ရှမ်းပြည်မြောက်ပိုင်း လားရှိူး

 ရှမ်းပြည်နယ်မှာ ဗြိတိသျှတို့ တည်ထောင်ခဲ့သောမြို့ပြ များ အပိုင်း(၂)

——————————————-

ရှမ်းပြည်မြောက်ပိုင်း လားရှိူး


လားရှိူးမြို့ဟာ မြန်မာ ဘုရင်လက်ထက်က ရွာငယ်လေး တရွာသာဖြစ်ပါတယ် ။

၁၈၈၇ ခုနှစ်မှာ မေမြို့ကို ရှမ်းပြည် မြောက်ပိုင်းတခုလုံးရဲ့ စစ်ဌာနချုပ် အဖြစ်အသုံးပြုခဲ့ပါတယ် ။


၁၈၈၈ ခုနှစ်မှာ မြောက်ပိုင်းပြည်နယ်များရဲ့ အုပ်ချုပ်ရေးယူနစ် တခုအဖြစ် ပူးပေါင်း ဖွဲ့စည်းပြီး ၁၈၈၉ ခုနှစ်မှာတော့ လားရှိူး ကို အရေးပိုင်ရုံးစိုက်ရာ နေရာ အဖြစ် သတ်မှတ်ရုံးထိုင်ခဲ့ပါတယ်။


လားရှိူးမြို့ရဲ့ အာရုံတော် ရပ်ကွက် မြောက်ဘက် အစွန် မှာရှိတဲ့ လွယ်ရိုးရွာနဲ့ လားရှိူးရွာ ဟာ မြောက်သိန္နီစော်ဘွားရဲ့ နယ်မြေထဲမှာ ပါပါတယ် ။ဒီရွာ နှစ်ရွာကြားမှာ ဗြိတိသျှ တွေဟာ စစ်တပ်နဲ့အုပ်ချုပ်ရေးရုံးတွေ ဆောက်လုပ်ခဲ့တယ် ။


၁၈၉၈ ခုနှစ် မှာ ရှမ်းပြည်မြောက်ပိုင်း မြောက်သိန္နီ နယ်အတွင်းရှမ်းရွာ ၂၃ ရွာ ၊ ပလောင်ရွာ ၈ ရွာနဲ့ ဖွဲ့စည်းထားတဲ့ လားရှိူးရွာလေးဟာ တိုက်နယ် အဆင့်ရှိလာပါတယ် ။ 


လားရှိူး မြို့ ကို (၁) အရေးပိုင်ရုံးနဲ့ မြို့ပြ အရာရှိများအတွက်  နေအိမ်များပါဝင်တဲ့ ဥရောပ သားတို့ နေထိုင်တဲ့ အရပ် ( The European Station )

(၂) စစ်ပုလိပ်များရဲ့ တပ်ဖွဲ့ဌာနချုပ်များ ( Military Police post )

(၃) ဟိန္ဒူ ၊မဟာမေဒင်၊ဗမာ၊ရှမ်းစသော တိုင်းရင်းသားများအတွက် သီးခြားနေရာများ ၊ဗြိတိသျှ ဝန်ထမ်းများရဲ့ သီးသန့်နေအိမ်များ ၊ရှမ်းပြည်မြောက်ပိုင်းနယ် ၅ နယ်မှ စော်ဘွားများရဲ့ ယာယီဟော်နန်းများ ၊ စျေး တစ်ခု ပါဝင်သော  (The Native Station )တို့ ဖွဲ့စည်းဆောက်ခဲ့ပါတယ်။


၁၁ဒီဇင်ဘာ ၁၉၀၁ ခုနှစ်မှာ  မြန်မာပြည် မြူနီစပါယ်ဥပဒေ ကို ရှမ်းပြည်မြောက်ပိုင်း ၊ လားရှိူးမြို့ပြ ဌာနလည်း  အာဏာ သက်ရောက်ကြောင်း ကြေငြာပါတယ် ..။


လားရှိူးမီးရထားလမ်းကို ၁၉၀၃ ခုနှစ် မတ်လ(၁)ရက်နေ့မှာ ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် လူစည်ကားလာပြီး ဗြိတိသျှ တို့အတွက်အချက်အချာ နေရာကျလာပါတယ် ..။


၁၉၀၄ ခုနှစ် ပြန်တမ်းအမှတ်(၇) ဖြင့် ဒီဒေသ ကို သိန္နီ စော်ဘွားအုပ်ချုပ်မှုအောက်ကနေ သီးခြားခွဲထုတ်ခဲ့ပါတယ် ၊ မြို့နယ်အုပ်ချုပ်ရေးကော်မတီ ( Town  Committee) ဖြင့်အုပ်ချုပ်ခဲ့ ပြန်တမ်း အမှတ်(၈)နဲ့ မြူနီစပါယ် ဧရိယာ သတ်မှတ်ခဲ့ပါတယ် ။


လားရှိူးရွာနဲ့ လွယ်ရိုးရွာ နှစ်ရွာကြားမှာ ဗြိတိသျှ တို့ဟာ လားရှိူးမြို့တည်ပြီး အရေးပိုင်ရုံးစိုက်ကာ ရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့ စော်ဘွားများကို အနီးကပ် စောင့်ကြည့်ခဲ့ပါသတဲ့ရှင် …။


ဦးမြင့်သန်း ( သမိုင်း သုတေသီ )ဆောင်းပါးမှ ထုတ်နှုတ်ဖော်ပြအပ်ပါတယ် ။

Photo credit ပါ ..။

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား