ပညာနဲ့ တော်လှန်ရေး

 ပညာနဲ့ တော်လှန်ရေး (၁၂ ဒီဇင်ဘာ ၂၀၂၁ က ရေးတဲ့စာ)


NUG က ပညာနဲ့ တော်လှန်ရေးလို့ ဆိုတယ်။ ဟုတ်ပါတယ်။ ရွေးကောက်ခံတွေချည်းသက်သက် နဲ့pure democracy (သန့်စင်သော ဒီမိုကရေစီပြည်ထောင်စုလွှတ်တော် ခေါ်တာ၊ CRPH  ဖွဲ့စည်းတာ၊NUG အစိုးရ လုပ်ငန်တွေ၊ NUCC ငန်းတွေ ဆောင်ရွက်တာ၊ အခွန်ဆောင်၊ ရန်ပုံငွေရှာ၊ ငွေတိုက်စာချုပ်နဲ့ နွေဦးထီ ရောင်းတာ အိုင်တီနည်းပညာ သုံးပြီး လုပ်နေတာ ပညာနဲ့ တော်လှန်ရေး ဖြစ်ပါတယ်။ 


ဒါပေမယ့် အိုင်တီနည်းပညာ တခုထဲနဲ့ လုံလောက်ပြီလား။


အထက်က လုပ်ငန်းတွေဟာ လွှတ်တော်နဲ့ အစိုးရ အတွက် De Jure ခေါ်တဲ့ တရားဝင်မှုအတွက်တော်တော်လေး ၉၀ပြည့်စုံနေပေမယ့်၊ De Facto နယ်မြေစိုးမိုးရေးအတွက် အိုင်တီနည်းပညာ ဟာ  ၂၀ပဲ အထောက်အကူ ပြုပါတယ်။ ဒီလောက်နဲ့ မရသေးပါဘူး


De Facto နယ်မြေစိုးမိုးရေးအတွက် လိုအပ်သေးတဲ့ နည်းပညာတွေကို အိုင်တီနည်းပညာအကူအညီနဲ့ဖြည့်စည်းဖို့ လိုပါတယ်။ 


ဗန်တို ဗန်ရှည် ကိုယ်ခံနည်းပညာ၊ အခြေခံစစ်ရေးပြပညာ၊ လက်နက်အမျိုးမျိုး တပ်ဆင်ပစ်ခတ်ပုံ၊မြို့ပြပျောက်ကြားပညာ၊ တောတွင်းပျောက်ကြားပညာ၊ စစ်ဗျူဟာခင်းပုံ၊ မြေပုံဖတ်နည်း၊ ခံတပ်ဆောက်နည်း၊ မိုင်းပညာ၊ တောတွင်း အသက်ရှင်နေထိုင်နည်း၊ မီးခိုးတိတ်ချက်ပြုတ်နည်း၊ ဆေးဝါးကုသနည်း၊ ထောက်လှန်းရေးပညာ၊ ထောင်ချောက်ဆင်နည်း .. စတဲ့ စစ်ပညာတွေ


ဓာတုဗေဒ၊ သတ္တုနည်းပညာ၊ စက်မှုလက်မှုပညာ၊ ဝပ်ရှော့အလုပ်ရုံပညာ၊ လက်သမားပညာ၊ ပန်းရံပညာ၊ အရေးပေါ် လမ်းဖောက်တံတားဆောက်ပညာ၊ လှိုင်ခေါင်းပညာ၊ ရေတူးဖော် သန့်စင်ပညာ၊ ဆိုလာလျှပ်စစ်ပညာ၊ သယ်ယူလွယ်တဲ့တာရှည်ခံ ရိက္ခာထုတ်လုပ်ရေးပညာ၊ .. စတဲ့ အင်ဂျင်နီယာ ပညာတွေ


ပြည်တွင်းဖြစ် ရတဲ့ ပစ္စည်းနဲ့ တလုံးထိုး၊ ဆုံလည်၊ ကဒ်ထိုး၊ စတင်း၊ စိန်ပြောင်း၊ ဒုံးကျည် လုပ်နည်း၊ပြောင်းရစ်ဖော်နည်း၊ မောင်းခလုပ်လုပ်နည်း၊ ကျည်ကဒ်လုပ်နည်း၊ ယမ်းစပ်နည်း၊ ကျည်လုပ်နည်း၊မိုင်းလုပ်နည်း၊ ရေပေါ် ရေအောက် တော်ပီတိုလုပ်နည်း၊ ဒရုန်းလုပ်နည်း  ဖိနပ်ချုပ်နည်း၊ ကျည်ကာလုပ်နည်း၊  ဆေးဆိုးနည်း၊ စတဲ့  စစ်သုံးကိရိယာ ထုတ်လုပ်ရေးပညာတွေ 


ပရဆေးပင်တွေရဲ့ အာနိသင်  အသုံးဝင်ပုံ၊ တောတိရစ္ဆာန်တွေရဲ့ ဘေးရန် ကာကွယ်နည်း၊ အသုံးဝင်ပုံ၊ရှေးဦးသူနာပြုနည်း၊  ခွဲစိတ်ကုသနည်း .. စတဲ့ ဆေးပညာတွေကို


ပညာနဲ့ တော်လှန်ရေး ပီပီ (ပညာ လေ့လာ စုဆောင်းခြင်း (သုတေသနပြု စမ်းသပ်ခြင်း (ဖြန့်ဝေ အသုံးချခြင်း  လုပ်ဖို့ NUG က Platform တွေ ဖန်တီးထူထောင်ပေးဖို့ လိုပါတယ်


 ပညာ လေ့လာ စုဆောင်းခြင်းမှာ လူနည်းစုက လျှို့ဝှက်လေ့လာစုဆောင်းလို့ လုံးဝ မဖြစ်နိုင်ပါ။ ဖေ့ဘုတ်ဂရုတွေ၊ ဝက်ဆိုက်ဖိုရမ်တွေ ဖွဲ့ပေးပြီး NUG က အရေးကြီး လိုအပ်တဲ့ ခေါင်းစဉ်တွေကို ချမှတ်ပေးရပါမယ် (ဥပမာ လက်လုပ်နည်းနဲ့ ပြောင်းရစ်ဖော်နည်း)... အဲဒီအခါ  ပရိုဖိုင်းအမှန်နဲ့ လူရော၊ဖရဲသီးရော၊ ဒလန်ရော ဝင်ရောက် ဆွေးနွေးမယ်။ ငြင်းခုံကြမယ်၊ အပျက်သဘောပြောကြမယ်။  တန်ပြန် ဒီဘိတ်လုပ်မယ် .. ဒါတွေကို ဖွင့်ပေးထားပါ။ အဲဒီထဲက မိမိအသုံးတည့်တဲ့ သတင်းအချက်အလက် ပညာကို ယူပါ။ ဒါကို Level D လို့ ခေါ်တယ်။ 


နောက်ဖိုရမ် အဆင့် တခုက ....

(ကောမန့် / မှာ ဆက်ဖတ်ပါ)


ပညာနဲ့ တော်လှန်ရေး (/



နောက်ဖိုရမ် အဆင့် တခုက ပြည်တွင်း CDM နဲ့ ပြည်ပ Volunteer ပညာရှင် အင်ဂျင်နီယာ စက်မှုလက်မှု ကျွမ်းကျင်သူတွေက Private သီးသန့် ဆွေးနွေးကြပါ။ ဒီနေရာမှာ ကျွမ်းကျင်နယ်ပယ်အလိုက် ပစ္စည်း အစိတ်အပိုင်း (သို့ခေါင်းစဉ် တခုစီ အတွက်  ဖိုရမ် တခုစီ သီးသန့်ထားပါ။ စာတွေ့သုသေတနစာတမ်းတွေ  တင်ကြပါ။ မြေပြင်မှာ လက်တွေ့ စမ်းသပ်မယ့် အစုအဖွဲ့က လူတွေက ဝင်ရောက် မေးမြန်းပါ။ လက်ျတွ့နဲ့ စာတွေ့ ပေါင်းစပ်ပါ။ ဒီအဆင့်မှာ ဖိုရမ် Level A,B, C ခွဲပါ။  


နောက်ဖိုရမ် တခုက လက်တွေ့အသုံးချ ဖိုရမ်ပါ။ Cat A, B, C ခွဲပြီး ဖြန့်ဝေရပါမယ်။ Cat. A စစ်ဦးစီး၊ အလုပ်ဦးစီးတွေအတွက်၊ Cat. B  တော်လှန်စစ်သည်တွေ CDM လုပ်သားတွေ အတွက်၊Cat. C တော်လှန်ပြည်သူအတွက် သတ်မှတ်ပြီး သင်ကြားပါ၊ ဖြန့်ဝေပါ၊  ဒီနေရာမှာ ကာကွယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ စီးပွါးရေးဝန်ကြီးဌာနတွေက လက်တွေ့ သင်တန်းပေး  အလုပ်ပေးရပါမယ်။   


တခု ရင်ထဲထည့်ထားရမှာက  ပြည်သူ့ခုခံတော်လှန်စစ်ပွဲ People War ဖြစ်ပါတယ်  y( စစ်တပ်အချင်းချင်း တိုက်တဲ့ စစ်ပွဲ Military War မဟုတ် ပြည်သူကို စစ်ဘေးရှောင်နည်း တခုထဲ မဖြန့်ဝေပါနဲ့။  တိုက်ပွဲဝင်နည်း၊ လက်နက်လုပ်နည်း အထိ သင်ပေးပါ။ ဖြန့်ဝေပေးပါ။  ခေတ်မီ အော်တိုဂမ်းနဲ့တိုက်မယ့် Professional Army ပုံစံ ဟာ နိုင်ငံတကာ အမြင်မှာ လိုအပ်သလို၊ ပြည်တွင်းဖြစ်လက်နက်နဲ့ တိုက်မယ့် People Armed Force တွေလည်း လိုအပ်ပါတယ်။ စနစ်တကျ စံချိန်စံညွှန်း drawing တွေနဲ့ လက်နက်နည်းပညာကို ရဲရဲဖြန့်ဝေပါ။ NUG က စုစည်းပေး ပြုစုပေးပါ။ တိုက်ရိုက်ဖြန့်တာ မဖြန့်တာ မတောင်းဆို၊ ပြည်သူ့လက်ထဲရောက်ဖို့သာ လိုရင်းဖြစ်တယ်။ 


တော်လှန်ရေးပြီးရင် ( ကလေး၊ ဘုန်းကြီး၊ စိတ်ရောဂါရှိသူ၊ ဆိုးသွမ်းစာရင်းရှိသူမှ အပ )လူတိုင်းလက်နက်ကိုင်ခွင့် ဥပဒေ ပြဒါန်းရပါမယ်။ လူတိုင်း စစ်ပညာ၊ လူ့အခွင့်အရေးပညာ၊ စစ်ဥပဒေပညာသင်ရေးဥပဒေ ပြဒါန်းရပါမယ်။ လူတိုင်း အလှည့်ကျ စစ်မှုထမ်းရပါမယ်။ မီးဟာ လောင်တတ်တယ်။ နှစ်တိုင်း မီးလောင်တယ်။ ဒါပေမယ့် မီးကို လူတိုင်း သုံးရတယ်။ သေနတ်လဲ ဒီလိုပဲ။နောက်ထပ် စစ်အာဏာမသိမ်းအောင် လူတိုင်းလက်ထဲသနတ်ရှိရမယ်။  တယောက်တလေက မူးရူးရမ်းကားလို့ ပစ်ရင် မိုင်ကုန် လူ ၁၀ ပဲသေတယ်။ စစ်အာဏာသိမ်းရင် လူထောင်ချီသေရုံမက နိုင်ငံပါပျက်စီးတယ်။  အကျိုးက အပြစ်ထက် အလေးသာတယ်။ ကမ္ဘာဦးထည်းက ရှိတဲ့ Arm Right ကိုလေးစားရမယ်။ သမိုင်းဦးဘုံမြေခေတ်က ပဒေသရာဇ်ခေတ်အထိ တိုက်ပွဲဝင် လက်နက်ဖြစ်တဲ့ကျောက်လှံ၊ ကြေးဓား၊  သံဓား အဆင့်ဆင့်ကို လူတိုင်း ပိုင်ဆိုင်ကိုင်ဆောင်ကြပါတယ်။


နောက်တခုက ကွန်မြူနစ်တစ္ဆေခြောက်ပြီ ကွန်မြူနစ်တွေရဲ့ ပျောက်ကြားနည်းပညာကို ကျော်ခွမသွားပါနဲ့။ ကွန်မြူနစ် ပေ့ချ်တွေက တင်နေတဲ့ ဆောင်းပါးတွေ မဖတ်ပဲ မနေပါနဲ့။ ပညာဆိုတာ ရလေကောင်းလေပါပဲ။ သုံးတာ မသုံးတာ တပိုင်းပါ။ လေ့လာပါ။ ဖတ်ပါ၊ လိုတာ ယူပါ။ မလိုတာ ပစ်ပါ။တင်ကူး ဆုံးဖြတ်ပြီး မပစ်ပယ်ပါနဲ့။ ပညာကို သူဖုန်းစားဆီက ယူသင့်ရင် ယူရပါမယ်။ ဒီလိုပဲ အရှေ့အလယ်ပိုင်းက ပျောက်ကြားတွေရဲ့ လက်နက်လုပ်နည်းကို လေ့လာပါ။ ယူသင့်တာ ယူပါ။ 






Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား