ကာလုံအတု ဆွေးနွေးချက်

မအလ အမိန့်နဲ့ ဒုသမ္မတ မြင့်ဆွေ ကျင်းပတဲ့ ကာလုံအတုက ဆွေးနွေးချက်ကို ထုတ်ပြန်တယ်


အဝါရောင် ဆေးခြယ်ထားတဲ့ အချက်တွေကို ကြည့်ရင်
မအလဟာ
▪️ အကြား အလပ်မရှိ .. တပြိုင်ထဲ ရွေးကောက်ပွဲ ဆိုတာ အပြင်
မဆလခေတ်ထဲက .. ခေတ်အဆက်ဆက် မပြည့်စုံ ၊ မှားယွင်း နေတဲ့
▪️ ၁၀ နှစ် တကြိမ် (၂၀၂၄) သန်းခေါင်စာရင်း
▪️ လူတိုင်း မှတ်ပုံတင် ရှိရေး
▪️ တော်လှန်ရေး ချုပ်ငြိမ်းရေး
▪️ မဲစာရင်း မှန်ကန်ရေး
ဆိုတဲ့ ( လဝက ကို တယောက်တကျန် မြေလှန် ပြီး လူကောင်းတွေနဲ့ အစားထိုး တာ မလုပ်ရင်) ဘယ်တော့မှ ဖြစ်လာစရာ မရှိတဲ့ အချက်တွေကို ဆင်ခြေပေးပြီး
မအလဟာ အာဏာကို ( သန်းရွှေလို) လေငန်းဖြစ်တဲ့အထိ ဖက်တွယ်ထားတော့မယ် ဆိုတာ ပြသနေတယ်။
တချို့က "UG တွေက ရွေးကောက်ပွဲကို ပစ်မှတ်ထားမှာ စိုးလို့ ဒွိဟ ဖြစ်အောင် လုပ်နေတာ" လို့ ပြောတယ်။ ဟုတ်ချင်လည်း ဟုတ်မှာပေါ့
ပြောချင်တာက ..
▪️ မအလ (၆) လတကြိမ် အကန့်အသတ်မဲ့ သက်တမ်းတိုးတော့မယ်
▪️ မအလ အာဏာ ဖက်တွယ်နေတာ တော်လှန်ရေး  ကြောင့် မဟုတ်ဘူး
▪️ မအလ အာဏာသိမ်းစ ၆ လပြည့် မိန့်ခွန်းမှာ "လူတိုင်း မှတ်ပုံတင် ရှိရေး မဲစာရင်း မှန်ကန်ရေးကို အနည်းဆုံး ၁၈ လ လုပ်ရမယ်" လို့ စကားဦးသန်းနေတာ သတိရပါ

👆 PR လွှတ်တော် ထဲ အမတ်ထိုင်ခုံ မျှော် နိုင်ငံရေးပါတီတွေ
👆 PR လွှတ်တော်က ဥပဒေပြင်ပေးမယ် ထင်နေတဲ့ EAO တွေ အတွက်တော့
-- မျှော်လင့်ချက် မဲ့နေပါပြီ


Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား