ဆန်မရှိ စောက်စားကြီး၊ အလှမ်းကျယ် အလယ်လပ်

 မြန်မာ အင်္ဂျင်နီယာတွေဟာ စတွေးပြီ ဆိုတာနဲ့ နောက်ဆုံးပေါ် နည်းပညာက စပြီး ငါးကြင်းခေါင်းကိုင်ကြတာပဲ။ ခေတ်ဟောင်းနည်းပညာကို အထင်မကြီးကြဘူး။ ခေတ်ဟောင်းနည်းပညာမှာ အားနည်းချက် ချို့ယွင်းချက်တွေရှိလို့  အဆင့်ဆင့် တိုးတက်အောင် လုပ်ရင်း အဆင့်မြင့်လာတာပါ၊ ဒီနေ့ခေတ်မီပါတယ်ဆိုတဲ့ နည်းပညာဟာ အနာဂတ်မှာ ပြတိုက်ထဲ ပို့ရဦးမှာပဲ၊ ဒါပေမယ့် သတိလစ်ဟင်းနေတဲ့ အချက်တခုက နည်းပညာ ခေတ်မီလေလေ ကိုယ်တိုင် ထုတ်လုပ်ဖို့ ခက်ခဲလေလေ စားရိတ်စက ကြီးမားပဲ။ နည်းပညာ ရှေးကျလေလေ တိကျမှု စွမ်းဆောင်ရည် နည်းပါးလေလေ ထုတ်လုပ်ဖို့ လွယ်ကူလေလေ ကုန်ကျစားရိတ် နည်းလေလေပဲ။

ဥပမာ M16 ကို ပစ်အားနဲ့ စွမ်းဆောင်ရည်ဟာ တူမီးကို ယှဉ်မရတာ လူတိုင်း သိတာပဲ။ ဒါပေမယ့် ငွေတမတ်နဲ့ ငါးကြင်းခေါင်းကိုင်လို့ မရတာ ကန့်သတ်ချက်ပဲ။ ဒီတော့  M16 တလက်ကို သိန်း ၈၀ ပေးဝယ်မလား၊ သယ်ရခက်မယ်၊ ဖမ်းမိရင်လည်း အကုန်မှောက်မယ်၊ ကျည်လည်း ရှားမယ်။ သိန်း ၈၀ နဲ့  ၆ ချက်ပစ် တူမီး ၁၀ လက် ထုတ်နိုင်ရင် ဒေသတွင်း ထုတ်လုပ်နိုင်မယ်၊ ကျည်ပြသနာပူစရာမလိုဘူး။ လမ်းမှာ အဖမ်းခံရစရာလည်းမရှိဘူး။ ဒီလို Pros Cons တွေကို ချိန်ခွင်တင်ပြီး စဉ်းစားသင့်တယ်။ တဖန် M16 ဝယ်လိုအားက လျော့ကျလာရင် သိန်း ၂၀ ဝန်းကျင် ပြန်ဖြစ်မယ် ဆိုတာလည်း တွက်ရမယ်၊ ဒီတော့ ဈေးကွက်က မိမိကို ကစားတာ ခံမလား မိမိက ဈေးကွက်ကို ပြန်ကစားမလား စဉ်းစားကြဖို့ လိုတယ်။ 




 https://minthitburma.blogspot.com/2022/06/blog-post_21.html

https://minthitburma.blogspot.com/2022/06/blog-post_58.html

https://minthitburma.blogspot.com/2022/06/blog-post_18.html

https://minthitburma.blogspot.com/2022/06/revolving-rifles.html

https://minthitburma.blogspot.com/2022/03/blog-post.html

https://minthitburma.blogspot.com/2022/04/blog-post.html

https://minthitburma.blogspot.com/2022/04/nug_8.html

https://minthitburma.blogspot.com/2022/04/blog-post.html

 နောက်ပြီး လေယာဉ်ပစ် ကိစ္စမှာလည်း MANPADS ကို တန်းပြီး လှမ်းကိုင်တယ်။  MANPADS အစား ဒီထက် တန်းနိမ့်တဲ့ guided missile တွေကို ကိုယ်တိုင်လုပ်ဖို့ ကြံသင့်တယ်။  " လူတိုင်းသေနတ်ပေးလို့ မဖြစ်ဘူး၊ ဝါးချွန်နဲ့ ထိုးကြ၊  တမီးလ်ကျားသူပုန်" ဂျင်တွေးလို    MANPADS ဂျင်းတွေ တက်လာတယ်။MANPADS  က နိုင်ငံတကာ တားမြစ်ပစ္စည်း၊ အရပ်ဘက်လေကြောင်းလိုင်းကို ပစ်ချမှာ စိုးလို့ ဝယ်ပြီးရင်တောင် ပစ်ချင်တိုင်း ပစ်မရဘူးဆိုပဲ။   ဝယ်မရ သယ်မရ ပစ်မရ  ဖမ်းမိရင် အကုန်ပါသွားတဲ့ ဈေးကြီး တွေအစား၊ လက်နိုင်ခြေနိုင် camera တပ်  manual control ကို  တီထွင်သင့်တယ်။ pulsejet engine နဲ့  rocket ကို camera တပ် remote controlled  အဖြစ် ဖန်တီးမယ်ဆိုရင် ( တိုက်လေယာဉ် ပစ်မရတောင်) ရဟတ်ယာဉ်တော့ ပစ်ရနိုင်တယ်။


Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား