ဖက်ဒရယ် ဒီမိုကရေစီ အခြေခံဥပဒေ အခြေခံမူဝါဒက ဘာဖြစ်သင့်သလဲ

 ဖက်ဒရယ် ဒီမိုကရေစီ အခြေခံဥပဒေ အခြေခံမူဝါဒက ဘာဖြစ်သင့်သလဲ  (/

( 11 Feb 2022)

================


👉 စိတ်ရင်းနဲ့ တော်လှန်ရေးမှာ တကယ်ပါနေတဲ့ တိုင်းရင်းသား တွေပြောတာ ရှိသလို၊

 

👉 လက်တဖက်က မအလ ဘောမပြီး ခြေတဖက်နဲ့  CRPH ကို ဝင်ညှောင့်နေတဲ့  ANP MUP လော်ဘီတွေ ကလည်း ရှိတယ်။ 


မည်သို့ပင် ဖြစ်စေ၊ အနှစ် ၇၀ ဂျာအေးသူ့အမေရိုက်နေတဲ့ အတွေးအခေါ် အဟောင်း ခရုပတ်လမ်းကဖောက်ထွက်ရဲဖို့ လိုတယ်။ 


ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာနဲ့ စပြီး ငြင်းခုံရန်သတ်ကြမယ့် ပြဿနာက  ရပ်ရှိတယ်။


နယ်မြေ ပြဿနာ နဲ့  လက်နက်ကိုင် ပြဿနာ။ 


▪️ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို သွားမယ်ဆိုရင် ဖက်ဒရယ် တပ်မတော်ဟာ နိုင်ငံရေးမှာ ပါစရာ မရှိဘူး။ ဒါကို ပြတ်ပြတ်သားသား သိဖို့လိုတယ်။ 


သတိထားဖို့က ဖက်ဒရယ်တပ်မတော်ဟာ ယာယီ ခြေဥနဲ့ အစိုးရကို ကာကွယ်ပေးဖို့ သက်သက်ပဲ။  နိုင်ငံရေးပြဿနာကို ဆုံးဖြတ်ဖို့ မဟုတ်ဘူး။


တပ်မတော်သည် အမျိုးသားနိုင်ငံရေးမှာ ဦးဆောင်သည်ဆိုတဲ့ အချိုးမျိုး ERO တွေ မလုပ်သင့်ဘူး။ဒီတော့ ကြံဖွတ်လို ပါတီထောင်ပြီး တဖက်လှည့်နဲ့ ထိန်းချုပ်မယ် ဆိုတာလည်း မကြံစည်အပ်ဘူး


ကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ ​ မဲပေး  ရွေးကောက်ထားတဲ့ အမတ်တွေက ဆုံးဖြတ်တာယာယီ လက်ခံဖို့လိုတယ်။ ဒါမှ De Jure တရားဝင်မှု ၁၀၀ရှိမယ်။


ရွေးကောက်ထားတဲ့ အမတ်တွေကို  De Facto ရအောင် တိုက်မယ့် စစ်ရေးအကူအညီနဲ့ အကြပ်ကိုင်တာမျိုးလည်း မဖြစ်သင့်ဘူး


ERO တွေက မအလ လက်ထဲက နယ်မြေတွေကို သိမ်းပြီး အုပ်ချုပ်ထားခွင့်ရှိပေမယ့် နယ်နိမိတ်သတ်မှတ်ရေးဟာ တိုင်းရင်းသားတပ်တွေရဲ့ စစ်အင်အားကို မှီပြီး သတ်မှတ်တာ မဖြစ်ရဘူး။


▪️ ဒါဆို ဖက်ဒရယ် ပြည်နယ်တွေရဲ့ နယ်နိမိတ်သတ်မှတ်ရေး ကိစ္စကို ဘယ်နည်းနုဲ့ ဖြေရှင်းမလဲ။  


တော်လှန်ရေးကာလမှာ ယာယီ ပြည်နယ်နယ်မြေတွေအတိုင်းပဲ ထားမယ်။ 


တရားဥပဒေစိုးမိုးရေး နဲ့ အစိုးရယန္တရားလည်ပတ်လာတဲ့အခါ လွှတ်တော်ခေါ်ရမယ်။ အဲဒီလွှတ်တော်မှာ တိုင်းရင်းသားကိုယ်စားလှယ်တွေက အငြင်းပွါး တဲ့ မြို့နယ်တွေကို ရွေးထုတ်ရမယ်။   အငြင်းပွါးတဲ့ မြို့နယ်တွေမှာ လူထု ဆန္ဒခံယူမယ်။  ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံ မှာ ပြင်ဆင်ချက်အဖြစ်ထည့်ပေါင်းမယ်။ 


ပြည်နယ် နယ်နိမိတ်ဟာ ကိန်းသေ မဟုတ်ဘူး။ ကိန်းရှင် ဖြစ်တယ်။ မြို့နယ်တခုဟာ  မြို့နယ်လူထုရဲ့ဒီမိုကရေစီနည်းကျ ဆန္ဒမဲအပေါ်မှာ ဘယ်ပြည်နယ်အောက် နေမယ်ဆိုတာ ဆုံးဖြတ်ရမယ်။ ဒါကလည်း အပြီးအပြတ် မဟုတ်ဘူး။ ၁၀ နှစ်တကြိမ် မြို့နယ်  လူထု ၃၀က တောင်းဆိုရင် မြို့နယ်လူထု ဆန္ဒခံယူပွဲ ကျင်းပပေးပြီး ဆုံးဖြတ်ရမယ်။ 


ပြည်နယ်အရေအတွက်ကလည်း ကိန်းသေ မဟုတ်ဘူး။ ကိန်းရှင် ဖြစ်တယ်။ အထက်မှာ ရေးထားသလိုပဲ ပြည်နယ်အသစ် ဖြစ်တည်ဖို့ အဲဒီဒေသက လူဦးရေး ၃၀ % က တောင်းဆိုရင် ဒေသလူထုဆန္ဒခံယူပွဲ လုပ်ပေးရမယ်။ ပြည်နယ် သတ်မှတ်ချက် အခြေခံဥပဒေပြင်ဆင်မှုက ၁၀ နှစ်ပြည့်တိုင်းတောင်းဆိုခွင့်ရှိတယ်။  


ဖက်ဒရယ် ဒီမိုကရေစီ အခြေခံဥပဒေ အခြေခံမူဝါဒက ဘာဖြစ်သင့်သလဲ   (/

================

▪️ ပြည်နယ်အသစ်ပေါ်လာရင် ပြည်နယ်တပ်မဟာအသစ် ဖွဲ့စည်းရမယ်။ နဂိုပြည်နယ်တပ်မဟာကစစ်သည်တွေ ရွေ့ပြောင်းအမှုထမ်းခွင့်ရှိရမယ်။  ပြည်နယ်တပ်မဟာတခုရဲ့ စစ်သည် အရေအတွက်ဟာ လူဦးရေ အချိုးအစားအပေါ် မူတည်တယ်။


 နည်းပညာဆိုင်ရာ အထူးကျွမ်းကျင် တပ်ဖွဲ့ဝင်တွေနဲ့ စီမံခန့်ခွဲရေးပိုင်းပညာရှင် (အုပ်ချုပ်ရေးပိုင်းမဟုတ်အပိုင်းကလွဲလို့ ကျန်တဲ့ အရာရှိ အရာထမ်းတိုင်းဟာ ပြည်နယ်သူပြည်နယ်သားတိုင်းကအလှည့်ကျစစ်မှုထမ်းသူတွေပဲ ဖြစ်ရမယ်  


ကိုယ့်ပြည်နယ်က ရွေးကောက်ခံသူကပဲ ကိုယ့်ပြည်နယ်ကို အုပ်ချုပ်ရမယ်။


ဖက်ဒရယ် တပ်မဟာတွေဟာ နိုင်ငံရေးနဲ့ ကင်းရှင်းရမယ်။ ဖက်ဒရယ်တပ်မဟာတွေက စုပေါင်းဦးဆောင်စနစ်နဲ့ အလှည့်ကျစစ်ဦးစီးချုပ် ခန့်အပ်မယ်။ စစ်သေနာပတိချုပ်က နိုင်ငံတော် သမတ ဖြစ်ရမယ်။ 


ရာဇဝတ်မှုရာဇဝင်ရှိသူ၊ သာသနာ့ဝန်ထမ်း၊ စိတ်ပိုင်းပြဿနာရှိသူကအပ လူတိုင်း လက်နက်ငယ် ကိုင်ဆောင်ခွင့်ရှိရမယ်။ စစ်ဗျူဟာ ပညာ ကို တက္ကသိုလ်တွေမှာ သင်ကြားပေးရမယ်။  အခြေခံစစ်ပညာ၊ဥပဒေပညာကို အထက်တန်းအဆင့်မှာ သင်ကြားပေးရမယ်။ 


လူတိုင်း အလှည့်ကျ  တဆက်ထဲ ဖြစ်စေ၊ ပိုင်းခြားပြီး ဖြစ်စေ    နှစ် စစ်မှုထမ်းရမယ်။  တနှစ်ကိုတလ စစ်ရေးမွမ်းမံတက်ရမယ်။ 


အမြဲတမ်း စစ်သား ဟာ မဟာဗျူဟာမြောက် လက်နက်ကြီးတပ်တွေနဲ့ ပြည်ထောင်စု ရေတပ်လေတပ်မှာပဲ ထားမယ်။  ပြည်ထောင်စု ခြေလျင်တပ် မရှိဘူး။  ပြည်နယ်တပ်တွထဲက အလှည့်ကျခြေလျင်စစ်သည်တွေဟာ  ပြည်ထောင်စု ကြည်းတပ်မှာ အမှုထမ်းရမယ်။  စုပေါင်း ပြည်ထောင်စုတပ်ဟာ ပြည်ပရန်ကာကွယ်ဖို့ ပဲ တာဝန်ရှိတယ်။ 


▪️  မြို့ပြကာကွယ်ရေး တပ်တွေ ဆက်လက်ရှိနေသင့်တယ်။ သူတို့ဟာ ပြည်နယ် အစိုးရ အောက်မှာမဟုတ်သလို ပြည်ထောင်စုအစိုးရ အောက်မှာလည်း မဟုတ်ဘူး။  မောင်းပြန် မဟုတ်တဲ့ လက်နက်ငယ်တွေပဲ ကိုင်ခွင့်ရှိတယ်။ လူတိုင်း လက်နက်ကိုင်ခွင့် ဥပဒေရှိပြီးသား မို့ ဒါက အထူးကိစ္စမဟုတ်ဘူး။အမြဲတမ်း၊ အလှည့်ကျ နဲ့ စေတနာ့ဝန်ထမ်း ပေါင်းစပ်ထားရမယ်  မြို့ပြကာကွယ်ရေး အောက်မှာအရေးပေါ်၊  ကယ်ဆယ်ရေး နဲ့  ရပ်ရွာ အေးချမ်းရေးကို လုပ်ဖို့ပဲ။ အချိန်ပိုင်း လေ့ကျင့်ရေးတွေ ရှိနေရမယ်။ လေ့ကျင့်ရေး၊ သင်ကြားရေးနဲ့ အရေးပေါ် ကိစ္စမရှိရင် စုရုံးစရာမလိုဘူး။  နှစ် စစ်မှုထမ်းဖို့ဥပဒေအရ ခြွင်းချက်တခုခု ရှိသူတွေက ဒီမှာ အမှုထမ်းရမယ်။ 


ရဲတပ်ဖွဲ့ဟာ ရာဇဝတ်မှုခင်းသက်သက်ပဲ တာဝန်ရှိတယ်။ မှုခင်းဆိုင်ရာ ပရောဖက်ရှင်နယ် ဖြစ်အောင်အမြဲ လေ့ကျင့်ဖို့ပဲ။ မြို့ပြအုပ်ချုပ်ရေး ကိစ္စတွေမှာ ပါဝင်စရာ မလိုအပ်ဘူး။ 


ပုဂ္ဂလိက လုံခြုံရေး တပ်ဖွဲ့တွေကိုလည်း တည်ထောင်ခွင့်ပြုရမယ်။ မြို့ပြကာကွယ်ရေး နဲ့ ရဲတပ်ဖွဲ့အောက်မှာ မဟုတ်ပဲ သီးခြားလုပ်ငန်းလိုင်စင် နဲ့ အစိုးရ တွေက ခွင့်ပြုပေးရမယ်။

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား