NUG ပညာရေး

 NUG  ပညာရေး 

အခြေခံပညာအဆင့်မှာ GEC certificate exam ဖြေနိုင်အောင် သင်ပေးပါ.. မြန်မာသင်ရိုး နဲ့ နိုင်ငံတကာသင်ရိုး ၂ ခု ပေါင်းစပ်ပြီး hybrid system လုပ်ပေးပါ နိုင်ငံတကာသင်ရိုးကို မူလ စာသင်နှစ် ၄ နှစ်ဆိုရင် ၆ နှစ်ထားပါ။ ဆရာတွေက သင်ရင်း လေ့လာ ၊ လေ့လာရင် သင်စနစ်လုပ်ပါ။

တက္ကသိုလ်ကောလိပ်အဆင့်မှာ နိုင်ငံတကာ အဆင့် ၁ - ၁၀ တက္ကသိုလ်ကြီးတွေက အွန်လိုင်း univeristy တွေရှိနေပါပြီ။ သူတိူ့ ညွန်ပြတဲ့ စာအုပ်တွေကို ရှာပါ။ scan ဖတ်ပြီး လိုအပ်တဲ့အပိုင်းကို ဖြန့်ပါ။ သင်ပါ။ သူတို့ သင်ရိုးကို ယူပါ။ exam fee ဒေါ်လာ ၅၀ - ၁၀၀ သွင်းရင် ဖြေလို့ရပါတယ်။ နိုင်ငံတကာ လက်မှတ်ရှိရင် ပြည်တွင်းကုမ္ပဏီတွေက ပိုကြိုက်ပါတယ်။ ပြည်သူ့အစိုးရအနေနဲ့လည်း နိုင်ငံတကာလက်မှတ်ကို ဝန်ထမ်းခန့်အပ်ရေး အတွက် အသိအမှတ်ပြုပေးပါ။ 

ဝန်ထမ်းရွေးချယ်ရေးစည်းမျဉ်းက အသက်ကန့်သတ်ချက်ကို ပယ်ဖျက်ပါ။ နိုင်ငံတကာရောက် မြန်မာပညာရှင်တွေမှာ မဟာဘွဲ့၊ ပါရဂူဘွဲ့ရသူတွေရှိပါတယ်။ သူတို့ကို ပညာရေး သုသေတန၊ သင်ရိုး ပြုစုရေး ၊ သင်ကြားရေး အချိန်ပိုင်း အချိန်ပြည့် ဝန်ထမ်းခန့်အပ်ပါ။ ဗော်လံဒီယာလုပ်ပေးကြပါလိမ့်မယ်။

နိုင်ငံတကာက နိုင်ငံခြားသား ပါမောက္ခတွေကို ဧည့်ပါမောက္ခ ခန့်အပ်ပါ။ သူတို့နဲ့ အွန်လိုင်းသင်ပါ။ အင်တာနက်မရတဲ့ဒေသတွေအတွက် DVD , bluetooth , flash drive နဲ့ ဖြန့်ပါ

အခုခေတ်မှာ online university တွေ ပေါများနေပါပြီ။ NUG က အသိအမှတ်ပြု တက္ကသိုလ်နဲ့ ချိတ်ဆက်ပါ။ မြန်မာတက္ကသိုလ်ဘွဲ့ နဲ့ နိုင်ငံခြားဘွဲ့ တပြိုင်ထဲပေးတဲ့ dual degree programs လုပ်ပါ။

နောက်တခု ကျောင်းသားတွေကို အသိပေးချင်တာက သုသေတန လေ့လာမှု သိပ်ဝါသနာမပါရင် ဘွဲ့ degree ကို မကြိုက်ပါနဲ့။ vocational certificate ကို ကြိုက်ကြပါ။ အလုပ်ပိုပေါပါတယ် ။ ပြည်တွင်းပြည်ပကုမ္ပဏီတွေမှာ နိုင်ငံတကာအသိအမှတ်ပြု သက်မွေးလက်မှတ်ရ တ​ယောက်ရဲ့ လစာဟာ ဘွဲ့ရတယောက်နဲ့ သိပ်မကွာပါဘူး ။ ဘွဲ့ရသူကတော့ ကြိုးစားရင် ဝန်ထမ်းသက်ကြာရင် အဆင့်မြင့်ရာထူးရတော့ အားသာပါတယ်။

နောက်ထပ်အကြံတခုက ကျောင်းသားတိုင်း တိုင်းရင်းသားဘာသာစကား တခုခုကို သင်ကြားပေးပါ။ ဖက်ဒရယ်အာမီအတွက် အရေးကြီးပါတယ်။ NUG လက်မှတ်ရ ပညာတတ်တွေဟာ တိုင်းရင်းသားဒေသ လူမူကယ်ဆယ်ရေး ပြန်လည်နေရာချထားရေး ဖွံဖြိုးရေးမှာ  UN လို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး လုပ်ရမှာတွေလည်း တပြုံကြီး ရှိပါတယ်။

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား