မြန်မာစစ်တပ်ရဲ့ ပထဝီနိုင်ငံရေး ဂျင်း
မြန်မာစစ်တပ်ရဲ့ ပထဝီနိုင်ငံရေး ဂျင်း
========================
မြန်မာစစ်တပ်က လူထု နဲ့ တပ်တွင်းကို ပထဝီနိုင်ငံရေး ဂျင်းတိုက်ခဲ့တယ်။
မြန်မာစစ်တပ်ရဲ့ ပထဝီနိုင်ငံရေး ဂျင်း က ဒီလိုပါ .......
" ........ ချီးနား၊ အိန္ဒိယ နိုင်ငံတွေဟာ ကမ္ဘာ့ လူဦးရေ အများဆုံးနိုင်ငံတွေ၊ ပြီးတော့ စစ်အင်အားလည်း အကြီးမားဆုံးဖြစ်တယ်။ ချီးနားက ဘာသာမဲ့ ကွန်မြူနစ်တွေ ဖြစ်တယ်။ ဘဂ်လားဒေ့ရှ်က လူဦးရေပေါက်ကွဲနေတယ်။ စစ်အင်အားက တိုးတက်နေတယ်။ နိုင်ငံတကာ အစ္စလမ်မစ် အစည်းအရုံး OIC က နောက်ကွယ်မှာရှိတယ် ။ ....
ဒီနိုင်ငံတွေကြားမှာ ရှိတဲ့ နိုင်ငံငယ်လေးဟာ တပ်မတော် အင်အားရှိဖို့ လိုတယ်။ တပ်မတော် အင်အားမရှိရင် ကျွန်နိုင်ငံ ဖြစ်သွားမယ်။ တပ်မတော်ဟာ ပထဝီနိုင်ငံရေး အခြေအနေကြောင့် အမျိုးသားနိုင်ငံရေး ဦးဆောင်ရမယ်။ ဒီအိမ်နီချင်း နိုင်ငံတွေ ရှိနေသရွေ့၊ တပ်မတော်ဟာ အမျိုးသားနိုင်ငံရေး လုပ်ရမယ်။ .....
အမျိုးသား နိုင်ငံရေး ဆိုတာ ဖတ်ကောင်း ပြောကောင်းအောင် ရေးထားတာ။ လိုရင်းက စစ်ခေါင်းဆောင်တွေက အာဏာချုပ်ကိုင်ထားတာကို ပြောတာ။ ၈၈ မှာ ပြည်သူတွေက ဒီမိုကရေစီ လိုချင်တယ် ဆိုလို့ ၂၀၀၈ ခြေဥထဲမှာ ဒီမိုကရေစီလည်း ထည့်ပေးထားတယ်။ တရသတွေက ဖက်ဒရယ်လိုချင်တယ် ပြောလို့ ဖက်ဒရယ်လည်း ရေးပေးဦးမယ်။ ဘယ်သူ ဘာလိုချင်သေးသလဲ။ တချိန်က ဆိုရှယ်လစ် စနစ် လိုချင်ကြလို့ ဆိုရှယ်လစ် ဆိုတာလည်း ရေးပေးဖူးတယ်။ ပြည်သူလူထု လိုလားတဲ့ စနစ်မှန် အကျင့်မှန် လမ်းစဉ်မှန် ဆိုတဲ့ စစ်မှန်မှု ဟာ မလိုအပ်ဘူး။ စစ်အာဏာရှင် စနစ်သာ စစ်မှန်ဖို့လိုတယ်။ ......
၂၀၀၈ ခြေဥထဲက ပုဒ်မ ၆(စ) တပ်မတော်ဟာ အမျိုးသားနိုင်ငံရေး ကို ဦးဆောင်မည် ဆိုတာ စစ်အာဏာရှင် ခိုင်းတာ ပြည်သူတွေ၊ ပါတီတွေ၊ EAO တွေက လုပ်ရမယ်။ မလုပ်ရင် အာဏာသိမ်းမယ်။ ဖမ်းမယ် that မယ် လုယက်မယ် မျိုး thone ပစ်မယ် ......"
.... လို့ ဆိုလိုတယ်။
၁၀ နှစ် အကြာမှာ အများပြည်သူက သိကြတယ်။ တချို့ ပါတီတွေ၊ EAO တွေက မသိချင်ယောင် ဆောင်နေတယ်။ "ပထဝီနိုင်ငံရေး ကြောင့် စစ်အာဏာရှင် စနစ် လိုအပ်တယ် ၊ ပြည်သူ တွေ တောင်းဆိုတဲ့ ဆိုရှယ်လစ်၊ ဒီမိုကရေစီ၊ ဖက်ဒရယ် ဓာတုဆေး အမွှေးနံ့ အုပ်ပေးမယ် " ဆိုတဲ့ ဂျင်းကို ဒုတ်ဒုတ်ထိ သိကြဖို့ လိုတယ်။
တပ်မတော် အင်အားမရှိရင် ကျွန်နိုင်ငံ ဖြစ်သွားမယ် ဆိုတော့ ...
အနှစ် ၆၀ တိုင်းပြည်ရဲ့ သယံဇာတ၊ ဓနဥစ္စာ၊ မြေယာ၊ လုပ်ငန်း အကုန်လုံး လက်ဝါးကြီး အုပ်ထားတဲ့ အာဆီယံမှာ လူအင်အား ဓနအင်အားအကြီးဆုံး ဆိုတဲ့ တပ်မတော်ဟာ ..







ဒီတော့ ပထဝီနိုင်ငံရေး ဂျင်းဟာ "ပြည်ပ ကျူးကျော်စစ်"ဒေဝေါကြီး လာလိမ့်မယ် ဆိုပြီး ကလေးဆီက မုန့်ညာစားတဲ့ ခြောက်လုံး တခုပဲ။
အရှေ့တောင်အာရှမှာ အင်အားအကြီးဆုံး ကုန်းဘောင်ခေတ် မြန်မာ့တပ်မတော်ဟာ "ပြည်ပ ကျူးကျော်စစ်"ကို တကယ်တမ်း မတွန်းလှန်နိုင်ပါ။ ခုခံစစ် ကောင်းစွာ မလုပ်ပဲ လက်နက်ချ အညံ့ခံခဲ့တဲ့ သမိုင်းရှိပါတယ်။


Comments
Post a Comment