ဦးအောင်ထူး - နွေဦးတော်လှန်ရေးအောင်မြင်ဘို့ သော့ချက် အပိုင်း (၁)

ဦးအောင်ထူးက နွေဦးတော်လှန်ရေးအောင်မြင်ဘို့ သော့ချက်။ အပိုင်း (၁)  မှာ တရားဥပဒေ စိုးမိုးရေး လိုအပ်တယ်လို့ ပြောသွားတယ်။ Rule of Law  ပေါ့။ ၁၉၆၂ ရော ၂၀၂၁ ရော စစ်တပ်က အာဏာသိမ်းတာလည်း Rule of Law ကို ချိုးဖောက်လို့ ဖြစ်တယ်။ ရင်ကြားစေ့ရေး မအောင်မြင်တာလည်း Rule of Law ကို ချိုးဖောက်လို့ ဖြစ်တယ်။ 

Rule of Law  ဆိုတာ ဘာလဲ။ အများစုက ခိုး ဆိုး လုယက်မှုတွေကို ရဲက ဖမ်း၊ တရားရုံးက အပြစ်ဒဏ်ချတာကို တရားဥပဒေစိုးမိုးရေးလို့ သိကြတယ်။ အင်စတီကျူးရှင်းတွေက Rule of Law ကို လိုက်နာပြီး ယှဉ်ပြိုင် ရမယ်ဆိုတာ အရေးအကြီးဆုံးပဲ။  Law ဥပဒေ ဆိုတာမှာ တရားသော ဥပဒေ ဖြစ်သင့်တာပေါ့၊ ဒေါ်အောင်ဆန်းစုကြည်က  မိမိကို ဖိနှိပ်ထားတဲ့ Unjust Law မတရားသော ဥပဒေအောက်မှာ  ယှဉ်ပြိုင်တာတောင် မြန်မာစစ်တပ်က စည်းကမ်းဖောက်ခဲ့တယ်။ ဒီတော့ ရင်ကြားစေ့ရေးဟာ မင်းမှာ သစ္စာ လူမှာ ကတိ မရှိတဲ့ မြန်မာစစ်တပ်နဲ့ ထပ်ဖြစ်စရာ မရှိဘူး။  ကစားကွင်း Ground ပျောက်သွားပြီ။ တိုင်းရင်းသားတချို့က Rule of Law မရှိတဲ့ ground မှာ ဝင်ကစားချင်ကြသေးတယ်။ မြန်မာစစ်တပ်အတွက် မောက်မာစရာပဲ၊ ဖိုးပြုံးချိုက ပြုံးနေပေမယ့် စစ်တပ်မူဝါဒက  မောက်မာဖို့ လောင်စာထိုးပေးနေတာပဲ။ အဲဒီတော့ ထပ်ပြီး အလိမ်ခံကြဦးပေါ့။ 

ဦးအောင်ထူး ပြောတဲ့ Rule of Law ဟာ တိုင်းရင်းသား အချင်းချင်းကြားမှာ ရှိဖို့ လိုတယ်။ အထူးသဖြင့် လက်နက်ကိုင်တွေ အကြားမှာ တရားသော ဥပဒေတခုကို တည်ထောင်၊ တည်ထောင်ပြီး အားလုံး လိုက်နာ၊ မလိုက်နာရင် အရေးယူခံရဲဖို့ "မင်းမှာ သစ္စာ၊ လူမှာ ကတိ" ရှိကြဖို့ ပြောတာပါ။  

ကောင်းပြီ။   တိုင်းရင်းသား အချင်းချင်းကြားမှာ ဘုံလိုက်နာရမယ့် ဥပဒေဟာ ဘာလဲ? ဦးအောင်ထူး အဆိုက " အခြေခံဥပဒေ" ဖြစ်ပါတယ်တဲ့။ ကြားကာလ ဖက်ဒရယ် ဒီမိုကရေစီ ချာတာ အပိုင်း (၂) ကရော ဥပဒေ မဟုတ်ဘူးလား လို့ မေးရင် သူ ဘယ်လို ဖြေမလဲ။ ဥပဒေဆိုတာ အားလုံးသဘောတူထားတဲ့ စည်းမျဉ်းပဲ။ " အခြေခံဥပဒေ" ပြောပြော၊ ဖက်ဒရယ် ဒီမိုကရေစီ ချာတာ အပိုင်း (၂) ပြောပြော ၊ ့မြေပြင်နဲ့ ကိုက်ညီတဲ့ စည်းမျင်းပဲ လက်တွေ ကျင့်သုံးလို့ ရတယ်။ မဟုတ်ရင် FCDCC လို ဖြစ်သွားမှာပဲ။

" အခြေခံဥပဒေ"  တခု ဖြစ်ပေါ်ဖို့ရာ တိုင်းရင်းသား လူမျိုးစုံ ပါဝင်ဖို့ လိုတယ်။ ပြည်သူကို မူကြမ်းတွေ ချပြပြီး ၊ ငြင်းကြ ခုန်ကြရင်း ဘုံသဘောတူညီချက်က ရှာကြရမှာဖြစ်တယ်။ ရခိုင်၊ ရှမ်း မွန် ပြည်နယ်က ပြည်သူတွေ EAO တွေ မပါပဲ ဘယ်လို " အခြေခံဥပဒေ"  ရေးမလဲ၊ 

 " ဗမာပြည်နယ်၊ ရှမ်းနီပြည်နယ်၊ တအောင်း၊ ပအို့ဝ်၊ ကိုးကန့်၊ ဝ၊ နာဂ ၊ ဓနု ပြည်နယ်တွေ ဘယ်လို ဖွဲ့စည်းမလဲ။ ဒါတွေ မပါပဲ ရေးမလား? ဗမာပြည်နယ်ကို ဗမာတွေ သဘော မတူပဲ ဇွတ်ရေးမလား? တိုင်းဒေသကြီး ၇ ခုကို ဗမာပြည်နယ်လုပ်မယ် ဆိုရင်သော သဘောတူမှာလား? ဗမာပြည်နယ်ဖွဲ့စေချင်တာ  ဗမာပြည်နယ် ဖြစ်စေချင်တာလား? ဗမာပြည်နယ်  ပိစိလေး ပေးပြီး ဗမာကို အင်အားနည်းအောင် ဝိုင်းပိတ်စို့ ချင်တာလား? EAO တွေကရော ဒီမိုကရေစီကို လိုက်နာမှာလား?  SNLD အရပ်သားပြည်နယ်စိုးရအောက်မှာ SSPP + RCSS က ပေါင်းစု အမှုထမ်းမှာလား? ပလက်ဝကို ဘယ်ပြည်နယ်ထဲ ထည့်မလဲ? ပဲခူးကို မွန်ပြည်နယ်ထဲ ထည့်ရွန် ပဲခူးသားတွေက လက်ခံမလား? ရှမ်းနီက မြစ်ကြီးနား၊ ဗန်းမော်ခရိုင်တောင်းရင် ပြည်သူ့ဆန္ဒခံယူပွဲလုပ်ပြီး ရှမ်းနီပြည်နယ် လုပ်ဖို့ KIO က သဘောတူမလား? ဒါမှမဟုတ် ပင်လုံစာချုပ် အတိုင်း တင်းခံနေမလား? ဝပြည်နယ် လုပ်ဖို့ရော ရှမ်းတွေက ၈ ပြည်ထောင်မူကို ဆက်ကိုင်ထားရင် ဝတွေက စစ်ရေးမလှုပ်ရှားပဲ နိုင်ငံရေးနည်းနဲ့ စားပွဲဝိုင်း ထိုင်မှာ သေချာလား? ၈ ပြည်ထောင်မူကို စွန့်လွှတ်ရင် ဗမာပြည်နယ်လည်း မဖွဲ့မှ တရားမယ်လို့ ဗမာတွေက ပြောရင် ခွဲထွက်မယ်လို့  ထပ်ပြောဦးမလား 

ခုချိန်မှာ တကယ်လိုအပ်တဲ့    ခိုင်မာတဲ့ မူဝါဒတွေကို  Charter မှာ  လိုရင်း တိုရှင်း ရေးသင့်တယ်။  အခုဖြစ်နေပုံက  Charter ဟာ Wikipedia လို စိတ်ကူးရတိုင်း ဟိုအဖွဲ့က တောင်းဆိုလို ဒီအဖွဲ့က အကြပ်ကိုင်လို့ စိတ်ကူးရတိုင်း ပြင်နေသလိုမျိုး ခံစားရတယ်။။ အခြေခံဥပဒေဟာ  မရေးမဖြစ်ဆို ရင်လည်း၊ Charter ကို အခြေခံပြီး      ပြည်နယ် နာမ၊ အရေအတွက်နဲ့ နယ်နိမိတ် ကို ကိန်းရှင် flexible ဖြစ်ဖို့လိုတယ်။  ပင်လုံစာချုပ်ပါ ဒီမိုကရေစီ အတိုင်း ပြည်နယ် နိုင်ငံသားတွေရဲ့ ဒီမိုကရေစီ နည်းနဲ့ ဆုံးဖြတ်ခွင့်ကို လေးစားလိုက်နာကြဖို့ လိုတယ်။ ၅ နှစ် / ၁၀ နှစ် တခါ ပြောင်းလွယ်ပြင်လွယ်ဖို့ လိုတယ်။ မဟုတ်ရင် နိုင်ငံရေးထွက်ပေါက်ပိတ်ပြီး စစ်ရေးနဲ့  နယ်လုနေတာနဲ့ Warring States တွေ ဖြစ်ကုန်မယ်။ ရင်ကြားစေ့ရေးဟာ တိုင်းရင်းသား အချင်းချင်းကြားမှာ လိုအပ်တယ်။   Rule of Law ကို မချိုးဖောက်ပါဘူးလို့ လည်း ကျနော်တော့ မယုံဘူး။ ဒီတော့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ  မူဝါဒကို အခိုင်အမာ ထားပြီး    ပြည်နယ် နာမ၊ အရေအတွက်နဲ့ နယ်နိမိတ် ကို ကိန်းရှင် flexible law ဖြစ်ဖို့ လိုတယ်။ ဒီမိုကရေစီ  ဆိုတာမှာလည်း ပြည်နယ်  နိုင်ငံသားတွေရဲ့ ဒီမိုကရေစီကို ဆိုလိုတယ်။ စစ်ဘုရင်တွေ လက်ထဲ အပ်လိုက် ဆိုတဲ့ ကချင်ဘုန်းကြီး ပြောသလို ကျီးထိုးထိုး လောက်ကိုက်ကိုက်ထားရင်၊ ဒေသတွင်း လုံခြုံမှု ထိခိုက်တယ်။ ပြည်နယ် တခုမှာ အာဏာရှင် ရှိရင် အခြားပြည်နယ်က အာဏာရှင် အလောင်းအလျာတွေကို တိတ်တစိတ် အားပေး မွေးမြူပြီး အာဏာရှင်ဝါဒ ပြန်ထကြွလာမယ်။ 

 နွေဦးတော်လှန်ရေးအောင်မြင်ဘို့ သော့ချက်။ အပိုင်း (၁)  မှာ ဦးအောင်ထူး ပြောတဲ့ တရားဥပဒေ စိုးမိုးရေး လိုအပ်တယ်။ ဒါပေမယ့် Stakeholder တွေက လေးစားလိုက်နာမှ Rule of Law  ဟာ ကျင့်သုံးလို့ရမယ်။ ဒီတော့  ဦးအောင်ထူး အနေနဲ့  ERO အားလုံး ( စိုးမိုးရေးအတွက် de facto   Stakeholders )  တွေက  လေးစားလိုက်နာအောင်  အကောင်အထည်ဖော်မလဲ implementation ကို ဆက်လက် အကြံပေးပါဦးလို့ တိုက်တွန်းပါတယ်။  တိုင်းရင်းသားပါတီ လူမျိုးစုံ ပြည်သူလူထုက  လေးစားလိုက်နာဖို့ ပြဒါန်းပေးမယ့်  ( de jure  Stakeholders ) CRPH က ဒီလောက် ပြောရဆိုရ မခက်ပါဘူး။

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား