မအလဟာ ( မြန်မာစစ်တပ် တခုပဲ ကိုးကွယ်နေတဲ့) ၂၀၀၈ ခြေဥကို ထပ်မံ ချိုးဖောက်လိုက်ပြန်ပြီ။

မအလဟာ  ( မြန်မာစစ်တပ် တခုပဲ ကိုးကွယ်နေတဲ့) ၂၀၀၈ ခြေဥကို ထပ်မံ ချိုးဖောက်လိုက်ပြန်ပြီ။

▪️၂၀၂၁ ဩဂတ် ၁ ရက်နေ့တုန်းက .. မအလဟာ ၂၀၀၈ ခြေ/ဥ မှာ  

👉 အရေးပေါ်ကာလသည်  ( ၁ နှစ် - ထပ်တိုး ၆ လ x ၂ ကြိမ်) စုစုပေါင်း ၂ နစ်အထိပဲ  အကန့်အသတ်ရှိကြောင်း -

👉  ၂၀၂၃ ဩဂုတ် မှာ ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်ကြောင်း  ....  ကမ္ဘာနဲ့ နိုင်ငံကို  ကတိတွေပေးခဲ့တယ်။

ဗီဒီယိုဖိုင် သက်သေ 👉  https://www.facebook.com/100084337112852/videos/708518374088647/

ပြည်တွင်း/ ပြည်ပ သတင်း သက်သေ 👉


▪️ အဲဒီ ကတိစကားပြောပြီး ၁ နှစ်ခွဲအကြာ ၊ ၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်မှာ ... အရေးပေါ်ကာလကို မှာ .. နောက်ထပ် ၆ လတိုးလိုက်ပြန်တယ်။ rule of law ဥပဒေက အုပ်ချုပ်ခြင်း ကို မလိုက်နာတဲ့ နောက်ထပ် သာဓက တခုပါ။

▪️ မင်းမှာ သစ္စာ၊ လူမှာ ကတိ ဆိုစကားရှိပါတယ်။ မအလဟာ မင်းလည်း မဟုတ်၊ လူလည်း မဟုတ်တဲ့အတွက် သူတို့ ရေးပြီး သူတို့ဖောက်ဖျက်နေတဲ့ ၂၀၀၈ ခြေဥ ကို (၇ ကြိမ်မြောက်) ဥပဒေချိုးဖောက်လိုက်ပြန်ပြီ။ အချို့သော တိုင်းရင်းသား ပါတီ/ လက်နက်ကိုင်တွေအနေနဲ့ အဲဒီလို သစ္စာမရှိ၊ ကတိမတည်တဲ့ အဖွဲ့အစည်းနဲ့ သဘောတူညီချက်တွေ ယူနေကြတာ ပုလင်းတူ ဗူးစို့တွေမို့ လို့လား မေးရပါတော့မယ်။

=====

  “ဖွဲ့စည်းပုံအခြေခံဥပဒေ မှာလည်း အရေးပေါ်ကာလဆိုတာ အကန့်အသတ်ရှိပါတယ်။ ပုဒ်မ ၄၂၁၊ ပုဒ်မခွဲ(ခ) အရ အရေးပေါ်ကာလ ၁ နှစ်အတွင်းမှာ တာဝန်တွေကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်းမရှိသေးရင် နောက်ထပ် ခြောက်လ နှစ်ကြိမ်သာတိုးမြှင့်နိုင်ပါတယ်။  ဒီကာလအတွင်းမှာ ကျွန်တော်တို့အနေနဲ့ လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်တာတွေကို ပြီးစီးအောင် ဆောင်ရွက် သွားရမှာဖြစ်ပါတယ်။ ပြီးရင် ဥပဒေအရ ရွေးကောက်ပွဲအတွက်ပြင်ဆင်ချိန် ၆ လ ပေးပြီး ဆောင်ရွက်ရပါမယ်။  ဒီကာလများကိုတွက်ကြည့်ရင် လုပ်ငန်းရပ်အားလုံးဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ပြီးစီးရမယ်ဆိုတာ ပါပဲ။  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်မှာ အခုလုပ်ငန်းစဉ်က လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပပြီး အနိုင်ရရှိသည့်ပါတီကို ဒီမိုကရေစီစံနှုန်းများနဲ့အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး၊ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။  ဒီလုပ်ငန်းစဉ်အတွက် ကျနော်တို့ဟာ လွတ်လပ်တရားမျှတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွရွေးကောက်ပွဲကျင်းပနိုင်ဖို့ အခြေအနေတွေ ဖန်တီးပေးရပါမယ်၊ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ကြရပါမယ်။ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်မယ်ဆိုတာ ကတိပြုပါတယ်” ဟု  မင်းအောင်လှိုင်က ပြောကြားသည်။ ၂၀၂၁ ဩဂုတ် ၁ ရက် မနက်က  နိုင်ငံပိုင်ရုပ်သံလိုင်းများ၊ မြန်မာ့အသံရေဒီယိုနှင့် FM ကထုတ်လွှင့်ခဲ့သည့်    (၆)လပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်သည့် ပြောကြားသည့်  မိန့်ခွန်းတွင်   မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မအလ စစ်တပ် ၂၀၀၈ ခြေဥ ချိုးဖောက်သော မှတ်တမ်းများ 

▪️ မြင့်ဆွေဟာ ယာယီ သမ္မတ ဖြစ်တယ်။ ယာယီ သမ္မတ သက်တမ်းဟာ (၂၁) ရက်ပဲရှိတယ် - ပုဒ်မ ၇၃(င) ။ အခု (၂) နှစ် ဖြစ်နေပြီ။  သက်တမ်းလွန်သွားတဲ့အတွက် မြင့်ဆွေဟာ ယာယီ သမ္မတ မဟုတ်တော့ဘူး။

▪️ မြင့်ဆွေဟာ ဒု-သမ္မတ ဖြစ်တယ်။ ဒု-သမ္မတဟာ အရေးပေါ်အခြေအနေ ကြေညာခွင့် မရှိဘူး ၊ ထပ်တိုးခွင့်လဲ မရှိဘူး - ပုဒ်မ ၄၁၇။

▪️ ကာ/ လုံကို နိုင်ငံတော် သမ္မတက ဦးဆောင်ပြီး ကျင်းပရမယ် - ပုဒ်မ ၂၀၁ ။ မြင့်ဆွေဟာ  ဒု-သမ္မတ ဖြစ်လို့ ကာ/လုံ ခေါ်ခွင့် မရှိဘူး။  မြင့်ဆွေ ကာ/လုံဟာ တရားမဝင်ဘူး။ 

▪️နိုင်ငံတော် သမ္မတကို ပြည်ထောင်စု လွှတ်တော်ကပဲ ဖြုတ်ချခွင့် ရှိတယ် - ပုဒ်မ ၇၁။   ဖမ်ဆီးးခွင့်မရှိဘူး - ပုဒ်မ ၂၁၅ ။ ဒါကြောင့် အကျဉ်းချထားတဲ့ ဦးဝင်းမြင့် တဦးထဲပဲ ကာ/လုံ ခေါ်ခွင့်ရှိတယ်။ 

▪️ နိုင်ငံတော် သမ္မတက ရွေးကောက်ပွဲ ကော်မရှင်ကို ခန့်အပ်ရတယ် - ပုဒ်မ ၃၉၈(က) ။ မအလ ဟာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌသစ် သိန်းစိုးကို ခန့်အပ်တာ တရားမဝင်ဘူး။ မအလ နဲ့ သိန်းစိုး ထုတ်ပြန်တဲ့ ဥပဒေ၊ ကျင်းပမယ့် ရွေးကောက်ပွဲဟာလည်း တရားမဝင်ဘူး

▪️ UEC ဥက္ကဌ  ဗခ ဟောင်း တင်အေး ကျင်းပပြီး စစ်တပ်က လက်ခံခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲရလာဒ်အရ တည်ထောင်ထားတဲ့ အစိုးရကို ဖြုတ်ချတဲ့အတွက်  နိုင်ငံတော်ပုန်ကန်မှု မြောက်တယ် - ရာဇသတ်ကြီး ပုဒ်မ ၁၂၁ (ဃ)

▪️ အရေးပေါ်ကာလ  ၁ နှစ်အပြီးမှာ - ထပ်တိုး ၆ လ - ၂ ကြိမ်ပဲ လုပ်ခွင့် ရှိတယ်။ မအလက ၆ လ - ၃ ကြိမ်  ထပ်တိုးပြီး အာဏာယူထားတယ်။  - ပုဒ်မ ၄၂၁/၄၂၅

 

 

 

 











Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား