အာဆီယံ သဘောတူညီချက် (၅) ချက်

အာဆီယံ သဘောတူညီချက် (၅) ချက်ဟာ မအလနဲ့  အာဆီယံ သဘောတူညီချက် ဖြစ်တယ်။ မအလအတွက် လမ်းဖွင့်ပေးတာ ဖြစ်တယ်။ မအလ မို​က်တွင်းနက်လို့ အာဆီယံက တွင်းထဲ မဆယ်နိုင်ပဲ တွင်းပေါ်က လှမ်းခေါ်နေတာ ဖြစ်တယ်။ အာဆီယံဟာ မအလကို စိတ်ကောက်လို့ ဝိုင်းကြဉ်ထားတာ ဖြစ်တယ်

အာဆီယံ သဘောတူညီချက် (၅) ချက်ဟာ ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေး အတွက် နှမ်းစေ့တစေ့တောင် အကျိုး မပြုဘူး။  ဒါကြောင့် ငြိမ်းချမ်းရေး အစစ်အမှန်လည်း မရနိုင်ဘူး။ ၂၀၀၈ ခြေဥအတိုင်း စစ်အာဏာရှင် သက်ဆိုးရှည်ရေး အတွက်အကျိုးပြုတယ်။ မအလ လုပ်ကြံ မယ့် စစ်ကျွန်အချိုးကျခွေးကောက်ပွဲ ကို တားမြစ်တာ မရှိဘူး။ ပြည်သူ့ ဆန္ဒမဲတွေကို လေးစားဖို့ မပါဘူး။ 

ခုခံတော်လှန်ရေး သမားတွေဟာ .. အာဆီယံ သဘောတူညီချက် (၅) ချက်ကို  လက်မခံဘူးလို့ ငြင်းဆိုရင်လည်း မှားတယ်။ လက်ခံရင်လည်း မှားတယ်။ ငြင်းဆန်ရင်  ( အာဆီယံ ရဲ့ ငြိမ်းချမ်းရေးအတု) ကို လက်မခံဘူးလို့  အပြစ်တင်ခံရမယ်။ လက်ခံရင် ( ခွေးကောက်ပွဲကို ကျင်းပပြီး ) စစ်ကျွန်ဘဝ သက်ဆိုးရှည်မယ်။

ဒါကြောင့်  ခုခံတော်လှန်ရေး သမားတွေဟာ အာဆီယံ  PLUS  ဆိုတဲ့ မူကို ကိုင်စွဲရတယ်။ အာဆီယံ သဘောတူညီချက် (၅) ချက်ဟာ အန္တိမ ပန်းတိုင် မဟုတ်ပဲ၊ ခြေနင်းခုံမျှသာ သဘောထားရမယ်။ စစ်အာဏာရှင် အမြစ်ပြတ်ရုံနဲ့ မပြီး  မဟာလူမျိုးကြီးဝါဒ ဘာညာ ဆိုပြီး ထပ်တိုး  +တွေ ထည့်တတ်သူတွေ ကို အများကြီး ရှင်းပြစရာဖို့မလိုဘူး ထင်ပါတယ်

မအလဟာ  ယနေ့မှာသာ မိုက်တွင်းနက်နေပေမယ့် နောက်ဆုံး ရှုံးနိမ့်အချိန်မှာ အာဆီယံ သဘောတူညီချက် (၅) ချက်ကို ထုတ်ကစားနိုင်တယ်။ 

ခုခံတော်လှန်ရေး သမားတွေဟာ အာဆီယံ ကို အမှုးထားပြီး နောက်လိုက် ဘဝ ရောက်ရင်    တံလျပ်ကို ရေထင် ရွှေသမင် အလိုက်မှားမယ့် ထောင်ချောက်ဖြစ်တယ်။ KNU ၊ CNF ၊ KNPP အတွင်းရေးမှုး ၃ ယောက် ရဲ့ ဆောင်းပါးဟာ အဲဒီ ထောင်ချောက်ကို ဝင်တိုးနေတာ မြင်ရတယ်။ 

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား