ဗမာပြည်နယ် ဖွဲ့စည်းရေး "ဂျင်း"

 ဗမာပြည်နယ် ဖွဲ့စည်းရေး "ဂျင်း"  


  " ဗမာပြည်နယ် ဖွဲ့ပါ " တခွန်းပဲ ကြက်တူရွေးစာအံသလို အော်တတ်ကြတယ်။ implementation လို့ ခေါ်တဲ့ မည်သို့မည်ပုံ ဖွဲ့ရမယ် ဆိုတာ စိုးစဉ်းမျှ မသီဘူး။ 

ယုတ်စွဆုံး ဗမာလူမျိုးလား မြန်မာလူမျိုးလားတောင် မှန်အောင် မသိဘူး။  မြန်မာလူမျိုး သမိုင်းကို သိရင် ဗမာလူမျိုး ဆိုတာ မရှိဘူး။  ( ၁၉၄၈ နိုင်ငံသားဥပဒေနဲ့ ၁၉၈၂ နိုင်ငံသာဥပဒေပါ  လူမျိုးနာမည် တွေကို ပြန်ကြည့်၊  မြန်မာလူမျိုးကို  နေဝင်းက ဗမာလူမျိုးလို့ ဂျင်းထည့်ခဲ့တာ တွေ့ရမယ်) ဒီတော့ ဗမာပြည်နယ် ဆိုတာ ဂျင်းပဲ။ " မြန်မာလူမျိုး၊ မြန်မာပြည်နယ် "ဆိုမှမှန်ကန်မယ်။    👉 မြန်မာလူမျိုးလာ ဗမာလူမျိုးလား ဖတ်ကြည့် 👉https://www.facebook.com/168239896917155/posts/858134667927671/




 မြန်မာ ပြည်နယ် ဖွဲ့စည်းတာ ဒီအတိုင်း မြေပုံပေါ် ခဲတံတချောင်းနဲ့ ကောက်ခြစ်ပြီး ဖွဲ့လို့ မရဘူး။  ပထမဆုံး De Facto လို့ ခေါ်တဲ့ နယ်မြေစိုးမိုးမှု ရှိရမယ်။ မဟုတ်ရင် NUG က D Day ကြေညာသလိုရှေ့က ကြေညာပြီး နောက်လှည့်ကြည့်တော့ မအလနဲ့ ပလူးနေတဲ​့ EAO တွေကြောင့် လှောင်ရယ်စရာဖြစ်သွားသလိုမျိုး အထင်သေးစရာ ဖြစ်သွားမယ်။


​အရေးကြီးဆုံးက ....


▪️ ဖက်ဒရယ်ပြည်ထောင်စုထဲ ဘယ်လူမျိုးက ပါမလဲ။ ( ခွဲထွက်မယ့် ဘာနိုင်ငံတော် ညာနိုင်ငံတော်  လူမျိုးအတွက်  ကို ဖယ်ထုတ်ပြီး ဘယ်လို ဗမာပြည်နယ် နယ်နိမိတ် သတ်မှတ်မလဲ။  ဗမာပြည်နယ် မပြောနဲ့ ချင်းပြည်နယ်တောင် ဂဏန်း မငြိမ်သေးဘူး။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က  ပလက်ဝဟာ ရခိုင်မပိုင်ဘူး လို့ ဆိုပေမယ့်  ရခိုင်ပါတီနဲ့ လူထုက လက်ခံချင်ပုံမရဘူး


▪️ အဲဒီလူမျိုးက ဘယ်မြို့ ဘယ်ရွာကို  ပြည်နယ် အဖြစ် ယူမလဲဆိုတာ (နစ်နာပါတယ်လို့ ဆိုနေတဲ့ဘက်က) အရင်ဆုံး "တရားဝင်" ကြေညာပေးဖို့ လိုတယ်။ လက်ရှိ ပြည်နယ်နယ်နိမိတ်ကို ကျေနပ်ကြသလား။ မကျေနပ်ဖူးလို့ လည်း  တီးတိုး သဖန်းပိုး ပြောကြတယ်။  ဒါပေသိ ဖေ့ဘုတ်ပေါ် အသံပစ်တိုင်း အမှန်လို့ ယူဆလို့မရဘူး။  ပြည်နယ်လူထု ညီလာခံတွေက အရေးဆိုမှု ဖြစ်စေ၊ စစ်မှန်တဲ့ မြို့နယ် ရွေးကောက်ပွဲတွေက ကိုယ်စားပြုမှု တွေက ဖြစ်စေ စာရွက်စာတမ်းပေါ် မှာ လက်မှတ်ရေးထိုး ကြေညာတာ လိုအပ်တယ်။  

▪️ မေးခွန်းတခုကို ဖြေကြည့်ပါ။  ဥပမာ-   မွန်ပြည်နယ်ထဲ ဘယ်မြို့ ဘယ်ရွာ ပါသလဲ။ မိမိတို့မွန်ပြည်နယ် ဆိုတာ ဘယ်နေရာလဲ။ တဖက်က မြန်မာပြည်နယ် ဖွဲ့ခိုင်းပြီး ၊ နောက်တဖက်က " ဦးနုသတ်မှတ်ပေးတဲ့ လက်ရှိ မွန်ပြည်နယ် နေရာကို မကျေနပ်ဖူး" လို့ ကြိုကြား ကြိုကြား အသံပေးနေတယ်။ 


 ဆိုပါတော့ ဗမာပြည်နယ် ( လူမျိုးနာမည်အမှန်အတိုင်း ဆိုရင်  မြန်မာပြည်နယ် ) ကို လက်ရှိ တိုင်းဒေသကြီး ၇ ခုကို သတ်မှတ်ပေးတယ် ဆိုလိုက်တာနဲ့...   အကွက်ဆင်ထားတဲ့ မအလ   လော်ဘီတွေက အကြီိးအကျယ် ထိုးနှက်တောာ့မယ်။  

မွန်ပြည် ဆိုတာ သမိုင်းကြောင်းလှန်ရင်  ရှေးအခေါ် တလိုင်း ၃ ရပ်ရှိတယ်။ ဗညားနွဲ့နဲ့ ဗျည်းနွဲ့ စစ်ထိုးတဲ့ ဧရာဝတီတိုင်း က ပုသိမ်၊ မြောင်းမြလည်း မွန်နယ်ဖြစ်တယ်။ ဟံသာဝတီခေါ် ပဲခူးကလည်း မွန်ပဲ။ဒလ ၊ ဒဂုံ စတဲ့ ဒေသကလည်း မွန်ပြည်ပဲ ဆိုပြီး ပဒေသရာဇ် မြို့ပြနိုင်ငံခေတ်က နယ်လုတဲ့ ရာဇဝင်ကို ခေတ်သစ်ဖက်ဒရယ်ထဲ ထိုးထည့်ပြီး အနာဖေးခွါမယ်။ သွေးခွဲကြလိ်မ့်မယ်။ 


  ▪️  သမတကြီးက မြန်မာရော အင်္ဂလိပ်လိုပါ ကမ္ဘာသိ ကြေညာပြီးပြီ။ တိုင်းရင်းသားတွေ မိမိနယ်မြေကို မိမိတို့ တိုက်ယူသိမ်းယူပြီး ထိန်းချုပ်ပါလို့ တရားဝင် De Jure ကို  ခွင့်ပြုပြီးသား။ ဒီထက်ရှင်းတာ ဘာရှိသေးလဲ။ 


CRPH ရဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် မှာ


▪️ တိုင်းဒေသကြီး လုံးဝ (လုံးဝ) မပါရှိဘူး။ အကုန်လုံး တန်းတူညီမျှ ပြည်နယ်တွေပဲ။ 


👉 ဒီလို ပုဒ်မမျိုး ပင်လုံစာချုပ်မှာ မပါဘူး။


▪️ CRPH ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်မှာ  ပြည်နယ်တွေဟာ ပြည်နယ်ခြေ/ဥ ရေးဆွဲခွင့် ဆိုတဲ့ကိုယ်ပိုင် ပြဒါန်းခွင့်၊ သီးခြား "ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး " (၃) မျိုးပါတယ်။ 


👉   ပင်လုံစာချုပ်မှာ   Internal Administration လို့ ခေါ်တဲ့ နယ်တွင်းအုပ်ချုပ်ရေး (ပြည်ထဲရေး) တခုပဲ ပါတယ်။


▪️ CRPH ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်မှာ "အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဒါန်းခွင့်၊ သီးခြားအာဏာ ၃ ရပ်၊ ကိုယ်ပိုင် အချုပ်အခြာအာဏာ၊ ကိုယ်ပိုင် ပြည်နယ် အခြေခံဥပဒေ" ကို တိတိကျကျဖော်ပြထားတယ်။


👉 ပင်လုံစာချုပ်မှာ "ဒီမိုကရေစီ နဲ့ Internal Administration လို့ ခေါ်တဲ့ နယ်တွင်းအုပ်ချုပ်ရေး"  ၂ခု ပဲ ပါတယ်။ ။ 


 

📄မူရင်း ပင်လုံ စာချုပ်




📄  ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်




✍️ ဖက်ဒရယ် အစစ်ပေါ်လာချင်ရင် CRPH ကို မဟုတ်မမှန် ဖောင်းထုမယ့်အစား၊ တိုင်းရင်းသား ပါတီတွေ EAO တွေကို CRPH ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်မှာ ရဲရဲဝံ့ဝံ့ လက်မှတ်ထိုးခိုင်းပါ။တော်လှန်ရေးမှာ ပါဝင်ပါ။ မိမိနယ်မြေ မိမိ သိမ်းယူ အုပ်ချုပ်ပါ။

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား