NUG ကို အစိုးရိမ်ဆုံး ၂ ချက် ရှိတယ်။



▪️ 26 Jul 2021  


https://www.facebook.com/100045961758204/posts/370918661116856/


NUG ကို အစိုးရိမ်ဆုံး  ချက် ရှိတယ်။ အဲဒီ  ချက် မပိုင်ရင် တော်လှန်ရေး ကျရှုံးလိမ့်မယိ


... အလှူငွေ ကောက်ခံတာ အရမ်းအားနည်းတယ်။ တပ်မတော်တခု run နိုင်ဖို့  တလကို ဒေါ်လာ သန်း၂၀ ရဖို့လိုတယ်။ တလ USD 20 mil. ဆိုတာ ဘယ်သူပြောသလဲ။ ဦးလွင်ကိုလတ် ပြောတာ။Gofundme မှာ  ပတ်အတွင်း ဒေါ်လာ  သန်းနဲ့ တခါပဲ ရလိုက်တယ်။ အခု အလှူခံနေတဲ့ ပုံစံကအလုပ်ဖြစ်ပုံမရဘူး။ ဖုတ်လှိုက် ဖုတ်လှိုက်နဲ့ ဈေးရောင်း လေထီးခုန်ပြီး fund  ရှာနေရတယ်


... ဆန်မရှိ စောက်စားကြီး ဆိုသလို ငွေသာ ရအောင် မရှာနိုင်တာ။ သေနတ်ကျတော့ အမေရိကန်လုပ်မှ ကိုင်ချင်ကြတယ်။ ကိုယ်တိုင် တွင်ခုံနဲ့ လုပ်လို့ရမယ့် နည်းပညာကို စိတ်မဝင်စားဘူး။  စက်ရုံထုတ်လက်နက် ဝယ်ဖို့ကလည်း ခုချိန်အထိ လက်နက်ထုတ်တဲ့ နိုင်ငံ .. ဘယ်နိုင်ငံနဲ့မှ ရွှေလမ်းငွေလမ်း မဖောက်နိုင်သေးဘူး။  မှောင်ခိုဈေးကွက်က ဈေးကြီးပေး ဝယ်ဖို့ကလည်း ငွေမရှိ တိုင်ပတ်နေပုံပဲ။သင်တန်းဆင်းတွေမှာ လက်ဗလာနဲ့  အချိန်တွေ ဖြုန်းပစ်နေတယ်။ မှောင်ခိုလည်း မရ၊ ကိုယ်တိုင်ထုတ်ဖို့ အချိန်မရှိရင် ဝါးချွန်နဲ့ တက်ထိုးရမယ့် အဖြစ်ရောက်သွားမယ်။


------------

▪️ 17 Sep 2021



https://www.facebook.com/100045961758204/posts/407805977428124/ 


စနစ်တကျ လက်နက် ထုတ်လုပ်နည်း၊ ထိန်းသိမ်းနည်းတွေကို အဖွဲ့တဖွဲ့ကဖြစ်ဖြစ် ဖြန့်ဝေပေးပါ.. LDF တွေ ရမ်းလုပ်နေကြတာ လေ့လွင့်တယ် မထိရောက်ဘူး။ နည်းစနစ်မကျတော့ မတော်တဆမှုတွေရှိတယ်။ ခြောက်လုံးပြူး ဆုံလည်နဲ့ ရိုင်ဖယ်ပုံစံ ကို တီထွင်ကြံဆပြီး ဖြန့်ဝေပေးကြပါ။ ကျည်ဆံ တောင့်ကို ဆုံလည်တွေထဲ ကြိုတင်ဖြည့်ထားလို့ရတယ်။ ဆုံလည်တွေ အိတ်ထဲ ဆောင်ထားရင်၊ တိုက်ပွဲမှာ ကျည်ဖြည့်စရာမလိုပဲ တခုပြီး တခု ပြောင်းလဲလို့ရတယ်။ ဆုံလည်ထဲ ဖြည့်မယ့် ကျည်ကလည်းသတ္ထုခွံမလိုပဲ စက္ကူပတ် မ်းကို ကျည်ထိပ်ဖူးကပ်ပြီး လုပ်လို့ရတယ်။ ဆုံလည်ကို လှည့်ပေးတဲ့မောင်းတံကို မလုပ်တတ်ရင် လက်နဲ့ လှည့်လို့ရတယ်။ ဉာဏ်ရှိသလို လုပ်လိုရတယ်။


PDF တွေအတွက် စတင်းဂန်းပုံစံကို နမူနာယူပြီး ပိုကောင်းအောင် ထုတ်လို့ရတယ်။ စတင်းဂန်းဟာကျည်ညှပ်တာ မောင်းတံ ဂျမ်းဖြစ်တာရှိပေမယ့် လုံးလုံး မရှိတာထက်စာရင် တော်သေးတယ်။  စတင်းဂန်းစစ်စစ်လို ပုံတူကူးချဖို့ မဟုတ်ပဲ ခက်ခဲတဲ့ အစိတ်အပိုင်းတွေကို မြန်မာ့နည် မြန်မာ့ဟန်နဲ့အစားထိုးဖို့ လိုတယ်။ ရန်သူ့လက်နက်ကိုယ့်လက်နက်ဖြစ်ဖို့ပဲ။  စတင်းဂန်း ကျည်ဆံက စက္ကူပတ်အခွံနဲ့ လုပ်မရဘူး။ သတ္ထုကျည်ဖြစ်ဖို့ လိုတယ်။ ကျည်ဆံထုတ်စက်ရှိဖို့လိုတယ်။ ကျည်ဆံထုတ်စက်ဆိုတာ ဟဲဗီးအကြီးကြီး မဟုတ်ဘူး။ အချို့ အဆင့်တွေကို လက်နဲ့ လုပ်ဖို့ လိုတယ်။ 


ပါလက်စတိုင်းက Qassam Rocket တွေဟာ လုပ်ရလွယ်တယ်.  ပဲ့ထိန်းမပါတော့ ရွေ့လျားပစ်မှတ်ကိုထိဖို့ မသေချာဘူး။ ပစ်မှတ်ကြီးတဲ့ လေယဉ်ကွင်း ဖျက်ဖို့ အသုံးဝင်နိုင်တယ်။ အစ္စရေးရဲ့ သံကွန်ချာနာမည်ရှိတဲ့ ဒုံးခွင်း ဒုံးစနစ်တောင် မနိုင်ဘူး။ ဒုံးကျည်အရေအတွက် ထောင်နဲ့ ချီ ပစ်လွှတ်လိုက်လို့အစ္စရေး လေကာ စနစ် အလျဉ်မမှီတော့ဘူး။


ရေယဉ်တွေကို ဖောက်ခွဲဖို့  စပိဘုတ် အသေးစားလေးတွေ လုပ်ဖို့ လိုတယ်။ လှေအခွံကို ကော်နဲ့ လုပ်ရင်လည်းရတယ်။ ဘက်ထရီသုံး မော်တာအားကောင်းကောင်းနဲ့  ဗုံးတင်ပြီ လွှတ်ပေးလိုက်ပါ။ ပဲ့ထိန်းက ဝေးထိန်းစနစ်တွေ လုပ်ရတာ လွယ်ပါတယ်။ Qassam Rocket လို များများလွှတ်လိုက်ရုံပဲ

------------

▪️ 20 Sep 2021



https://www.facebook.com/100045961758204/posts/409661003909288/


NUG ပရိုဖိုင်းတွေနဲ့ D Day ခေါ်ဖို့ ကြပ်ပေးကြတာ။ NUG လည်း ဂျင်းစားမိပြီး D Day ခေါ်မိတယ်။အခု လက်နက် မရှိတော့ ငုပ်တုပ်မေ့ရော။ အစထဲက ပြောပါတယ်။ မှောင်ခိုလကိနက် အမေရိကန်လက်နက် မမျှော်ပါနဲ့။ 


ကိုယ့်ပြည်တွင်း ပြည်ပက အတတ်ပညာရှင်တွေ အင်ဂျင်နီယာတွေ ကို  အစိတိအပိုင်း တခုစီ တီထွင်ကြံဆ ဖို့  အွန်လိုင်း သုသေတန ဂရုတွေ ဖွဲ့ပြီး  စက်မှုလက်မှု သုသေတနဌာန ဖွင့်ပါ။ မြေပြင်မှာ တွင်ခုံတွေနဲ့ CDM တွေ စစ်ဘေးရှောင်တွေ လုပ်အားနဲ့ ထုတ်ပါလို့ အကြံပေးတယ်။  ဖြစ်နိုင်ချေရှိတာကိုဖျင်ကြားမညှပ်တော့  စကစက NUG ပရိုဖိုင်းနဲ့ ညာသံ ပေးတဲ့ D Day ကို အဟုတ်မှတ်ပြီး ခေါ်မိတာဟတ်ကော့ကြီး ဖြစ်ရော။ 


ဘယ်သူမှ လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် ရရာလက်နက်စွဲကိုင်ပြီး ထွက်မလာဘူး။ ကျနော်ပြောပါတယ်။ ရရာလက်နက်စွဲကိုင်တယ်ဆိုတာ စာထဲ ဖတ်လို့ကောင်းအောင်ရေးတာ။ အပြင်မှာသေနတ်ကို ဓါးနဲ့ တက်ခုတ်ရအောင် ဘယ်သူမှ မမိုက်မဲဘူး တူမီးသေနတ်တလက်စီသာရှိ အကုန်ထွက်လာမယ်။ 


ဒီစာကို ရေးလို့ စိတ်ဓာတ်မကျနဲ့ဦး။ အချိန်မီသေးတယ်။ လက်နက်ပေါ်လစီကို အမြန်ပြင်ပါ။လက်နက်လုပ်နည်ကို စနစ်တကျ စံသတ်မှတ်ချက်တွေနဲ့ ဖြန့်ဝေပေးပါ။  ရမ်းလုပ် ရမ်းစမ်း နေရတာအလုပ် မဟုတ်ဘူး။ 


အွန်လိုင်း အောဖ့်လိုင်း ... လက်နက်လုပ်နည်း၊ ပစ်နည်း၊ ဝှက်နည်း အတတ်ပညာ၊ စစ်ဗျူဟာ ပျောက်ကြားစစ်ဆင်နည်း တွေကို .... အွန်လိုင်း စစ်သင်တန်းကျောင်း တခု .. ထူထောင်ပြီး သင်ပေးပါ။  ဗီဒီယို ာအုပ်ငယ်တွေ ဖြန့်ပါ။ လူတိုင်း လက်နက်လုပ် တတ်ပါစေ။ MOD က နာမည်မခံချင်ရင်အခြားနည်းလမ်းနဲ့ ဖြန့်ပါ။ ဘယ်လို ဖြန့်ဖြန့် ရောက်ဖို့လိုတယ်။ တိကျတဲ့ drawing, standard လုပ်နည်း ကိုင်နည်းတွေကို ဖြန့်ပါ


ထိန်းမနိုင် သိမ်းမရ ဖြစ်မှာ မပူပါနဲ့။ ထိန်းမနိုင် သိမ်းမရဖြစ်လေ မအလ အမြန် ပြုတ်လေပဲ။ ကျန်တာ နောင်ခါနောင်ဈေး လုပ်လို့ ရတယ် 


စစ်နိုင်ရင် ဘာဆက်ဖြစ်မလဲ မတွေးနဲ့။ စစ်နိုင်ဖို့သည် ပထမ စစ်နိုင်ဖို့သည် ဒုတိယ စစ်နိုင်ဖို့သည်တတိယ" ... ဧကော ဓမ္မော  တကြောင်းထဲသေ စိတ်ကို ထားပါ


ဝန်ကြီးတွေ မက်ဆေ့ မဖတ်လို့ ဒီမှာ လာပြောနေရတယ်။ ဝန်ကြီး တွေ အလုပ်များရင် မက်ဆေ့ဖတ်တဲ့လူတွေ သီးသန့် ခိုင်းထားပါလား

------------

 

▪️ 5 Nov 2021  



 https://www.facebook.com/110567644758187/posts/113901344424817/


▪️ NUG အနေနဲ့ ပြည်သူတွေ လှူနေတာပဲ ဆိုပြီး  

ဣစ္ဆာသယ လွယ်အိတ်ထဲ နိုက်နေတယ်လို့ မထင်ကြပါနဲ့


▪️ လေ့လာချက်အရ

များများစားစား ပုံအော လှူပြီးရင်

နောက်ထပ် မလှူတော့တာ တော်တောများပါတယ်


CDM က PDF အရင် ပေါ်လာတာမို့

CDM တုန်းက လှူကြတာ တော်တော်များပါတယ်


▪️ နည်းနည်းစီ တတိတိ လှူနေကြသူတွေဟာ

👉 CDM ကို လှူလိုက်

👉 NUG ကို ပြေးလှူလိုက်

👉 ဒေသခံ PDF ကို ပြေးလှူလိုက်

👉စစ်ဘေးရှောင်တွေကို ပြေးလှူလိုက်နဲ့

ငွေ ခေါင်းကွဲ ကုန်ပါတယ်


▪️ အရေးကြီးတာ ဝေဖန်ပါမယ်


👉  NUG ကလည်း ဒေသခံ PDF တွေကို ထောက်ပံ့တယ်


👉  ပန်ဆယ်လို ပိုးဖြူသန့် ထားထက်ထက် စတဲ့

ဆယ်လီ တွေကလည်း ဒေသခံ PDF တွေကို ထောက်ပံ့တယ်


()  ရခြင်း - မရခြင်း     တချို့ နာမည်ကျော် local PDF တွေက နှစ်ဘက်စလုံးက ရတယ်   တချို့ နာမည် မကျော် local PDF တွေက မရဘူး


()  အညီအမျှ မရှိခြင်း    ရတဲ့ အဖွဲ့တွေမှာတောင် မတူဘူး။ တချို့ local PDF တွေမှာ  တော်တော်ရတယ်။ တချို့က သိပ်မရဘူး


(တရားဝင် fundraiser  အလုပ်မတွင်ခြင်း   NUG ရဲ့ မူလ အစီအစဉ်က တရားဝင် OFP CRPH တွေက အလှူခံပြီး NUG က ခွဲတမ်းချပေး၊ OFP တွေက NUG ညွန်ပြတဲ့ အဖွဲ့၊ ပမာဏကို တိုက်ရိုက်ပေးရတာပါ။ NUG ကို စာရင်းတင်ရပါတယ်။ 


ဒီစနစ်ဟာ Raffle Ticket ရောင်းတာ၊ ဈေးရောင်းတာက လွဲလို့၊ လစဉ် အလှူကောက်ခံတာကို လုံးဝအလုပ် မလုပ်တော့ပါ။ 


▪️ အကြံပေးခြင်း    ဘယ်ဘက်ကပဲ လှူလှူ ... အဲဒီငွေတွေဟာ ပြည်သူ ဆိုတဲ့ အရင်းအမြစ် တခုထဲက ဆင်းသက်လာတာပါ။  


ရေတွင်းတွေ ကွဲပြားပေမယ့် မြေအောက်ရေကြောတခုထဲပါပဲ။ တွင်းတတွင်းက အရမ်း ခပ်ထုတ်ပစ်လို့ ရေအောက်မြေကြော ခမ်းခြောက်ရင် တွင်းအကုန် ခမ်းပါမယ် 


NUG အနေနဲ့   ဆယ်လီတွေကို OFP CRPH  အောက် သွတ်သွင်းပြီး စီမံသင့်ပါတယ်

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား