တောင်ကြီးမြို့

 ရှမ်းပြည်နယ်မှာ ဗြိတိသျှတို့ တည်ထောင်ခဲ့သောမြို့ပြ များ အပိုင်း(၁)

————————————————

ဗြိတိသျှ အစိုးရဟာ တောင်ကြီးမြို့ကို တောင်ကြီးတောင်တန်းရဲ့ တောင်ခြေ  ၊မွန်ခြိင် ရွာ အနီး မှာ ဗဟိုအုပ်ချုပ်ရေး ရုံးစိုက်ရာ မြို့တည်ရန် ၁၈၉၂ ခုနှစ်မှာ စတင် တည်ဆောက် ခဲ့ပါတယ် ..။ 


ညောင်ရွှေစော်ဘွား စဝ်အုံ ထံမှ အရှေ့ အနောက် (၁)မိုင်ခန့် ၊ တောင်မှမြောက် (၄ ) မိုင်ခန့် ဧရိယာ အကျယ် (၄.၉) စတုရန်းမိုင် ကိုတောင်းယူပြီး ကန်များ ၊ အင်းများ ကို ပြုပြင် ပါတယ် ။


တပ်မြေပုံစံ စနစ်တကျ အကွက်ရိုက် ပြီး လမ်းများဖောက်လုပ်ပါတယ် ၊ အစိုးရရုံးများဆောက်လုပ်ပါတယ် ..။ ၁၈၉၂ ခုနှစ်မှာဗြိတိသျှ အရေးပိုင် ဟေးလ်ဒီ ဘရန်း စတင်ရုံးထိုင်ပါတယ် ..။

 

တောင်ကြီးမြို့မှာ (၁) အရေးပိုင်အိမ် ၊(၂) လက်ထောက် အရေးပိုင်အိမ်(၊၃) တိုင်းသစ်တော အရာရှိအိမ် ၊(၄) လမ်းအရေးပိုင်အိမ်၊ (၅) ဆရာဝန်ကြီးအိမ် ၊(၆) လက်ထောကဆေးရုံအုပ် အိမ် ၊(၇)ရဲအရာရှိအိမ် ၊(၈) တရားရုံး ၊ အရေးပိုင်နဲ့ နိုင်ငံရေး အရာရှိရုံးများ ၊(၉) ငွေတိုက်၊ (၁၀) အချုပ်ခန်း၊ (၁၁) လမ်းဌာနရုံး ၊(၁၂) ဒါဘာ ခန်းမ ၊(၁၃)ဆေးရုံ ၊(၁၄) စာတိုက် ၊ (၁၅) ကြေးနန်းရုံး ၊(၁၆) အရရရှိရိပ်သာ ( ဗိုလ်တဲ) ၊(၁၇) လမ်းတံတား တည်းခိုရိပ်သာ တို့ကို စတင်တည်ဆောက်ခဲ့ပါတယ် ..။


၁၅ စက်တင်ဘာ ၁၈၉၄ ခုနှစ် မှာ အရေးပိုင်နဲ့ နိုင်ငံရေး အရာရှိ ဌာနချုပ် ရုံး အပါအဝင် ရုံးဌာန များကို မိုင်းသောက် စတက်မန်း ခံတပ် မှ ပြောင်းရွှေ့ကြပါတယ် ၊တပ်သား(၂၅)ယောက် ဆန့် ဘားတိုက်(၂) ခု၊ ကင်းစောင့်စခန်း ၊ အရာရှိ ရိပ်သာများ တည်ဆောက်ပြီး တပ် ကိုလည်း ပြောင်းရွှေ့ခဲ့ပါတယ် .. ။


မြို့ရဲ့အရှေ့ဘက် မတ်စောက်သော တောင်တန်းကြီးကို အစွဲပြုပြီး တောင်ကြီးလို့ ခေါ်ဝေါ်ရာကနေ ခုထိလည်းတောင်ကြီး ပဲဖြစ်ပါတယ် ..။ထိုအချိန်မှ စပြီး တောင်ကြီးမြို့ဟာ ရှမ်းပြည်နယ် အတွက် ကိုလိုနီ အုပ်ချုပ်ရေးမြို့တော် အဖြစ် အခိုင်အမာ ပေါ်ထွန်းလာခဲ့ပါတော့တယ် ..။ 


မြို့စတင်တည်ဆောက်ပြီး နောက် မြို့ရဲ့နယ်နမိတ်ကို စတုရန်း ၁၂ မိုင် ခန့်သတ်မှတ်ပါတယ် ၊ မြို့ရဲ့ တောင်ဘက်စွန်း အကောက်ခွန်ဂိတ်ကနေ မြောက်ဘက် မြင်းလှည်းတန်း ထန်းလပ်ချောင်းဘေးမှာ နယ်ခြားမှတ်တိုင် သံတိုင်များ ၊မြို့အနောက်ဘက် ရတနာသီရိ ရပ်ကွက်အတွင်း နဲ့ နဂါးပွက်ကျောင်းဝင်းအတွင်း ကျောက်တိုင်များ စိုက်လို့ညောင်ရွှေနယ်နဲ့ တောင်ကြီးနယ် ပိုင်းခြားခဲ့ပါတယ် ။


ဗြိတိသျှ အရေးပိုင်နဲ့လက်ထောက်အရေးပိုင် တို့ဦးဆောင်တဲ့ Town Committee များနဲ့အုပ်ချုပ်ခဲ့ပါတယ် ၊၁၁ဒီဇင်ဘာ ၁၉၀၁ ခုနှစ် မှာ မြန်မာပြည် မြူနီစပါယ်ဥပဒေ ကို ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ အာဏာ သက်ရောက်ကြောင်း ကြေငြာပါတယ် ..၊။


၁၉၀၄ ခုနှစ်မှာတော့ တောင်ကြီးမြို့ကို သီးသန့်ဒေသ ကြေငြာပြီး တောင်ကြီးမြူနီစပါယ်ကို ၄င်းတို့ရဲ့သီးခြားရဲ၊သီးခြားတရားရုံး မြို့စောင့်စစ်ပုလိပ်တပ်တို့နဲ့ တိုက်ရိုက်အုပ်ချုပ်ပါတယ် ။


ဦးမြင့်သန်း ( သမိုင်း သုတေသီ )ဆောင်းပါးမှ ထုတ်နှုတ်ဖော်ပြအပ်ပါတယ် ။


အထက်မှာဖော်ပြခဲ့တဲ့ ၁၈၉၂ ခုနှစ်မှာ တောင်ကြီးမြို့ နဲ့ ဖွားဖက်တော် တည်ဆောက်ခဲ့တဲ့ အဆောက်အဦ (၁၇) ခုဟာ သစ်တောရပ်ကွက် ( အစိုးရရပ်ကွက် )မှာပဲ ရှိမယ်ထင်ပါတယ် ..။ 


ရှမ်းပြည်နယ်အစိုးရအတွင်းဝန်များရုံးဟောင်းကတော့ သမိုင်းဝင် အဆောက်အဦဖြစ်သွာပါပြီ.. ။ 


အခု ပုံမှာပါတဲ့ စာတိုက်ကြေးနန်းရုံးလေးလည်း နှစ်တရာကျော် (၁၃၁) နှစ်ရှိနေပြီတော့ သူ့ကိုလည်း သမိုင်းဝင် အဆောက်အဦ လေး အဖြစ် အသိအမှတ်ပြုကြပြီလား .. တခြားအဆောက်အဦတွေရော…


သမိုင်းတန်ဘိုးလေးသင့်ပေးကြပါဦးရှင် …

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား