NUCC မလိမ်ပါနဲ့။

NUCC မလိမ်ပါနဲ့။ 


ပင်လုံစာချုပ်ပါ Frontier Area ( ပြည်မကို ဝန်းရံထားတဲ့ အတွက် နယ်ခြားဒေသ ဟု ခေါ်တယ် )  ၁၉၃၅ မြန်မာနိုင်ငံတော် စီရင် အုပ်ချုပ်မှု အက်ဥပဒေ Government of Burma Act 1935  လက်ရှိနိုင်ငံတော် နယ်နိမိတ်ဟာ မှာ အတိအကျ ပါဝင်ပြီးသား ဖြစ်တယ်

  Hill Peoples ( တောင်တန်းသား) တွေဟာ  ကြားဖြတ် မြန်မာအစိုးရနဲ့  ပူးပေါင်းဆောင်ရွက် (cooperation ) ပြီး လွတ်လပ်ရေးကို စောစော ယူမလား၊ အင်္ဂလိပ်လက်အောက်မှာ ဆက်နေမလား ဆိုတဲ့ မေးခွန်းကို ဖြေရန်၊   လွတ်လပ်ရေး ရရင်  အုပ်ချုပ်ရေး အဆင့်မြင့်နေသော ပြည်မ နဲ့  အုပ်ချုပ်ရေး အဆင့်နိမ့်သေးသော နယ်​ခြားဒေသများ ကို မည်သို့ စီမံမည်ကို သဘောတူရန် ဖြစ်တယ်။

နယ်ခြားဒေသ Frontier Areas တွေဟာ ၁၉၃၅ အခြေခံဥပဒေ ပါ Ssecond Schedule အရ Areas In Burma ဆိုတဲ့ မြန်မာနိုင်ငံ နယ်နိမိတ်ထဲမှာ ပါဝင်ပြီးသား ဖြစ်တယ်။   ၁၉၃၅ ခြေဥကို လွတ်လပ်ရေးစာချုပ် ( အောင်ဆန်းအက်တလီစာချုပ်) နဲ့ ပင်လုံစာချုပ်မှာ ရည်ညွှန်းချက်ပြု ပြီး အခြေခံထားတယ်။ 

တောင်တန်းသားတွေကို ကချင်များ၊ ချင်းများ၊ ရှမ်းများဟု (s) ခံပြီး ရေးသားထားတယ်။ တသီးတခြား ရွာစား၊ မြို့စား တွေ ပင်လုံမှာ လာဆုံတာ ဖြစ်ပြီး တစုတစည်းထဲ ဖြစ်အောင် အဲဒီတော့မှ  ကော်မတီတွေ ဖွဲ့ပြီး လက်မှတ်ထိုးရတယ်။ ပြည်နယ်မရှိသေးလို့ လူမျိုးများ လို့ ရေးထားတယ်။ ဒါကြောင့် ပင်လုံစာချုပ်က ပြည်နယ်ချင်း ချုပ်တဲ့ စာချုပ် မဟုတ်ဘူး ဆိုတာ ပြသနေတယ်။ 

  အင်္ဂလိပ်လက်အောက်မှာ ကချင်ပြည်၊ ချင်းပြည်၊ ရှမ်းပြည် ဆိုတာ လုံးဝ မရှိဘူး။  ရှမ်း ၃၃ နယ်တွေ စုပေါင်းထားတဲ့ ဖက်ဒရေးရှင်း ရှမ်းနယ်များ ၊ ကချင်တောင်တန်းများ၊ ချင်းတောင်တန်းများပဲရှိတယ်။ ချင်းနဲ့ ကချင်က ပြည်နယ်တောင် မရကြသေးဘူး။ ပင်လုံစာချုပ် ပုဒ်မ ၆ ကို ဘာကြောင့် ကွယ်ဖျောက်ပြီး ဗြောင်လိမ်တာလဲ

ဒါကြောင့် ပင်လုံစာချုပ် မချုပ်မီ ဖေဖော်ဝါရီ ၇ မှာ ၊ စော်ဘွား ၃၃ နယ်တွေ စုစည်းမိပြီး ရှမ်းပြည်နယ်ဟာ အဲဒီရက်ကမှ စတင် အမြူတေတည်တာ ဖြစ်တယ်။  ဒီ့အရင်က ရှမ်းပြည်နယ် မရှိဘူး။ 

နယ်ခြားဒေသတွေဟာ Full Autonomous  ကိုယ်ပိုင်အုပ်ချုပ်ရေး  လုံးဝ မရကြပါဘူး။ ချင်း၊ ကချင်၊ ရှမ်း တောင်တန်း လက်စွဲ/ ဥပဒေ ဆိုတာ ရွာစား၊ မြို့စား တွေကို အထွေထွေအုပ်ချုပ်ရေး  အခွန် ဘဏ္ဍာ  ၊ လူဝင်မှု၊   ရှေးရိုးစဉ်လာ တရားစီရင်ရေး  ဥပဒေပဲ။ အချုပ်အခြာ အာဏာ လုံးဝမပေးဘူး။ ဥပဒေပြုခွင့်မရှိဘူး။ ဗဟို အစိုးရ ကို လိုက်နာရတယ်   internal administration  ကိုပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတယ်။ ကျန်အရေးတွေဟာ မြန်မာနိုင်ငံတော်အစိုးရက စီမံတယ်။  နယ်ခြားဒေသ လုပ်ငန်း Frontier Service   ဟာ ဗဟိုအစိုးရက စီမံတယ်။ ကိုလိုနီခေတ်ဖြစ်လို့ နိုင်ငံအကြီးအကဲဟာ အင်္ဂလိပ်ဘုရင် သစ္စာခံ ဘုရင်ခံဖြစ်တယ်။ ဗဟို အစိုးရက စော်ဘွား၊ ဒူဝါ၊ ရမ်အုပ်တွေကို ခန့်အပ်တယ်။ ဖြုတ်ချတယ်။ အရေးပိုင်၊ တောင်အုပ်တွေဟာ သူတို့အထက်မှာ ရှိတယ်။ 

 ၁၉၃၀မှာ ရှမ်းစော်ဘွားတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ရေး မရလို့ လန်ဒန်တက်ပြီး အရေးဆိုတယ်။   ကချင် ဒူဝါတွေဟာ ကချင်လွတ်လပ်ရေးအတွက် အင်္ဂလိပ် ဘုရင်ခံထံ (၃) ကြိမ်တောင်းတယ် ။ မရခဲ့ဘူး။ စောဘဦးကြီးတို့ ကရင်တွေဟာ အင်္ဂလိပ်ထံက ကရင့်လွတ်လပ်ရေးတောင်းတယ် ။မရခဲ့ဘူး။   အင်္ဂလိပ်က မြန်မာပြည်ကို သိမ်းကထည်းက အဲဒီနယ်တွေအကုန်လုံး မြန်မာဘုရင် ပိုင်အဖြစ် သတ်မှတ်ထား လို့ ဘယ်လိုတောင်းဆိုပါစေ မရဘူး ... အင်္ဂလိပ်က မြန်မာပြည်ကို သိမ်း စမှာ မြန်မာပြည် နယ်နိမိတ် ဘယ်အထိလဲကို တိုင်းတာခဲ့တယ်။ အဓိက ပြသနာက တရုပ်နဲ့ အငြင်းပွါးလို့ ဖြစ်တယ်။ တွဲရေး ခွဲရေး ဖြစ်တော့ India ထဲ   တစုတစည်းထဲ  ဝင်လိုက်၊ ထွက်လိုက် ဖြစ်ခဲ့တယ် ( ပုံမှာ   Burma ကို မြန်မာပြည်လို့ သတ်ပုံ အမှန်အတိုင်း ဖော်ပြထားတယ်)




ကချင် ချင်းဟာ ပြည်နယ် မရ ။ တောင်တန်းဒေသ တွေ ဖြစ်တယ်။ ကရင်၊ မွန်၊ ရခိုင် ပြည်နယ် မရှိဘူး။ ရခိုင်တိုင်း ပဲရှိတယ်။  လွတ်လပ်ရေးရပြီး .. ကချင်ကို ရှမ်းနီနယ်တွေ ထည့်ပေးပြီး ပြည်နယ် ပေးတယ် ။။ ချင်းကို ဝိသေသတိုင်းအဆင့် တိုးပေးတယ် ။ ရှမ်းနယ် ၃၀ ကို ရှမ်းပြည်နယ် ဖွဲ့ပေးတယ် ။ ကရင်၊ မွန်၊ ရခိုင် ပြည်နယ် ဖွဲ့ပေးတယ် ။

ပင်လုံစာချုပ်နဲ့ လွတ်လပ်ရေး မယူရင် ကိုလိုနီလက်အောက် ဆက်နေရမယ်။ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းထဲမှာ "အမှောင်ထဲ ဆက်နေမလား " လို့ မေးခဲ့တယ် ။ ပြန်ဖတ်ကြည့်။  အတ္တန္တိတ်စာချုပ်၊ တီဟီရန် စာချုပ်တွေဟာ အလိမ်အညာတွေပဲ ။ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းမှာ ပြန်ဖတ်။  အိန္ဒိယ မဟာရာဂျာတွေဟာ အင်္ဂလိပ်နဲ့  လက်အောက်ခံ စာချုပ်ချုပ်ခဲ့တာတောင် အိန္ဒိယကို လွတ်လပ်ရေးပေးတော့ သီးခြားလွတ်လပ်ရေး မပေးဘူး။ မဟာရာဂျာတွေဟာ အင်္ဂလိပ်အောက် ဆက်နေချင်ပေမယ့် အင်္ဂလိပ်က လက်မခံဘူး

ဒါကြောင့်-

( ၁) စော်ဘွား ဒူဝါ ရမ်အုပ်တွေဟာ ကိုယ်ပိုင်အုပ်ချုပ်ရေး လုံးဝ မရခဲ့ဘူး။ ရွာသူကြီး မြို့သူကြီး မြို့စား အဆင့်တွေ ဖြစ်တယ်။ ပြည်ထဲရေးပဲ စီမံခွင့်ရတယ်။ အချုပ်အခြာအာဏာသည် မြန်မာနိုင်ငံတော် အစိုးရ မှာရှိတယ်။ တနိုင်ငံ စနစ် ၂ မျိုး ၊ မြင်လွယ်အောင်ပြောရရင် ယနေ့ ပလောင်၊ နာဂ၊ ကိုးကန့်၊ ဝ၊ ပအိုဝ်း၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ Self Administration ဒေသ တွေ နဲ့ ဆင်တူတယ်။ 

(၂) နယ်ခြားဒေသဟာ မြန်မာနိုင်ငံ နယ်နိမိတ် ထဲမှာ ပါဝင်နေပြီးသားဖြစ်တယ်။ ၁၉၃၅ ခြေဥကို ပြန်ဖတ်။ ရှေးမြေပုံမှတ်တမ်း၊ ကိုလိုနီခေတ်မြေပုံ ကိုတွေ ပြန်ကြည့်။ ကချင်နိုင်ငံ၊ ရှမ်းနိုင်ငံ၊ ချင်းနိုင်ငံ သီးခြားမရှိဘူး။  မြန်မာ​ေမြပုံနယ်နိမိတ်ထဲရောက်နေကြတာချည်းပဲ။ 

ပင်လုံစာချူပ် ချုပ်လို့ ... ဒီနယ်နိမိတ် ဖြစ်တာ မဟုတ်ဘူး။




Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား