NCA ဂျင်း

ညောင်နှစ်ပင် အမျိုးသားညီလာခံ ဂျင်းလည်း စားဖူးကြပြီ။ 


၂၀၀၈ အခြေခံဥပဒေ ဟာ  ခေတ်နဲ့အညီ ပြင်လို့ရပါတယ် ဆိုပြီး  ဂျင်းလည်းစားဖူးကြပြီ


ရင်ကြားစေ့ရေး ဂျင်းလည်းစားဖူးကြပြီ


NCA ဂျင်းလည်း စားဖူးကြပြီ


ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ  မအလက ဆိတ်ခေါင်း ချိတ်ပြီး ခွေးသား မရောင်းကြနဲ့ လို့ NCA ထိုး ERO တွေကို စော်ကားခဲ့တာ သတိရပြီး အောက်က စာလေး ဖတ်ကြည့်ပါ 


 


NCA ဂျင်း

========

ဒီ NCA Road Map ဖတ်ကြည့်ပါ။




နိုင်ငံရေးလမ်းပြမြေပုံချမှတ်ခြင်း
၂၀။ 
( က)  NCA စာချုပ် လက်မှတ်ရေးထိုးခြင်း။
(ခ) အစိုးရ နှင့်  EAO များက “မူဘောင်" ကို ရေးဆွဲ သဘောတူညီမှုရယူခြင်း။
(ဂ) ထိုမူဘောင်ကိုအခြေခံ၍ 
- အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်း၊ 
- လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ဆွေးနွေးခြင်းနှင့် 
- ကြိုတင်ဆောင်ရွက်ဖွယ်ရာများကို လုပ်ဆောင်ခြင်း။

(ဃ) ပြည်ထောင်စုငြိမ်းချမ်းရေး (ပြည်/ငြိမ်း) ညီလာခံကျင်းပခြင်း။
(င) ပြည်ထောင်စုသဘောတူစာချုပ် ချုပ်ဆိုခြင်း။
(စ) ပြည်ထောင်စုလွှတ်တော်သို့တင်သွင်း၍ အတည်ပြုချက်ရယူခြင်း
(ဆ)  ပြည်ထောင်စုသဘောတူစာချုပ် (Pyidaungsu Accord)” ပါ သဘောတူညီချက် များကို  အကောင်အထည်ဖော်ခြင်းနှင့်  လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။

======

ပုဒ်မ ၂၀ (ဆ) ကို  ( စစ်တပ်ဘက်က အပြောက ) ၂၀၀၈ ခြေဥ ပြင်ပေးမယ် ၊ EAO တွေက လက်နက်စွန့် ပါတီထောင် ဒါမှမဟုတ် BGF လုပ်ရမယ်  ဆိုတာပဲ။  

သတိပြုစရာက "  ခြေ/ ဥ ပြင်ပေးမယ်" လို့ စာ တလုံး တပုဒ် တဝါကျမှ မပါဘူး။  မတိမကျ ပုဒ်မတွေနဲ့ လှည့်စားထားတာ။ 

အထက်ပါ NCA လမ်းကြောင်းကို လိုသလို အဓိပ္ပါယ်ဖော်နေတဲ့ ဆီသည်မ လက်နှီးစုတ် 
 👉  ဒို့တာဝန် အရေး ၃ ပါး နဲ့ 
👉  တပ်မတော် မူ ၆ ချက် ထည့်ပေါင်းပြီး
👉 ၂၀၀၈ ခြေဥ ပုဒ်မ ၂၀(ဂ) အရ  မအလ သည် လက်နက်ကိုင်တပ်အားလုံး၏ အရှင်သခင်ဖြစ်သည်  ဆိုတာအောက် ... ခေါင်းထိုး ဝင်နိုင်ကြရမယ်။ 



ပြည်/ ငြိမ်း ညီလာခံ ဆိုတာလည်း  အရေးမပါတဲ့ လူမှုရေး ယဉ်ကျေးမှု လောက်ပဲ ဝိုင်ခွက်တိုက် နိုင်ကြတာ၊   NLD ၅ နှစ်လုံးလုံး ကြိုးပမ်းလိုက်တာ  လွှတ်တော်ထဲမှာ " မသန်စွမ်း"၊ ပြည်/ငြိမ်း ညီလာခံမှာ " ဖက်ဒရယ်" စာလုံးတလုံးပဲ စစ်တပ်က သဘောတူတယ် ..  ဒါတောင် " စစ်တပ်က ဦးဆောင်သော ၊ စည်းကမ်းရှိသော ဒီမိုကရေစီအောက်က " .. 🤮 ။  

NLD က " အဲဒီစကားလုံးလေး ၂၀၀၈ ခြေ/ဥ ထဲ ထည့်ပြင်မယ် ၊ ဖက်ဒရယ်နဲ့ ညီထွေအောင် အခြားပုဒ်မတွေ ပြင်မယ်" လို့လည်း ဆိုရော အာဏာသိမ်းတာပဲ။

ဆိုတော့  အစည်းအဝေးပွဲ ပေါင်း  ကုဠေကုဠာ၊ နှစ်ပေါင်း များစွာ ..   ဝိုင်ခွက်လေး တိုက်လိုက်၊ အဝေမတည့်ရင်  ဖောင်းဒိုင်း ဖြစ်လိုက်နဲ့ ...  တဘက်မှာလည်း လက်နက်ကိုင် ပဌိပက္ခရှိနေလို့ စစ်တပ်က အာဏာယူထားရတာပါလို့ ကမ္ဘာကို လိမ်ရင်း  ...  သံသရာဆွဲ ဆန့်လို့ ဘယ်လောက်ပင် ရှည်ရှည် .. 

ကျောက်ခဲအရည်ညှစ်သလို ထွက်ကြလာတဲ့ ..  ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ( ၁ ,၂, ၃, ၄ ...   etc.  ) ဆိုတဲ့ သဘောတူချက်သော်မှ ...  စစ်တပ်က "လိုသလို"အဓိပ္ပါယ် ဖွင့်ပြီး " .. "ထင်သလို လုပ်" ခံရမှာပဲ။ 

👉 ၂၅% စစ်တပ်ကိုယ်စားလှယ်တွေ ၊ PR နဲ့ တက်လာမယ့် ၅၀% စစ်တပ်အလိုတော်ရိပါတီတွေ ၊စစ်တပ် ၇၅% သဘောမတူရင် ပြင်မရတဲ့ ၄၃၆  ...   အဲဒီဟာတွေကို လွှတ်တော်ပြင်ပက EAO တွေက ဘယ်လို မဟာမိတ်ပါတီနဲ့ ဘယ်လို အတည်ပြုချက်ရအောင် ယူမလဲ။
 


စစ်တပ် နဲ့  စစ်အလိုတော်ရိ ကြီးစိုးတဲ​့ လွှတ်တော်ထဲမှာလည်း ဥပဒေ ပုဒ်မတွေနဲ့ စွကြီးစွကျယ်  ဟန်ပါပါ လှည့်ပတ်ပြောဆိုရင်း ..   EAO တွေ ခဗျာ  ...  အပြေးကြီး ပြေးလာလိုက် .. ပန်းတိုင်နားနီးတဲ့အခါ .. ဖနောင့်နဲ့ ကန် ချလိုက် နဲ့ ..  ကမ္ဘာဆုံးတိုင် ဒစ်လည်နေဦးမှာပဲ


👉 အခြေခံဥပဒေကိုတောင် ဖောက်ဖျက်ပြီး  တရားဝင် အစိုးရကိုတောင် ဥပဒေမဲ့ ဖမ်းဆီးပြီး  အာဏာသိမ်းသေးတာပဲ။  EAO တွေနဲ့ ချုပ်တဲ့ NCA က ဘာမို့လို့  ကတိတည်မယ် ထင်နေသတုန်း

-----------
NCA စာချုပ်  
နိုင်ငံရေးလမ်းပြမြေပုံချမှတ်ခြင်း

၂၀။ . ပြည်ထောင်စုအစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် နိုင်ငံရေးလမ်းပြမြေပုံနှင့်စပ်လျဉ်း၍ အောက်ပါအချက်များကို သဘောတူသည် -

(က) တစ်နိုင်ငံလုံးပစ်ခတ်တိုဂ ်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း။

(ခ) အစိုးရကိုယ်စားလှယ်များ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက “နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်” (The Framework for Political Dialogue) ကို ရေးဆွဲသဘောတူညီမှုရယူခြင်း။

(ဂ) ထိုမူဘောင်ကိုအခြေခံ၍ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်း၊ လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်းကိစ္စရပ်များ၊ လုပ်ငန်းစဉ်များကို ညှိနှိုင်း ဆွေးနွေးခြင်းနှင့် နှစ်ဖက်သဘောတူညီသော ကြိုတင်ဆောင်ရွက်ဖွယ်ရာများကို လုပ်ဆောင်ခြင်း။

(ဃ) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပခြင်း။

(င) ပြည်ထောင်စုသဘောတူစာချုပ် ချုပ်ဆိုခြင်း။

(စ) ပြည်ထောင်စုလွှတ်တော်သို့တင်သွင်း၍ အတည်ပြုချက်ရယူခြင်း။

(ဆ) “ပြည်ထောင်စုသဘောတူစာချုပ် (Pyidaungsu Accord)” ပါ သဘောတူညီချက် များကိုအကောင်အထည်ဖော်ခြင်းနှင့် လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းစဉ်များအကောင်အထည်ဖော်ဆောင်ရွက်ခြင်း။

🤮 ဒို့တာဝန် အရေး ၃ ပါး 

၁။ ပြည်ထောင်စုမပြိုကွဲရေး၊
၂။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊
၃။ (တပ်မတော်၏) အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး။ 

🤮 တပ်မတော် အခြေခံမူ (၆) ချက်

၁။  ငြိမ်ချမ်းရေးရယူရန်အတွက် အမှန်တကယ် ဆန္ဒရှိရန်၊
၂။ သဘောတူစာချုပ်များအတိုင်း ကတိတည်ရန်၊
၃။  ငြိမ်းချမ်းရေးသဘောတူညီချက်များကို အမြတ်မထုတ်ရန်၊ 
၄။  ဒေသခံများအပေါ်တွင် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်၊ 
၅။  တည်ဆဲဥပဒေများကို တိတိကျကျ လိုက်နာရန်၊ 
၆။  ဒို့တာဝန်အရေး(၃)ပါးနှင့် ဒီမိုကရေစီကျင့်စဉ်အရ ၂၀၀၈ အခြေခံဥပဒေကို လိုက်နာဆောင်ရွက်ရန်။

🤮 ၂၀၀၈ အခြေခံဥပဒေ

၆။ နိုင်ငံတော်သည် - 
( စ ) နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်။

၂ဝ။
(က) တပ်မတော်သည် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီ သည့် တစ်ခုတည်းသော မျိုးချစ်တပ်မတော် ဖြစ်သည်၊

(ခ) တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ်လပ်စွာစီမံခန့်ခွဲ စီရင်ဆောင်ရွက်ပိုင်ခွင့် ရှိသည်၊

(ဂ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲ ဖြစ်သည်

(ဃ) တပ်မတော်သည် နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတွင် ပြည်သူ တစ်ရပ်လုံး ပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့် ရှိသည်၊

(င) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင် အဓိကတာဝန် ရှိသည်၊

(စ) တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရန် အဓိကတာဝန် ရှိသည်။

▪️ NCA လက်မှတ်ရေးထိုးကြသူများ

 (သိန်းစိန် လက်ထက် ၂၀၁၅ လက်မှတ်ထိုး)
  ====================
  မကဒတ ( ABSDF) 
  ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)
  ချင်းအမျိုးသားတပ်ဦး (CNF)
  DKBA - ၅
  ကရင်အမျိုးသားအစည်းအရုံး (KNU)
  KNU/KNLA ငြိမ်းချမ်းရေးကောင်စီ
 ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)
  ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)

( NLD အစိုးရလက်ထက် ၂၀၁၈ လက်မှတ်ထိုး)
======================

လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)
 မွန်ပြည်သစ်ပါတီ ( NMSP/ MNLA)


Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား