လူတိုင်း လက်နက်ကိုင်ခွင့်
ဖက်ဒရယ် ဒီမိုကရေစီ ဖွဲ့စည်း အခြေခံဥပဒေပုံမှာ လူတိုင်း လက်နက်ကိုင်ခွင့် ပြဒါန်းပါ
အာဏာဟာ သေနတ်ပြောင်းက ထွက်တယ်။
ဒါက ဖြစ်နေတဲ့ တရား။
အာဏာကို ပြည်သူက ပိုင်တယ်။
ဒါက ဖြစ်သင့်တဲ့ တရား။
ဒီတရားနှစ်ခု တထပ်ထည်းကျဖို့က
ပြည်သူ့ဟာ လက်နက်ကိုင်ရမယ်။
အမေရိကန်မှာ လူတိုင်းလက်နက်ကိုင်ထားပြီး
လူတိုင်း စစ်ပညာတတ် စစ်မှုထမ်းဖူးတော့
ကမ္ဘာချီ စစ်တပ်ကြီး ရှိပေမယ့် စစ်သူပုန်မထရဲဘူး။
ပြည်သူ့အာဏာ ပြည်သူပိုင်ချင်ရင်
ပြည်သူဟာ
လက်သန်းလည်း မှင်စွန်းရမယ်။
လက်ညိုးလည်း ကွေးတတ်ရမယ်။
ပြည်သူ့လက်ထဲ သေနတ်ရှိနေရင်
ပြည်သူ့အာဏာကို လုလို့လည်း မရဘူး
ပြည်သူ့ပြန်ပေးလို့ တောင်းစရာလည်း မလိုဘူး
လူတိုင်း သေနတ်ကိုင်ခွင့်ရတော့
စိတ်ရူးပေါက် သူတယောက် ရမ်းကားရင်
တိုင်းပြည် မပျက်ဘူး
လူတိုင်း သေနတ်ကိုင်ခွင့် မရတော့
အာဏာရူးသူတယောက် ရမ်းကားရင်
တိုင်းပြည် ပျက်တယ်
လူတိုင်းသေနတ်ကိုင်ခွင့်ရလို့
လူသတ်မှု ပိုတိုးလာမလား
စိုးရိမ်ရင်
လူတိုင်းသေနတ်ကိုင်ခွင့်မရလို့
ရွာလုံးကျွတ် သတ်ဖြတ်ခံရတာက
ပိုပြီး စိုးရိမ်စရာ ပေါ့
အကျိုးနဲ့ အပြစ် ချိန်ခွင်ညှာ
ဘယ်ဘက်က အရေးသာသလဲ
သေနတ်ဆိုတာ မီးနဲ့ တူတယ်။
မီးဟာ လောင်တတ်တယ်။
သေနတ်ဟာ သေတတ်တယ်
ကလေး ဆော့ရင်း
အိမ်မီးလောင်မှာ ကြောက်လို့
အိမ်မှာ မီးခြစ်မထားရဘူးဆိုရင်
အလင်းရောင်မရဘူး
ထမင်းချက်စားလို့မရဘူး
လူတိုင်း မီးကို သုံးခွင့်ရှိတယ်
မီးသုံး စွဲနည်း မီးသတ်နည်း သင်ပေးရတယ်
မီးသတ်တပ်ဖွဲ့ရှိရတယ်
မီး မသုံးရလို့ မသတ်မှတ်ရဘူး
သေနတ်လည်း ဒီအတိုင်းပဲ
ဆိုးသွန်းရာဇဝင်ရှိသူ စိတ်မမုန်သူ
သေနတ်မကိုင်ရဘူး
သေနတ်ကိုင်နည်း ရှိရမယ်
သေနတ်နဲ့ ရမ်းကားရင်
တားဆီးတဲ့ အစီအစဉ်ရှိရမယ်
မီးဟာ ကမ်ဘာဦးထဲက
လူတိုင်း သုံးစွဲခွင့်ရှိသလို
ကမ်ဘာဦးထဲက
လူတိုင်း လက်နက်ကိုင်ခွင့် ရှိတယ်
ဒုတ်ခေတ်မှာ ဒုတ်ကိုင်တယ်
ဓါးခေတ်မှာ ဓါးကိုင်တယ်
သေနတ်ခေတ်မှာ သေနတ်ကိုင်တယ်
ဓါးခေတ်မှာ
လူတိုင်း ဓားကိုင်ခဲ့ကြသလို
သေနတ်ခေတ်မှာ
လူတိုင်းသေနတ်ကိုင်တာ
သဘာဝ ကျတဲ့ အခြေခံ လူ့အခွင့်အရေး ဖြစ်တယ်
သခင်အောင်ဆန်းရေးဆွဲတဲ့
တို့ဗမာအစည်းအရုံးကြေညာစာမ်း၊
နိုင်ငံရေးရည်မှန်းချက်ထဲမှာ
အမေရိကန် အခြေခံဥပဒေကို ရေးခဲ့သူ
တတိယမြောက် သမတကြီး
သောမတ်ဂျဖာဆင်က
" လူတိုင်း လက်နက်ကိုင်ခြင်းရဲ့
အခိုင်မာဆုံး အကြောင်းပြချက်က
အစိုးရတွေ အာဏာရှင် ဖြစ်မသွားစေဖို့ပဲ
ဖြစ်တယ် "
" ငြိမ်းချမ်းတဲ့ ကျွန်ပြုမှု မလိုချင်၊
အန္တရာယ်ရှိတဲ့ လွတ်လပ်ခြင်းကို
ငါတို့ လိုလားတယ်"
" ပြည်သူတွေက သူတို့ရဲ့ တော်လှန်ရေး ဝိဉာဉ်
အမြဲ ကိန်းဝပ်နေတယ်လို့
အုပ်စိုးသူတွေကို မကြာခဏ
သတိပေးနေတာ မရှိရင်
ပြည်သူ့ လွတ်လပ်မှုကို
မထိန်းသိမ်းနိုင်ဘူး။
ပြည်သူတွေ လက်နက်ကိုင်ပါစေ"
" လက်နက်ကိုင်ခွင့်ကို
တားမြစ်သော ဥပဒေတွေဟာ
ရာဇဝတ်မှု ကျူးလွန်ဖို့ ဆန္ဒမရှိသူတွေကို
သားကောင်ဘဝကို ရောက်ရှိစေတယ်။
ကျူးလွန်သူတွေကို ပိုမို အားကောင်းစေတယ်။ "
" အာဏာဟာ ပြည်သူ့ထံက ဆင်းသက်လာတာ ဖြစ်တယ်။
ပြည်သူကပဲ သူတို့ဘာသာ
လေ့ကျင့် သင်ခန်းစာ ယူကြလိမ့်မယ်။
အခါခပ်သိမ်း လက်နက်ကိုင်ဆောင်မှုဟာ
လူတိုင်း ရဲ့ အခွင့်အရေး နဲ့ တာဝန် ဖြစ်တယ်"
တရုပ် ပြည်သစ် ထူထောင်သူ
တရုပ် ကွန်မြူနစ် ဖခင်ကြီး မော်စီတုံးက
" အာဏာသည် သေနတ်ပြောင်းဝက ထွက်တယ်။
ဒီသေနတ်ပြောင်းကို
ဘုံဝါဒီ အလုပ်သမား လယ်သမား (ကွန်မြူနစ်) တို့က
ပိုင်ဆိုင်ထားရမယ်" လို့ ဆိုတယ်
အမေရိကန် ပြည်ကို ထူထောင်သူ
ပထမဆုံး သမတကြီး
ဂျော့ဝါရှင်တန်က
" လွတ်လပ်သော လူသားတို့ဟာ
သေနတ် ကိုင်ခွင့်ရှိရတယ်။
ဒါပဲ မဟုတ်ဘူး စည်းကမ်းလည်း ရှိရမယ်"
လို့ ဆိုတယ်
Comments
Post a Comment