Posts

Showing posts from May, 2022

အကြမ်းဖက်မှုတွေအတွက် NUG မှာ တာဝန်ရှိသလား

Image
အကြမ်းဖက်မှုတွေအတွက် NUG မှာ တာဝန်ရှိသလား NUG ဟာ De Jure အစိုးရပဲ။ တရားဝင်မှုအရ ဖြစ်လာတဲ့ အစိုးရ။ အဲဒီအစိုးရမျိုးက ကြေညာချက်ပဲ ထုတ်တယ်။ လိုက်နာတာ မလိုက်နာတာ ကို အရေးယူဖို့ သူ့မှာ တာဝန်မရှိဘူး။ တာဝန်ခံခိုင်းလို့လဲ မရဘူး။ ဘာကြောင့်လဲ ဆိုတော့ သူဟာ De Facto အစိုးရလို ဥပဒေစိုးမိုးရေး ယန္တရားကို ထိန်းချုပ်ထားခြင်း မရှိ လို့ပဲ။ ဥပဒေစိုးမိုးရေး ယန္တရားဆိုတာ ရဲ၊ တရားရုံး၊ အကျဉ်းထောင် ဖြစ်တယ်။ ဒါကြောင့် NUG က အကြမ်းဖက်စစ်င်စီကောင်စီကို ခုခံ တော်လှန်ဖို့ ကြေညာတယ်။ သတိပြုရမှာက NUG ဟာ ကလေးသူငယ်နဲ့ အရပ်သားတွေ အပေါ် အကြမ်းမဖက်ဖို့ စတဲ့ စစ်ရေးကျင့်ဝတ်တွေ ကို ကြေညာတယ်။ နည်းလမ်းမျိုးစုံနဲ့ အသိပညာပေးတယ်။ ဒါ သူ့တာဝန်အကုန်ပဲ။ NUG က အကြမ်းဖက်ကြပါလို့ ကြေညာထားတာ တခုမှ မရှိဘူး ။ ဒီတော့ အကြမ်းဖက်မှုတွေ ဘယ်ဘက်ကပဲ လုပ်လုပ်၊ ဥပဒေအရ အရေးယူရမှာက De Facto ကို ကိုင်ထားတဲ့ စကစ တာဝန်ပဲ ။ တခုတော့ နားလည်ဖိုလိုတယ်။ စစ်သည်အချင်းချင်း စစ်တိုက်တာ အကြမ်းဖက် တယ်လို့ ပြောရင် အမေရိကန်ကအစ တရုပ်အဆုံး အကုန်လုံး အကြမ်းဖက်တွေပဲ ဖြစ်ကုန်လိမ့်မယ်။ ဘူးလုံးနားမထွေး ဖြစ်နေရင် အဲဒါကို အရင်သိအောင် လုပ်ဖို့ လိုတယ်။ နိုင်ငံမှာ ဖြစ်ပျက်နေတဲ့

တွေးမိသမျှ ဖက်ဒရယ် စီးပွါးရေး

Image
တွေးမိသမျှ ဖက်ဒရယ် စီးပွါးရေး =============== နိုင်ငံရေးဆိုတာ အာဏာ ၃ ရပ်၊ တရားဝင်မှု၊ နယ်မြေစိုးမိုးမှု၊ မဘသ အသုံးချမှုတွေ ပြောဆိုနေပေမယ့် တကယ့်အရင်းအမြစ်က အောက်ခြေ ပြည်သူလူထု နေ့တဒူဝ စားဝတ်ရေး ၊ ပညာရေး၊ ကျန်းမာရေး၊ လူနေမှုဘဝ လုံခြုံ အေးချမ်း ချမ်းသာ ကျန်းမာ ပျော်ရွှင်နေကြဖို့ပဲ။ ဒါတွေက စီးပွါးရေးနဲ့ ဆက်နွယ်တယ်။ လွတ်လပ်ရေးကြိုးပမ်းချိန်ထဲက မြန်မာတွေဟာ လွတ်လပ်ရေး ရပြီး စီးပွါးရေးကို တွေးခေါ်ကြတယ်။ ကိုလိုနီ စီးပွါးရေးက ဆန်စပါး၊ သစ်၊ ကုန်းတွင်း ရေနံ၊ သတ္ထု အပေါ်အခြေခံတယ်။ အင်္ဂလိပ်ကုမ္ပဏီ စာရင်းမှာ ဒါတွေချည်းပဲ။ ကုန်စည် သယ်ယူပို့ဆောင်ရေး လည်းပါတယ်။ မြန်မာပြည်မှာ လယ်လုပ်သား မလုံလောက်လို့ အိန္ဒိယက သွင်းရတယ်။ အခြား တိုင်းရင်းသား ဒေသတွေမှာ ကိုလိုနီခေတ်ထဲက သတ္ထုတွေ ထုတ်ယူနေတာ ရှိပေမယ့် စက်ကိရိယာ မတိုးတက်တာက တကြောင်း၊ အင်္ဂလိပ်က ထာဝရကိုလိုနီ လုပ်မှာမို့ အလွန်အမင်း အားမစိုက်တာက တကြောင်းကြောင့် သစ်တော သယံဇာ မတို့မထိရသေးတာတွေ တပုံကြီး ကျန်တယ်။ တို့ဗမာအစည်းအရုံးက တည်ထောင်ခါစက သခင်ဘသောင်း တို့ စတင်တာမို့လို့ လက်ယာဝါဒ ဖြစ်ပေမယ့် သခင်အောင်ဆန်းတို့ ဝင်လာပြီး လက်ဝဲဝါဒ ပြောင်းသွားတယ်။ တူတံစဉ်က သ

လူမျိုးကြီးဆိုတာ ဘာလဲ (ဗိုလ်ချုပ်အောင်ဆန်း)

Image
ဒီမိန့်ခွန်းကို ပြန်ဖတ်ကြည့်မှ ယနေ့ လက်ရှိကာလ ယှဉ်ထိုးပြီး ထူးခြားချက် ၂ ချက်ကို မြင်ရတယ် (၁) " လူမျိုးကြီး " ဆိုတဲ့ ဝေါဟာရဟာ လွတ်လပ်ရေးရပြီး၊ ပြည်ထောင်စုကြီး ဖြစ်ပေါ်ပြီးမှ အခြားတိုင်းရင်းသားများက မြန်မာ (ဗမာ) လူမျိုးရဲ့ လက်ဝါးကြီးအုပ်မှုကို နာကျည်းလို့ ပေါ်ပေါက်လာတဲ့ ဝေါဟာရ မဟုတ်ပဲ၊ ဒီလို ဒုက္ခ သုက္ခတွေ မရှိခင်ကတည်းက ရှိနှင့်ပြီးတဲ့ ဝေါဟာရ တရပ် ဖြစ်တယ်။ ဒါဆိုရင် သိသိနဲ့ ပင်လုံစာချုပ်ကို လက်မှတ်ထိုးခဲ့ကြတယ်၊ " ၁.  ဝေါဟာရနဲ့ ဆက်စပ် အကြောင်းအရာရော  ၊ ၂. ဗမာပြည်နှယ် မဟုတ်ပဲ တိုင်း ၈ တိုင်း ရှိနေတာရော"  ထိုအချိန်က အားလုံး သိရှိပြီး ဖြစ်တယ်။ လွတ်လပ်စွာ ရေးသား ဖော်ထုတ်ခွင့်ရှိပါလျက် ဘယ်တိုင်းရင်းသားကမှ မပြော မဆို မရေးသားခဲ့ တာ ထူးခြားချက်တခုပါ။ (၂) ဗိုလ်ချုပ်အောင်ဆန်း ပြောတဲ့ " လူမျိုးကြီး " အကြောင်းခြင်းရာဟာ လူမျိုးပေါင်းစု ဖြစ်တယ်၊ သူက ထပ်၍ ရှင်းထားပါသေးတယ်။ " တနိုင်ငံလုံးမှာ မြန်မာအပါအဝင် အားလုံး စုပေါင်းပါမှ လူမျိုးကြီး တမျိုး ပဲ ရှိမယ်၊ ဥပမာ အမေရိကန်လူမျိုး " လို့ တိတိကျကျ ပြောထားပါရက်နဲ့  နောက်လူတွေက " လူမျိုးကြီး "  ကို အဆိုးမြင် ပ

စု ရွေး လွှတ် ဆိုတာ ဘယ်နေရာ မှားနေသလဲ။

Image
NLD   ၀၂ ဖေဖော်ဝါရီ ၂၀၂၁ က ကြေညာချက် အဟောင်းကို ကိုင်ပြီး  " စုရွေးလွှတ် " ကို ခေါင်းစဉ်တင်ကာ ဟိုဘက် ဒီဘက် ( နှစ်ဘက်စလုံး ဒလန်တောင် ဖြစ်နေနိုင်)တွေက ဆန်းဆန်းတင့် ဖြစ်နေကြတယ်။ NUCC မှာ KIO အစည်းအဝေး မတက်တာရောက NLD အစည်းအဝေး မတက်တာရော၊ ပေါက်ကြားလာတာ NUCC ထဲ နုတ်မစောင့်သူတွေ၊ စည်းကမ်းဖောက်သူတွေပါဝင်နေတာ ထင်ရှားတယ်။   စု ရွေး လွှတ် ဆိုတာ ဘယ်နေရာ မှားနေသလဲ။ စု =  ဒေါ်စု လွှတ်ဖို့ တောင်းဆိုတာ မှားနေလို့လား။ ဒေါ်စုဟာ အရာရာကို ပြောင်းလဲနိုင်သူ မဟုတ်ဘူး။ သူ့စကား  EAOမှလည်း မလိုက်နာဘူး။ သူ့ကို ဝန်းရံတယ်ဆိုတာ ထက် အသုံးချချင်တာ ပိုတယ်။ NLD မတက်ဖို့ ပြောတဲ့ ညောင်နှစ်ပင် ညီလာခံကို ပျော်ပျော်ကြီး တက်ပြီး စစ်ကျွန် ခြေဥ ရေးကြတယ်။ EAO အဖွဲ့မစုံလို့NLD က လက်မှတ်မထိုးဖို့ ပြောတာကို ပျော်ပျော်ကြီး လက်မှတ်ထိုးကြတယ်။ ဒီကနေ့အထိ ဘရုတ်ဘယက် အခင်းအကျင်းတွေဟာ သံဃာ့အား ဘုရား မလွန်ဆန်နိုင် ဆိုသလို၊ ဒေါ်စုဟာ ဘယ်လောက်ပဲ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး စံနှုန်းတွေနဲ့  နည်းလမ်းတကျ လမ်းညွန်ပေမယ့် အခြေအနေက သူ့ကို ထိန်းချုပ်သွားတာပဲ။ အဲဒီတော့ ဒေါ်စု လွတ်လာမှာကို မကြောက်ဘူး။ EAO တွေ ပါတီတွေ CSO တွေ မညီညွတ်မှာ ကြောက်တ

16 May 2021

16 May 2021   အခြေခံပညာအဆင့်မှာ GCE  certificate exam ဖြေနိုင်အောင် သင်ပေးပါ .. မြန်မာသင်ရိုး နဲ့ နိုင်ငံတကာသင်ရိုး ၂ ခု ပေါင်းစပ်ပြီး hybrid system လုပ်ပေးပါ နိုင်ငံတကာသင်ရိုးကို မူလ စာသင်နှစ် ၄ နှစ်ဆိုရင် ၆ နှစ်ထားပါ။ ဆရာတွေက သင်ရင်း လေ့လာ ၊ လေ့လာရင် သင်စနစ်လုပ်ပါ။ တက္ကသိုလ်ကောလိပ်အဆင့်မှာ နိုင်ငံတကာ အဆင့် ၁ - ၁၀ တက္ကသိုလ်ကြီးတွေက အွန်လိုင်း univeristy တွေရှိနေပါပြီ။ သူတိူ့ ညွန်ပြတဲ့ စာအုပ်တွေကို ရှာပါ။ scan ဖတ်ပြီး လိုအပ်တဲ့အပိုင်းကို ဖြန့်ပါ။ သင်ပါ။ သူတို့ သင်ရိုးကို ယူပါ။ exam fee ဒေါ်လာ ၅၀ - ၁၀၀ သွင်းရင် ဖြေလို့ရပါတယ်။ နိုင်ငံတကာ လက်မှတ်ရှိရင် ပြည်တွင်းကုမ္ပဏီတွေက ပိုကြိုက်ပါတယ်။ ပြည်သူ့အစိုးရအနေနဲ့လည်း နိုင်ငံတကာလက်မှတ်ကို ဝန်ထမ်းခန့်အပ်ရေး အတွက် အသိအမှတ်ပြုပေးပါ။   ဝန်ထမ်းရွေးချယ်ရေးစည်းမျဉ်းက အသက်ကန့်သတ်ချက်ကို ပယ်ဖျက်ပါ။ နိုင်ငံတကာရောက် မြန်မာပညာရှင်တွေမှာ မဟာဘွဲ့၊ ပါရဂူဘွဲ့ရသူတွေရှိပါတယ်။ သူတို့ကို ပညာရေး သုသေတန၊ သင်ရိုး ပြုစုရေး ၊ သင်ကြားရေး အချိန်ပိုင်း အချိန်ပြည့် ဝန်ထမ်းခန့်အပ်ပါ။ ဗော်လံဒီယာလုပ်ပေး

CRPH မွေးလာတာ ပဓာန အားဖြင့် ပြည်သူက CRPH ကို လွှဲအပ်တဲ့ အချုပ်အခြာ အာဏာကြောင့် ဖြစ်ပြီး သာမညအားဖြင့် ၂၀၂၀ ရွေးကောက်ပွဲ ကြောင့် ဖြစ်တယ်

Image
၁၉၃၅   ခုနှစ်   မှာ   ဗမာပြည်ဟာ   အိန္ဒိယက   ခွဲထွက်ပြီး   အင်္ဂလိပ်ပါလီမန်က   သီးခြားအုပ်ချုပ်ရေး   ပြဒါန်းတယ်။  ၁၉၃၅    မြန်မာနိုင်ငံတော်စီရင်အုပ်ချုပ်မှု   အက်ဥပဒေလို့   ခေါ်တယ်။     လွှတ်တော်ရှိတယ်။    ရွေးကောက်ပွဲက   တင်မြှောက်တဲ့   မြန်မာတိုင်းရင်းသား   အမတ်တွေရှိလာတယ်။   အင်္ဂလိပ်နဲ့   အိန္ဒိယ   ကုန်သည်တွေက   စေလွှတ်တဲ့ မိုးကျရွှေကိုယ်   အမတ်တွေရှိလာတယ်။    မြန်မာလူမျိုး   နန်ရင်းဝန်ခေါ်    ဝန်ကြီးချုပ်တွေ   ရှိလာတယ်။    ဒါပေမယ့်   ကိုလိုနီကျွန်စနစ်   ဆိုတော့   ဘုရင်ခံက   ဗီတိုအာဏာကိုင်ထားတယ်။ အရေးပါတဲ့   ဌာနတွေကို   ဘုရင်ခံကိုယ်တိုင်   စီမံခန့်ခွဲအုပ်ချုပ်   ခဲ့တယ်။          ( # စကားချပ်  -  ၁ ၂၀၀၈   အခြေခံဥပဒေဟာ   စစ်ကျွန်စနစ်ဆိုတော့ အဲဒီပုံစံနဲ့   ဆင်တူတယ်။  ) ----------- ဂျပန်ဝင်တိုက်လို့   အင်္ဂလိပ်အစိုးရဟာ ၁၉၄၃   ဇွန်မှာ   အိန္ဒိယနိုင်ငံ   ဆင်းမလားတွင် ပြည်ပြေးအစိုးရ   အဖြစ်ရုံးထိုင်တယ်။  ၁၉၄၅   မှာ   ဗြိတိသျှများ   ပြန်လည်ဝင်ရောက်လာပြီး    စစ်အုပ်ချုပ်ရေးနဲ့   အုပ်ချုပ်တယ်။  ၁၉၄၆   ဇန်နဝါရီလမှာ   ဗြိတိသျှဘုရင်ခံဆာဒေါ်မန်စမစ်   က ဆာပေါ်ထွန်းကို မြန်မာနိုင်ငံ   အမှုဆောင်ကော