ငြိမ်းငြိမ်းပြည့် ဒစ်လည်နေတဲ့ မေးခွန်းတခု

ငြိမ်းငြိမ်းပြည့် ဒစ်လည်နေတဲ့ မေးခွန်းတခု

ငြိမ်းငြိမ်းပြည့်။  ။  လူမျိူးစွဲ ပြည်နယ်တွေနဲ့ ပဲ ဖက်ဒရယ် စနစ် တည်ဆောက်လို့ရမယ်

မေး။  ။ ကမ္ဘာ့ နိုင်ငံတွေ ဒေသနာမည် နဲ့ ဖက်ဒရယ် လုပ်ကြတယ်။ မြန်မာပြည်မှမှ နဖူး ဂျိုထွက်ပြီး လူမျိုးနာမည်နဲ့ပဲ ဖက်ဒရယ် လုပ်ရမယ် ဆိုတာ ဘာ​ေကြာင့်လဲ

ငြိမ်းငြိမ်းပြည့်။  ။  အခြားတိုင်းရင်းသားတွေက တောင်းဆိုလို့ပါ

မေး။  ။ ဗမာရော တိုင်းရင်းသား မဟုတ်ဘူးလား။ ဗမာကို ဘာလုပ်ပါလို့ အမိန့်ပေးနေတော့ ရခိုင်ကို ရိုဟင်ဂျာ ပြည်နယ် ဖွဲ့ပါလို့ အမိန့်သွားပေးရဲလား ကချင်ကို ရှမ်းနီပြည်နယ် ပေးလိုက်ပါလို့ အမိန့်ပေးရဲသလား။ 

ငြိမ်းငြိမ်းပြည့်။  ။ အဲ .. ဒါက သူတို့ဘာသာ ဆုံးဖြတ်ရမှာ။  ဗမာက .. အဲ .. ဟို။

မေး။  ။  ဗမာပြည်နယ် ဖွဲ့ပါဆိုတော့ ဘယ်နယ်တွေနဲ့ ဖွဲ့ရမှာလဲ

ငြိမ်းငြိမ်းပြည့်။   ။ စစ်ကိုင်း၊ မန်းလေး၊ မကွေး ၃ တိုင်းနဲ့ ဗမာပြည်နယ် ဖွဲ့ရမယ်။

မေး။ ။ ရန်ကုန်၊ ပဲခူး၊ တနင်္သရီကို ဘာလုပ်မလဲ။ 

ငြိမ်းငြိမ်းပြည့်။   ။ နဂိုအတိုင်း ရန်ကုန်ပြည်နယ်၊ ပဲခူးပြည်နယ်၊ တနင်္သရီ ပြည်နယ်လို့ ထားမယ်။

မေး။  ။  စောစောက ပြောတော့ လူမျိုးနာမည်နဲ့ ပြည်နယ်တွေပဲ ရှိရမယ် ဆို။ 

ငြိမ်းငြိမ်းပြည့်။   ။ နာမည်က အဓိက မဟုတ်ပါဘူး။

​မေး။ ။  နာမည်က အဓိက မဟုတ်ရင် ဘာကြောင့် ဗမာပြည်နယ် ဖွဲ့ခိုင်းတာလဲ။ ရန်ကုန်ပြည်နယ်၊ ပဲခူးပြည်နယ်၊ တနင်္သရီ ပြည်နယ် လိုပဲ စစ်ကိုင်းပြည်နယ် မန္တလေးပြည်နယ်၊ မကွေးပြည်နယ် ဖွဲ့လို့ မရဘူးလား။

ငြိမ်းငြိမ်းပြည့်။   ။  အဲ .. ဟို .. ဗမာပြည်နယ် ဖွဲ့မှ ရမယ်။

မေး။ ။  ဗမာပြည်နယ် ဖွဲ့ပါမယ်၊ တိုင်း ၇ တိုင်းကို ဗမာပြည်နယ် ဖွဲ့ရင် ရှင်းနေတာပဲ။ ဘာကြောင့် ဒေသနာမည်နဲ့ ပြည်နယ်တွေ ဖွဲ့မှာလဲ။

ငြိမ်းငြိမ်းပြည့်။   ။   အဲ .. အဲဒါ .. တန်းတူရေး

မေး။ ။  တန်းတူရေး ဆိုရင် ဗမာတွေ ရဲ့ ရန်ကုန် ပဲခူး တနာင်္သရီ ကို ပါ ဗမာပြည်နယ် ဖွဲ့ရမှာပေါ့။ 

ငြိမ်းငြိမ်းပြည့်။   ။   အဲဒီလို မရဘူး။ ဗမာက မြောက်ပိုင်းကို ဗမာပြည်နယ် ဖွဲ့၊ တောင်ပိုင်းကို ဒေသနာမည်နဲ့ ထားရမယ်။

မေး။ ။   ရခိုင် မြောက်ပိုင်း ကို ရခိုင်ပြည်နယ် ဖွဲ့ပြီး တောင်ပိုင်း ကို သံတွဲပြည်နယ် ဖွဲ့မလား။ ရှမ်းမြောက်ပိုင်းကို  ရှမ်းပြည်နယ် ဖွဲ့ပြီး တောင်ပိုင်းကို တောင်ကြီး ပြည်နယ် ဖွဲ့မလား

ငြိမ်းငြိမ်းပြည့်။   ။   အဲ.. ကျမ မသိ



Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား