လက်နှေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် "EAO" တွေ

လက်နှေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် "EAO" တွေ။ အပိုင်း (၁) 

“KNLA၊ DKBA၊ KNU/KNLA-PC နှင့် BGF ရဲဘော်များအားလုံး

"ကရင့်တော်လှန်ရေး နှစ်ပေါင်း ၇၀ ကျော် ကာလအတွင်း  အခုလိုအခွင့်ကောင်း အခါကောင်းမျိုး တစ်ကြိမ်တစ်ခါမျှမရှိခဲ့ပါ။  ဒါကို အခွင့်ကောင်းယူပြီး  ကျနော်တို့တတွေ ညီညီညွတ်ညွတ်ရပ်တည်ပြီး  နောင်လာမယ့် မျိုးဆက်တွေ စစ်အာဏာရှင်စနစ်က လွတ်မြောက်ဖို့၊ လွတ်လပ်ရေးရရှိဖို့အတွက် ကျနော်တို့ မျိုးဆက်မှာ ဒီဗမာစစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ချေမှုန်းသွားကြပါ” 

ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ
ဒုတိယစစ်ဦးစီးချုပ်
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA )
မေလ ၂ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
 

===================

အထက်ပါစကားသည် မှန်၏။ မှန်ကန်တယ်လို့ ဘာကြောင့် ပြောရသလဲ ။ အောက်ပါ သုံးသပ်ချက်ကို ဖတ်ကြည့်ပါ

၁၉၈၈ မှာ ပြည်သူတွေအကြားမှာ ဒီမိုကရေစီ လိုချင်တဲ့ လှိုင်းလုံးကြီး တက်လာတယ်။  NLD ရဲ့ ဒိုင်ယာလော့ဒ် မူဝါဒအမှား ကြောင့် စောင့်ကြည့်ရင်း  ငြိမ်ကျ သွားတယ်။ 

အနှစ် ၃၀ အလဟဿ ဖြစ်သွားတယ်။ မျိုးဆက်တခုစာ အဖျင်းအနုံတွေ ထွက်လာတယ်။ ကိုလိုနီဆန့်ကျင်ရေး ဝါဒမှိုင်း မိကြတယ်။ ပထဝီနိုင်ငံရေးကြောင့် စစ်တပ် ဟာ နိုင်ငံရေးဦးဆောင်မှု ယူတယ်ဆိုတဲ့ ဝါဒအမှားကြီး ထွန်းကားလာတယ်။ သယံဇာတတွေ ပြောင်သွားတယ်။ တိုင်းရင်းသားဒေသတွေ ပိုပြီး ဖိနှိပ်ခံရတယ်။ EAO တွေ ကျုံ့ဝင်လာတယ်။ ပြိုကွဲလာတယ်။ တရုတ် နောက်ခံပေးတဲ့ ဗကပ (နောင်အခါ UWSA) ပဲ အင်အားကြီးတယ်။ 

၂၀၁၀  နဲ့  ၂၀၂၀ အကြားမှာ တပ်မတော်ဟာ နိုင်ံငံစီးပွါးရေး ချွတ်ခြုံကျပြီး ထိန်းမရတော့ NLD ကို လွှတ်တော်ထဲ ကျုံးသွင်းပြီး ဆင်ဖြူတော်မှီ ကြံစုပ်ဖို့ လုပ်တယ်။ နိုင်ငံတကာ ပိတ်ဆို့မှုတွေ ပွင့်တယ်။  NLD ကြောင့် ဒီမိုကရေစီ ဝါဒလည်း ထွန်းကားလားတယ်။ ပြည်သူကိုယ်စားပြုတွေရဲ့ အုပ်ချုပ်ရေးဟာ ဘာလဲ သိလာတယ်။ စစ်တပ်ဘက်က ( ခင်ညွန့်လက်ထက်ထဲက ဂျင်းထဲ့ထားတဲ့ ) မဘသ ဝါဒဟာ မဘသဂိုဏ်းကြီး အဖြစ် ပေါ်လာပြီး ကျယ်ပြန့်လာတယ်။ (  မဆလ၊ နဝတ၊ နအဖ လက်ထက်မှာတောင် ဗြောင်မလုပ်ခဲ့တဲ့ မဘသ ဝါဒဟာ မအလ ကာချုပ်ဖြစ်ပြီး နောက် ပေါ်ပေါက်လာတယ်  YMBA ကို ဖုန်သုတ် ပွဲထုတ်လာတယ်။ နေဝင်း၊ စောမောင်  သန်းရွှေ တောင် မယူခဲ့တဲ့ YMBA နာယက ရာထူးယူတယ်။ )

 



 ပြူစစ်ရင် မြန်မာ (ဗမာ) ဆိုတဲ့ ဂျင်းဟာ အနာဂတ်မှာ "  မြန်မာ (ဗမာ) က  အိမ်ရှင်၊ တိုင်းရင်းသားတွေက အိမ်ငှါး " ဆိုတဲ့ ဝါဒမှိုင်း အသစ် အတွက် မျိုးစေ့က အပင်ငယ်ပေါက်လာတယ်။ 




လက်နှေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် "EAO" တွေ။ အပိုင်း (၂)

၂၀၂၁  နွေဦးတော်လှန်ရေးမှာ စစ်တပ်ရဲ့ "ကိုလိုနီဆန့်ကျင်ရေး၊ ပထဝီနိုင်ငံရေး ၊ EAO တွေဟာ ပြည်ထောင်စု ဖြိုခွဲသူ" ဂျင်းဟာ  ပျက်သုဉ်းသွားတယ်။ ပြည်သူတွေအကြားမှာ EAO တွေကို ပြည်သူ့တပ်မတော်အဖြစ် သတ်မှတ်လာတယ်။ ဒီမိုကရေစီ ရော ဖက်ဒရယ်ရော လိုချင်တဲ့ လှိုင်းလုံးကြီး တက်လာတယ်။ NLD က ပြတ်သားတယ်။ စစ်တပ်ကို အပြုတ်တိုက်ရေး လုပ်တယ်။ 

EAO တွေဟာ တွေဝေနေတယ်။ မြန်မာ့သမိုင်းမှာ တခါမှ မရှိဘူးတဲ့ ဖက်ဒရယ်နဲ့ တိုင်းရင်းသားတွေအပေါ် အမြင်ကြည်လင်မှုကို သတိမထားမိဘူး။ 

တချို့ EAO က မအလတပ်အပေါ် ခန့်ညားမှု မပျောက်သေးဘူး။ တချို့ EAO က ဖက်ဒရယ်ခြေဥ ဆိုတဲ့ သီအိုရီအပေါ်မှာ အငြင်းပွားနေတယ်။ တချို့ EAO က ဗမာ ဗမာချင်း ရန်ဖြစ်တာလို့ ထင်ကြတယ။ တချို့ EAO က မအလဆီမှာ အခွင့်အရေး တောင်းဖို့ ကြံနေတယ်။ တချို့ EAO က ငါတို့မှာ လက်နက်ရှိလို့ ဗမာတွေ လာကပ်တာ၊ ငါတို့ကို အသုံးချတာလို့ ယူဆတယ်။ တချို့ EAO က NUG , CRPH နိုင်သွားရင် ငါတို့ ကို ဗမာက ပြန်လွှမ်းမိုးမလား ထင်နေကြတယ်။

EAO တွေက " မအလ နိုင်သွားရင် ဘာဖြစ်မလဲ  ကို မတွက်ဆကြပါဘူး။ CRPH နိုင်ရင် ဘာဖြစ်မလဲပဲ တွက်ဆနေတယ်။  "   မအလနိုင်ရင် မဘသ နာဇီဝါဒကို ကျောင်းသင်ခန်းစာတွေမှာ ထည့်သင်ပြီး  ဗမာမျိုးဆက်သစ်တခုဟာ ဖက်ဆစ်တွေ ဖြစ်လာမယ့် အန္တရာယ်ကို မတွက်ဆကြဘူး။ 

နာယက တင်မြှောက် ခြင်း နဲ့  ဘွဲ့ ခံ ခြင်း အခမ်းအနား

  

 YMBA က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သတိုးသီရိ အဂ္ဂမဟာမင်္ဂလဇောတိကဓဇ  ဘွဲ့ချီးမြှင့် – DVB
တပ်မတော်မှဖွဲ့စည်းပေးခဲ့သည့် အစိုးရကိုထောက်ခံကြောင်း YMBA အဖွဲ့ထုတ်ပြန် |  The Myanmar Times




 


"လူမျိုးကို မုန်းစရာမဟုတ်၊ ဝါဒကို တိုက်ဖက်ရမယ့်" အစား.    တချို့ EAO က လူမျိုးရေး ကို အဓိကထား တွက်ချက်နေကြတယ်။ မှားပေစွ။ EAO တွေက မအလ က ဖက်ဒရယ်ပေးမလား၊ CRPH က ဖက်ဒရယ်ပေးမလား ကိုပဲ ဝေဖန်နေတယ်။ EAO တွေ စုစည်းပြီး မိမိတို့လည်းပဲ "ဖက်ဒရယ်ကို ဦးဆောင်နိုင်တဲ့ စွမ်းပကားရှိတယ်" လို့ မစဉ်းစားကြဘူး။ မှားပေစွ။  

CRPHရဲ့  အတိုင်ပင်ခံကောင်စီ NUCC မှာ ထိုးဖောက် ဝင်ရောက်ပြီး တိုင်းရင်းသား လက်နက်ကိုင် EAO တွေရဲ့  အခန်းကဏ္ဏကို ကြီးမြင့်အောင် လုပ်ပြီး နိုင်ငံရေး ဦးဆောင်မှု ယူနိုင်တယ်ဆိုတာ မသိကြဘူး။ စာရွက်ပေါ်ရေးထားတဲ့ NCA တွေ၊ ခြေဥတွေ၊ ချာတာတွေကို တွယ်ကပ်အငြင်းပွါးရင်း လက်တွေမြေပြင်မှာ " တိုက်ရင်း စည်းရုံး၊ စည်ရုံးရင်း တိုက်၊ နယ်မြေစိုးမိုးရေး " လုပ်ရမယ့် အချိန်ကောင်းကို လက်လွှတ်ခံနေကြတယ်။

EAO တွေဟာ ဥပဒေကြောင်းအရ NUCC မှာ  တစုတစည်းထဲ ဝင်ရောက်ပြီး နိုင်ငံရေးကို လွမ်းမိုး၊ ဖက်ဒရယ်ဝါဒကို ကျယ်ပြန့်ခိုင်မာစေ ပြီး မြေပြင်မှ လက်တွေ့ တိုက်ခိုက်၊ စည်းရုံး၊ သိမ်းပိုက် ထားမယ် ဆိုရင် ဗမာ လွမ်းမိုးမှုဆိုတဲ့ အတိတ် တစ္ဆေခြောက်ရမှုဟာ " နေလာ နှင်းပျောက် " ဖြစ်သွားမှာ မြေကြီး လက်ခပ်မလွဲ သေချာခိုင်မာ လှပါတယ်။ 

အချိန် နဲ့ ဒီရေသည် လူကို မစောင့်။ 


--


 ( ၁) မဟာယာန စကြာဟာ  လက်ဝဲ  မျက်နှာလှည့်  卍 ဖြစ်ပါတယ်။  နာဇီစကြာ တံဆိပ်နဲ့ YMBA တံဆိပ်ဟာ လက်ယာ မျက်နှာလှည့်   卐  ဖြစ်နေတာ တိုက်ဆိုင်မှုပါ။ YMBA တည်ထောင်တာ ၁၉၀၆ မှာ ဖြစ်ပါတယ်။ နာဇီပါတီမှာ သုံးတာ ၁၉၃၃ ဖြစ်ပါတယ်။ ဟစ်တလာဟာ မှော်ပညာ ဂမ္ဘီရပညာကို ယုံကြည်သူ ဖြစ်တော့ အယူအဆ တထပ်တည်း ဖြစ်ဟန်တူပါတယ်။ စကြာတံဆိပ်က နာဇီဝါဒ ပေါ်ပေါက်လာတာ မဟုတ်ပါ။ စကြာတံဆိပ်ရဲ့ သဘောက အစဉ်မပြတ်လည်ပတ်ခြင်း သဘောဆောင်ပါတယ်။ ဒါပေမယ့် မည်သို့ဖြစ်သည် မသိ၊ ဟစ်တလာနဲ့ မင်းအောင်လှိုင်ကြောင့် တံဆိပ်ဟာ နာမည်ပျက်ရပြန်တယ်။

(၂) မင်းအောင်လှိုင် ပြောသလို YMBA ဟာ ပြည်ထောင်စု လွတ်လပ်ရေး ကြိုးပမ်းခဲ့တယ် ဆိုတာ သမိုင်းလိမ်တာပါ။ YMBA ဟာ far right nationalsim ဖြစ်ပြီး သူ့ကြိုးပမ်းမှုဟာ အိန္ဒိယနဲ့ တွဲရေး ခွဲရေးအထိပဲ ဖြစ်ပါတယ်။ YMBA ဟာ GCBA ပေါ်လာတော့ ပျောက်ကွယ်သွားပါတယ်။  GCBA က လူကြီးတွေကလည်း ကိုလိုနီခေတ် ရွေးကောက်ပွဲဝင်ပြီး  ဘုရင်ခံက အာဏာချုပ်ကိုင်ပါထားတဲ့ ပါလီမန်တက် ငါးထောင်စား အမတ်တွေ၊ နန်းရင်းဝန်တွေ ဖြစ်သွားပါတယ်။ လွတ်လပ်ရေး ကြိုးပမ်းမှု မဆိုထားနဲ့။ ၁၃၀၀ ပြည့်အရေးတော်ပုံမှာလည်း မပါဘူး။ ဒို့ဗမာအစည်းအရုံး ပေါ်လာတော့ GCBA လည်း စုံးစုံးမြုပ်သွားပါတယ်။ 

ဒို့ဗမာအစည်းအရုံး , ရဲဘော်သုံးကျိပ်, BIA,  BDA, BNA, PBF , BA, BAF, MAF စစ်တပ်တွေက စစ်ဗိုလ်တွေဟာ ဘယ်တုံးကမှ YMBA အသင်းမဝင်သလို ပက်သက်ခြင်းလည်း မရှိပါဘူး။ အောင်ဆန်း၊ နေဝင်း၊ စောမောင်၊ သန်းရွှေလည်း YMBA အသင်းမဝင်ပါဘူး။ မင်းအောင်လှိုင် လက်ထက်မှာ မြန်မာစစ်တပ်ဟာ  စစ်မဘသဝါဒ ကို ထူထောင်လာတာ ထူးခြားချက်ပါ။ YMBA အကြောင်း ပြန်ဆက်ပြောရရင် လွတ်လပ်ရေးရပြီးမှ ပြန်ပေါ်လာတာပါ။ နိုင်ငံရေး ဝင်မပါဘူးလို့ သတ်မှတ်ထားပါတယ်။ YMBA  ရဲ့ ဆောင်ပုဒ်ဟာ အမျိုးဘာသာသာသနာ ပညာ ( ပညာ တလုံးပို) ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက  far right nationalsim နဲ့  ပြည်ထောင်စု တည်ထောင်လို မရတာ သိလို့ YMBA  ရဲ့ ဆောင်ပု "အမျိုးဘာသာသာသနာ ပညာ"ကို ရည်ညွန်းပြီး ဟောဒီလို  ဗကသ ကျောင်းသား ဥက္ကဌ ဘဝ  ၁ ကြိမ်  ပြောခဲ့ပါတယ်။ ပင်လုံစာချုပ် ချုပ်တော့ နောက် ၁ ကြိမ်ထပ်မံပြောခဲ့ပါတယ်။  မဘသ ဝါဒဟာ မြန်မာမှာပဲ ရှိတာ မဟုတ်၊ အခြားတိုင်းရင်းသားတွေမှာလည်း ရှိပါတယ်။  




---







==

YMBA ( Source:  Irrawaddy News)

ဗြိတိသျှလက်အောက် ပညာရေးဘက်တွင် သာသနာပြုကျောင်းများ အစိုးရ အထောက်အပံ့ဖြင့် တစိတ်တဒေသ ရှင်သန်နေသည်ကို မြန်မာဝံသာနုမျိုးချစ်တို့ ကြည့်ကာ ရှင်မဟာ ဗုဒ္ဓဃောသ၊ ဗုဒ္ဓသာသနနုဂ္ဂဟ ကဲ့သို့ ကျောင်းများ တည်ထောင်သလို၊ အစိုးရက ဘိန်းခန်းနှင့် အရက်လိုင်စင် ချပေးခြင်းကို တန်ပြန်သည့်အနေဖြင့်လည်း အရက်သေစာ ရှောင်ကြဉ်ရေး သုစရိတယုဝ အသင်းများ တည်ထောင်ကြသည်။

အလားတူ စီးပွားရေးဘက်တွင်လည်း အင်္ဂလိပ်ကုမ္ပဏီများ လူမျိုးခြား စီးပွားရေးလုပ်ငန်းရှင်များ ကြီးစိုးခြင်းကို တန်ပြန် ရန် မြန်မာတို့ အရင်းအနှီးရရေးအတွက် သမဝါယမ ငွေစုငွေချေး အဖွဲ့များကို ဖွဲ့ကြသည်။

ထိုအခြေအနေတွင် ရန်ကုန်ကောလိပ်မှ ပညာတတ်များဖြစ်သည့် နောင်တချိန် မြန်မာ့နိုင်ငံရေးလောကနှင့် သမိုင်း တွင်လာမည့် ကိုဘဘေ (ဘကြီးဘဖေ)၊ ကိုမောင်ကြီး( M A မောင်ကြီး)၊ ကိုဘရင် (ဒေါက်တာဘရင်) တို့ သူငယ်ချင်း သုံးဦးသား လမ်းလျှောက်လာရာက ခရစ်ယာန် ကလျာဏယုဝ အသင်း – Young Men’s Christian Association (YMCA) ဆိုင်းဘုတ်ကို မြင်ပြီးနောက် အားကျကာ လုံ့လထုတ်သဖြင့်၊ ၁၉၀၆ခုနှစ် မေ ၁၀ ရက်တွင် ဗုဒ္ဓဘာသာ ကလျာဏယုဝ (YMBA) အသင်း ပေါ်ပေါက်လာခြင်းဖြစ်သည်။

YMBA ကို စတင်တည်ထောင်ခဲ့သည့် မောင်ဘဘေ(ဘကြီးဘဖေ)၊ မောင်ဘရင်(ဒေါက်တာဘရင်)၊ မောင်မောင်ကြီး(အမ် အ ဦးမောင်ကြီး)

အသင်းသားများအဖြစ် ပွဲစားကြီး ဆာဖိုးသာ၊ ဦးဖိုးအောင် ဦးဖိုးဗြော့ စသည့် စီးပွားရေးသမားတို့ သာမက ပင်စင်စား ဝန်ထမ်းဟောင်းများဖြစ်သည့် ဦးဘေ၊ ဦးဘတူ၊ ဦးမုန်းနှင့် အင်္ဂလန်ပြန် ဝတ်လုံတချို့ကိုလည်း စည်းရုံးနိုင်ခဲ့သည်။

မူလရည်ရွယ်ချက်က အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာဆိုသည့် မြန်မာတို့၏ အကျိုးစီးပွား၊ ဗုဒ္ဓသာသနာ၏ အကျိုး စီးပွား တိုးတက်ဖြစ်ထွန်းစေရေးပင် ဖြစ်သော်လည်း နိုင်ငံရေး ရည်ရွယ်ချက်လည်း ပါသဖြင့် YMBA တွင် လုပ်ကိုင်သူ များကို အင်္ဂလိပ်အစိုးရက မျက်လုံးဒေါက်ထောက် ကြည့်နေသလို ပတ်ဝန်းကျင်ကလည်း ထောင်စာလေးများ ဟုပင် ကင်ပွန်းတပ်ကြ၏။

လူကြီးမိဘ ဆရာသမားများကလည်း မလိုလား မနှစ်မြို့၊ အင်္ဂလိပ်အစိုးရပိုင်းကလည်း ရာထူးနှင့်မျှား၊ ငွေနှင့် မျှားကာ ပြိုကွဲအောင်လုပ်သည့်ကြားက ရှင်နည်းရာ အဂ္ဂလူထွက်ဆိုသလို ကိုမောင်ကြီးက မဟာဝိဇ္ဇာအတွက်၊ မောင်ဘရင်က ဆရာဝန်ဘွဲ့ အတွက် အင်္ဂလန်ထွက်ခွာသွားရာ မောင်ဘဘေတဦးသာ ကျန်ခဲ့သည်။

သို့သော် ဘိလပ်ပြန် ဝတ်လုံတော်ရ ဦးမေအောင်၊ ဦးပု၊ မောင်စံလွင်၊ မောင်ဘဒွန်း၊ မောင်သိန်းမောင်၊ မောင်ထွန်းရှိန် မောင်စံဘာဘာ၊ မောင်ဘသန်း စသည့်သူများ ပါဝင်လာပြီး ပဲခူး၊ ဖြူး၊ ကညွတ်ကွင်း၊ ပျဉ်းမနား၊ မော်လမြိုင်၊ ဟင်္သာတ မြို့များတွင် အသင်းခွဲများ ထောင်နိုင်သည့် အခြေသို့ ရောက်ပြီး တပြည်လုံး အတိုင်းအတာဖြင့် မြန်မာ့အသင်းချုပ် ဖြစ် လာသည်။

၁၉၁၁ ခုနှစ် မေ ၇ရက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ YMBA အသင်း၏ ပထမအကြိမ်အစည်းအဝေး ပြုလုပ်နိုင်ခဲ့ပြီး နောက်ပိုင်းတွင် မြန်မာပြည်ကို အိန္ဒိယမှ ခွဲထုတ်၍ တစတစ ကိုယ်ပိုင်အုပ်ချုပ်ရေးပေးရန်၊ မြန်မာပြည်အတွက် အဆင့် အတန်းမြင့်သော တက္ကသိုလ် ကျောင်းတကျောင်း ဆောက်လုပ်ပေးရန်အထိ တောင်းဆိုလာသည်ကို တွေ့ရသည်။

၁၉၁၈ ခုနှစ် မော်လမြိုင်တွင် ပြုလုပ်သည့် အဋ္ဌမအကြိမ်မြောက် အစည်းအဝေးတွင် ပညာရေး၌ ဥရောပသား၊ မြန်မာ ပြည်သား လူမျိုးခွဲခြားခြင်း မပြုရန်၊ အစိုးရရုံးများမှ ထုတ်ပြန်သည့် သမ္မာန်စာ၊ အခွန်ပြေစာ၊ အကြောင်းကြား စာများ တွင် မြန်မာတို့ကို နှိမ်ချသော ငဖြူ၊ ငနီ အခေါ်အဝေါ်၊ မောင်မင်း နာခံရမည်ဆိုသည့် အသုံးအနှုန်း မသုံးရန်၊ မီးရထား စီးရာတွင် အဆင့် မခွဲရန် စသည့် တောင်းဆိုချက်များကို YMBAက ထုတ်ပြန်နိုင်ခဲ့သည်။

ထိုစဉ်က ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း ခေါင်းဆောင်များသည် မြန်မာတို့ ကြီးပွားရာ ကြီးပွားကြောင်းကို လမ်း ညွှန်ခဲ့ကြသလို တိုင်းတပါး နိုင်ငံခြားသားများကို ဖိတ်ခေါ်ကာ တိုးတက်နေသည့် နိုင်ငံများအကြောင်း သူတို့၏ အယူ အဆများကို ဟောပြောစေသလို၊ တဖက်တွင်လည်း မြန်မာစာအကြောင်း၊ အမျိုးသား ရှေးရိုးအစဉ်အလာ ဖြစ်သည့် ဂီတအနုပညာများ အကြောင်းကိုလည်း ထိန်းသိမ်းရန် ပညာဗဟုသုတပေးသည့် ဆွေးနွေးပွဲများကို မကြာခဏ ပြုလုပ် ပေးသည်။

ထင်ရှားသည့် ဥပမာက ၁၉၁၄ ခု မတ်လက ပြုလုပ်သည့် လစဉ်အစည်းအဝေးတွင် မစ္စတာဖာနန်ဒက်စ် ဆိုသူက ဗုဒ္ဓ ဘာသာ မွန်မြန်မာတို့၏ ဘုရားပွဲများနှင့် စပ်လျဉ်း၍ ဟောပြောခြင်းဖြစ်ပြီး သက္ကစ္စဂါရဝ အရ ရိုသေဆည်းကပ်သော် လည်း ဘုရားပွဲတွင် ပွဲလမ်းသဘင်များကို ထည့်သွင်းကာ ပျော်ပွဲများ လုပ်ခြင်းကို မြန်မာတို့၏ အကျိုးကို မျှော်ကာ ထောက်ပြခြင်း ဖြစ်သည်။

သူရိယ သတင်းစာတွင် ဖော်ပြခဲ့သည့် နိုင်ငံခြားသားများ ရွှေတိဂုံဘုရား ကုန်းတော်သို့ ဖိနပ်စီးတက်ခြင်းနှင့် ပတ်သက်၍ ကာတွန်းဆရာ ဦးဘကလေး(ရွှေတလေး)က ဤသို့ သရော်ခဲ့သည်။

တကယ်တော့ မြန်မာ့သတင်းစာသမိုင်းတွင် ထင်ရှားသည့် သူရိယသတင်းစာသည်လည်း YMBA မှပင် မြစ်ဖျားခံလာ သည်ကို တွေ့ရပြီး မောင်ဘဘေ၊ မောင်လှဖေ၊ မောင်ဘကလေးတို့က မြန်မာသတင်းစာ တစောင် ရှိမှကောင်းမည်ဟု ကြံစည်ရာ တပတ်လျှင် သုံးကြိမ်ထုတ် “သူရိယ” The Sun သတင်းစာကို ၁၉၁၁ ခု ဇူလိုင်လတွင် ထုတ်ဝေခဲ့ခြင်းဖြစ် သည်။

ထိုသို့ ထုတ်ရာတွင်လည်း ဆာဦးသွင်၊ ဝတ်လုံတော်ရ ဦးပုကဲ့သို့သော မြန်မာသူဌေး လူကြီးလူကောင်းများက ဝန်းရံ ဦးစီးပြီး “သူရိယ”သတင်းစာသည် ဗုဒ္ဓဘာသာ ကလျာဏယုဝ (YMBA) ၏ အသံ ဖြစ်လာသည်။

YMBA နှင့် သူရိယ သတင်းစာ၏ အပြောင်မြောက်ဆုံး လုပ်ရပ်က မြန်မာ ဗုဒ္ဓဘာသာတို့ အထွဋ်အမြတ်ထားရာ ဘုရား စေတီများ အပေါ် ဗြိတိသျှတို့ ဖိနပ်စီးကာ တက်ခြင်းကို ကာတွန်းဖြင့် လှောင်ပြောင်ကာ တေးထပ်ဖြင့် သရော်၍ တား မြစ်လိုက်နိုင်ခြင်း ဖြစ်သည်။

၁၉၁၈ ဖေဖော်ဝါရီလ သူရိယသတင်းစာပါ ဖိနပ်မချွတ်ချင်သည့် မျက်နှာဖြူ လင်မယားကို ဂေါပက လူကြီးမင်းများက ကျောပိုး၍ ကုန်းတော်ပေါ်သို့ ပို့ပေးနေပုံကို ကာတွန်း ဦးဘကလေး (ရွှေတလေး) က ရေးဆွဲပြီး၊ ယင်းကာတွန်း ကြောင့် ရွှေတိဂုံ ဘုရားလူကြီး ဆာဖိုးသာက မခံန်ိုင်ဖြစ်၍ ရန်ကုန်ပုလိပ်မင်းကြီးကို တိုင်ရာမှ မပြေလည်သဖြင့် YMBA အသင်းကြီးက ဂျူဗလီဟောတွင် အစည်းအဝေးခါ်ကာ ဘုရားကျောင်း ဝတ္တကမြေများတွင် လူမျိုးခြားများ ဖိနပ်မစီး အောင် ဝတ်လုံ ဦးသိမ်းမောင်ဦးဆောင်ပြီး ဆုံးဖြတ်ခဲ့ရာ အစိုးရကိုယ်တိုင် အမိန့်ထုတ်ကာ လိုက်နာခဲ့ရသည်။

ဤသည်က YMBA နှင့် သူရိယတို့အတွက်သာ မဟုတ် မြန်မာတမျိုးသားလုံး အောင်မြင်မှု ဖြစ်လာပြီး၊ လူမှုရေး လုပ်ရာ မှာ အကြောင်းအားလျော်စွာ နိုင်ငံရေးနယ်သို့ ရောက်လာသည်ဖြစ်ရာ အစိုးရ၏ အငြိုအငြင် မခံရဲသော လူကြီးဂိုဏ်း နှင့် နိုင်ငံရေး ဆက်လုပ်မည့် လူငယ်ဂိုဏ်းဟူ၍ နှစ်ခြမ်းကွဲပြီး YMBA လည်း နိုင်ငံရေးနယ်သို့ ဝင်ခဲ့ရလေပြီ။

YMBA၏ ပထမဆုံး နိုင်ငံရေး တိုက်ပွဲကား တွဲရေး ခွဲရေး ပြဿနာပင်ဖြစ်သည်။ အိန္ဒိယ၏ ပြည်နယ်တခုအဖြစ် တွဲနေ မည်လော၊ သီးခြား ကိုယ်ပိုင်အုပ်ချုပ်ရေး (ဟုမ္မရူး) တောင်းကာ ခွဲမည်လောဆိုသည့် ပြဿနာအတွက် အင်္ဂလန်သို့ နောင် မြန်မာနိုင်ငံရေး သမိုင်းတွင် (ဖေပုရှိန်) ဟု ထင်ရှားလာမည့် ဦးဘဖေ (သူရိယ) ၊ ဝတ်လုံ ဦးပု၊ မန္တလေး ဗုဒ္ဓသာ သနနုဂ္ဂဟ ကျောင်းအုပ်ကြီး ဦးထွန်းရှိန် တို့ကို ကိုယ်စားလှယ်အဖြစ် စေလွှတ်ခဲ့သည်။

ထိုအတွက် ဖေပုရှိန် က်ိုယ်စားလှယ် အဖွဲ့သည် မြန်မာလူမျိုးတို့ကို ကိုယ်စားပြုကြောင်း YMBA က ဂျူဗလီဟောတွင် ပြည်လုံးကျွတ် အစည်းအဝေးကြီး လုပ်ကာ ထောက်ခံမှု ပြသခဲ့သည်မှာ အထင်အရှားပင် ဖြစ်သည်။

အလားတူ ရွှေတိဂုံဘုရားကုန်းတော်မှ ဗြိတိသျှ စစ်တပ် ပြောင်းရွှေ့အောင်လည်း YMBA က တောင်းဆိုနိုင်ခဲ့သလို YMBA မှ ဖွင့်လှစ်ခဲ့သည့် စာသင်ကျောင်းများသည် ၁၉၂၀ ကျောင်းသားသပိတ်ပြီးနောက် ပေါ်လာသည့် အမျိုးသား ကျောင်းများ အဖြစ် သမိုင်းဝင်ကူးပြောင်းနိုင်ခဲ့သည်။

YMBA အသင်းရံပုံငွေနှင့် ပတ်သက်၍ ထူးခြားချက်တခုမှာ ရန်ကုန်မြို့ စာဆိုတန်းမှ ကွယ်လွန်သူ ပွဲစား ဦးမောင်ကြီး က မသေမီ ဘိလပ်မှ ရေနံကုမ္ပဏီများထံ ထည့်ဝင်ထားသည့် အစုရှယ်ယာ ၆ ထောင်ဖိုးခန့်ကို အသင်းအတွက် လှူ ဒါန်းခဲ့ခြင်းဖြစ်ပြီး၊ ယခုတိုင် ယင်းအစုရှယ်ယာများမှ ငွေကြေး ရရှိနေကာ ယင်း ငွေပဒေသာပင်မှ YMBA အသင်းကြီး က အစု ၈ စု၊ မန္တလေး ပရိယတ္တိ အသင်းကြီးသို့ ၂ စု၊ မန္တလေးမြို့မှ ပရိယတ္တိ ကျောင်းတိုက်ကြီး ၅ တိုက်မှ ဆရာတော် ကြီး ၅ ပါးအတွက် တစု လှူဒါန်းရန် စီမံထားခြင်းဖြစ်သည်။

၁၉၂၀ ပြည့်နှစ် အဋ္ဌမအကြိမ် ညီလာခံကြီးတွင် နိုင်ငံရေးဘက်တွင် ပိုမိုလုပ်ဆောင်နိုင်ရန် ဗုဒ္ဓဘာသာ ကလျာဏယုဝ (YMBA) မှ နေ၍ မြန်မာ့အသင်းချုပ်ကြီး (General Council of Burmese Association- GCBA) အဖြစ် ပြောင်းလဲဖွဲ့ စည်းလိုက်သည့်အခါ YMBA ၏ အခန်းကဏ္ဍ တခန်းရပ်ခဲ့ရသည်။

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား