ဖက်ဒရယ်ပြည်ထောင်စု နဲ့ ဖက်ဒရယ် တပ်မတော် မခက်ပါ

 ဖက်ဒရယ်ပြည်ထောင်စု နဲ့ ဖက်ဒရယ် တပ်မတော် မခက်ပါ

ပထမဆုံး ယာယီ ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အရင်ဆုံးပေါ်ပေါက်ရမယ်။ ဒီအပေါ်မှာ ဖက်ဒရယ် ကြားဖြတ်အစိုးရ တရပ် ဖွဲ့မယ်။ ဒီအစိုးရကို ကာကွယ်ပေးမှာက ဖက်ဒရယ်တပ်မတော်ပဲ


သတိထားဖို့က ဖက်ဒရယ်တပ်မတော်ဟာ ယာယီ ခြေဥနဲ့ အစိုးရကို ကာကွယ်ပေးဖို့ သက်သက်ပဲ။  နိုင်ငံရေးအဆင့်ကို ဆုံးဖြတ်ဖို့ မဟုတ်ဘူး။


ဖက်ဒရယ် ကို အဓိ တားဆီးနေတဲ့ မြန်မာစစ်တပ်ကို ဖယ်ထုတ်ထားတဲ့အတွက်  ဖက်ဒရယ်အရေးမှာ  အဓိက အတားအဆီးကြီး မရှိတော့ဘူး


ဒါဆို ဘာက ပြဿနာရှိနိုင်သလဲ။  ဖက်ဒရယ် ပြည်နယ်တွေရဲ့ နယ်နိမိတ်သတ်မှတ်ရေး ကိစ္စ။  ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို သွားမယ်ဆိုရင် ဖက်ဒရယ် တပ်မတော်ဟာ နိုင်ငံရေးမှာ ပါစရာ မရှိဘူး။ ဒါကို ပြတ်ပြတ်သားသား သိဖို့လိုတယ်။ နယ်နိမိတ် သတ်မှတ်ရေးဟာ တိုင်းရင်းသားတပ်တွေရဲ့ စစ်အင်အားကို မှီပြီး သတ်မှတ်တာ မဖြစ်ရဘူး။


ဒါဆို ဘယ်နည်းနုဲ့ ဖြေရှင်းမလဲ။


ယာယီ ကြားဖြတ် အစိုးရလက်ထက်မှာ ယာယီ ပြည်နယ်နယ်မြေတွေအတိုင်းပဲ ထားမယ်။   တရားဥပဒေစိုးမိုးရေး နဲ့ အစိုးရယန္တရားလည်ပတ်လာတဲ့အခါ လွှတ်တော်ခေါ်ရမယ်။ အဲဒီလွှတ်တော်မှာ တိုင်းရင်းသားကိုယ်စားလှယ်တွေ စုပေါင်းပြီး အဖြေရှာကြမယ်။ ပြည်နယ် တခုချင်းဆီက လူထု ကိုယ်စားလှယ်တွေနဲ့ ဒီမိုကရေစီနည်းကျကျ  ဆွေးနွေးမယ်။ ပြည်နယ်လူထု ဆန္ဒခံယူမယ်။ (ပြည်နယ်လူထုနော်။ တပြည်ထောင်စုလုံးက လူထုမဟုတ်ဘူး)


ပြီးရင် ယာယီ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံ မှာ ပြင်ဆင်ချက်တွေ ထည့်ပေါင်းမယ်။ 


ပြည်နယ် နယ်နိမိတ်ဟာ ကိန်းသေ မဟုတ်ဘူး။ ကိန်းရှင် ဖြစ်တယ်။ မြို့နယ်တခုဟာ  မြို့နယ်လူထုရဲ့ ဒီမိုကရေစီနည်းကျ ဆန္ဒမဲအပေါ်မှာ ဘယ်ပြည်နယ်အောက် နေမယ်ဆိုတာ ဆုံးဖြတ်ရမယ်။ ဒါကလည်း အပြီးအပြတ် မဟုတ်ဘူး။ ၁၀ နှစ်တကြိမ် မြို့နယ်  လူထု ၃၀% က တောင်းဆိုရင် မြို့နယ် လူထု ဆန္ဒခံယူပွဲ ကျင်းပပေးပြီး ဆုံးဖြတ်ရမယ်။ 


ပြည်နယ်အရေအတွက်ကလည်း ကိန်းသေ မဟုတ်ဘူး။ ကိန်းရှင် ဖြစ်တယ်။ အထက်မှာ ရေးထားသလိုပဲ ပြည်နယ်အသစ် ဖြစ်တည်ဖို့ အဲဒီဒေသက လူဦးရေး ၃၀ % က တောင်းဆိုရင် ဒေသလူထုဆန္ဒခံယူပွဲ လုပ်ပေးရမယ်။ ပြည်နယ် သတ်မှတ်ချက် အခြေခံဥပဒေပြင်ဆင်မှုက ၁၀ နှစ်ပြည့်တိုင်း တောင်းဆိုခွင့်ရှိတယ်။  


ပြည်နယ်အသစ်ပေါ်လာရင် ပြည်နယ်တပ်မဟာအသစ် ဖွဲ့စည်းရမယ်။ နဂိုပြည်နယ်တပ်မဟာက စစ်သည်တွေ ရွေ့ပြောင်းအမှုထမ်းခွင့်ရှိရမယ်။  ပြည်နယ်တပ်မဟာတခုရဲ့ စစ်သည် အရေအတွက်ဟာ လူဦးရေ အချိုးအစားအပေါ် မူတည်တယ်။ 


နည်းပညာမြင့် အထူးကျွမ်းကျင် တပ်ဖွဲ့ဝင်တွေနဲ့ စီမံခန့်ခွဲရေး ကျွမ်းကျင်ပညာရှင် အပိုင်းကလွဲလို့ အရာရှိ အရာထမ်းတိုင်းဟာ ပြည်နယ်သူပြည်နယ်သားတိုင်းက အလှည့်ကျစစ်မှုထမ်းသူတွေပဲ ဖြစ်ရမယ် ကိုယ့်ပြည်နယ်က ရွေးကောက်ခံသူကပဲ ကိုယ့်ပြည်နယ်ကို အုပ်ချုပ်ရမယ်။


ဖက်ဒရယ် တပ်မဟာတွေဟာ နိုင်ငံရေးနဲ့ ကင်းရှင်းရမယ်။ ဖက်ဒရယ်တပ်မဟာတွေက စုပေါင်း ဦးဆောင်စနစ်နဲ့ အလှည့်ကျစစ်ဦးစီးချုပ် ခန့်အပ်မယ်။ စစ်သေနာပတိချုပ်က နိုင်ငံတော် သမတ ဖြစ်ရမယ်။ 


ရာဇဝတ်မှုရာဇဝင်ရှိသူ၊ သာသနာ့ဝန်ထမ်း၊ စိတ်ပိုင်းပြဿနာရှိသူကအပ လူတိုင်း လက်နက်ငယ် ကိုင်ဆောင်ခွင့်ရှိရမယ်။ အခြေခံ စစ်ဗျူဟာ ပညာ ကို တက္ကသိုလ်တွေမှာ သင်ကြားပေးရမယ်။  ဥပဒေပညာကို အထက်တန်းအဆင့်မှာ သင်ကြားပေးရမယ်။ လူတိုင်း အလှည့်ကျ  တဆက်ထဲ ဖြစ်စေ၊ ပိုင်းခြားပြီး ဖြစ်စေ   နှစ် စစ်မှုထမ်းရမယ်။  တနှစ်ကို တလ စစ်ရေးမွမ်းမံတက်ရမယ်။ အမြဲတမ်း စစ်သား ဟာ မဟာဗျူဟာမြောက် လက်နက်ကြီးတပ်တွေနဲ့ ပြည်ထောင်စု ရေတပ် လေတပ်မှာပဲ ထားမယ်။ 

 


ဓာတ်ပုံက ရှေးသရာအခါ ပြည်ဗာရာမှာ ဖက်ဒရယ်တပ်မတော် ( F.U.A) လက်မောင်းတံဆိပ်ကြီးနဲ့ AA ဒု တပ်မှူးချုပ် ညိုထွန်းအောင်ပါ


F.U.A = Federal Union Army






Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား