ရခိုင့်အနာဂတ်

ရခိုင့်အနာဂတ်
မအလ မိစ္ဆာတပ်ကို ကျွေးမယ့် ဝင်ငွေ အများစုက ရခိုင်ကို မှီခိုနေရတယ်။ မုတ္တမ ပင်လယ်ကွေ့ထဲက ဓာတ်ငွေ့တွေဟာ ခန်းခြောက်သွားပြီ။ လတ်လတ်ဆတ်ဆတ် ရှိသေးတာ ရခိုင်ကမ်းလွန်ပဲ။ အနှစ် ၃၀ ကြာရင်တော့ ဓာတ်ငွေ့ခန်းခြောက်ပြီ။
ငါးဖမ်းလုပ်ငန်းနဲ့ ပင်လယ်ဆိပ်ကမ်းပဲ အသုံးဝင်တော့မယ်။ ဒါပေမယ့် တရုပ်ပိုက်လိုင်းနဲ့ ရထားလမ်းက တရုပ်ပင်လယ်ထွက်ပေါက်ဖြစ်နေဦးမှာပါ။ အဲဒီ ၂ ခုက ဝင်ငွေရဦးမယ်။

ဓာတ်ငွေ့ပိုက်လိုင်းကလည်း အနှစ် ၃၀ ထုတ်ပေးနိုင်ရင်တောင် တရုပ်က ယူချင်မှ ယူမယ်။ ဆိုလာပြားတွေရဲ့ လျှပ်စစ်ထုတ်နှုန်း၊ ကုန်ကျစားရိတ်၊ ဘက်ထရီ တွေရဲ့ သိုလှောင်စွမ်း တိုးတက်လာတဲ့အတွက်၊ သိပ်မကြာခင်မှာ ရထားတွေ၊ ကားတွေ၊ ပင်လယ်ကူးသင်္ဘောတွေတောင် ဆိုလာသုံးစနစ်ဖြစ်တော့မယ်။ အိမ်သုံး ဆိုလာ လျှပ်စစ်ကို မဟာဓာတ်အားလိုင်းထဲ ထည့်ပြီး ရောင်းစားလိူ့ရလာပြီ။

 
တရုပ်မှာ ကတ္တရာလမ်းပေါ်မှာ ခင်းတဲ့ ဆိုလာပြားတောင် ပေါ်လာပြီ။ လျှပ်စစ်ကားတွေ စတင်သုံးလာပြီ။ တရုပ်မှာ ဂိုဘီ သဲကန္တာရကြီး ရှိတယ်။ အဲဒီမှာ ဆိုလာ လျှပ်စစ် ထုတ်လို့ရတယ်။ ဆိုလာပြား ဈေး ကျလာရင် ဖြစ်လာလိမ့်မယ်။ 
 


ဒါကြောင့် အမေရိကန်က ကမ္ဘာစစ်ဖြစ်ရင် သုံးဖို့ ချန်ထားတဲ့ မတို့မထိ ပဲ ဥ, ထားတဲ့ ရေနံသိုက်တွေကို တူးဖော်ခွင့် ပြုလိုက်ပြီ။  ရုရှ နဲ့ အရှေ့အလယ်ပိုင်းကို မမှီခိုကြနဲ့၊ အမေရိကန်က ရေနံရောင်းတော့မယ်။ အနှစ် ၃၀ အတွင်း ထုတ်မရောင်းရင် ဈေးကောင်းမရတော့ဘူး။ အရင်းရှင် စီးပွါးရေးသမားတွေဟာ လူလည်တွေပါ။
တွင်းထွက်လောင်စာ အပေါ် တည်ဆောက်ထားတဲ့ ပထဝီနိုင်ငံရေးဟာ အပြောင်းအလဲ ဖြစ်လာပြီ။ အနှစ် ၃၀ ကျော်ရင် တွင်းထွက်လောင်စာဟာ အရေးမပါတော့ဘူး။
သဘာဝ ပတ်ဝန်းကျင် အဖွဲ့တွေက ကျောက်မီးသွေး ကို ကန့်ကွက်သလို ကန့်ကွက်လာကြမယ်။ Green Energy ဘက်ကို ​ရွေ့လာပြီ။ ကားကုမ္ပဏီတွေ ​ရွေ့တာပဲ လူတွေ သိကြတယ်။ Shell လို ရေနံကုမ္ပဏီကြီးကိုယ်တိုင် မှာလည်း ရွေ့လာပြီ။ သူတို့ဟာ ရင်းနှီးမြုပ်နှံမှုကို တွင်းထွက်ကနေ လေအားနဲ့ နေအား ဆီကို ​ရွေ့တယ်။

 
Oil and Gas Majors Focus on Renewable Energy, Hydrogen, and Carbon Capture
 
ဒီတော့ ကမ္ဘာကြီးဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့အပေါ် မှီခိုမှု လျော့နည်းလာပြီ။

ရခိုင်ပြည် သက်တမ်း ၁၀၀၀ ဆိုပါစို့ သဘာဝဓာတ်ငွေ့အပေါ် မှီခို ချမ်းသာဖို့က အနှစ် ၃၀ ဆိုတာ ရေပွက်ပမာပဲ။
ရေနံထက် သဘာဝဓာတ်ငွေ့က တနေရာက တနေရာကို ပို့ဆောင်ရတာ ခက်တယ်။ ရခိုင်မှာ ရေနံ မထွက်ဘူး။ ဓာတ်ငွေ့ပဲ ထွက်တယ်။ ခဲမဖြူ၊ အဖြိုက်နက်၊ ကျောက်စိမ်း၊ သစ်လို ကားနဲ့ ခိုးထုတ်လို့မရဘူး။ ပိုက်လိုင်းလိုတယ်။


ဘင်္ဂလားက နူကလီယား လျှပ်စစ် သုံးနေပြီ။ ရခိုင် သဘာဝဓာတ်ငွေ့ကို တရုပ်ကလွဲလို့ ဝယ်မယ့် သူမရှိ။ နိုင်ငံရေးအခြေအနေမကောင်းရင် သူခိုးဈေးနဲ့ ရောင်းရမယ်။ တရုပ်က ရခိုင်မှာ ဓာတ်အားပေး စက်ရုံဆောက်ပြီး မြန်မာပြည်တွင်း သုံးဖို့ ရောင်းမယ် ဆိုရင် ကိုယ်ကတောင် ပြန်ပေးရဦးမယ်။
အေးမောင်တို့က ဒီအထိ မတွက်တတ်။ ရခိုင်ဝန်ကြီးချုပ် ဖြစ်ရင် အရာရာ အမိန့်ထုတ်ပြီး လုပ်ပြမယ် ကြံစည်တယ်။ မအလ တပ် သဘောမတူရင် လေတောင် ရှူခွင့်မရှိဘူး။ ဒီနေ့ လုပ်၊ မနက်ဖြန် မနက် လာ, ကုပ်သွားမှာပဲ။
 
 

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား