ကာလံ ဒေသံ ပယောဂံ

 

False Hope တွေ မေမေ့အကွက် Plan B to Z တွေ ရေးလေ့ရှိတဲ့ မုဆိုးလက် က 

ဂါမဏိ ဂျိုင်းအောက်က ချပ်ကြိုးဟာ ဓာတ်ငွေ့ပိုက်လိုင်း ဆိုပြီး PDF တွေကို ဖောက်ခွဲဖို့ မြှောက်ပေးနေတယ်

The cross-border China-Myanmar oil and gas pipeline: from Kyaukpyu to... |  Download Scientific Diagram

ကာလံ ဒေသံ ပယောဂံ ဆိုတာကို သူနားမလည်တာလား တမင်ချောက်ချတာလား မသိဘူး

" လုံးဝအုပ်ချုပ်လို့ မရ" အောင် UG တွေ က စကစ ကို အမြဲ နှောက်ယှက် ရမှာ စကစ အုပ်စီးထားတဲ့နယ်မြေတွေအတွက်ပဲ ဖြစ်တယ်။ NUG EAO  အုပ်စီးထားတဲ့ နယ်မြေမှာ  "လုံးဝအုပ်ချုပ်နိုင်ရမည်" ၊အေးချမ်းသာယာ ဝပြောနေသည် ဆိုတာကို  ပြသဖို့ လိုတယ်။

တနည်းပြောရရင် စကစ စိုးမိုးနယ်မြေမှာ De Facto မရှိအောင်လုပ်ပြီး NUG EAO အုပ်စီးထားတဲ့နယ်မြေမှာ   De Facto ရှိအောင် လုပ်ရမှာ ဖြစ်တယ်

NUG EAO စိုးမိုးနယ်မြေထဲမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကို အာမခံပြီး၊ စကစ စိုးမိုးနယ်မြေထဲမှာအာမ၊ မခံတာ ဖြစ်ရမယ်။ 

NUG EAO စိုးမိုးနယ်မြေထဲမှာ ရာဇဝတ်မှု ကင်းစင်ပြီး တရားဥပဒေစိုးမိုးရမယ် ၊ စကစ စိုးမိုးနယ်မြေထဲမှာ ရာဇဝတ်မှု တွေ ထူပြောပြီး တရားဥပဒေ မစိုးမိုးတာ ကိုယ့်အလပြ် မဟုတ်ဘူး

ဒီလို ကာလံ ဒေသ ပယောဂံ မှန်ကန်ဖို့ လိုတယ်။

ဒါက "ဒေသံ" နယ်မြေ ကို အခြေခံ တွေးတာ။ " ကာလံ" ဆိုတာ ရှိတယ်။ လုပ်သင့်တဲ့ အချိန် မှာ လုပ်ရမယ်။ " ပယောဂံ" ဆိုတာ  လုပ်ပုံ လုပ်နည်း ပရိယာယ် မှန်ကန်ဖို့ လိုတယ်။

တရုပ်က NUG EAO သွယ်ဝိုက်  တွေကို သွယ်ဝိုက် အကျိုးမဲ့ စေရင် မိမိဘက်ကလည်း သွယ်ဝိုက်အကျိုးယုတ်အောင် လုပ်ရမယ်

တရုပ်က NUG EAO သွယ်ဝိုက်  တွေကို တိုက်ရိုက်  အကျိုးမဲ့ စေရင် ၊ မိမိဘက်ကလည်း တိုက်ရိုက်  အကျိုးယုတ်အောင် လုပ်ရမယ်။ 

လုပ်တဲ့ နေရာမှာလည်း သိသာ သိစေ မမြင်စေနဲ့ ၊    ဘယ်သူက ဘာနဲ့ ထိုးလို့ ဘယ်လို 

ဖြစ်တယ်  ဂုဏ်ဖော် မဏ္ဏပ်တိုင် မတက်ပဲ၊ ... NUG အတွက် နိုင်ငံတကာ ဆက်ဆံရေးမှာ 

... ပြောင်းသာ ပြင်သာ ၊ ဆုတ်သာ တက်သာအောင်၊ ... အကွက်ချန်ရမယ်။


အချိန် မကျခင် မလုပ်ရ၊ အချိန်ကျမှ စကစ စိုးမိုးနယ်မြေ ထဲက ပစ်မှတ်ကို ခြိမ်းခြောက်နိုင်ကြောင်းပြရမယ်

ဘယ်အချိန်လဲ ဆိုတာ  မိမိဘာသာ ဆုံးဖြတ်ရမှာ မဟုတ်ဘူး။ ပြည်သူထဲက ဆုံးဖြတ်ချက် အသံ ထွက်လာလိမ့်မယ်။

စကစ စိုးမိုးနယ်မြေထဲက တစုံတခုဟာ ဟာ ပြည်သူကို ဘယ်လို တိုက်ရိုက်  ဒုက္ခပေးနေတယ် ဆိုတာကမ္ဘာသိအောင် ရှေးဦးစွာ  ချပြဖို့ လိုတယ်။ 

ဒါကလည်း PDF EAO  စိုးမိုးနယ်မြေ ရခိုင်၊ စစ်ကိုင်း ၊မကွေး၊ ကချင်၊ ရှမ်း ကရင် ၊ကရင်နီ၊ ချင်း မှာ လုပ်ဖို့ မဟုတ်။ 

အဲဒါကို ကာကွယ်ဖို့ တရုပ်တပ်တွေ  PDF EAO  စိုးမိုးနယ်မြေ ထဲ ဝင်လာရင် အကုန်ရှုပ်ကုန်လိမ့်မယ်။ 

ကတုတ်ကျင်းဟာ ရန်သူ စိုးမိုးနေချိန်မှာ ရန်သူ့ အကာကွယ် ဖြစ်သလို မိမိသိမ်းပိုက်ထားရင် မိမိအကာအကွယ် ဖြစ်တယ်။ 

လက်နက်ဟာ ရန်သူ့လက်ထဲမှာ ရှိရင် အန္တရာယ်ဖြစ်ပြီး မိမိလက်ထဲမှာ ရှိရင် လုံခြုံရေး ဖြစ်တယ်။ 

နိုင်ငံခြား ရင်းနှီးမြုပ်ဟာ ရန်သူလက်ထဲမှာ ရှိရင် မိမိကို ဒုက္ခပေးပြီး မိမိလက်ထဲမှာရှိ ရင် သုခပေးတယ်



 

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား