ရာဇဝင်ကို ပြည်ဖုံးကားမချပဲ အနာဖေးခွါရင်

မြန်မာပြည် လွတ်လပ်ရေး   "လူသားအာလုံး လွတ်လပ်ဖို့ ဖြစ်တယ်။ မြန်မာတမျိုးထည်း လွတ်လပ်ဖို့ မဟုတ်ဘူး" ..  ကံမကောင်းလို့ စစ်အာဏာရှင်အောက် ရောက်တော့ "လူသားအားလုံး လွတ်လပ်ရေး ဆုံးရှုံးရတယ်။ အခြားတိုင်းရင်းသားတွေပဲ ကွက်ပြီး ဆုံးရှုံးတာ မဟုတ်ဘူး"

ဒါကို "မြန်မာက လွတ်လပ်ရေးရတယ်၊ ငါတို့က မရဘူး " လို့ ထင်နေသူတွေဟာ

"လူမျိုး တမျိုးစီက တနိုင်ငံစီ ခွဲထွက်ပြီး နေတာကို လွတ်လပ်ရေး"လို့ ယူဆနေသူတွေဟာ 

လူမျိုးရေး အမြင်ကျဉ်းမြောင်းသူတွေ ဖြစ်တယ်။ သဘာဝမကျ ယုတ္တိ မရှိပဲ အတွေးအခေါ် နုံချာ ညံ့ဖျင်းသူတွေ ဖြစ်တယ် ..  ပဒေသရာဇ် သူငယ်နာ မစင်ပဲ ၊ မိမိတို့ ရှုံးခဲ့ရတဲ့ ပြိုင်ပွဲ တခုကို အခဲ မကြေ ဖြစ်နေကြတယ်။ 

သမိုင်းဦးဘုံမြေစနစ်မှာ ဘယ်လူမျိုး မဆို ရေကြည်ရာ မြက်နုရာ ရှာဖွေ ရင်း နယ်မြေအသစ် ကို ကျူးကျော်ရတာပဲ။ ပဒေသရာဇ် စနစ်မှာ ဘယ်လူမျိုး မဆို ( အင်အားကြီးလာရင် )  နယ်မြေ ချဲ့ထွင်တာပဲ။ 

ရှမ်းလည်း အင်အားကြီးလာရင် မြန်မာတွေ နေတဲ့ ဧရာဝတီ မြစ်ဝှမ်းဒေသ ကို ပြည်အထိ နယ်ချဲ့ကြတယ်။ ရှမ်းညီနောင်သုံးပါး ခေတ်က တကြိမ်၊ မိုးညှင်းစလုံ သိုဟန်ဘွား ခေတ်က တကြိမ်။ 

ရခိုင်လည်း အင်အားကြီးလာရင် မြန်မာတွေ နေတဲ့  ဟဲသာဝတီကို နယ်ချဲ့တာပဲ။ ဘုရင့်နောင်တည်ခဲ့တဲ့ ကမ္ဘောဇသာဒီ ရွှေနန်းတော်ကို မီးရှို့ပြီး ရွှေငွေ သာမက ကြေးထည်တွေပါ လုယက်ယူကြတယ်။ ဘုရင့်နောင် မြေး ခင်မနှောင်းနဲ့ မောင်တော်၊ အမှုထမ်းတွေကို ရခိုင်ကို ဖမ်းသွားတယ်။ ယနေ့အထိ ဗိုလ်မင်းထောင်မှာ သုံ့ပန်း ဘုရင့်နောင် မျိုးဆက်ရှိနေတယ်

မွန်လည်း အင်အားကြီးလာရင် မြန်မာတွေ နေတဲ့  အင်းဝကို သိမ်းပိုက် ဖျက်ဆီးပြီး ရွှေဘိုအထိ နယ်ချဲ့တာပဲ။ မြန်မာဘုရင်ကို ဖမ်းဆီးပြီး ဆွေစဉ်မျိုးဆက် သုတ်သင်တာပဲ။  ရွာသူကြီး အောင်ဇေယျနဲ့ တွေ့ပြီး ပြန်ဆော်ခံရမှ မြန်မာတွေက နယ်ချဲ့တယ် လို့ ဇာတ်နာပြတယ်။ 

​ပဒေသရာဇ် သူငယ်နာ မစင်ပဲ ကြွေအံရှုံးတုန်းက ပေးလိုက်ရတဲ့ လောင်းကြေးကို နည်းပေါင်းစုံနဲ့ ပြန်ယူဖို့ ( စစ်အေးနည်း ၊ စစ်ပူနည်းနဲ့ ) ကြိုးစားနေတဲ့ စိတ်ဓာတ်အခံရှိသူတွေနဲ့ 

ပြည်နယ်အရေး လူမျိုးအရေး ဆုံးဖြတ်မယ့် အထက်လွှတ်တော်မှာ 

ဗမာ တချိုး၊ အခြားတိုင်းရင်းသား ၇ ချိုး ထည့်ပေးရင် ဘာဖြစ်မလဲ စဉ်းစားတတ်သူတိုင်း သဘောပေါက်တယ်။

မြန်မာ (ဗမာ) နဲ့ ​အခြားတရသတွေဟာ မဘသ ဝါဒကိုယ်စီနဲ့ .....   ဒုတ်ထမ်း ပြောရမယ့် ..  ပဒေသရာဇ် ရာဇဝင်ကို   သင်ပုန်းမချေပဲ   ရာဇဝင်ကို  ပြည်ဖုံးကားမချပဲ အနာဖေးခွါရင်း အတွင်းကြိတ် ရန်စောင်နေတဲ့  (အခုထီ နယ်မြေလုနေတုန်း )  တချက် ...    မြန်မာ (ဗမာ) အင်အားကို ပြန်လည် ဖြိုချ နှိပ်ကွပ်ထားရမယ်ဆိုတဲ့  ဗမာ ဖိနှိပ်ရေးပေါ်လစီဟာ     ( ဗမာလူမျိုးကြီး ဝါဒလို့ ထိပ်စီးတင်)  တချက် ..  ...  မြန်မာ(ဗမာ) က unification ပေါ်လစီ  အခြားတရသတွေက separation ပေါ်လစီရှိတာ တချက် ..  ခွဲထွက်ရေး ကွန်ဖက်ဒရေးရှင်း မပြောဖူးတဲ့ အခြားတရသရှိသလား ..  ( ပြောနေကြဆဲပဲ ) ...  ဗမာ ပြည်နယ် ၁ ခု ..  တရသ ပြည်နယ် ၇ ခု ဆိုရင် ..  xxx အဆိုတင်လိုက်ရုံနဲ့ .. ဘယ်ဘက်ကို ဘယ်သူတွေ ပင်းလို့   ဘာဖြစ်မယ် ဆိုတာ ခုထဲက ကြိုတင်ပြောနိုင်ကြတယ် မလား
























Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား