ္မလင်း၊ တမူး နှင့် အိန္ဒိယ-မြန်မာ နယ်စပ်တွင် အခြေစိုက်ထားပြီ ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကချင်ပြည်နယ်ထဲက မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ ဝိုင်းမော်၊ ဟောင်ပါး၊ ဖားကန့် စသည့် ဒေသများတွင်လည်း လှုပ်ရှားနေပြီး ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် SNA သည် ၈၉၁၊ ၉၇၂၊ ၇၅၃ တပ်မဟာ ၃ ခုကို ဖွဲ့စည်းကာ လူအင်အား ၁၀၀၀ ကျော်ဖြင့် စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ကချင် ပြည်နယ်အတွင်းမှာ လှုပ်ရှားနေကြပြီဟု ဆိုသည်။

ရှမ်းနီ အမျိုးသားများ တောင်းဆိုနေသည့် ပြည်နယ် အခြေပြ မြေပုံ 


SNA အစ နွဲ့အင်ဖာက ဟုလည်း ဆိုကြသည်။ ရှမ်းနီစကားအရ နွဲ့ဆိုသည်မှာ တောင်ကို ခေါ်ပြီး အင်ဖာ ဆိုသည်မှာ ကျောက်ဖြာဟု အနက်ဓိပ္ပာယ် ထွက်ရာ ပေါင်းစပ်ပါက ကျောက်ဖြာတောင်ဟုလည်း ခေါ်ဆိုနိုင်ပါသည်။

SNA ကို စဝ်မိန်းလျှန်းနှင့် စဝ်ခွန်အောင်တို့က ဦးဆောင်၍ ရှမ်းနီ များ၏ ဆုံးရှုံးနစ်နာနေသည့် အခွင့်အရေးများ ပြန်လည် ရရှိရေးအတွက် မူ ၅ ချက်ကို ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်းလည်း သိရသည်။

ထို မူ ၅ ချက်မှာ ရှမ်းနီပြည်နယ် ရရှိရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ထူထောင် နိုင်ရေး၊ ရှမ်းမျိုးနွယ်စု အားလုံး စည်းလုံး ညီညွတ်ရေး၊ ရှမ်းနီဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝ ပတ်ဝန်း ကျင် ထိန်းသိမ်း စောင့်ရှောက်ရေး ဆိုသည့် အချက်များ ဖြစ်သည်ဟု ဆိုသည်။

SNA တပ်မဟာ ၈၉၁ တပ်မဟာမှူး ဒုဗိုလ်မှူးကြီး စိုင်းအောင်မိန်းက“ကျနော်တို့က လူမျိုးတမျိုးပဲ၊ ရှမ်းပြည်ထဲမှာ ကျနော် တို့က မပါပေမယ့် ရှမ်း၊ ရှမ်းနီလူမျိုးဖြစ်တယ်။ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းထဲမှာ ကျနော်တို့ ပါသွားတယ်။ ပါသွားခဲ့တော့ ကျနော်တို့က တစုတစည်းထဲ ပုံစံမျိုး မရှိတော့ဘူး။ ကချင်ကပြောရင် ဗမာ လက်အောက်ခံလို့ ပြော တယ်၊ မြန်မာအစိုးရ တပ်တွေကပြောရင် ကချင်ရဲ့သတင်းပေးတွေလို့ ပြောတယ်။ ကိုယ့် ရှမ်းနီအမျိုးသား သီးသန့် ရှိပါ တယ်။ ကိုယ့်ရှမ်းနီအမျိုးသားထုရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ရရှိ အောင် လုပ်ကိုင်ဆောင်ရွက်မယ်ဆိုတဲ့ ရည်ရွယ် ချက် နဲ့ ကျနော်တို့ ဖွဲ့စည်းခဲ့တာပါ”ဟု ပြောသည်။

ရှမ်းနီတိုင်းရင်းသားများသည် ရှေးယခင်ကတည်းက ကိုယ့်မင်း ကိုယ့်ချင်းဖြင့် သီးခြား လွတ်လပ်သော လူမျိုး တမျိုး အဖြစ် နေထိုင်ခဲ့ကြသူများ ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

မိုးညှင်းစော်ဘွား စဝ်လုံ၊ ဝန်းသိုစော်ဘွား စဝ်အောင်မြတ်တို့သည် အထင်ရှားဆုံး ရှမ်းနီစော်ဘွားများ ဖြစ်ကြပြီး ခမ်းတီးလုံ (ပူတာအို) စော်ဘွား၊ သောင်သွပ် စော်ဘွား၊ ခန္တီး စော်ဘွား တို့ကလည်း ထင်ရှားသည့် သမိုင်းများ ရှိခဲ့ကြ သည်။
May be a black-and-white image of 1 person May be an image of 4 people


၁၈၈၆ ခုနှစ်တွင် ဗြိတိသျှ လက်အောက်သို့ မြန်မာနိုင်ငံ အချုပ်အခြာအာဏာ ကျဆုံးသွားသည့် အခါမှာပင် ဝန်းသို စော်ဘွားကြီး စဝ်အောင်မြတ်သည် အင်္ဂလိပ် လက်အောက်သို့ ရှမ်းနီဒေသများ ကျဆုံးမသွားရန် ပြန်လည် တိုက်ခိုက် ခဲ့ဖူးကြောင်း ရှမ်းနီတို့က ဆိုသည်။ သို့သော် အင်အား မမျှတသည့် အတွက် အင်္ဂလိပ် လက်အောက်သို့ ကျရောက် ခဲ့ကြရသည်။


ထို့နောက် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့ရာ တခြားသော တိုင်းရင်းသားများ၏ ခွဲထွက်ခွင့် ပေးရေး ပြဌာန်း တောင်းဆိုချက်များကြောင့် ရှမ်းနီ ဒေသများဖြစ်သည့် မြစ်ကြီးနား ခရိုင်၊ မိုးညှင်း ခရိုင်၊ ဗန်းမော် ခရိုင် တို့အား ရှမ်းနီများ၏ သဘောဆန္ဒမပါဘဲ ဆန့်ကျင် ကန့်ကွက် နေသည့်ကြားကပင် ကချင်ပြည်နယ် အတွင်းသို့ ၁၉၄၇ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေ ပုဒ်မ ၆ အရ ထည့်သွင်း ပေးလိုက်သည်ဟု မှတ်တမ်းများ အရ သိရ သည်။

အလားတူ ကလေးခရိုင်၊ ခန္တီးခရိုင်၊ မော်လိုက်ခရိုင်၊ ကသာခရိုင်၊ တမူး ခရိုင် တို့ကိုလည်း ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲအပြီး စစ်ကိုင်းတိုင်းကို ဖွဲ့စည်းစဉ် ထည့်သွင်း ခံလိုက်ရသည်ဟု ရှမ်းနီတို့က ဆိုသည်။

ထိုသို့ ထည့်သွင်း ပေးလိုက်ခြင်းကြောင့် ၁၉၄၇ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ထဲတွင် ချင်း၊ ရှမ်း၊ ကရင်နီ (ကယား) တိုင်းရင်းသားတို့ နည်းတူ ကချင် တိုင်းရင်းသားများ၏ ခွဲထွက်ခွင့်ရှိခြင်း ထည့်သွင်းပေးရန် တောင်းဆိုမှု အဆုံးသတ်သွားကြောင်း သမိုင်း မှတ်တမ်းများတွင် ပါရှိသည်။

တိုင်းရင်းသား ခေါင်းဆောင် တဦး ဖြစ်သည့် ခွန်းမတ်ရ်ကိုဘန် ရေးသားထားသည့် ပင်လုံ စိတ်ဓာတ်မှသည် စစ်မှန် သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆီသို့ ဆိုသော စာအုပ်တွင် “ဝန်ကြီးချုပ် ဦးနုက ဆမား ဒူဝါကြီး (ဆမားဒူဝါဆင်ဝါးနောင်)အား ကချင်ပြည်နယ် ဖွဲ့စည်းရာတွင် မြစ်ကြီးနားအပြင် ရှေးယခင်က တောင်းဆိုခဲ့တဲ့ ဗန်းမော် ဒီစတြိတ်ကိုပါ ကချင်ပြည်နယ်တွင် ထည့်သွင်းမယ်၊ ၎င်းအပြင် ကချင်ပြည်နယ် ဥက္ကဋ္ဌ သည် ကချင် လူမျိုး များသာ ဖြစ်ရမည်လို့ အခြေခံ ဥပဒေတွင် ထည့်သွင်းပေးမယ်၊ အပြန်အလှန် အနေဖြင့် ကချင် ခေါင်းဆောင်များ က ခွဲထွက်ရန် အပိုဒ်ကို စွန့်လွှတ်ပါ”ဟု ပြောရာ ဆမားဒူဝါကြီးက လက်ခံ၍ “ကချင်ပြည်နယ် ဥပဒေ ၌ ခွဲထွက်ခြင်း နှင့် ပတ်သက်သော အခြေခံဥပဒေနှင့် မသက်ဆိုင်စေရ”ဟု ထည့်သွင်း ရေးရပါသည်ဟု ဆိုခဲ့ကြောင်း ဖော်ပြထားသည်။


ထိုအပေါ် ရှမ်းနီ တိုင်းရင်းသားများက ကချင်နှင့် ဖဆပလ တို့ကြား အလဲအထပ် လုပ်လိုက်သော နည်းဗျူဟာ တခု ဖြစ်သည်ဟု ယုံကြည်ထားကြသည်။

ဤကဲ့သို့ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ် အတွင်းသို့ ရှမ်းနီ ဒေသများကို အပိုင်းတပိုင်းစီ ခွဲခြား၍ ထည့် သွင်း လိုက်ခြင်းကြောင့် ရှမ်းနီပြည်နယ်သည် မြန်မာနိုင်ငံ မြေပုံပေါ်ကနေ ပျောက်ကွယ် သွားခဲ့ရသည်။

ထို့ကြောင့် ရှမ်းနီ တိုင်းရင်းသားများသည် ရှမ်းနီပြည်နယ် ရရှိရေး ခေတ်အဆက်ဆက် ကြိုးပမ်းလာခဲ့ရာ ယနေ့ အထိ ပင် ဖြစ်သည်။

SNA မှ ရဲဘော် စိုင်းမိဏ်းက“ရှမ်းနီပြည်နယ် ဘာကြောင့် ရချင်လဲဆိုရင် ရှမ်းနီပြည်နယ် ဆိုတာက ကျနော်တို့ ပစ္စည်း အမှန်လို့ ပြောရမှာပေါ့၊ ရှမ်းနီပြည်နယ် အရင်တုန်းကတည်းက ရှိခဲ့တယ်။ အခု နောက်ပိုင်းမှာ ပျောက်ဆုံးပြီးတော့ ဟိုဘက် ကချင်ပြည်နယ် ဆိုရင်လည်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်တွေ ရသွားတယ်။ ဒီဘက် စစ်ကိုင်းတိုင်း ဒေသ ကျတော့ လည်း ရှမ်းနီဒေသ ဖြစ်ရဲ့သားနဲ့ ရှမ်းနီဒေသ အဖြစ် မပေးထားဘူးပေါ့။ အဲဒါကြောင့် မလို့ ကျနော်တို့ ကိုယ့်ရဲ့ ပစ္စည်း ကို ကိုယ်ပြန်လိုချင်တယ် ဆိုတဲ့ သဘောမျိုးပါ”ဟု ပြောသည်။
စစ်ကိုင်းတိုင်း ဒေသကြီး ဟုမ္မလင်း မြို့နယ်မှ စိုင်းလူကျန် ကလည်း SNA သည် ရှမ်းနီ တိုင်းရင်းသားများ မျှော်လင့် တောင်းတ နေသည့် ရှမ်းနီပြည်နယ် ရရှိရေးကို ရရှိအောင် လုပ်ဆောင်ပေးနိုင်မည့် အဖွဲ့အစည်းဟု ယုံကြည်ကြောင်း ဆိုသည်။


“ကျနော်တို့ ခေတ်အဆက်ဆက်က ရှိခဲ့တဲ့ ကျနော်တို့ ရှမ်းနီ နယ်မြေတွေကို ရှမ်းနီပြည်နယ် ရရှိဖို့ အတွက်ကို မျှော်လင့် ထားပါတယ်။ SNA က လုပ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကိုယ့်ပြည်နယ်ကို သေချာပေါက် ရမယ်လို့ မျှော်လင့်ထား တာ ဖြစ်တဲ့အတွက် လိုအပ်တဲ့ ပံ့ပိုးမှုကို ကျနော်တို့က အချိန်မရွေး ပံ့ပိုးနိုင်ပါတယ်ဗျ။ ကျနော်တို့က မားမား မတ်မတ် ရပ်တည်ပြီး ထောက်ခံပေးနိုင်ပါတယ်”ဟုလည်း ၎င်းက ပြောသည်။
သို့သော် SNA သည် ရှမ်းနီပြည်နယ် ရရှိရေးအတွက် လွယ်ကူသည့် ခရီးလမ်းပေါ်တွင် လျှောက်လှမ်းနေရခြင်း မဟုတ် ဘဲ ခက်ခဲကြမ်းတမ်းသည့် ခရီးကြမ်းတခုကို ကျော်ဖြတ်ရဦးမည် ဖြစ်ပါသည်။

ရှမ်းနီ တိုင်းရင်းသားများ လိုလား တောင်းတနေသည့် ရှမ်းနီပြည်နယ် ဆိုသော အဝန်းအဝိုင်းသည် စစ်ကိုင်းတိုင်း ဒေသကြီးတွင် ပါဝင်နေသည့် မော်လိုက်ခရိုင်၊ ကလေးခရိုင်၊ ခန္တီးခရိုင်၊ ကသာခရိုင်၊ တမူးခရိုင်နှင့် ကချင်ပြည်နယ် အတွင်း ပါဝင်နေသော ဗန်းမော်ခရိုင်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်း ဒေသတို့ ဖြစ်ကြောင်း သိရသည်။

ဤသို့ဆိုလျှင် ရှမ်းနီပြည်နယ်ရရှိရေး တည်ဆောက်ရာတွင် SNA အနေဖြင့် ကချင်ပြည်နယ် အတွင်းရှိ ကချင် ပြည်နယ် အစိုးရ၊ တပ်မတော်၊ လွှတ်တော် အပါအဝင် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ကချင် မျိုးနွယ်စု တိုင်းရင်း သား များ၊ တခြားသော တိုင်းရင်းသားများဖြင့် စေ့စပ်ညှိနှိုင်းရန် လိုအပ်သလို ထောက်ခံမှု ရရှိရန်လည်း လိုအပ်သည်။

ထို့ကြောင့် SNA အနေဖြင့် သက်ဆိုင်ရာ ဒေသမှ အဖွဲ့အစည်း၊ လူမျိုးစု ခေါင်းဆောင်များနှင့် စေ့စပ်ညှိနှိုင်းရန် လိုအပ် ရာတွင် လွယ်ကူချောမွေ့သည့် စေ့စပ်ညှိနှိုင်းမှုများတော့ ဖြစ်လာနိုင်မည်ဟု မထင်ကြောင်း နိုင်ငံရေး လေ့လာ သုံးသပ် သူ တချို့က ဆိုသည်။
 
တိုင်းရင်းသား အရေး သုတေသီ ဦးမောင်မောင်စိုးက“ပြည်နယ် လိုချင်တယ်ဆိုတဲ့ ပြဿနာကတော့ ဒါကတော့ သူတို့ တောင်းဆိုချက်ပေါ့ဗျာ၊ သူတို့လို ချင်တယ်ဆိုတဲ့ ပြည်နယ်က ကျနော် သိသလောက်တော့ စစ်ကိုင်းတိုင်းနဲ့ ကချင် ပြည်နယ် ထဲမှာ ပါတဲ့ ဒေသပေါ့။ ဒီလို ကိစ္စမျိုးကျတော့ ကျန်တဲ့ တိုင်းရင်းသားတွေရဲ့ သဘောထားလည်း ပါဝင်ဖို့ လို တာပေါ့။ ပြီးတော့ ပြည်ထောင်စု အစိုးရရော ဆွေးနွေး တိုင်ပင်ပြီး ဆုံးဖြတ်မှ ရမယ့်ကိစ္စ ဖြစ်နေတယ်။ ရသင့်တယ် မရသင့်ဘူး ဆိုတာကတော့ ကိုယ့်လူမျိုး တမျိုးချင်း အလိုက် ပြောတာဆိုတာ ရှိမှာပေါ့။ ဒါကတော့ သူတို့ရဲ့ Rights ပေါ့၊ တောင်းဆိုချက်ပေါ့၊ တကယ် ဖြစ်နိုင် မဖြစ်နိုင်ကတော့ လက်တွေ့ အခြေအနေနဲ့ မူတည်ပြီး ဆိုင်တာပေါ့”ဟု ပြော သည်။

SNA အနေဖြင့် ခရီးကြမ်း ရှည်ကြီးတခုကို ကျော်ဖြတ်ရမည်ဖြစ်ရာ မည်သည့် ပုံစံဖြင့် စေ့စပ်ညှိနှိုင်းမှု ပြုလုပ်ပြီး ရှမ်းနီ ပြည်နယ် ရရှိရေးကို အကောင်အထည် ဖော်မလဲ ဆိုသည့်အပေါ် စိတ်ဝင်စားလျက် ရှိနေကြသည်။
ရှမ်းနီ တိုင်းရင်းသားများနှင့် SNA ကတော့ မိမိတို့သည် ပြည်နယ် တပြည်နယ် သတ်မှတ်ရာတွင် လိုအပ်သည့် အချက် ၇ ချက်ဖြင့် ပြည့်စုံပြီးသား ဖြစ်သကဲ့သို့ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ် အတွင်းမှာ ရောက် ရှိနေသည့် ရှမ်းနီ ဒေသများသည် နယ်မြေ တစပ်တည်း ဖြစ်နေကြောင်း၊ ရှမ်းနီ ပြည်နယ်သည် ယခင်ကတည်းက တည်ရှိသည့် အတွက် မိမိတို့ ပစ္စည်းအမှန်ကို မိမိတို့ ပြန်လည် တောင်းဆိုခြင်း ဖြစ်ကြောင်း ဆိုသည်။

တိုင်းရင်းသား လူမျိုးစုများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပြည်နယ် အဖြစ် သတ်မှတ် ရာ တွင် ဂုဏ်အင်္ဂါရပ် ၇ ရပ်ဖြင့် ပြည့်စုံရန် လိုအပ်ကြောင်း ဖ.ဆ.ပ.လ ပဏာမ ညီလာခံတွင် ချမှတ် ထားသည်ဟု ဦးခွန်မောင်တုတ် ရေးသားသည့် ပအို့ဝ် အမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီ၏ နိုင်ငံရေးခရီးတွင် ဖော်ပြထားသည်။

ထို ဂုဏ်အင်္ဂါရပ် ၇ ရပ်မှာ (၁) ပထဝီ အနေအထားအရ နယ်နိမိတ် အထင်အရှားရှိခြင်း၊ (၂) ဗမာစကားနှင့် မတူသော ဘာသာစကား တမျိုးတည်း ရှိခြင်း၊ (၃) ယဉ်ကျေးမှု တမျိုးတည်း ရှိခြင်း၊ (၄) ရာဇဝင် အစဉ်အလာအရ တမျိုးတည်း သော လူစုရှိခြင်း၊ (၅) စီးပွားရေး ဆိုင်ရာ အကျိုးကျေးဇူး နှင့် စီးပွားရေး လုံလောက်မှုရှိသော လူစု ရှိခြင်း၊ (၆) လူဦး ရေ အတော်အတန် ရှိခြင်းနှင့် (၇) ပြည်ထောင်စု ဒေသ အဖွဲ့ဝင် တခုအဖြစ်ဖြင့် မိမိကိုယ်ပိုင် ထင်ရှားချက်အတိုင်း နေထိုင် လိုသော ဆန္ဒရှိခြင်း စသည့် အချက်များဖြင့် ပြည့်စုံလျှင် ပြည်ထောင်စု ပြည်နယ် အဆင့်အတန်းကို ဖြစ်စေ၊ ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အဆင့်အတန်းကို ဖြစ်စေ၊ လူမျိုးစု ပြည်နယ်အဆင့် အတန်းကို ဖြစ်စေ ရရှိစေရမည်ဟု ချမှတ်ခဲ့ကြောင်း ထိုစာအုပ်တွင် ဖော်ပြထားသည်။


ခမ်းတီးလုံ (ပူတာအို) စော်ဘွား မိသားစု (ဓာတ်ပုံ – ရှမ်းနီအမျိုးသား ဖေ့စ်ဘုတ်)

SNA မှ ဗဟိုကော်မတီဝင် ဒုဗိုလ်မှူးကြီး စိုင်းအောင်မိန်းက“ကျနော်တို့ ပြောချင်တာက အမျိုးသားရေး၊ အမျိုး သားရေး ကိုပဲ အဓိကထားပြီး ပြောမယ်၊ ကချင်ပြည်နယ်မှာပဲ ရှိနေပါစေ၊ စစ်ကိုင်းတိုင်းမှာပဲ ရှိပါစေ၊ ရှမ်းနီဆိုတဲ့ အမျိုးသားရေး ကို ကိုင်ဆွဲပြီးမှပဲ ကျနော်တို့ ညီညွတ်ရေးကို တည်ဆောက်မှာ။ အဲဒါအပြင် တခြားဒေသက ရှမ်းတွေကိုလည်းပဲ ကျနော် တို့နဲ့ ညီညွတ်ရေးရအောင် တည်ဆောက်သွားမယ်။ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် ဆိုရင် နယ်မြေ တဆက် တစပ်တည်း ဖြစ်တယ်။ ကျနော်တို့ ရှမ်းနီတွေက ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဆိုတဲ့ အဆင့်ထက်ကို ကျော်တယ်။ ဒါကြောင့် ပြည်နယ်ရရှိရေးကို ကျနော်တို့ တောင်းဆိုတာ ဖြစ်တယ်”ဟု ပြောသည်။

လက်ရှိတွင် SNA သည် ၎င်းတို့ ကျော်ဖြတ်ရမည့် ခရီးကြမ်းအတွက် ရှမ်းနီ တိုင်းရင်းသားများကို စည်းရုံး နေရ သကဲ့ သို့ မဟာမိတ် အဖွဲ့အစည်း များကိုလည်း လိုက်လံ ရှာဖွေနေရကြောင်း သိရသည်။
တဖက်ရှိ ရှမ်းနီ တိုင်းရင်းသား အရေး ကို ဆောင်ရွက်နေသည့် ရှမ်းနီပါတီ များကလည်း ညီညွတ်မှုမရှိဘဲ ပါတီကွဲများ ဖြစ်နေခြင်း ကလည်း SNA အတွက် ခေါင်းခဲစရာ တခု ဖြစ်နေပြန်သေးသည်။

May be an image of map and text May be an image of map

ရှမ်းနီ ပါတီများ ဖြစ်သော တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေး ပါတီ (TNDP) နှင့် ရှမ်းနီ (တိုင်းလိုင်) အမျိုးသားများ ပါတီ (SNP) တို့ ပေါင်းစည်းရန်လည်း ကြိုးပမ်းရန် လိုအပ်နေသည်။
TNDP ပါတီ ဥက္ကဌ ဦးစိုင်းဌေးအောင်က “ဒီ ဗမာ အင်ပါယာကြီးကို ကျနော်တို့ ခဏခဏ သိမ်းပိုက်ပြီးမှ အုပ်ချုပ်တာ ကျနော်တို့ ရှမ်းနီတွေပါ။ ပထမ ရှမ်း ခေတ်၊ ဒုတိယ ရှမ်းခေတ်ကို တည်ထောင်ခဲ့တာ ကျနော်တို့ ရှမ်းနီတွေပါ။ ဒုတိယ ရှမ်းခေတ် ကုန်သွားပြီး နောက်ပိုင်းမှာမှ ကျနော် တို့ ရှမ်းနီတွေဟာ တဖြည်းဖြည်းနဲ့ ဖိနှိပ်ခြင်းကို ခံခဲ့ရတာပေါ့။ စုစည်းမှု အားနည်းလာခဲ့တယ်။ နောက် အင်္ဂလိပ် လက်အောက် ရောက်တယ်။ ဝန်းသိုစော်ဘွား ဦးအောင်မြတ်က အင်္ဂလိပ်ကို တော်လှန်တယ်။ အဲဒီအခါကျတော့ အင်္ဂလိပ်က ကျနော်တို့ကို ဖိနှိပ်ပြန်တယ်။ လွတ်လပ်ရေး ရပြီးတဲ့ အခါမှာလည်း ကျနော်တို့ လူမျိုးက စစ်ကိုင်းတိုင်းထဲမှာ တပိုင်း၊ ကချင်ပြည်နယ်က တပိုင်း ကျနော်တို့ နယ်မြေကို ၂ ပိုင်း ခွဲပြီးတော့မှ ဖြစ်သွားပါတယ်။ ရှမ်းနီတွေဟာ နယ်မြေ ခွဲခြား အုပ်ချုပ်ခြင်းခံရတဲ့ အခါကျတော့ စိတ်လေးတွေ ဝေးသွားကြတာပေါ့။ ခံစားချက်လည်း ကွာသွားကြပါတယ်”ဟု ၂၀၁၈ ခုနှစ် ဇူလိုင်လ အတွင်းက ဧရာဝတီကို ပြောဆိုထားသည်။

ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် ရေးထိုးရန် အစိုးရနှင့် တပ်မတော်က ကြိုးပမ်းနေသည့်တိုင် SNA ကို ကမ်းလှမ်းခြင်း မရှိဘဲ ဥပက္ခာပြုထား သည့် အတွက် SNA အနေဖြင့် ရှမ်းနီ တိုင်းရင်းသားများ၏ နစ်နာမှုများကို တင်ပြ တောင်းဆိုခွင့် မရဘဲ ဖြစ်နေသည်။

တခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကလည်း အားလုံးပါဝင်ရေး အစိုးရ နှင့် တပ်မတော်ဘက်က လမ်းဖွင့် ပေးသင့်သည်ဟု တိုက်တွန်း တောင်းဆိုနေသည့်တိုင် SNA ကို ပါဝင်ခွင့်ပေးရန် တိုက်တွန်းမှုကိုမူ နှုတ်ပိတ် နေကြသလို တစုံတရာ ဖွင့်ဟပြောဆိုမှုပင် မရှိကြသည်ကို တွေ့ရှိရသည်။
 
SNA အနေဖြင့် NCA တွင် ပါဝင် လက်မှတ်ရေးထိုးခွင့် မရသကဲ့သို့ ပါဝင်ရန် ကမ်းလှမ်းခြင်း မခံရသည့် အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံ (အစည်းအဝေး) တွင် ရှမ်းနီ တိုင်းရင်းသားများ၏ နစ်နာ ဆုံးရှုံးမှု များကို တင်ပြ တောင်းဆိုခွင့် ထိထိရောက်ရောက် မလုပ်နိုင်ဘဲ ဖြစ်နေခြင်းကြောင့် ရှမ်းနီ ပြည်နယ်ရရှိရေး ရှမ်းနီ တိုင်းရင်းသားများ၏ အိမ်မက်ကို အသက်သွင်းပေးရာတွင် အားနည်းမှု ဖြစ်နေသည်။


နောက်ဆုံး ခန္တီးစော်ဘွား  သီရိပျံချီစောမြစိန်

ထို့ပြင် ရှမ်းနီတိုင်းရင်းသားများသည် မူးယစ်ဆေးဝါး နွံထဲသို့ နစ်မွန်းနေသူများ များပြားသည့်အတွက် SNA အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိုလည်း ထိထိရောက်ရောက် လုပ်ဆောင်ရန် လိုအပ်နေသေးသည်။
SNA သည် ပထမဆုံးအနေဖြင့် NCA တွင် ပါဝင်လာနိုင်ရေး ကြိုးပမ်းရန်၊ ထိုမှတဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာ ခံသို့ တက်ရောက်၍ ရှမ်းနီ တိုင်းရင်းသားများ၏ သဘောထား ဆန္ဒများ တင်ပြနိုင်ရေး ကြိုးပမ်းရန်၊ မူးယစ် ဆေးဝါး တိုက်ဖျက်ရန်၊ ရှမ်းနီပါတီများ တပါတီတည်း ဖြစ်ရေး ကြိုးပမ်းရန်၊ လွှတ်တော်တွင်း၌ လွှတ်တော်အမတ်များ ရှိလာရေး ကြိုးပမ်းရန်၊ ရှမ်းနီ တိုင်းရင်းသားများ နိုင်ငံရေး အသိ ဖွံ့ဖြိုး တိုးတက်လာရန်၊ ရှမ်းနီ ဒေသတွင်းရှိ သဘာဝ ပတ်ဝန်းကျင်များ ပျက်စီးနေခြင်းကို တားဆီးနိုင်ရန် စသည်တို့ လိုအပ်ကြောင်း ရှမ်းနီအရေး တက်ကြွ လှုပ်ရှားသူများ က ဆိုသည်။

SNA မှ ဒုဗိုလ်မှူးကြီး စိုင်းအောင်မိန်းက“NCA ဘောင်ထဲကို ဝင်သွားဖို့အတွက် ကျနော်တို့ အနေနဲ့ ကြိုးစားနေ ပါ တယ်။ NCA ဘောင်ထဲ ဝင်သွားမှ ရှမ်းနီ အမျိုးသားရေးကို ပိုမို ဆောင်ရွက်နိုင်မယ်။ NCA ကို လက်မှတ် ရေးထိုးဖို့ကို လည်း ကျနော်တို့အနေနဲ့ မျှော်လင့်တယ်။ ကျနော်တို့ SNA အနေနဲ့ ပါကိုပါရမယ်။ မပါလို့မရဘူး ဘာကြောင့်လဲဆိုလို့ ရှိရင် ကျနော်တို့ ရှမ်းနီပြည်နယ်အဆင့် မရောက်သေးရင် လက်ရှိ ရှမ်းနီတွေနေထားတဲ့ ဒေသက ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း။ ဒီဒေသကြီး တခုလုံး မငြိမ်ချမ်းဘဲနဲ့ မြန်မာပြည် ငြိမ်းချမ်းမလား၊ ဒီတော့ ကျနော်တို့က ပါသင့်တယ်”ဟု ပြောဆိုသည်။

No photo description available.

တိုင်းရင်းသားအရေး သုတေသီ ဦးမောင်မောင်စိုးကမူ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပေါ်ပေါက်လာလျှင် အစိုးရ နှင့် တပ်မတော်ဘက်က လွယ်လင့်တကူ အသိအမှတ်ပြုလေ့ မရှိကြောင်း၊ ယခုလို အဖွဲ့မျိုး ပေါ်လာပါက စောစော စီးစီး မီးငြှိမ်းသင့်ကြောင်း၊ NCA ထိုးသည့် ပုံစံမဟုတ်ရင်တောင် ဆွေးနွေးပွဲ အဖြေရှာသင့်ကြောင်း၊ မည်သည့် ပုံစံဖြင့် ဆွေးနွေးမလဲဆိုသည်ကို မြန်မြန်ဖြေရှင်း သင့်ကြောင်း၊ သို့မဟုတ်ပါက အပ်နှင့်ထွင်းရမည့် ကိစ္စ ပုဆိန်နှင့် ထွင်း ရမည့် အခြေအနေသို့ ဖြစ်သွားနိုင်ကြောင်း ပြောသည်။

“တကယ်လို့ ဒီဟာကို ဆက်ထားလို့ သူ့ဟာနဲ့သူ အင်အားက ချည့်နဲ့သွားတယ်၊ လျော့ကျသွားတယ် ဆိုရင် ပြဿနာ မရှိဘူး၊ ဒါပေမယ့် AA လိုပဲ စစချင်းဖွဲ့တုန်းက လူ ၃၀-၄၀ လောက်နဲ့ နောက်ပိုင်း ၅၀၀၀-၁၀၀၀၀ လောက်ကျမှ ဖြေရှင်း မယ် ဆိုရင် ကျနော်တို့က ဘာဖြစ်သွားမလဲဆိုရင် အပ်နဲ့ထွင်းရမယ့်ကိစ္စကို ပုဆိန်နဲ့ ထွင်းရမလိုဖြစ်သွား လိမ့်မယ်။ ဒါက ဖြေရှင်းဖို့လိုအပ်တဲ့ နိုင်ငံရေးအရ စောစောစီးစီး ဖြေရှင်းဖို့လိုအပ်တဲ့ ပြဿနာ တရပ်အဖြစ် မြင်ပြီး ဖြေရှင်း တယ် ဆိုရင်တော့ ကျနော်တို့က မီးမလောင်ခင် တားနိုင်လိမ့်မယ်လို့ မြင်ပါတယ်”ဟုလည်း ဦးမောင်မောင်စိုးက ပြောဆို ပါသည်။ ။
======
သျမ်းနီစော်ဘွားမင်းဆက်များ
သျှမ်းနီ၊ ခန္တီးသျှမ်း စော်ဘွားများခေတ်အုပ်ချုပ်ရေး
တိုင်းလျဲန် (သျှမ်းနီ)၊ တိုင်းခန္တီး(ခမ်းတီးသျှမ်း)၊ တို့သည် နန်ချိုဟုခေါ်သော သျှမ်းဧရာဇ်နိုင်ငံကြီးမှ ရှစ်ရာစု ဝန်းကျင်က ယခု နေထိုင်ရာဒေသသို့ စတင်ရောက်ရှိခြင်းဖြစ်သည်။ နန်ချိုသျှမ်းဧကရာဇ်ကြီးသည် ယခုအာသံ ခေါ် အဟွမ်နိုင်ငံထိ ရောက်အောင် ကျယ်ပြန့်ကြီးမားခဲ့သည်။ 
စော်ဘွားဟူသောဝေါဟာရမှာ စောက်ဖါ့ဆိုသော အသံထွက်မှစော်ဘွားဟု ပြောင်းလည်း လာခြင်းဖြစ်သည် စောက်(စောဝ်) သည်သျှမ်းလို - ကြီးမြတ်ခြင်း၊ အရှင်သခင်ဟုအဓိပ္ပါယ်ရသည်။ ဖါ့ သည်သျှမ်းလို - မိုးကောင်းကင် ကိုဆိုလိုသည် ထို့ကြောင့် (မိုးကောင်းကင် အရှင်သခင် ဟုအဓိပ္ပါယ်ရပါသည်) ထိုစောဝ်ဖါ့ သို့မဟုတ် စော်ဘွားများ၏။ လက်အောက်တွင် ပေါ်မိန်း ဆိုသူများရှိသည်။ နယ်သီးနယ်ခြားနယ်စား ပေး၍ လေးမြတ်ယုံကြည်စွာ သူကောင်းပြုခံရသော အရာရှိ ကြီးလေးဦးတို့သည် မိမိတို့၏နယ်မြေ၊ လူနေအိမ်ခြေတိုးပွားရာ တိုးပွားကြောင်း ဘာသာရေး၊ သာသနာရေး၊ စီးပွားရေး၊ ဘဝသမ္ပတ္တိအရေးတို့ကို အားပေးဆောင်ရွက်လျက် နယ်သူနယ်သားတို့အား သနားချစ်ခင်မေတ္တာ ဝင်၍ ရိုးသားဖြောင့်မတ် တည်ကြည်ကုန်ကြ၏၊ ထိုအရာရှိတို့၏ ရာထူးမှာ သျှမ်းဘာသာအားဖြင့် ပေါ်မိန်းဟုခေါ်သည်။ ပေါ်မိန်းဟူသောဝေါဟာရမှာ ပေါ်သည်သျှမ်းလို အဖေ မိန်းသည်သျှမ်းလို မြို့ ထို့ကြောင့် မြို့အဖေ သို့ မြို့အရှင် သခင် ဟုအဓိပ္ပါယ်ရသည်။ 
ဤပေါ်မိုင်း ဟူသောရာထူးသည် သတ်ထိုက်အောင် အပြစ်ကျူးလွန်သူ တစ်ယောက်ကို သတ်ပိုင်ခွင့် သေဒဏ်ပေးပိုင်ခွင့်ရှိ၏။ ပေါ်မိန်းဟူသော ရာထူးလည်း ဦးဒီဂီရဋ္ဌတိုင်း မိန်း(၉၉)မိုးကောင်းမြို့ ၊ အာဠဝီပူရတိုင်း မိုင်း(၃၇)မိုးညှင်းမြို့ ဟုဆိုခြင်းသည် မဟာရာဇာဘွဲ့ခံစော်ဘွားကြီးများ ဘက်အောက်ဝယ် အတွင်းအမတ်လေးပါး၊ အပြင်အမှတ်ဖြစ် ဖြင့် မိုးကောင်းမြို့၌ ပေါ်မိန်းပေါင်း (၉၉)ယောက်၊ မိုးညှင်မြို့၌ ပေါ်မိန်းပေါင်း (၃၇)ယောက် တို့ကိုအုပ်ချုပ်စေခဲ့ပါ သည်။ 
မောသျှမ်းကိုးပြည်ထောင်တွင် 
၁။ မိုးကောင်း=၉၉ မြို့ 
၂။ မိုးညှင်း=၃၇ မြို့ 
၃။ သောင်သွတ်=၂၈ မြို့ 
၄။ မိုးမိတ်=၄၉ မြို့ 
၅။ သိန္နီ =၄၉ မြိူ့  
၆။ သီပေါ=၂၉ မြို့ 
၇။ မိုးန=၃၇ မြို့  
၈။ ညောင်ရွှေ=၃၉ မြို့ 
၉။ မိုးဗြဲ=၃၉ မြို့-ဟူ၍ ရာဇဝင်တော်ကြီး များတွင် ရှိနေခဲ့သည်ကို ထောက်၍ အထက်ဖော်ပြ ခဲ့သော မြန်မာပြည်အထက်ပိုင်း သျှမ်းတို့သည် မိုးကောင်း၊ မိုးညှင်း၊သောင်သွတ် ဟူသော ပြည်ထောင်စုကြီး များကို အခိုင်အမာ တည်ထောင်ခဲ့ကြောင်း ထင်ရှား သိသာလှသည်။ 
ဗန်မော်မြို့ - သျှမ်းအခေါ် (ဝမ့်မော့) သျှမ်းစော်ဘွားမင်းဆက်များ စပ္ပါယ်နဂိုရ်မင်းဆက် 
၁။ စပေယျမင်းဆက် (ဘီစီ - ၅၀၀) 
၂။ ဗြဟ္မာရရာဇာ (ဝသာလီဉ် ဒုတိယ သင်္ဂါရတနာတင်ချိန်) 
၃။ အိုက်ခေါတောရာဇာ (သျှမ်း+ မုဉ္စန္ဒာ - သာတော်ဝင်မင်းသမီး) 
၄။ စိက္ကရာဇာ + ပုပဝတီ (ဖွန်း သျှမ်းမင်းသား၊ သီရိဓမ္မာသောကမင်းနှင့်ခေတ်ပြိုင်) 
၅။ ဝိလာသမင်းသား 
သမိုင်းမှတ်တမ်းအတိအကျယူရသော အနော်ရထာမင်းနန်းတက်ချိန် (အေဒီ ၁၀၄၄)၊ မြန်မာသက္ကရာဇ် 
(၄၀၁) နှင့် ဝိလာသ မင်းသားကြားကာလနှစ် (၁၂၀၀) ကာလတွင် သျှမ်းမင်းသားများကို မှတ်တမ်းရှာဖွေမတွေ့သေးပါ။ 
အနော်ရထာမင်း နှင့်ခေတ်ပြိုင် စော်ဘွားဆက်များ အောက်ပါအတိုင်းဖြစ်ပါသည်။ 
စဥ။် အမည် မြန်မာသက္ကရာဇ် ခေတ်ပြိုင်မင်းဆက် 
၁။ သိုလျင်ဘွား ၄၀၀  
၂။ သိုတိုင်း ၄၁၂ အနော်ရထာ 
၃။ သိုဟုန် ၄၂၅  
၄။ သိုစွန် ၄၅၈ ကျန်စစ်သားမင်း 
၅။ သိုတူ ၅၁၃ အလောင်းစည်သူ 
၆။ သိုခွန် ၅၆၈ နရပတိစည်သူ 
၇။ သိုရုံ ၅၈၇ နရပတိစည်သ 
၈။ သိုစွန် ၅၉၃ ဇေယျသိင်္ခ 
၉။ သိုဆိုင် ၆၀၈ ကျစွာမင်း 
၁၀။ သိုဆက် ၆၂၆ နရသီဟပတေ့မင်း 
၁၁။ သိုခန်း ၆၄၅ နရသီဟပတေ့မင်း 
၁၂ ။သိုလျင် ၆၄၆ နရသီဟပတေ့မင်း 
၁၃။ သိုငေါက် ၆၈၀ နရသီဟပတေ့မင်း 
၁၄။ ရတနာသိင်္ခရန်အောင် ၆၈၂ - ၆၉၁ မင်းယဉ်ဇနာ 
ဗန်မော်သည် စပ္ပါယ်နဂိုခေတ်မှ စောမြအောင်အထိ နှစ်ပေါင်း (၂၂၇၆)နှစ် မြန်မာအဝေရောက်မြို့ဝန် 
များက (၁၁၄) နှစ်၊ အင်္ဂလိပ်များက (၆၄) နှစ်၊ ဂျပန် (၃) နှစ်၊ အင်္ဂလိပ် နောက်ထပ်ပြန်၍(၂) နှစ်၊ လွတ်လပ်ရေး 
ရပြီးသောအခါ ၁၉၄၇ ခုနှစ်နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ ပုဒ်မ -၆- ဖြင့် ကချင်တောင်တန်းဒေသပေါင်းစပ် 
ခါ ကချင်ပြည်နယ်အဖြစ် သတ်မှတ်ခဲ့သည်။ 
--------------------------------------------------------------------- 
တိုင်းလျဲန်ခေါ် သျှမ်းနီမြေပြန့်သျှမ်းများ သမိုင်းအစဉ်အဆက်အနက်မှ မိုးကောင်းမြို့ -သျှမ်းအခေါ် မိန်းကောင် စော်ဘွားဆက်နှင် မြန်မာမင်းက တိုက်ရိုက်ခန့်ထားသော မြို့ဝန်ဆက်များ 
မိုးကောင်း(မိန်းကောင်)အိုးစည်မြို့-ရဌတိုင်း၊ မိုးညှင်း(မိန်းယမ်း)ဗျိုင်းမြို့-အာရပူရတိုင်း၊ မိုးမိတ်(မိန်းမစ်) ဓါးမြှောင်မြို့- ကမောဇတိုင်း၊ ဝန်းသို (ကြိုင်းဆေး)ကျားကွင်းမြို့-စိနဌတိုင်း ဟူသော သျှမ်း(၄) မြို့ ကိုသျှမ်းညီနှောင် သုံးဦးမှ သက္ကရာဇ် (၃၀၀၊ ၃၀၁၊ ၃၀၂၊ ၃၀၃)ခုနှစ်တွင်အသီးသီးတည်တော်မှုခဲ့လေသည်။ ကျားဖြူသမိုင်းအရဆိုသော ခွန်ကံအုပ်စိုးရာမိုးကောင်းသည် ပထမမိုးကောင်းဖြစ်သည်။ ပထမ မိုးကောင်းကို ယူနန်နယ် မိုင်းချယ်မြို့ စောတီခန်း နန်းဆက်စောဆေးကြီးမင်း၏ ဒုတိယ်သေားတော် စောဆံလုံးခိုမိုင်းပြန်လည် တည်ထောင်၍ ၎င်း၏သား စောဟုံဘွားလက်ထက် သင်းဆူ လူမျိုးများတိုက်ခိုက်၍ မြို့ပျက်သည်။ 
ဒုတိယ - မိုးကောင်းမြို့ကို စောဟေုံဘွား၏သားတော်ကြီး ဆေကော်ညီလက်ထက် အဲခန်းမင်းသား လီသီအဲဘွမ် တည်ထောင်သည်။ 
တတိယ် - မိုင်းကောင်းမြို့ကို ကျိုင်းဟုံစော်ဘွားကြီး၏သားတော်ကြီး သိုဝ်ဟုံဘွား တည်ထောင်သည်၊ 
စတုတ္တ - မိုးကောင်းမြို့ကို AD-1792 ခု ၁၁၅၃ ခုနှစ်တွင် နမ့်ရင်းချောင်း နှင့် နမ့်ကောင်းချောင်းတို့ ဆုံရာ မင်္ဂလါဌာန၌ စော်ဘွားကြီးခွန်ကောင်းဆိုင် တည်ခဲ့လေသည်။ မိုးကောင်းမြို့ မြန်မာနိုင်ငံတော်တွင် တိုင်းကြီး(၁၀) တိုင်းတို့တွင် သုသောဓိတရာဇဝင် ပဉ္စမတွဲစာမျက်နှာ ၄၈ အရ ဇောတိနဂရတိုင်းဟုခေါ်၍ စာမျက်နှာ ၂၃၈ အရ မောရိယတိုင်းဟူ၍လည်းခေါ်လေသည်။ အရံမြို့ငယ်ပေါင်း ၉၉ မြို့ (သို့) ၉၉မိန်းရှိ ကြောင်း သိရသည်။ 
စဉ်။ အမည် မြန်မာသက္ကရာဇ် နှစ် 
၁။ သိုဟန်ဘွား ၁၂၇ မှ ၁၆၄ အထိ ၃၇နှစ် 
၂။ သိုကော်ဘွား ၁၆၄ မှ ၁၉၀ အထိ ၂၆နှစ် 
၃။ သိုမန်ဘွား ၁၉၀ မှ ၂၅၀ အထိ ၆၀နှစ် 
၄။ သိုကြည်ဘွား ၂၅၀ မှ ၂၉၁ အထိ ၄၁နှစ် 
၅။ စောငှံသား သိုခံဘွား ၂၉၁ မှ ၃၂၇ အထိ ၃၆နှစ် 
၆။ စောသိုငှံ ၃၂၇ မှ ၃၇၂ အထိ ၄၅နှစ် 
၇။ စောသိုဝင်း ၃၇၂ မှ ၄၃၅ အထိ ၆၃နှစ် 
၈။ စောစိုကြည် ၄၃၅ မှ ၄၇၉ အထိ ၄၄နှစ် 
၉။ သိုရွက်ဘွား ၄၇၉ မှ ၅၂၀ အထိ ၄၁နှစ် 
၁၀။ သိုမိုင်ဘွား ၅၂၀ မှ ၅၇၁ အထိ ၅၁နှစ် 
၁၁။ သိုကောဘွား ၅၇၁ မှ ၆၁၉ အထိ ၄၈နှစ် 
၁၂။ သိုခံဘွား ၆၁၉ မှ ၆၇၂ အထိ ၅၃နှစ် 
၁၃။ စေဖတိုး ၆၇၂ မှ ၇၁၄ အထိ ၄၂နှစ် 
၁၄။ သိုကော်ဘွား ၇၁၄ မှ ၇၆၇ အထိ ၅၃နှစ် 
၁၅။ စောဇာတီ ၇၆၇ မှ ၈၀၂ အထိ ၃၅နှစ် 
၁၆ သိုလိပ်ဘွား ၈၀၂ မှ ၈၃၄ အထိ ၃၂နှစ် 
၁၇။ ရှင်ဇေယျ ၈၃၄ မှ ၈၆၃ အထိ ၂၉နှစ် 
၁၈။ ကျွန်းစည်းစား ၈၆၃ မှ ၈၉၇ အထိ ၃၄နှစ် 
၁၉။ စောဟွန်မိုင်း ၈၉၇ မှ ၉၂၃ အထိ ၂၆နှစ် 
၂၀။ စောထာမိုင်း ၉၂၃ မှ ၉၅၀ အထိ ၂၇နှစ် 
၂၁။ စောဟွန်မိုင်း ၉၅၀ မှ ၉၇၈ အထိ ၂၈နှစ် 
၂၂။ စောကမ်းမိုင်း ၉၇၈ မှ ၁၀၁၂ အထိ ၃၄နှစ် 
၂၃။ ကျွန်းစည်သား ရွေပု ၁၀၁၂ မှ ၁၀၅၆ အထိ ၄၄နှစ် 
၂၄။ ရွေအောင် ၁၀၅၆ မှ ၁၀၉၁ အထိ ၃၅နှစ် 
၂၅။ စောဟော်ခမ်း ၁၀၉၁ မှ ၁၁၀၇ အထိ ၁၆နှစ် 
၂၆။ ဧခိုင် ၁၁၀၇ မှ ၁၁၁၃ အထိ ၆နှစ် 
၂၇။ စောငှံခသားငဖြူ ၁၁၁၃ မှ ၁၁၁၇ အထိ ၄နှစ် 
၂၈ ငကျော် ၁၁၁၇ မှ ၁၁၂၅ အထိ ၈နှစ် 
၂၉။ စောဟော်ခန်းညီ ငခိုင် ၁၁၂၅ မှ ၁၁၄၀ အထိ ၁၅နှစ် 
မိုးကောင်းမြို့နယ် လွဲလောကျေးရွာ၊ ရွေကျောင်းဆရာတော်ဘုရား၏ လက်ရေးမူမှတ်တမ်းများအရ၊ဲ မြန်မာ သက္ကရာဇ် ၁၂၇ မှ ၁၁၄၀ ခုနှစ်အထိ မိုးကောင်းမြို့ စော်ဘွား(၂၉)ဆက်တိတိ အုပ်ချုပ်ခဲ့ ကြောင်းသိရှိရ ပါသည်။ 
မိုးကောင်း(မိန်းကောင်) စော်ဘွားဆက်ကုန်ပြီးနောက် ခန့်အပ်သော မြို့ဝန်များ ထိုမြို့ဝန်များသည်လည်း သျှမ်းများသာဖြစ်ကြသည်။ 
စဉ်။ အမည် မြန်မာသကဇ် နှစ် 
၁။ သီရိ ရာဇသင်္ကြန် ၁၁၄၀ မှ ၁၁၅၈ အထိ ၁၈ နှစ် 
၂။ မဟာမင်းလှမင်းခေါင် ၁၁၅၈ မှ ၁၁၅၉ အထိ ၁ နှစ် 
၃။ အတ္တပါတ်မြစ်ဝန် ၁၁၅၈ မှ ၁၁၆၁ အထိ ၂ နှစ် 
၄။ နေမျိုးသီရိစည်သူ ၁၁၆၁ မှ ၁၁၆၆ အထိ ၅ နှစ် 
၅။ ရွှေတောင်လက်ဝဲကျော် ၁၁၆၆ မှ ၁၁၆၈ အထိ ၂ နှစ် 
၆။ မဟာနော်ရထာ ၁၁၆၈ မှ ၁၁၆၉ အထိ ၁ နှစ် 
ရ။ မောင်ရွန်း ၁၁၆၉ မှ ၁၁ရ၀ အထိ ၁ နှစ် 
၈။ စိန္တသူ ၁၁၇၀ မှ ၁၁၇၁ ိ ၁ နှစ် 
၉။ သင်္ခသူ ၁၁ရ၁ မှ ၁၁ရ၃ အထိ ၂ နှစ် 
၁၀။ နော်ရထာ ၁၁၇၃ မှ ၁၁ရ၃ အထိ - 
၁၁။ သိရနော်ရထာ ၁၁ရ၃ မှ ၁၁၇၄ အထိ ၁ နှစ် 
၁၂။ ရွှေတောင်လက်ဝဲကျော် ၁၁ရ၄ မှ ၁၁ရ၅ အထိ ၁ နှစ် 
၁၃။ နေမျိုးသိဒိကျော်ထင် ၁၁၇၅ မှ ၁၁၇၆ အထိ ၁ နှစ် 
၁၄။ ရဲကျော်ထင် ၁၁၇၆ မှ ၁၁၈၀ အထိ ၄ နှစ် 
၁၅။ ရဲခေါင်သူရ ၁၁၈၀ မှ ၁၁၈၁ အထိ ၁ နှစ် 
၁၆။ နေမျိုးမင်းထင် ၁၁၈၁ မှ ၁၁၈၂ အထိ ၁ နှစ် 
၁၇။ နေမျီုးမင်းခေါင်နော်ရထာ ၁၁၈၂ မှ ၁၁၈၄ အထိ ၂ နှစ် 
၁၈။ နေမျိုးမင်းမင်း ၁၁၈၄ မှ ၁၁၈၆ အထိ ၂ နှစ် 
၁၉။ မဟာနန္ဒာရာဇာ ၁၁၈၆ မှ ၁၁၈၈ ၂ နှစ် 
၂၀။ သီရိကာဘွား ၁၁၈၈ မှ ၁၁၈၈ - 
၂၁။ နေမျိုးဇေယျကျော်ထင် ၁၁၈၈ မှ ၁၁၈၈ - 
၂၂။ နေမျိုးမင်းလှ ၁၁၈၈ မှ ၁၁၈၉ ၁ နှစ် 
၂၃။ နေမျိုးနန္ဒနော်ရထာ ၁၁၈၉ မှ ၁၁၉၀ ၁ နှစ် 
၂၄။ မင်းကြီးမဟာသီလ၀ ၁၁၉၀ မှ ၁၁၉၀ -နှစ် 
၂၅။ မဟာသီရိကျော်ခေါင် ၁၁၉၀ မှ ၁၁၉၀ -နှစ် 
၂၆။ မဟာသီရီကျော်ထင် ၁၁၉၀ မှ ၁၁၉၄ ၄ နှစ် 
၂၇။ မဟာနေမျိုးသီရိသီဟသူ ၁၁၉၄ မှ ၁၁၉၇ ၃ နှစ် 
၂၈။ နေမျိုးမင်းထင်စည်သူ ၁၁၉၇ မှ ၁၁၉၈ ၁ နှစ် 
၂၉။ သီရိသိုကာဘွား ၁၁၉၈ မှ ၁၁၉၉ ၁ နှစ် 
၃၀။ နေမျိုးမဟာမင်းထင် ၁၁၉၉ မှ ၁၂၀၁ ၂ နှစ် 
၃၁။ မင်းကြီးမဟာသီရိကျော်ထင် ၁၂၀၁ မှ ၁၂၀၂ ၁ နှစ် 
၃၂။ ဗန်မော်၏ဘုရားမောင်တော် ၁၂၀၂ မှ ၁၂၀၃ ၁ နှစ် 
၃၃။ မင်းကြီးမဟာသီရိကျော်ထင် ၁၂၀၃ မှ ၁၂၀၇ ၄ နှစ် 
၃၄။ မင်းကြီးမဟာမင်းထင် ၁၂၀၇ မှ ၁၂၀၈ ၁ နှစ် 
၃၅။ မဟာမင်းလှမင်းထင်ကျော် ၁၂၀၈ မှ ၁၂၁၀ ၁ နှစ် (ဦးမန်း) 
၃၆။ မဟာမင်းလှမင်းထင် ၁၂၁၀ မှ ၁၂၁၄ ၄ နှစ် (ဦးကျန်) 
၃၇။ မဟာမင်းလှမင်းထင်ကျော် ၁၂၁၄ မှ ၁၂၁၆ ၂ နှစ် (ဦးမန်း) 
၃၈။ မင်းကျော်မင်းထင်မင်းခေါင် ၁၂၁၆ မှ ၁၂၂၀ ၄ နှစ် (ဦးယာမ) 
၃၉။ ၎င်းသား မင်းထင်သီဟရာဇာ ၁၂၂၀ မှ ၁၂၂၀ - နှစ် (ဦးရှင်ကြီး) 
၄၀။ မဟာမင်းထင်မင်းခေါင် ၁၂၂၀ မှ ၁၂၂၁ ၁ နှစ် (ဦးလပ်) 
၄၁။ မဟာမင်းလှသင်္ခရာ ၁၂၂၁ မှ ၁၂၂၆ ၅ နှစ် (ဦးမောင်) 
၄၂။ မဟာမင်းထင်မင်းရာဇာ ၁၂၂၆ မှ ၁၂၂၈ ၂ နှစ် (ဦးပြေး) 
၄၃။ မဟာမင်းထင်မင်းခေါင် ၁၂၂၈ မှ ၁၂၂၉ ၁ နှစ် (ဦးလပ်) 
၄၄။ မဟာမင်းလှရာဇာကျော်ထင် ၁၂၂၉ မှ ၁၂၃၀ ၁ နှစ် (ဦးရန်ရှင်း) 
၄၅။ နေမျိုးမင်းထင်ရာဇာ ၁၂၃၀ မှ ၁၂၃၁ ၁ နှစ် (ဦးအုန်း) 
၄၆။ ရာရှိစစ်ကဲ-၂-အခံ-၂ ၁၂၃၁ မှ ၁၂၃၃ ၂ နှစ် 
၄၇။ မင်းထင်အိန္ဒကျော်ခေါင် ၁၂၃၃ မှ ၁၂၃၃ - နှစ် 
၄၈။ မင်းလှသီရိရာဇာ ၁၂၃၃ မှ ၁၂၃၅ ၂ နှစ် 
၄၉။ မင်းထင်သီရိရာဇာ ၁၂၃၅ မှ ၁၂၁၂၃၉ ၄ နှစ် 
၅၀။ ဦးဘိုး ၁၂၃၉ မှ ၁၂၄၂ ၃ နှစ် 
၅၁။ ဦးစီ ၁၂၄၄ မှ ၁၂၄၅ ၁ နှစ် 
၅၂။ ဦးကုလား 
၅၃။ ၎င်း၏ညီ ဦးသံတွဲ 
၅၄။ သား ဦးဘိုးစော မြန်မာ့သမိုင်းဝင်ကိုလိုနီနယ်ချဲ့ ဆန့်ကျင်ရေးသမား 

May be an image of one or more people
ဦးဘိုးစော၏သားဦးဖိုးချုံမှာ ယခုမှတ်တမ်းရေးချိန်အထိ မိုးကောင်းမြို့တွင် အသက်ထင်ရှားရှိပါသည်။ စသည်ဖြင့် (၅၄)တိတိ အုပ်ချုပ်ခဲ့ပါသည်။ 
သက္ကရာဇ် ၁၂၄၅ ခုနှစ်နောက်ပိုင်း ရာဇဝင်အကျဉ်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 
သက္ကရာဇ် ၁၂၄၉ ခုနှစ် တပို့တွဲလဆန်း (၂)ရက် (စနေနေ့) ကုလားမင်း မိုးကောင်းမြို့ကို ဗန်မော်က အရေပိုင်မင်းက စစ်သား(၈၀၀) ခန့်ဖြင့်မိုးကောင်မြို့ဝန် မင်းသီရိရာဇာသင်္ကြန်(၁၁၅၈) ခုနှစ် အမြှတ်ကီး ဦးဘိုးစော(၁၂၄၉) အထိ မြို့ဝန်ဆက်ပေါင်း (၅၄) ဆက်တိတိအုပ်ချုပ်ခဲ့ပါသည်။ မြို့ဝန်များကို မြန်မာဘုရင် မင်းမြတ်က တိုက်ရိုက်ခန့်အပ်အုပ်ချုပ် စေခဲ့ခြင်းဖြစ်ပါသည်။ မိုးကောင်းမြို့နယ်၊ လွဲလောကျေးရွာ ရွှေကျောင်း ဆရာတော်ဘုရား၏ လက်မူမှတ်တမ်းအရ ကူးယူတင်ပြအပ်ပါသည်။ 
--------------------------------------------------- 
မိုးညှင်းမြို့ -သျှမ်းအခေါ်(မိန်းယမ်း)သျှမ်းစော်ဘွားမင်းဆက်များ
မိုးညှင်း(မိန်းယမ်း)ဗျိုင်းမြို့-အာရပူရတိုင်း၊ မိုးကောင်း(မိန်းကောင်)အိုးစည်မြို့-ရဌတိုင်း၊ မိုးမိတ်(မိန်းမစ်) ဓါးမြှောင်မြို့- ကမောဇတိုင်း၊ ဝန်းသို (ကြိုင်းဆေး)ကျားကွင်းမြို့-စိနဌတိုင်း ဟူသော သျှမ်း(၄) မြို့ ကိုသျှမ်းညီနှောင် သုံးဦးမှ သက္ကရာဇ် (၃၀၀၊ ၃၀၁၊ ၃၀၂၊ ၃၀၃)ခုနှစ်တွင်အသီးသီးတည်တော်မှုခဲ့လေသည်။ ကျားဖြူသမိုင်းအရဆိုသော သက္ကရာဇ် - ၃၀၂ ညီငယ် သိုကြည်ဘွား၏ ဆင်ဦးကင်း၌ ဗျိုင်းနားသည်ကို ကြုံကြ၍ညီငယ် ခွန်အွမ်အတွက် မြို့ပြတည်ထောင်ပေး၍ ခွန်အွမ်အားနန်းတင်ခဲ့လေသည်။ မိုးညှင်းမြို့သည် မြန်မာနိုင်ငံတော်တွင် တိုင်းကြီး ဆယ်တိုင်းအနက် အာဠဝီတိုင်းကြီး၏ မြို့တော်ဖြစ်ကြောင်း သုသောဓိတရာဇာဝင် ပဉ္စမတွဲ ၂၃၇ -၌မိန့်ဆို လေသည်။ မိုးညှင်းမြို့သည် အရံမြို့ငယ် ၃၇- မြို့(သို့) မိန်း ၃၇ မိန်း ရှိကြောင်းသိရပါသည်။ သာသနာတော် အနှစ် ၃၅၃- ခုနှစ်တွင် မိစ္ဆာမင်းများ လွှမ်းမိုးလာသောကြောင့်မိုးညှင်း၌ သာသနာတော် ကွယ်ကြောင်းသိရ သည်။ ကောဇာသက္ကရာဇ် ၁၀၀-ကျော်တွင် ကျိုင်းဟုန်စော်ဘွားကြီး၏ သားတော်ကြီး သိုအပ် မိုးညှင်းမြို့ကိုစား ကြောင်း ဘွားစားကြောင်း ဇဗူဒီပဦးဆောင်းကျမ်း ၂၂-၌ဆိုလေသည်။ 
ကောဇာသက္ကရာဇ် ၇၆၉-ခု သာသနာတော်နှစ် ၁၉၅၁-ခုနှစ်တွင် မိုးညှင်း၌ သာသနာတော်ထပ်မံတည်ပြန်သည် သာသနာတော်တည်ခြင်းအကြောင်းမှာ မိုးမိတ်စော်ဘွားနှင့် လင်းဇင်းသိမ်းခမ်း စောခန့်တို့သည် စစ်သည်အခြံ အရံများဖြင့် မိုးညှင်းမြို့သို့လာကြသည်။ ထိုအခါ မိုးညှင်းမြို့၌စော်ဘွားလစ်လပ်ခိုက်ဖြစ်၍ တိုင်းသူပြသည်သား များက ကြွရောက်လာသော မိုးမိတ် စော်ဘွားကို ဝမ်းမြောက်ဝမ်းသာ ဆီးကြိကြလေသည်။ တဲနန်းပေါ်ရောက်၍ စကားပြောဆိုကြသောအခါ မိုးမိတ်စော်ဘွားက ငါတို့သျှမ်းပြည်၌သာသနာ ကွယ်ပနေသောကြောင့် ငါတို့သျှမ်း များ ရိုင်းပြနေကြသည်။ အင်းဝနေပြည်တော်ကား အလွန်သာယာပေသည်၊ ရတနာတော် သုံးပါးလည်း ထွန်းကားသောကြောင့် အလွန်ငြိမ်းချမ်းအေးလှသည် ငါတို့မိုးမိတ်၌လည်း ယခုအခါ သာသနာတော် တည်အောင် ငါတို့နှင့် အတူ လိုက်၍ အင်းဝမင်းထံမင်း လျာတောင်းလျင် ကောင်းကြလိမ့်မည် ဟုဆိုသည်။ မိုးညှင်းသားများလည်း သဘောတူညီကြ၍ အင်းဝသို့ ရောက်သော အခါ အင်းဝမြိုကမြောက် မြစ်မဆုံကျွန်းတွင် သျှမ်းမင်းသားများကို ချထားလေသည်၊ ထို့ကြောင့် ထိုမြစ်မအဆုံကျွန်းကို မင်းသားကျွန်းဟုခေါ်ကြလေသည်။ (ဇမူဒီပဦးဆောင်းကျမ်း-ရရ) ကောဇာသက္ကရာဇ် ၇၈၈ - ၈၀၁ ခုနှစ်၊ နယုန်လတွင် မိုးညှင်း သတိုးသည် အင်းဝရွှေမြို့ ရွှေထီးနန်းကို သိမ်းမြန်း စိုးစံတော်မှုလေသည်။ ရွှေစက်တော်၌ အလုံးအရင်းနှင့် နေသော ရှင်ဘို့မယ်ကိုလည်း သွားရောက် ခေါ်ယူစေသည်၊ ရှင်ဘို့မယ်ရောက်လာ၍ မိုးညှင်းက ဆီးကြို၍ (ကျန်းမာပါ၏ လော) ဟု နူတ်ခွန်းဆက်သည်ကို မာနကြီးသော ရှင်လို့မယ်က ကျွန်စော်နံသည် ဟုပြောဆိုလေသည်။ မိုးညှင်း မင်းတရားသည် မိုးညှင်းမြို့၌ ထေရဝါဒ သာသနာတော်ကို စတင်တည်ထောင်သောမင်းဖြစ်၍ နန့်ပုတ် ကျန့်ခေါဖိတ် ဘုရားကြီးကိုလည်း ပြည်သူအများကိုကွယ် ရန်တည်ထားတော်မှုသည်။ 888 – 913 (1526-1542) မိုးညှင်းစောဝ်လုံနှင့် ၎င်း၏သား ဆေခန်ဖှါ့ (သိုဟန်ဘွား) အင်း၀ ကိုရသဖြင့် မိုးညှင်းစောဝ်လုံသည်၎င်း ၏သား သိုဟန်ဘွားကို အုပ်ချုပ်စေကာ မိုးညှင်းတို့ပြန်ခဲ့လေသည်။ 1885 အင်္ဂလိပ်တို့ အထက်မြန်မာပြည်တို့ ချီတက် တိုက်ရာတွင် မိုးညှင်းစော်ဘွား ဦးဘိုးသိန်း သည်ရဲဝန့်စွာတိုက်ပွဲဝင်ခဲ့လေသည်။ 
------------------------------------- 
ကျေးဇူးရှင်း-ခန္တီးဆရာတော်ဘုရားကြီး ရေးတော်မှုတော်သော ဝန်းသိုရာဇဝင်သစ်မှ ဝန်းသိုမြို့-သျှမ်းအခေါ် ဝမ်းဆေ စော်ဘွားမင်းဆက်များ 
သိုဟုံဘွားမှအစ စော်ဘွားပေါင်း ၂၆၄ဆက် ဘွားစားပြီး မှ ဂေါတမဘုရားမပွင့်မှီ သက္ကရာဇ်ဖြိုနိုင်သော မင်းများ ဖြိုကြွင်းသက္ကရာဇ်အသစ် ၃၀၃ ခုနှစ်တွင် သင်းလဲ (သို့မဟုတ်) စဉ်းလဲမြို့ဟု သမုတ်၍ စောဘွားအောင်ညို မှ 
စဥ။် အမည် မြန်မာသက္ကရာဇ် နှစ် 
၁။ မောင်ကယ် ၇၄၄ မှ ၇၅၃ ၉ နှစ် 
၂။ စောကြည် ၇၅၃ မှ ၇၉၆ ၄၃ နှစ် 
၃။ စောအောင်ညို ၇၉၆ မှ ၇၉၈ ၂ နှစ် 
၄။ စောနောင်မွန် ၇၉၈ မှ - 
၅။ စောအင်ခမ်း ၉၀၀ မှ ၉၃၅ ၃၅ နှစ် 
၆။ မင်းကတူး ၉၃၅ မှ ၉၃၇ ၂ နှစ် 
၇။ စောသိုရဲ ၉၃၇ မှ ၉၆၁ ၂၄ နှစ် 
၈။ စောဆိုင်ခမ်း ၉၆၁ မှ ၉၈၁ ၂၀ နှစ် 
၉။ စောကော်ညို ၉၈၁ မှ ၁၀၀၉ ၂၈ နှစ် 
၁၀ စောနှင်းအုန်း ၉၈၁မှ ၁၀၀၉ - 
၁၁။ စောစစ်နိုင် ၁၀၀၉ မှ ၁၀၃၃ ၂၄ နှစ် 
၁၂။ စောဦးကျော် ၁၀၃၃ ခုနှစ်တွင် 
စစ်ကဲစားများ 
စဉ်။ အမည် မြန်မာသက္ကရာဇ် နှစ် 
၁။ ငကြင်ဖေါ် ၁၀၅၉ မှ ၁၀၆၀ ၁ နှစ် 
၂။ ငစွန် ၁၀၆၀ မှ ၁၀၆၅ ၅ နှစ် 
၃။ ငကြင်ဖြူ ၁၀၆၅ မှ ၁၀၇၆ ၁၀နှစ် 
တဖန်စော်ဘွားစားများ 
စဥ။် အမည် မြန်မာသက္ကရာဇ် နှစ် 
၁။ ငမြတ်ခေါင် ၁၀၇၆ မှ ၁၁၁၂ ၃၆နှစ် 
၂။ ငအောင်မြတ် ၁၁၁၂ မှ ၁၁၁၄ ၂ နှစ် 
၃။ ငထင် ၁၁၁၄မှ ၁၁၁၈ ၄ နှစ် 
၄။ ငအောင်ညို ၁၁၁၈ မှ- - 
မြို့ကြီးစားခေတ်များ 
စဉ်။ အမည် မြန်မာသက္ကရာဇ် နှစ် 
၁။ ငတော်စံ ၁၁၅၈ မှ ၁၁၆၀ ၂ နှစ် 
၂။ ငသာရွဲ ၁၁၆၀ မှ ၁၁၈၉ ၂၉နှစ် 
၃။ ငရွှေသီး ၁၁၈၉ မှ ၁၁၉၅ ၆ နှစ် 
၄။ ငသာ၀ ၁၁၉၅ မှ ၁၁၉၉ ၄ နှစ် 
၅။ ငရွှေသီ ၁၁၉၉ မှ၁၂၀၇ ၈ နှစ် 
၆။ ငစံသစ် ၁၂၀၇ မှ၁၂၁၁ ၄ နှစ် 
၇။ ငရွှေသား ၁၂၁၁ မှ ၃၃ နှစ် 
၈။ သား- ဦးအောင်မြတ် ၁၂၄၄ မှ  
အထက်ပါနောက်ဆုံးတွင်ပါရှိသည့် ငရွှေသားဆိုသူမှာ ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ် ၏ဖခမည်းတော်ကြီး ပင်လေသည်။ ထိုအချိန်အခါ စော်ဘွားကြီး ဦးရွှေသားမှာ သက်တော် ၅၆ နှစ်ရှိနေပြီဖြစ်ရာ အသက်ရွယ် ကြီးမြင့်လာ ပြီးဖြစ်၍ မြို့ရွာခရိုင်နေ ပေါ်မိုင်း ထမုံသူကြီး ခေါင်းကြီးရွာအုပ်တို့မှစ၍ သဘောတူညီကြပြီး မြန်မာဘုရင် သီပေါ မှအစ အရင်းပြု၍ မှုးမတ်များမှ ၁၂၄၄ ခုနှစ် ကဆုန်လဆန်း ၂ရက်နေ့တွင် သားတော်ကြီး သခင်အောင်မြတ် အား ဝန်းသိုစော်ဘွားကြီးအရာ ခန့်အပ်တော်မှုလေသည်။ မြန်မာနိုင်ငံ၏သမိုင်းဖြစ်စဉ်ကို နှစ်ပရိစ္ဆေဒပေါင်းများစွာ တည်ဆောက်ရာမှ ၁၈၈၅ ခုနှစ်တွင် သီပေါမင်း ပါတော်မူခဲ့ရသည်။ မြန်မာနိုင်ငံတခုလုံး နယ်ချဲ့လက်အောက်သို့ကျရောက်ခဲ့ရသည်၊ အထက်မြန်မာပြည်တို့ အင်္ဂလိပ်တပ်များချီတက်လာရာ ဝန်သိုစော်ဘွား ဦးအောင်မြတ်နှင့် ဖခင်မိုးကောင်းမြို့ဝန် ဦးရွှေသား၊ မိုးကောင်းစော်ဘွား ဦးဘိုးစောတို့ ဦးဆောင်သော အထက်မြန်မာပြည် သျှမ်းမျိုးနွယ်ဝင် တော်လှန်ရေးအင်အားစုများ လက်နက် ဆွဲကိုင်၍ ပထမဦးဆုံးဆန့်ကျင်တိုက်ခိုက်ခဲ့ကြသည်။ ဗန်မော်နယ်ဘက်တွင်လည်း စောရန်နိုင် နှင့် မိုးလှိုင်း စောဘွားကြီး ဦးခမ်းလှိုင်တို့အင်အားစုမှာလည်း ထင်ရှားသောနယ်ချဲ့ဆန့်ကျင်တော်လှန်ရေးများဖြစ်ခဲ့ ကြပါ သည်။ မော်လူး (၅)ခရိုင်အင်အား စုလည်းပါဝင် ထင်ရှားခဲ့ပါသည်။ အင်္ဂလိပ်တို့သည် သီပေါဘုရင်အား နေ့ချင်းညချင်း နန်းချနိုင်ခဲ့သော်လည်း အထက်မြန်မာနိုင်ငံ သျှမ်းတို့ ဒေသကို (၁၀)နှစ်ကြာ အင်္ဂလိပ်တို့တိုက်ခိုက်ခဲ့ရသည်။ ထိုတိုက်ပွဲများတွင် ကျဆုံးသော အင်္ဂလိပ်နယ်ချဲ့သမား များ၏ စစ်င်္သချိုင်းကို ဗန်မော်မြို့ သံတဲအနီး၌ ကျောက်တိုင်ကဗျည်းစာများပြုလုပ်ခဲ့သည်။ အထက်မြန်မာပြည် သျှမ်းအမျိုးသားခေါင်း ဆောင်များသည် အင်္ဂလိပ်ကပေးသော ရာထူးကိုမယူ၊ လက်နက်မချ၊ အဖမ်းမခံခဲ့ပါ။ အားမတန်မာန်လျော့၍ နယ်ခြားသို့ ရှောင်သိမ်းသွားခဲ့ကြရသည်၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရမှ အမိမြန်မာနိုင်ငံသို့ပြန်လာနိုင်ခဲ့သော ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်၏ စိတ်ဓါတ်ကို စံတင်အပ်လှပေသည် နောင်မျိုးဆက်သစ်များအတု ယူရလောက်ပေသည်။ မြစ်ကြီးနား၊ ဗန်မော်၊ မိုးကောင်း၊ မိုးညှင်း၊ ကသာ၊ ကလေး၊ ဟုမ္မလင်း၊ စသောအထက်မြန်မာနိုင်ငံ သျှမ်း အမျိုးသားများသည် နယ်ချဲ့အင်္ဂလိပ်တို့အား ကျွန်ဘဝတွင်လည်းမပူးပေါင်းခဲ့၊ လွတ်လပ်ရးအတွက် ဒို့ဗမာ အစည်းအရုံး၊ ဘီဒီအေ၊ ပီပီအက်ဖ်၊ ဖဆပလ၊ ပြည်သူ့ရဲဘော် အဖွဲ့အစည်းများတွင် ပါဝင်ပူးပေါင်းခဲ့ကြသည်၊ တိုက်ပွဲဝင်ခဲ့ကြသည်၊ ထိုမော်ကွန်းဝင်များ၏စာရင်းတွင် အထူးသဖြင့် တိုင်းလျှဲန်ခေါ်-သျှမ်းနီ သျှမ်းအမျိုးသားများ၏ အမည်ကိုအများဆုံးတွေ့မြင်ကြရသည်၊ ထင်ရှားသောပုဂိုလ်များအနက် ဗန်မော်နယ်ဘက်တွင် ဦးစိန်တိုး၊ ဗိုလ်လှကြိုင်ဖြစ်ပြီး၊ မိုညှင်း၊ မိုးကောင်းနယ်တွင် သခင်ပြန့်၊ ဗိုလ်အောင်ခို၊ ဗိုလ်ထွန်းရင် တို့သည် မျက်မှောက်ကာလအထိ နိုင်ငံတော်၏အကျိုးကို တယ်ပိုးခဲ့သော တိုင်းလျဲန်ခေါ်သျှမ်းနီ များဖြစ်၍ ၎င်းတို့သည် မော်ကွန်းဝင် ပုဂိုလ်များပင်ဖြစ်ပါသည်။ 
အထက်မြန်မာနိုင်ငံကို မြန်မာကုန်းဘောင်ဘုရင်များလက်ထက်၌ သျှမ်းစော်ဘွားနယ်များအဖြစ် သတ်မှတ်ခဲ့ သော်လည်း 1885- အင်္ဂလိပ် စစ်တပ်များ အထက်မြန်များပြည် သို့ချီတက်လာရာတွင် 10 ကျော်တိုက်ခိုက်ခဲ့ရခြင်းတို့ကြောင့် ယခုသျှမ်းပြည်နယ်တပါးတည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စော်ဘွားနယ်များ ဖြစ် သတ်မှတ်ခြင်း မခံခဲ့ရပေ၊ 
အထက်မြန်မာနိုင်ငံကို ဗြိတိသျှ အင်ပိုင်ယာအတွင်းသို့ သွတ်သွင်းကြောင်း တရာဝင် ကြေညာလေသည်။ ဝီတိုရိယ စတက်ကျူ ဥပဒေ ၃၃၊ အခန်း ၁၊ အခန်းခွဲ (ခ) အရအထက် မြန်မာနိုင်ငံကို တိုက်ရိုက် အုပ်ချုပ်ရန် ဘုရင်ခံချုပ်က ယတိပြတ် ဆုံးဖြတ်ချက် ချမှတ်လေသည်။ ထို့ကြောင့် ၁၉၉၆ ခု၊ မတ်လ ၁ ရက်မှ စ၍ ၁၉၃၇ ခု၊ ဧပြီလ ၁ရက်နေ့ထိ ယခုသျှမ်းပြည်မှ တပါး အထက် မြန်မာနိုင်ငံ တဝန်းလုံးသည် အိန္ဒိယနိုင်ငံ၏ ပြည်နယ်အဖြစ် ရပ်တည်လေတော့သည်။ 
-------------------------------------------- 
ဟူးကောင်းလွင်ပြင် ရှိ သျှမ်းမျိုးနွယ်စုများ
ဟူးကောင်းလွင်ပြင်ဒေသသည်ပတ်ကွိုင်တောင်တန်းကြီးနှင့် ရိုးမတောင်တန်းများ ဝန်းရံလျက်ရှိသည်။ မြောက်ဘက်တွင် တိဘက်၊ အရှေ့ဘက်တွင်နန်ချောင်နိုင်ငံ၊ အနောက်ဘက်တွင် မာဂဓဒေသတို့ ပေါက်ရောက် နိုင်သည်။ (နမ့်တာလုံ )ခေါ် သလ္လာဝတီမြစ်နှင့် (နမ့်ကျို) ခေါ် ဧရာဝတီတို့ မြစ်ဖျားခံရာနေရာလည်းဖြစ်သည်။ AD- 9 ရာစုတွင် ဟူးကောင်းလွင်ပြင်၌ မုံးနေသျှမ်း (တိုင်းမိုင်းနေ)ရောက်ရှိပြီးပြစ်သည်ဟု မှတ်တမ်းများ၌ဖေါ်ပြ သည်။ AD-13 ရာစုတွင် မုံးစေခွန်သျှမ်း (တိုင်းမိုင်းဆေခွန်) များရောက်ရှိလာပြီး မုံးနေသျှမ်းနှင့် ပေါင်းမိကာ ခန္တီးဒေသနေသျှမ်း (တိုင်းခန္တီး)ဖြစ်လာသည်ဟု မှတ်တမ်းများကဆိုသည် 
AD-649 ခန့်တွင် ရှေ့ဘက် နန်ချိုနိုင်ငံတော်ကြီး၏ သျှမ်းပြည်ထောင်စု (၆)ခုတွင်ပါဝင်ခဲ့သည်။ နန်ချို ဧကရာဇ် ခွန်လူဖုန်း (AD-753-763 )သည် တိုင်းခမ်းလှည့်လည်ရင်းဟူးကောင်းလွင်ပြင်သို့ရောက်ရှိစဉ် ကဆား၊ ရွှေ၊ ပယင်း၊ ကျောက်စိမ်း ရတနာများ ထွက်ရှိသည့် ခန္တီးဒေသကို နိုင်ငံတော် ဘဏ္ဍာမြေအဖြစ်စောင့်ရှောက်ရန် ပူတာအို တွင် တပ်စခန်းချ၍ စီစဉ်ခဲ့သည်။ 
AD-1311 မိုင်းမေဝ် ခေတ်တွင်လည်း မိုင်းမောဝ် သျှမ်းပြည်ထောင်စု ဧကရာဇ်နိုင်ငံတော်ကြီး တွင်ပါဝင်ခဲ့ သည်၊ မိုးကောင်း၊(မိုင်းကောင်)၊ မိုးညှင်း(မိုင်းယန်း)၊ မိုးမိတ်(မိုင်းမေတ်) ပေါ်ထွန်းလာသောအခါ မိုးကောင်း၊ မိုညှင်း မှတဆင့် ဘဏ္ဍာဆက်နိုင်ငံတစ်ခုအဖြစ် အုပ်ချုပ်ခဲ့သည်။ 
AD-1864-1852 ကုန်းဘောင်ခေတ်၊ ပုဂံမင်းလက်ထက်တွင် ဟူးကောင်းလွင်ပြင်ဒေသကို နယ်(၈)နယ်ခွဲ၍ စော်ဘွား(၇)ဦး ထပ်မံခန့်ထား အုပ်ချုပ်စေခဲ့သည်။ 
ထိုနယ် (၈)နယ်မှာ- 
၁။ လုပ်ခွန်နယ် 
၂။ လုံဂျိန်းနယ်  
၃။ မင်းနန်းနယ် 
၄။ မန်စယ်နယ် 
၅။ မန်ယက်နယ်  
၆။ မန်စယ်ခွန်နယ် 
၇။ လန်းတောင်ဝ်နယ် 
၈။ လန်းနေနယ် တို့ဖြစ်ကြသည်။ 
----------------------------------------- 
သောင်သွတ်- သျှမ်းအခေါ် ဆောင်ဆွတ် စော်ဘွားမင်းဆက်များ
AD-(1834) ဘကြီးတော်မင်းလက်ထက်တွင် စောဝ်ညီခေါင် ကိုစော်ဘွားအဖြစ် ခန့်အပ်ခဲ့ပြီး AD-(1861)၌ သာယာဝတီမင်းက စောဝ်အိုက် အားလည်းကောင်း၊ AD-(1853)၌ မင်းတုံးမင်းကြီးက စောဝ်လီ အား လည်းကောင်း စော်ဘွား ခန့်အပ်ခဲ့သည်။ 
စဥ။် အမည် ခရစ္စသက္ကရာဇ် နှစ် 
၁။ စောဝ်ညီခေါင် ၁၈၃၄ မှ ၁၈၅၃  
၂။ စောဝ်အိုက် ၁၈၅၃ မှ ၁၈၇၆  
၃။ မောင်ဘတူ ၁၈၇၆ မှ ၁၈၇၆  
၄။ မောင်ဘိုးလှိုင်(စောဝ်လီ၏သား) ၁၈၇၈ မှ ၁၈၉၁  
၅။ စောဝ်ညီတောင်(စောဝ်လီညီတဝမ်းကွဲ) ၁၈၉၁ မှ ၁၈၉၂ လူထု၊ဗြိတိသျှအစိုးရပေးကသည်  
၆။ စောဟုန်း(စောဝ်ညီတောင်၏သား) ၁၈၉၂ မှ ၁၈၉၄(ရနှစ်သား ရင်ခွင်ပိုက်စော်ဘွား)  
၇။ စောဝ်နန်းခင်(စောဝ်ဟုန်း၏ညီမ) ၁၈၉၄ မှ ၁၈၉၈  
၈။ စောဝ်အိုက် (အမတ်ကြီး) ၁၈၉၈ မှ ၁၈၂၇  
၉။ စောဝ်ဘသိန်း(ယာနန်းပန်၏တူ) ၁၈၂၇ မှ ၁၉၃၅  
၁၀။ စောဝ်မြစိန်(စောဝ်အိုက်၏သား) ၁၉၃၅ မှ ၁၉၅၂ 
စောဝ်မြစိန်သည် စော်ဘွားအာဏာ စွန့်သည်အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ 
သောင်သွပ်မြို့ -သျှမ်းအခေါ် ဆောင်သွတ် စော်ဘွားမင်းဆက်များ 
သောင်သွပ်ဟူသော ဝေါဟာရကို စီစစ်သော် လတ္တီတွဒ် ၂၄ံ ၃၁ံ နှင့် ၉၃ံ ၄”ခန့်တွင် Thap or Old Samjok ဟူသော အရပ်တခုကိုတွေ့ရှိနိုင်သည်Thap သည် Stockade (သစ်တပ်)ဖြစ်ပြီး မဏိပူရ (ကသည်း)ဘာသာဖြင့် Samjok ဖြစ်သည်။ ယင်းကို သျှမ်းသံဖြင့် Saung Sup ဟုခေါ်ဆိုကြရာမှ ယနေ့တိုင် သောင်သွပ် ဟုတွင်နေတော့သည်။ အနော်ရထာလက်ထက်တွင် သောင်သွပ်ဒေသသို့ သိုချီဖ ဘွဲ့ခံ အုပ်ချုပ်ရေး အရာရှိတဦးခန့်အပ် အုပ်ချုပ်စေခဲ့သော်လည်း၊ တရုတ်ပြေးမင်းလက်ထက်၊ ရှေ့တန်းခံတပ်မြို့များ ပျက်စီးသောအခါ သောင်သွပ် ကိုမဏိပူရကသည်းတို့ကြီးစိုးခဲ့သည်။ အလောင်းမင်းတရား လက်ထက် တိုင်အောင် မဏိပူရသို့ ဘဏ္ဍာဆက်ခဲ့ရသည်။ 
စောဝ်ခွန်ဟိုး - မဏိပူရသြဇာခံ 1760 တွင် အလေါင်းမင်းတရားထံအညံ့ခံ။ 
စောဝ်ဆာ - စောဝ်ခွန်ဟိုး၏ သားတော်ကြီး ဝန်းသိုအနီး မော်လူးတွင်နန်းတည် 
စောဝ်ဆာ - စောဝ်ခွန်ဟိုး၏ သားတော်ကြီး မိုင်းကိုင်သို့ပြောင်းရွေ့နန်းစံသည် 
1782-1806 စောဝ်ဟော်ငါး စောဝ်ဆာ၏ညီ မိုင်းကိုင်ကိုသာမန်အဆင့် လျှော့ချပြီး ပေါ်မိန်းအရာဖြင့် အုပ်ချုပ်ခံသည် 
1806-1813 စောဝ်ဟော်ငါး- ၎င်း သောင်သွပ်စော်ဘွားအဖြစ်ပြန်လည်အုပ်ချုပ်ခဲ့သည်။ 
1824-1827 စောဝ်လုပ်ခမ်း- စောဝ်ဟော်ငါး၏သား မဏိပူရတွင် မဟာရာဂျာအဖြစ် မြန်မာမင်းကခန့်ထားသည်၊ (ယခု) သောင်သွပ်အရှေ့ကမ်းတွင် စံအိမ်ဖြင့် နန်းစံသည်။ 
1834 စောဝ်အောင်ဘ 
စောဝ်ဆွေနှင့်  
1880 စောဝ်ညီခမ်း - ဗြိတိသျှအစိုးရကKMS ဘွဲ့ချီးမြင့်သည်။ 
1893-1899 စောဝ်ခင်မွန် (စောဝ်ညီခမ်း၏သား) 
1899-1927 စောဝ်ထွန်း - ဗြိတိသျှအစိုးရကKMS ဘွဲ့ချီးမြင့်သည်။ 
1927-1952 စောဝ်ခွန်ဆောင် (စောဝ်ထွန်း၏သား) စစ်ကိုင်း၊တောင်ကြီး၊ အိန္ဒိယသို့ ပညာသင်သွားခဲ့သည် 
ဗြိတိသျှအစိုးရက Sanad ပေးအပ်သည်။ 
သျှမ်းနီ၊ ခမ်းတီး၊ ကတူး၊ ကနန်းတို့သည်။မြန်မာနိုင်ငံဟု မခေါ်တွင်မည် ရှေးဘဝေသဏီ မှစ၍ မိမိကိုယ်ပိုင်စာပေ၊ ယဉ်ကျေးမှု၊ ဘာသာများနှင့် အစဉ်သဖြင့် နေထိုင်လာခဲ့ကြသော မှုရင်းဌာနေများ သာဖြစ်သည်။ 
သိုဟန်ဘွား မင်းစော(ဆေခန်ဖှ)သည် တစ်ဦးတည်းမဟုတ်ဘဲ နာမည်တူများ ( ဆို(ဆေ) မိသားစု မင်းမျိုးနွယ်စုဝင်များ) ဖြစ်ကြပြီး၊ သက္ကရာဇ်ကာလ အားဖြင့် ကွဲပြား၏။ နန်ချို သျှမ်းဧကရာဇ် မင်းဆက် AD(650-1252) နှောင်း၌တစ်ဦး မောသျှမ်းတိုင်းပြည် စယ်လန့် ဧရာဇ်မင်းဆက် AD-1300-1772 ၌ တစ်ဦိး၊ မိုးညှင်းမင်းတရားကြီး စဝ်စောလုံ ၏သား အာဝနန်းရှင် သိုဟန်ဘွား AD-1505-1547 တစ်ဦး ဖြစ်ပါသည်။ သူတို့ သည် ဆို(ဆေ) မင်းနွယ်ဝင် များမှ ဖြစ်ကြပါသည်။  
တိုင်းလျဲန်(သျှမ်းနီ) တိုင်းခန္တီး တို့နှင့် တိုင်းကတူး (ကတူးသျှမ်း) တိုင်းကနန်း (ကနန်းသျှမ်း) တို့သည်လည်း၊ မောသျှမ်းများ တိုင်းနေ (အထက်သျှမ်း) အုပ်စုကြီးမှ သျှမ်းများသာ ဖြစ်ပါသည်။ မိုးညှင်း၊ ဝန်းသိုမှ အစ တိုင်းလျဲန်(သျှမ်းနီ) တိုင်းခန္တီးသျှမ်း တို့၏ ဘုရင် (စဝ်ဖှ) များအားလုံးသည် (ဆို-ဆေ) မိသားစုဝင် မင်းမျိုးများသား ဖြစ်ကြသည်။ မြန်မာအဝေးရောက် မြို့ဝန်များအဖြစ်ပြောင်းလည်းသတ်မှတ်ပြီး အင်္ဂလိပ်က (၆၄)နှစ်၊ ဂျပန် (၃)နှစ်၊ အင်္ဂလိပ် နောက်ထပ်ပြန်၍ (၂) လွတ်လပ်ရေးရပြီးသော အခါ ၁၉၄၇ ခုနှစ် နှိင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြခံဥပဒေ ပုဒ်မ -၆- ဖြင့် သျှမ်းနယ်များအား ကချင်တောင်တန်းဒေသနှင့်ပေါင်းစပ်ခါ ကချင်ပြည်နယ်ဟု သတ်မှတ်လေသည်။ ယခုကချင်ပြည်နယ်ဟု သတ်မှတ်ထားသော်လည်း သျှမ်းနီလူမျိုးများသည် ၅သိန်းခွဲကျော်ရှိ၍ ကချင်လူမျိုးများ ထက်များပါသည်။ စစ်ကိုင်းတိုင်းတွင် ၁၅သိန်းကျော် ကျန်ရှိနေပါသည်။ ထိုလူမျိုးများ၏ ဝမ်းနည်းဘွယ် ကောင်းသည်များ မှာ လွတ်လပ်ရေးပြီးမှ အမျိုးသားရေး လက္ခဏာများ တဖြေးဖြေးတိမ်မြုပ် ပျောက်ကွယ်လာပြီဖြစ်၍ အချို့ဆိုလျှင်းမိမိစာမပြောနှင့် မိမိစကားပင်လျှင် မသတ်ကြတော့ပေ သျှမ်းကြာလျှင်ဗာဖြစ်သည် ဆိုတကဲ့သို့ ဗမာဖြစ်သွားကြသည်  




Comments

Popular posts from this blog

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား

ဖ၊ဆ၊ပ၊လ ပဏာမ ပြင်ဆင်မှု ညီလာခံမိန့်ခွန်း