ဟံသာဝတီဦးဝင်းတင်ပြောသည့် ပြည်ထောင်စုအကြောင်း

ဟံသာဝတီဦးဝင်းတင်ပြောသည့် ပြည်ထောင်စုအကြောင်း – လင်းယုန်


(ယခုဖော်ပြပါစာစုသည် မြန်မာသံတော်ဆင့် အတွဲ(၁)၊ အမှတ် (၄၈) တွင် ဖော်ပြခဲ့သော ၆၆ နှစ်မြောက် ပြည် ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ၀ါရင့် သတင်းစာ ဆရာကြီးနှင့် နိုင်ငံရေးသမားကြီး တစ်ဦးဖြစ်သူ ဆရာ ဟံသာဝတီ ဦးဝင်းတင်အား ၄င်းဖြတ်သန်းခဲ့ရ သည့် ပြည်ထောင်စုကြီး အကြောင်း တွေ့ဆုံမေးမြန်းခဲ့မှုများအပေါ် ဆရာဦးဝင်းတင်၏ ဖြေကြား ချက်များ ဖြစ်ပါသည်။ ယခု ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျ ရောက် သော ၆၈ နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အဖြစ် ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။ - အယ်ဒီတာ)

● ပင်လုံအနှစ်သာရ(သို့) ပြည်ထောင်စုနေ့

ပြည်ထောင်စုနေ့ဆိုပြီးတော့ လုပ်တာက ၁၉၄၇ မှာ ပင်လုံစာချုပ်မှာ လုပ်တယ်။ ပင်လုံမှာ လုပ်တဲ့ကိစ္စနဲ့ ပတ် သက်ပြီးတော့ တို့ကတော့ ပင်လုံနဲ့ မမီဘူးပေါ့ကွာ။ ကျောင်းသားဘဝပဲ ရှိသေးတယ်။ တို့သိပ်မမီလှဘူး။

ပင်လုံစာချုပ်မှာပါတဲ့ဟာက အရေး ကြီးတာက ဘာလဲဆိုတော့  ...   ရှမ်းတွေက သူတို့ရဲ့ လက်ရှိရှိနေတဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေးကို ရှမ်းပြည်ရဲ့အုပ်ချုပ်ရေးကို မလျော့သွားတဲ့ ဟာပဲဖြစ်ရမယ်ဆိုတဲ့ တောင်းဆိုချက်ပေါ့။ ကျန်တဲ့ ဟာက သိပ်များများ စားစားမဟုတ်ဘူး။ ဒါက ရှမ်းပြည်ရဲ့ အနေအထား။ အဲဒီအချိန်မှာ ကချင်က ဘာတောင်း လဲ။ ကချင်က ကချင်ပြည်နယ်ဆိုပြီး သတ်မှတ်ပေးရေး တောင်းတယ်။ ပြည်နယ် သတ်မှတ်ပေးရေးဆိုတာက သူ တောင်းတာက မိုးညှင်း၊ မိုးကောင်းတွေ လည်းပါတော့ ရှမ်းတွေက မခံဘူး။ ပြဿနာတွေတက်တယ်။ ချင်း က သိပ်ပြီးတော့ များများစားစား မရှိလှဘူး။ အရေးကြီးတာ သုံးချက်ပဲပါတယ်။ ကျန်တဲ့သူက လေ့လာသူ အနေ နဲ့တက်တယ်။ ရခိုင်တို့ ဘာတို့ကတော့ ဗမာပြည်က ရခိုင်ဝန်ကြီးတွေဘာတွေ တက်တာရှိတယ်။ ကရင် ကလာ ပြီး လေ့လာသူနဲ့ တက်တယ်။ ဒါပဲရှိတာ။ ဆိုတဲ့အခါကျတော့ ဗိုလ်ချုပ်အောင်ဆန်းက ဒီဟာကိုက ဒီအတိုင်းလုပ် လို့ မဖြစ်ဘူးဆိုပြီးတော့ ညှိလို့လည်း မရဘူး ဆိုပြီးတော့ ပြန်ဖို့တောင်လုပ်တာ။ ပြီးတော့ စာချုပ်ချုပ်တယ်။ ကချင်ပြည်နယ်ကိုလည်း မိုးကောင်းတွေဘာတွေ ပေးမယ် ဆိုပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းက ကချင် ပြည် နယ်ဆိုပြီး သတ်မှတ်ပြီးတော့လုပ်တယ်။ ပင်လုံရဲ့အနေအထားက ဒါပဲ။ ပင်လုံထဲမှာ ဘာမျိုးစေ့ပါလဲဆိုတော့ အရင်ဆုံး မျိုးစေ့ပါတာက သူတို့ရဲ့ကိုယ်ပိုင်ရှိနေတဲ့ အုပ်ချုပ်ရေး အခွင့်အာဏာကို မလျော့ပါး အောင်လုပ်ရမယ် ဆိုတဲ့ဟာက ဒါကအဓိကပဲ။ ဒီလောက်ပဲ။ ကျန်တဲ့ဟာကတော့ ပြည်နယ်ဆိုင်ရာ ဝန်ကြီးတွေခန့် မယ်တို့။ လူတိုး ပေးဖို့တို့။ လက်ထောက်ထားဖို့တို့ ဒီလောက်ပဲပါတာ။ ဒါက ပြည်ထောင်စုနေ့ အဲလိုဖြစ်တာ။

ဖဆပလဒီမိုကရေစီ မော်ကွန်းကြီး

တို့တွေ လူလားမြောက်လာတဲ့အချိန် ဖဆပလခေတ်မှာလည်း ဒီဟာပဲ လုပ်နေတာ။ ဖဆပလခေတ်မှာ လုပ်တဲ့ ဟာ ပြည်ထောင်စုနေ့ဆိုတာ ဒီအချိန်မှာ ရှမ်းပြည်နယ်ရှိတယ်။ ကချင်ပြည်နယ်ရှိတယ်။ ချင်းဝိသေသတိုင်း ရှိ တယ်။ ကရင်ပြည်နယ် မရှိသေးဘူး။ ထားလိုက်ဦး။ နောက်ပိုင်းကျတော့ ကရင်ပြည်နယ်က သတ်မှတ်တယ်။ ကယားက ပြည်နယ်ဖြစ်လာတယ်။ မွန်တို့၊ ရခိုင်တို့က မရှိသေးဘူး။ ဆိုတော့ အဲဒီ အနေအထား။ တကယ့် ပြည်နယ်အစစ်က ကချင်ရယ်၊ ရှမ်းရယ်၊ ကရင်ရယ်၊ ကယားရယ်၊ ကယားကလည်း ပြည်နယ်အသေး လေးပဲ။ ချင်းကပြည်နယ် မဟုတ်ဘူး။ ဒီလိုပုံစံမျိုးနဲ့ နေတဲ့အခါကျတော့ ဗမာကလည်း ဘာလုပ်လဲဆိုတော့ ဒီပြည် ထောင်စု နေ့ကြီးရဲ့သဘောက ဘာလဲဆိုတော့ ပြည်ထောင်စုသားတွေခေါ်ပြီးတော့ တို့က ပြည်ထောင်စု ပဲ ပြည်ထောင်စုကပွဲတွေ ဘာတွေလုပ်တယ်။ ပြည်ထောင်စုသားတွေ ဘာညာလုပ်တယ်။ ဒါနဲ့ပဲ ပြည်ထောင်စု နေ့ အခမ်းအနားတွေက ဒီအတိုင်းပဲပြီး တာများတယ်။

နောက်အခြေခံဥပဒေ ရေးဆွဲတဲ့ဥစ္စာ ပေါ်လာတယ်။ လွှတ်တော်ထဲမှာပေါ်တဲ့ အခြေခံဥပဒေရေးဆွဲတယ်။ ဒီအခြေခံ ဥပဒေရေးဆွဲတဲ့နေရာမှာ ဗိုလ်ချုပ်အောင်ဆန်းက ဖက်ဒရယ်စိတ်နဲ့ သွားမယ်ဆိုတဲ့ ဆိုတာ ပထမမူ ချထားတယ်။ သို့သော် နောက်ပိုင်းကျတော့ သူတို့ထဲမှာ သဘော မတူတဲ့ လူလည်းပါတဲ့ အခါကျတော့ ဗိုလ် ချုပ်အောင်ဆန်း ကိုယ်တိုင်ကနေပြီးတော့ ရှင်းရှင်းပြောရရင် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ကနေပြီးတော့ ရုပ်သိမ်းတယ်။ ဖက်ဒရယ်ပုံစံနဲ့ သွားလို့မရဘူး ဆိုပြီးတော့။ ဗမာပြည်ကနေပြီးတော့ ဦးဆောင်လုပ်တဲ့ ဟာနဲ့ သွားမယ်ဆိုပြီးတော့ ပြောတယ်။ ဒါပေမဲ့ ငါတို့တော့ မတွေ့ဖူးဘူး။ ဒီစကားရှိတယ်ပေါ့။ ဒီထဲမှာ ဘာပါလဲဆို တော့ အဓိကယကတော့ ပြည်မဆိုတာ ရှိမယ်။ ပြည်နယ်ကြီးတွေရှိမယ်။ ပြည်နယ်ဆိုတာ အရံပဲ။ အဲဒီတော့ အခြေခံဥပဒေမှာ လုပ်တာအာဏာ ခွဲဝေမယ့်ပုံစံက ပြည်နယ်တွေကို ဘယ်လောက်၊ ဘယ်လောက်ပေး မယ်။ အာဏာတွေ မှန်သမျှဟာ ပြည်မက အကုန်လုံးကိုင်ပြီးတော့ လုပ်မယ်။ ဒါဟာ အခြေခံအကျဆုံးပဲ။ ပြည်နယ် တွေက သူတို့ရဲ့ ရပိုင်ခွင့်တွေ တောင်းဆိုလာတာ ရှိတယ်။ နောက်တော့ ရခိုင်တို့၊ မွန်တို့ကလည်း သူတို့ ပြည်နယ်တောင်းလာတယ်။ အဲဒါတွေကို မပေးဘူးလို့ ပြောတာတွေလည်း ရှိတယ်။ ပေးမယ်လို့ပြောတာ လည်း ရှိတယ်။ နောက်ဆုံးကျတော့လည်း ကော်မတီတွေဖွဲ့တယ်။ ရခိုင်ပြည်နယ်ဖြစ် မြောက်ရေး၊ မွန်ပြည်နယ်ဖြစ် မြောက်ရေး ကော်မတီတွေ ဖွဲ့တယ်။ နောက်ဆုံးတော့ နိုင်ငံရေးအခြေအနေ ကြုံတွေ့လာတဲ့အခါ မှာ မွန်တို့၊ ရခိုင်တို့ ပေးမယ်။ အဲဒီအခါမှာ ၇ ပြည်နယ်ဖြစ်သွားတယ်။ ချင်းက ၀ိသေသတိုင်းက နောက်ပိုင်းကျ ချင်းလည်း ပြည်နယ်ထဲမှာ ပါလာတယ်။ ၇ ပြည် နယ်ဖြစ်လာတယ်။ အဲဒီအထဲမှာ အဓိက အကျဆုံးဟာ ဘာလဲဆိုတော့ ပြည်နယ်များရဲ့ ခွဲထွက်ခွင့်။ ၁၀ နှစ်ကြာလို့ရှိရင် ပြည်နယ်များဟာ တောင်းဆိုပြီးတော့ ခွဲထွက်ဖို့လုပ်မယ်ဆိုပြီး တော့ သဘောတူချက်ရှိတယ်။

၁၉၆၁ လောက်ရောက်တဲ့ အခါကျ တော့ အဲဒီအချိန်မှာ ၁၀ နှစ် ကျော်သွားပြီ။ ၅၈ မှာ ဆယ်နှစ်၊ ၅၈ ကနေ ဟိုဘက် သုံးနှစ်လောက်အကြာမှာပေါ့ တောင်ကြီးမှာ ပြည်နယ်ပေါင်းစုံ အစည်းအဝေးလုပ် တယ်။ ရှမ်းပြည် နယ်ကနေပြီးတော့ ဦးဆောင်တယ်။ အဲဒီမှာ ဖက်ဒရယ်ပေါ်လာတယ်။ ဖက်ဒရယ်မှာ တောင်းဆိုချက်တွေ ခွဲ ထွက်ခွင့် ကိစ္စဟာ ရှေ့တန်းသိပ်မရောက်လာဘူး။ ရောက်လာတဲ့ဟာက ဘာလဲဆို တော့ ပြည်ထောင်စု စစ်စစ် ပုံစံနဲ့ဖွဲ့မယ်ဆို ပြီးတော့ ပြည်ထောင်စုရဲ့ အာဏာတွေကို ပြည်ထောင်စုကလည်း ပြည်ထောင်စု အာဏာ၊ ပြည် မအာဏာ၊ အဲဒီထဲမှာ တစ်ခါထပ်ပြီးတော့ ဗမာဟာလည်း ပြည်မ မဟုတ်တော့ဘူး။ ဗမာဟာလည်း ပြည်နယ် တစ်ခုပဲဆိုပြီးတော့ အဲဒီဟာပေါ်လာတယ်။ အဲဒါကြီးက လုပ်ရင်းလုပ်ရင်းနဲ့ ဘာမှသိပ်ပြီးတော့ ထူးခြားချက်မရှိ ဘဲနဲ့၊ စာတမ်း ထုတ်တာတို့။ ပင်လုံကို ပြန်ပြီးတော့ သုံးသပ်တာတို့။ နောက်တစ်ခါ သူတို့ရဲ့ ပြည် ထောင်စု အာဏာ ခွဲဝေရေးပြဿနာတို့။ နောက်ပြည်ထောင်စု စစ်စစ် ပုံစံနဲ့ ဖွဲ့စည်း ရေးတောင်းဆိုတာတို့၊ နောက်ပြီး တော့ ခွဲထွက်ရေးကိစ္စတို့ ကြေညာစာတမ်း ထုတ်တာတို့ အဲဒါက ၁၉၆၁ ကိစ္စ၊ ၆၁ ကိစ္စက ဦးနုကနေပြီးတော့ ဘယ်လို သဘောထားလဲဆိုတော့ အဲဒီဟာ မဖြစ်ဘူး။ ဒီအတိုင်းသွားလို့ရှိရင် ပြဿနာဖြစ်တော့မှာပဲဆိုပြီး တော့ ညီလာခံကြီးခေါ်မယ်။ ညီလာခံကြီး ခေါ်ပြီးတော့ ဒီမိုကရေစီ မော်ကွန်းကြီး ထိုးမယ်ဆိုပြီးတော့ ပြည် ထောင်စုနေ့မှာ လုပ်တယ်။ ၁၉၆၂ မှာ။ အဲဒီမှာ စာတမ်းတွေ တင်ကြတယ်။ စာတမ်းတွေမှာ ဖဆပလတို့ ဘာ တို့ကတော့ ဒါဟာ ခွဲထွက်ရေးလုပ်ငန်း၊ ခွဲထွက်ရေးလုပ်ငန်းက ဘယ်သူ ပါလဲဆိုတော့ အဲဒီတုန်းက ဆီးတိုးဆို တာ ရှိတယ်။ ဆီးတိုးဆိုတာက အမေရိကန်ပါတယ်။ ယိုးဒယားပါတယ်။ ဖိလစ်ပိုင်တို့ ဘာတို့နဲ့ ဗီယက်နမ်တို့ ဘာတို့လည်း ပါတယ်။ ဆီးတိုးအဖွဲ့ကနေပြီးတော့ ခွဲ ထွက်ရေးလုပ်အောင် လုပ်နေတာပဲဆိုပြီး တော့ ထင်တာရှိ တယ်။ ပြည်ထောင်စုဖွဲ့ စည်းရေး၊ ဖက်ဒရယ်ပုံစံနဲ့ ဖွဲ့စည်းရေးကို လက်မခံဘူး။ ဖဆပလကဆိုရင်တော့ လုံးဝ ကို ဆီးတိုးရဲ့လက်ချက်ပဲ။ ဆီးတိုးနဲ့ ရှမ်းပြည်နဲ့ ပေါင်းပြီးတော့ ခွဲထွက်ဖို့လုပ် တာပဲဆိုပြီးတော့ ငြင်းတယ်။ စာတမ်းတွေ တင်တယ်။ ဖဆပလကတင်ဖို့ ဟာကတော့ မတင်ဖြစ်ဘူး။ ဖဆပလဝန်ကြီး ဒေါက်တာ အေးမောင် က တင်ဖို့စာတမ်းကို မတင်ဖြစ်ဘူး။ အာဏာသိမ်းသွားတယ်။

ခြုံကြည့်လိုက်ရင် ဘာလဲဆိုတော့ ၆၂အထိ ၁၄ နှစ်ကာလအတွင်းမှာ ပြည်နယ်တွေက တောင်းဆို ချက်တွေ တောင်းလာတယ်။ ပြည်နယ်ပေါင်းစုံ အစည်းအဝေးလုပ်တယ်။ တောင်ကြီးမှာ လုပ်တယ်။ အဲဒီ ကနေပြီးတော့ ခွဲထွက်ဖို့ကိစ္စ ပိုင်းခြားပြီးတော့ လုပ်တယ်။ အဲဒါ ဆန္ဒခံယူပွဲပေါ့။ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် ကော်မတီ ဖွဲ့တယ်။ မိုးဗြဲက ရှမ်းပြည်နယ်ပါမှာလား၊ ကယားပြည်နယ်ပါမှာလား ဆိုပြီးတော့ လေ့လာစုံစမ်းရေး။ နောက်ပြီး တော့ အာဏာတွေခွဲဝေဖို့ ကိစ္စတွေပေါ့နော်။ ဘယ်ဌာန၊ ဘယ်ဌာနက ဗဟိုရဲ့အောက်မှာထားမယ်။ ဘယ်ဌာန ဘယ်ဌာနက ပြည်နယ်တွေ အောက်မှာထားမယ်ဆိုတဲ့ အာဏာ ခွဲဝေမှု ပြဿနာတွေ။ ပြည်နယ်တွေက တောင်း ပြီပေါ့။ အဲဒီဟာပဲရှိတာပဲ။ ကျန်တဲ့ဟာကတော့ သိပ်ပြီး များများစားစား မရှိဘူး။ အစိုးရကြည့်မယ်ဆိုရင်လည်း အဲဒီတုန်းက ဗမာအစိုးရလိုင်းက ဗမာအစိုးရနဲ့ ပမညတနဲ့ မတူဘူးဆိုတဲ့ဟာက တစ်သံတည်းပဲထွက်တယ်။ ဦးနုအစိုးရနဲ့ ကွဲနေတဲ့ ဖဆပလကလည်း တစ်သံတည်း ထွက်တယ်။ ဒီပုံစံနဲ့ သွားလို့မရဘူး။ ဗမာအစိုးရ ဘက် ကတော့ ပြည်နယ်တွေဖြစ်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ တစ်ဖက်က မီဒီယာ မြှောက်ပေးတာ။ မီဒီယာ သွေးထိုးပြီးတော့ ခွဲထွက်ဖို့ကြံတဲ့လိုင်း၊ ဒီလိုင်းဟာ နောက်ပိုင်း ကျတော့ စစ်တပ်ကနေ ကိုင်တဲ့လိုင်း ဖြစ်သွား တယ်။ ဖက်ဒရယ်ဆိုတာဟာ ပြည်ထောင်စုကနေ ခွဲထွက်ဖို့။ တစ်ဖက်ကနေပြီးတော့ပြောတဲ့ ဟာကျတော့ ပမညတတို့၊ ဖဆပလတို့၊ ပထစတို့ အားလုံးကတော့ တစ်သံတည်းဖြစ်သွားပြီးတော့ အလုပ် ဖြစ်တယ်။ ပြည် နယ်တွေဘက်ကကြည့်တဲ့ အခါကျတော့ ပြည်နယ်တွေက ဘယ်လို ဖြစ်လဲဆိုတော့ ပြည်နယ်ကလည်း ၇ ပြည် နယ်မဖြစ်သေးဘူး။ မွန်ဆိုရင် ပြည်နယ် မလုပ်ရသေး ဘူး။ ဖြစ်မြောက်ရေး ကော်မတီလိုဟာမျိုး၊ ရခိုင်ဆိုရင် လည်း အဲဒီလိုဖြစ်နေတယ်။ ဆိုတော့ ပြည်နယ်တွေ ဘက်ကလည်း အရမ်းကြီး ညီတာမဟုတ်သေးဘူး။ သို့သော် သူတို့လည်း တတ်နိုင်သမျှတော့ ညီအောင်လုပ်ပြီးတော့ ဖက်ဒရယ် ပုံစံနဲ့လုပ်ပါ။ ဖွဲ့ပါ။ နောက်ပြီး တော့ အာဏာခွဲဝေမှု ပုံစံတွေ သတ်မှတ်ပေးပါဆို ပြီးတော့။ လက်နက်ကိုင်တိုက်ပွဲတွေ ဘာ တွေကတော့ ထားပါတော့။


● ဖက်ဒရယ် အငြင်းပွားခြင်း

ဦးနေဝင်းလက်ထက်ရောက်တဲ့ အချိန်မှာ ပြည်နယ်နဲ့ ပတ်သက်ပြီးတော့ ပြောစရာရှိတာက ဘာလဲဆိုတော့ ၁၉၆၄ မန္တလေးမှာလုပ်တဲ့ တော်လှန်ရေးကောင်စီ အစိုးရရဲ့ တိုင်းရင်းသားလူမျိုးများဆိုင်ရာ သဘောထား ဆိုတဲ့ ကြေညာချက်ကို ထုတ်တယ်။ နောက်တစ်ချက်က ဘာလဲဆိုလို့ ရှိရင် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြည်ထောင် စုကို ဖွဲ့စည်းတဲ့အချိန်မှာ ၁၄တိုင်း၊ ၁၄ ပြည်နယ်ဆိုပြီးတော့ ခွဲမယ့် လိုင်းပေါ်လာတယ်။ ဘာလို့လဲဆိုတော့ ဦးနေဝင်းက ၁၉၆၂ လောက်မှာပဲ ရန်ကုန်တိုင်းလို တိုင်းတွေကို သတ်မှတ်လိုက်တယ်။ သတ်မှတ်ပြီးတော့ ရန်ကုန်တိုင်း အတွင်းမှာရှိတဲ့ ဟာတွေ အကုန်လုံးကို ပဲခူး၊ မန္တလေး ဘာညာဆိုတဲ့ဟာတွေကို လည်း ၁ တိုင်းနဲ့ ၆ တိုင်းနဲ့ ပေါင်းလိုက်ရော ၇ တိုင်းဖြစ်သွားတယ်။ ၇ တိုင်းနဲ့ ပြည်နယ်က ၇ ပြည်နယ်နဲ့ ပေါင်းလိုက်ရင် ၁၄။ တိုင်းက ရခု၊ ပြည်နယ် ၇ ခု။ ရိုးရိုးတန်းတန်း ၈ ပြည်နယ်ဆိုရင် ဗမာရဲ့ ရပိုင်ခွင့်က ၈ ရာခိုင်နှုန်းမှာ ၁ ရာခိုင်နှုန်း လောက်ပဲရှိမယ်။ သာမလား၊ လျော့မလား ထားပါတော့။ ၇ တိုင်း၊ ၇ ပြည်နယ်လုပ်တဲ့ အခါကျတော့ ဗမာက ငါးဆယ်ရာခိုုင်နှုန်း လောက်ဖြစ်သွားတယ်။ အဲဒီကနေပြီးတော့ လုပ်ရင်းကနေ ကရင်တောင်းဆိုချက်ဟာ ခွဲထွက်ဖို့လုပ်တာ။ ဒါကို အဓိကထားတယ်။ ခွဲထွက်ဖို့ လုပ်တာ။ ဒီခွဲထွက်ဖို့လုပ်တယ်ဆို တာနဲ့ လိုင်းတွေပူးပြီး တော့ အဲဒီကနေပြီးတော့ နိုင်ငံတော်ဘာသာ သတ်မှတ်ပြီးတော့ ပြဿနာပေါ်တယ်။ နောက်ပြီးတော့ စော်ဘွား များ ဆိုတဲ့ဟာမျိုးတွေ ပေါ်တယ်။ ဘိန်းဘုရင်တွေရဲ့ ခွဲထွက်ရေးလိုင်း သမ္မတ နိုင်ငံတော် ထူထောင်တယ်။ ဆိုတော့ တော်လှန်ရေးအစိုးရ ကာလအတွင်းမှာ ဖြစ်တဲ့ ပြည်ထောင်စု အနေအထားကြည့် မယ်ဆိုရင် ဖယ်ဒ ရယ်လိုင်းကို ပိုပြီးတော့ ခိုင်မာလာတယ်။ အဲဒီဖယ်ဒရယ်လိုင်းကို ဗမာအစိုးရကနေပြီးတော့ ဦးနေဝင်းအစိုးရ ကနေပြီးတော့ ၇ တိုင်း၊ ရပြည်နယ်လုပ် ပြီးတော့ သူက ၅၀ ရာခိုင်နှုန်းကို အပိုင် သိမ်းထားတယ်။ နိုင်ငံတော် ပါတီကော်မတီဆိုတာ ဖွဲ့တယ်။ ၇ တိုင်း၊ ၇ ပြည်နယ် ကလည်း အညီအမျှဆိုတာ ပြောလို့ရ တယ်။ ဒီသမ္မတ လုပ်တဲ့သူနဲ့ ဝန်ကြီးချုပ်လုပ်တဲ့သူက ဝန်ကြီးချုပ်လုပ်တဲ့သူလည်း ဗမာပဲပေါ့။ ၂၉ ဦးပါတဲ့ နိုင်ငံတော် ကော်မတီ ဆိုတာမှာ သူက အတွင်းရေးမှူး လုပ်ပြီးတော့ နိုင်ငံတော်ကော်မတီဆိုတဲ့ တိုင်းပြည်ရဲ့ အာဏာအကြီးဆုံး ဆိုတဲ့ဟာမှာ သူက မညီမျှတော့ဘူး။ ဒါ့ထက်ပိုဆိုး တာကတော့ စစ်တပ်မှာရော၊ အုပ်ချုပ်ရေး မှာရော နေရာ တိုင်း၊ နေရာတိုင်းမှာ ဗမာကပဲလုပ်တာပေါ့။ အဲဒီမှာ ဘာထူးထူး ခြားခြားပေါ်လာလဲဆိုတော့ ဒီတော်လှန်ရေး အစိုးရကာလအတွင်းမှာ ဖက်ဒရယ်ပုံစံ ဆိုတဲ့လိုင်းဟာ တော်တော်များများ တက်လာတယ်။ ဖက်ဒရယ်ပုံစံ ကို ပြောတဲ့ အခါမှာ ဖက်ဒရယ်ပုံစံနဲ့ လုပ်တဲ့ဟာက ပြည်ထောင်စုပြိုကွဲရေးဆိုတဲ့ နိုင်ငံရေးလိုင်း အဖြစ် အစိုးရက တင်လာတယ်။ တိုင်းရင်းသားတွေဘက်ကလည်း ဖက်ဒရယ်ဆိုတာ တိုင်းရင်းသားအခွင့်အရေးများ၊ သို့မဟုတ် လည်း ဗမာရဲ့ကြီးစိုးမှုကိုကန့်သတ်လိုက်တာဆိုတဲ့ပုံစံနဲ့ပေါ်လာတယ်။ အဲတော့ တိုင်းရင်းသားဟာ သူတို့အချင်း ချင်း ညီညွတ်ရေးဆိုတဲ့ လိုင်းဆိုတာထက် ဗမာရဲ့ သြဇာလွှမ်းမိုးမှု၊ ဗမာရဲ့ ကြီးစိုးမှုကို ကန့်သတ်တဲ့ဟာလို့ သူ ကမြင်လာတယ်။ ဖက် ဒရယ်လိုင်းမှာသာ ဗမာရဲ့လွှမ်းမိုးမှုကို ကန့်သတ်ပြီးသား ဖြစ်တယ်။ ဗမာဘက်က ကျ တော့ ဖက်ဒရယ်လိုင်းဆိုတာ တိုင်းရင်းသားတွေ ခွဲထွက်ဖို့လုပ်တာ။ သို့မဟုတ် လို့ရှိရင်လည်း ပြည်ထောင်စုပြို ကွဲရေးလိုင်း၊ ဒီလိုင်းတွေနဲ့သွားတာ။

အဲဒီကနေ သွားရင်းကနေပြီးတော့ အခြေခံဥပဒေတစ်ခုဆွဲတယ်။ ၁၉၇၄ မှာ။ ၇၄ ဆွဲပြန်တော့လည်း သဘော ကတော့ ဒီအခြေခံပေါ်မှာ တိုင်းနဲ့ပြည်နယ် ၁၄ ခုပေါ်မှာအခြေခံပြီးတော့ဆွဲတယ်။ နောက်ပြီးတော့ ခုနက ပြော တဲ့ တိုင်းရင်းသားများရဲ့ လွတ်လပ်ခွင့်ဆိုပြီးတော့ အများကြီး ပြောပါတယ်။ နမူနာက ဘာလဲဆိုတော့ တိုင်းရင်း သားတွေက သူတို့ဟာသူတို့ ပြည်နယ်ကောင်စီဆိုတာတွေ ဖွဲ့တယ်။ ပြည် နယ်ကောင်စီ ဖွဲ့ရင် ပြည်နယ် ကောင်စီတွေရဲ့ ဥက္ကဋ္ဌတွေဟာ သမ္မတကပဲ ခန့်ပိုင်ခွင့် ရှိတယ်။ သမ္မတကခန့်တယ်။ နောက်ပြီးတော့ စစ်တိုင်း တွေရဲ့အောက်မှာ ပြည်နယ်ကောင်စီတွေက ရောက်သွားတယ်။ သူတို့ရဲ့လုပ်ပိုင်ခွင့်တွေကလည်း အများကြီး တက်လာတယ်။ ဒါက ပြည်ထောင်စုနေ့နဲ့ ပတ်သက်တဲ့ အပြောင်းအလဲ အခြေခံ။

● အမျိုးသားညီလာခံ

အဲဒီကနေပြီးတော့ ထွက်လာတဲ့ဟာကျတော့ စစ်အာဏာရှင် လက်ထက် ရောက်လာတဲ့အခါကျတော့ ကချင်၊ ကရင်တို့မှာလည်း ဖြိုတဲ့ဟာတွေ လုပ်လာတယ်။ တိုင်းရင်းသားတွေကလည်း အဲဒီမှာစုစည်း ပြီးတော့ လှုပ်ရှား တာတွေ ပေါ်လာတယ်။ တရုတ်ကလည်း ဝင်ထိုးတာတွေ ရှိတယ်။ တိုင်းရင်းသားနဲ့ နဝတတို့ဘာတို့ လက် ထက်မှာ အဓိကလက်ခံတာက ဘာလဲဆိုတော့ နိုင်ငံရေးအားဖြင့် လက်နက်ကိုင်တိုက်ပွဲ အကြီးကျယ်ဆုံးပဲ။ သို့ သော် အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ လုပ်တဲ့အခါမှာ နောက်က ကွန်မြူနစ်ရှိတယ်။ ကွန်မြူနစ် နောက်မှာ တရုတ် ရှိတယ်ဆိုတဲ့ ပုံစံနဲ့ လုပ်တယ်။ တော်လှန်ရေးကောင်စီတုန်းက အတင်းဖြိုတဲ့အခါ မှာ တိုင်းရင်းသား တွေက သူတို့ဟာသူတို့စုစည်းပြီးတော့ ရပ်တည် ပြီးတော့ ခုခံတာတွေလုပ်တော့ ခုခံရေး စစ်ပွဲ။ ဟိုတုန်းက လက်နက်ကိုင်တိုက်ပွဲဆိုတာ ကွန်မြူနစ်တွေနဲ့ လုပ်တယ်။ မဟုတ်ရင် ကရင်နဲ့ လုပ်တယ်။ ဒီလောက်ပဲရှိတယ်။ ကျန်တာတွေကတော့ ခွန်ဆာတို့ဘာတို့ ဒီလောက်ပဲ။ ဒါပေမဲ့ ဒီနဝတလက်ထက် ရောက်သွားတဲ့အခါကျတော့ တိုင်းရင်းသားတွေက သူတို့ရဲ့ လူမျိုးရေးအခြေခံတိုင်း ရင်းသားအခြေခံပေါ့ ပြန်ပြီးတော့ ဖြစ်တဲ့ ပုံစံကိုရောက် သွားတယ်။ ဒါပေမဲ့ အဲဒါကို သူတို့သိတဲ့အတွက်ကြောင့် အမျိုးသား ညီလာခံခေါ်တယ်။ ဒါက န.၀.တ လက် ထက်မှာ ပေါ်တဲ့လက္ခဏာ။

ဒီလက်နက်ကိုင်အင်အားနဲ့ တိုက်နေရင်း ပြိုသွားတဲ့အခါ တိုင်းရင်းသားတွေက ငြိမ်းချမ်းရေးယူူတဲ့ ပုံစံဖြစ်သွား တယ်။ ဒီတစ်လျှောက်လုံးမှာ နောက်ဆုံး ကချင်လိုဟာမျိုးကျန်တော့။ ဒါဟာ ပြည်ထောင်စု အရေးနဲ့၊ ပြည် ထောင်စု အခြေခံနဲ့ကြည့်မယ်ဆိုရင် ပြောင်းလဲလာတဲ့ နိုင်ငံရေးရေ စီးကြောင်းပဲ။ အဲလိုပဲ ပြောလို့ရမယ်။

● ဒုတိယ ပင်လုံ

ဒါကပြောလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုပ်မယ်လို့ ကြံတဲ့ဟာပဲ။ တို့ကတော့ ဘာလဲဆိုတော့ တို့ဟာ ၁၉၈၉ တုန်းက အမျိုးသားညီလာခံတစ်ခု ကျင်းပဖို့လို တယ်ဆိုတာ ၁၉၈၉၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ပင်လုံမှာ ဒေါ်စုတို့၊ ကိုမိုးသူ တို့ဖတ်ခဲ့တဲ့ စာတမ်းထဲမှာ ဒီဟာပါပြီး သား။ သူကဘာလဲဆိုရင် လွှတ်တော်မှာ လုပ်ပါ။ လွှတ်တော်မှာအာဏာရ ပါတီဟာ၊ အနိုင်ရပါတီဟာ၊ အမျိုးသားညီလာခံလို လွှတ်တော်ရဲ့ပြင်ပ မှာခေါ် ပါ။ လွှတ်တော်ထဲက အမတ်တွေလည်းပါမယ်။ ပြင်ပက ပုဂိ်္ဂုလ်တွေ လည်းပါမယ်။ ပြင်ပက ပါတီက နိုင်ငံရေး ပုဂိ်္ဂုလ်တွေလည်း ပါမယ်။ အဲဒီ အမျိုးသားညီလာခံကနေပြီးတော့ အခြေခံ ဥပဒေတစ်ခုရေးဆွဲပါ။ အဲဒီ ဒီမိုက ရေစီ အခြေခံဥပဒေကို အမျိုးသားညီလာခံက အတည်ပြုလိုက်လို့ရှိရင် လွှတ်တော်ကိုပြန် တင်ပါ။ လွှတ်တော် လည်းအတည်ပြုပြီးဆိုရင် အဲဒီအခြေခံဥပဒေ အတိုင်းပဲသွားပါ။

၁၉၈၉၊ ဖေဖော်ဝါရီလ ၁၂ရက်နေ့ ပင်လုံညီလာခံမှာ ဒေါ်စုဖတ်ဖူးတဲ့စာတမ်း သည်ကား ဒီပင်လုံအခြေခံနဲ့ပဲ နိုင်ငံ ရေးကို ဖြေရှင်းမယ်။ တိုင်းရင်းသားကိစ်္စဖြေရှင်း မယ်။ အဲလိုဖြေရှင်းတဲ့အခါမှာ တို့ကဘာ လဲဆိုရင် ဒီဖြေ ရှင်းချက်ဟာ လွှတ်တော် ပြင်ပမှာလုပ်တဲ့ အမျိုးသားညီလာခံကြီး ကျင်းပပြီးတော့ လွှတ်တော်ရဲ့အတည်ပြု ချက်ယူမယ်။ လွှတ်တော်ဘာလဲဆိုတော့ ပြည်သူကရွေးချယ်တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေပါတဲ့အတွက်၊ အဲဒီတော့ အမျိုးသားညီလာခံဆိုတာတော့ လွှတ်တော်အမတ်တွေလည်းပါမယ်။ လွှတ်တော်ရဲ့ပြင်ပမှာလုပ် တာ။ လွှတ်တော်ရဲ့ ကမကထပြုတဲ့ အမျိုသားညီလာခံ။ အဲဒီ ညီလာခံရဲ့ဆုံးဖြတ်ချက်၊ အခြေခံဥပဒေ ရေးဆွဲ လို့ကျသွားပြီဆိုရင် အဲဒီအခြေခံ ဥပဒေကို လွှတ်တော်ကလည်းအတည်ပြု၊ အမျိုးသားညီလာခံကလည်း အတည်ပြု နှစ်ဦးစလုံးက အတည်ပြုပြီးရင် အဲဒီအခြေခံ ဥပဒေ အတိုင်း ရွေးကောက်ပွဲတွေ လုပ်ပြီး တော့ အစိုးရအဖွဲ့တွေနဲ့ဆုံပြီးတော့ ဒါ တို့ရဲ့သဘောထားပေ့ါ။

အဲဒီသဘောတိုင်းတို့က ဒေါ်စုလွတ်လာတဲ့အခါမှာ တို့က ပင်လုံကိစ္စဟာလည်း ဒေါ်စုမလွတ်ခင်ကတည်းက ဥပဒေရှင်သန်ဖို့ ပညာစာတမ်းဆိုတာ ပေါ်လာပြီးတော့ ကလေးမြို့ပညာစာတမ်းအရ တို့လုပ်တာပဲ။ တိုင်းပြည် မှာဖြစ်နေတဲ့ ပြည်ထောင်စုဟာ အနေအထား အဆင့်တစ်မျိုးဖြစ်လာပြီ။ ဒါကိုစုစည်းဖို့ လိုတယ်။ မစုစည်းရင် ပြည်ထောင်စုဟာ ပြိုကွဲသွားနိုင်တယ်။ အဲဒီတော့ ပင်လုံရဲ့အခြေခံနဲ့ပဲ ပြန်ပြီးတော့တို့က စုစည်းမယ်။ ပင်လုံညီ လာခံဆိုတာ လုပ်ဖို့ ဆိုတာ ဒေါ်စုကိုတာဝန်ပေးတယ်။ ဒေါ်စုနဲ့ လာပြီးတော့တွေ့တဲ့ ရှမ်းတို့၊ ကရင်တို့၊ ကချင် တို့၊ ချင်း၊ ရခိုင်၊ မွန် သူတို့ကလာ ပြီးတော့ဆွေးနွေးပြီးတော့၊ တိုက်တွန်းပြီး တော့ ဒေါ်စုုကို တာဝန်ပေးတယ်။ ဒေါ်စုကလည်း တာဝန်ယူမယ်ဆိုပြီးတော့ ၀ါရင့် နိုင်ငံရေးသမားတွေနဲ့ ၀ါရင့်နိုင်ငံရေး သမား တွေကနေပြီးတော့ ဒေါ်စုကို ဒုတိယပင်လုံ ညီလာခံပုံစံမျိုး တိုင်းပြည်ကိုစုစည်းဖို့ အတွက်ကိုလုပ်ပါဆိုပြီးတော့ တာဝန်ပေး တယ်။ ဒီတာဝန်တွေကိုစုစည်းပြီးတော့ ဒုတိယပင်လုံညီလာခံဆိုပြီးတော့ concert ဆိုပြီးတော့ ပေါ်လာတာပဲ။ အဲဒီ concert မှာ လုပ်မယ့်ဟာဘာလဲဆိုတော့ အခြေခံအကျဆုံးကတော့ ဒီတွေ့ဆုံဆွေးနွေးပွဲ လုပ်ဖို့ပဲ။ လက်နက် ကိုင်တပ်တွေပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် လူမျိုးစုအင်အားစုတွေနဲ့ နိုင်ငံရေး အင်အားစုတွေအကုန်လုံးနဲ့ တိုင်း ပြည် ကို ဒုတိယပင်လုံလို့ အမည်ခံသွားလည်း ပင်လုံထက်ပိုကျယ်ပြန့်တဲ့ နိုင်ငံရေး အခြေခံတွေ နိုင်ငံရေး သဘော ထားတွေ၊ နိုင်ငံရေးပေါင်းကူးမှုတွေ ညီညွတ်မှုတွေ ရှာပြီးတော့၊ အဲဒီကနေပြီတော့ လမ်းရှာ ဖို့ပဲ။ ဒုတိယပင်လုံ ညီလာခံနဲ့ ပတ်သက်လို့ ဘာတွေဖြစ်လာမယ်၊ ဒီဟာတွေ ဘယ်လောက်ဖြေရှင်းနိုင်မယ်၊ တို့အတိကျမပြော နိုင်ဘူး။ ပင်လုံဆိုတာ ပေါင်းစည်းဖို့ကြိုးစား တာပဲ။ ပေါင်းစည်းလို့ အင်အားရလိုက်ပြီ ဆိုရင် အဲဒီအင်အား အပေါ် မှာ ဆုံးဖြတ်ချက်တွေ ချနိုင်မယ်လို့ တို့ကယူဆတယ်။ စစ်မှန်တဲ့ ပြည်ထောင်စုပေါ်ပေါက်ရေးကို အထောက် အကူဖြစ်မယ်လို့ တို့က ယူဆတယ်။

မြန်မာသံတော်ဆင့်သတင်းဌာန

Comments

Popular posts from this blog

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား

ဖ၊ဆ၊ပ၊လ ပဏာမ ပြင်ဆင်မှု ညီလာခံမိန့်ခွန်း