ကျည်ပြဿနာ အဖြေရှာ

ကျည်ပြဿနာ အဖြေရှာ

လက်နက်တော်လှန်ရေး တနှစ်နီးပါး ကြာလာပြီဆိုတော့ သင်ခန်းစာတွေလည်​း ရကြပါပြီ။ လကိ-နကိ ငယ်ကို မှောင်ခိုဈေးက အဆမတန် ပေးဝယ်နေရတော့ လူတိုင်း လက်နက် မတပ်ဆင်နိုင်ဘူး။ လကိ-နကိ ဘက် ငဲ့ရင်း စောင့်ရင်း အချိန်ကုန်နေတယ်။ အချိန် ဟာ အသက်ပဲ။  အချိန်ကြာလာတဲ့ အမျှ ရန်သူဘက်က ပြင်ဆင်ချိန် ပိုရတယ်။ ကိုယ့်ဘက်က resource တွေ ကျဆင်းလာတယ်။ တော်လှန်ရေးမှာ စိတ်ဓာတ်ပျက်ပြားလာတယ်။ ဒါကြောင့် ရွှေ နဲ့ အလေးချိန်တူ ဝယ်နေရတဲ့ မှောင်ခို လကိ-နကိ နဲ့ စစ်တိုက်နေရင် ဘဏ္ဏရေး ထောက်ပို့ဘက်မှာ ရေရည် တောင့်မခံနိုင်ဘူး။ အချိန်ကြာလေ စားစရိတ်ထောင်းလေ၊ စစ်ဘေးရှောင်ဝန်ကို ပိုထမ်းရလေပဲ။

ဒါ့အပြင် လေယဉ်ပစ်လကိ-နကိ လိုမိမိဘာသာ လုံးဝ လုပ်ဖို့ မဖြစ်နိုင်တဲ့ လကိ-နကိ တွေ ဝယ်ဖို့ ငွေကို ချန်ထားရဦးမယ်။ ဒါကြောင့် ကိုယ်ပိုင် လကိ-နကိ  ထုတ်လုပ်ရေးကို အားပေးနေတာ။ လူထု အင်အား နဲ့  အဆင့်မြင့် တူမီး နဲ့  ချဖို့ အကြံပေးနေတာပါ။ အဆင့်မြင့် တူမီးဟာ ကိုယ်တိုင်လုပ်ရင် ဖြစ်နိုင်တယ်။ ( အငေါ်တူး ပြောတာ မဟုတ်။ အဲဒီလောက်မှ မလုပ်နိုင်ရင် ကိုယ်ညံ့လို့ပဲ။ ) 

အော်တို မောင်းပြန်ရိုင်ဖယ်တွေဟာ မလိုဘူးလို့ မပြောပါဘူး။ ဒါပေမယ့် လူတိုင်း အဆင့်မြင့်တူမီးသည်သာ အဖြစ်နိုင်ဆုံးနဲ့ ဘဏ္ဏာစစ်ပွဲမှာ အဖြစ်သင့်ဆုံးပဲ။ အော်တိုဂမ်းကိုင်ထားတော့ရော ပစ်အား တိုးတက်လို့လား။ PDF တယောက်ပြောတာက " ကျနော်တို့မှာ တိုက်ပွဲ သွားရင်း ကျည် ၁၀  တောင့်ပဲ ပါတယ်။ ကျည်- ခွ့ံတွေ ပြန်ကောက်ပြီး ယမ်းပြန်ထည့်ရတယ် " လို့ ပြောတယ်။ ဒီတော့ အော်တိုဂမ်း ကိုင်လည်း  တချက်ချင်း ချွေပစ်နေရတာပဲ။ 

အဲဒီနေ ာမှာ အဆင့်မြင့်တူမီးသာ ဆိုရင် အနည်းဆုံး အချက် ၆၀ လောက် ပစ်လို့ရတယ်။ ၈ လလုံးလုံး တိုက်တွန်းနေပေမယ့် ခုထိ ကိုယ်ပိုင်ထုတ်ဖို့ အရိပ်မမြင်သေးတော့ စိတ်ဓာတ်လည်း ကျပါတယ်။ 

3D Printer တွေနဲ့ လုပ်နေပြီလား တော့ မသိ ၊ သတင်းမှာ ဖတ်မိတာပါ။ ကိုယ်ပိုင်ထုတ် ဖို့တော့ လုပ်ပါတယ်။ အော်တိုဂမ်းကို CNC machine နဲ့ ထုတ်ဖို့ လုပ်တာ တူမီးကို အဆင့်မြှင့် ထုတ်လုပ်တာထက် ပိုခက်တယ်။ ပိုခက်တာကို လုပ်မိပြီး အခက်အခဲ ပိုကြီးပြီး NUG စိတ်ဓာတ်ကျသွားမှာလည်း စိုးရိမ်တယ်။ 

အော်တိုဂမ်းတော့ ရှိပါပြီ။ ကျည် မရှိတော့ ဘာလုပ်မလဲ။ ဝယ်ဖို့က (၁) အရွယ်အစား၊ ယမ်းအား (၂) အရေအတွက် (၃) သယ်ယူရေး (၄) ဈေးနှုန်း ဆိုတဲ့ အချက် လေးချက်မှာ တခုခု ထစ်နေရင်   ငုပ်တုပ်မေ့ပြီ။  အော်တိုဂမ်း ပိုက်ပြီး ငုပ်တုပ်ထိုင်နေတာလည်း  high risk ပဲ။  လူထုက အဆင့်မြင့်တူမီးကိုင် တိုက်တာထက်တောင် risk ပိုကြီးသေးတယ်။ အသက်တွေကို တန်ဖိုးထားလို့ အော်တိုဂမ်း ဝယ်ပေးပြီး၊  "လူစုံမ ရ၊ ကျည်မရှိ" ရင် ငွေကုန် သံပြာဖြစ်နေမှာပဲလေ။  "အချိန်" ကြာလေလေ ပိုလို့ တောင် အန္တာရယ်များသေးတယ်။

အော်တိုဂမ်း ကိုင်ထားတဲ့ PDF တွေ မှာ ဟောဒီလို Brass  B_l_t  Collector/  Catcher / Bag တွေ တပ်ဆင်ပေးဖို့ လိုတယ်။ 

  

ကျည်  - ခွံတွေ ပြန်သယ်လာပြီး ဟောဒီလို ကျည်  - ခွံကို ယမ်းဖြည့်၊ ထိပ်ဖူးဖြည့်၊ ပရိုင်မာတပ်တဲ့ ပြီး ပြန်သုံးကြဖို့ လိုတယ်။ ( ကြေးနီ ကျည်- ခွံ ဆိုရင် အနာအဆာ မရှိရင် အကြိမ် ၃၀ ပြန်သုံးလို့ရတယ် ဖတ်မိတာ ပြောတာပါ။ )

PDF တပ်ရင်း စခန်းတိုင်းမှာ လုပ်လို့ ရချင်မှ ရမယ်၊ ဒါပေမယ့် တပ်မ တခုမှာ ကျည်လုပ်ေိရာတခုတော့ ဖန်တီး နိုင်ဖို့ လိုတယ်။ လွတ်မြောက်နယ်မြေ နဲ့ နယ်စပ်ဒေသတွေမှာ ပြည်သူ့လုပ်အားရနိုင်မယ်


    
    

  

  


  

  

   

   



---




  

 



----


 

    



------




 


  
----------





---

  

  

  

  




























Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား