ဗမာပြည်နယ် မဖွဲ့လို့


ဗမာပြည်နယ် မဖွဲ့လို့ ( သရော်စာ )

KNU ဖဒိုမန်းမန်း ။  ။ NUG က ဖက်ဒရယ် ဖွဲ့စည်းပုံ ရေးဖို့ ဖင့်နွဲ့နေတယ်။  ဗမာ​ပြည်နယ် မဖွဲ့သေးဘူး။ ဗမာလူမျိုးကြီး ဝါဒ ရှိတယ်။ NLDက အာဏာရှင် ဆန်တယ်။ 

KIO  Gen. အန်ဘန်လ။   ။ NUG က တော်လှန်ရေးကို ဦးဆောင်ပါ။ EAO တွေ PDF တွေက NUG ဦးဆောင်မှုကို ခံယူပါ။ ဗမာပြည်နယ် ဖွဲ့ပါ။ မဖွဲ့ရင် တော်လှန်ရေး ကြာရှည်မယ်။ 

KNU  တပ်မဟာ ၄ ။  ။ ဟုတ်တယ်။ .. ဟုတ်တယ် .. ဒါကြောင့် .. ငါတို့ ဗမာ စကစ နဲ့ ပေါင်းပြီး တပ်မဟာ ၄ မှာ ဟိုတယ် ဇုန် ဆောက်မယ်။

KIA တပ်မဟာများ။  ။ ဟုတ်တယ် . ဟုတ်တယ် .. ဗမာပြည်နယ် မဖွဲ့လို့ ..  ငါတို့ ကျောက်စိမ်းလုပ်ငန်း ကို စကစနဲ့ ပေါင်းပြီး လုပ်နေတာ ၊ 

AA ။  ဟုတ်တယ် . ဟုတ်တယ် .. ဗမာပြည်နယ် မဖွဲ့လို့ ..  ငါတို့က ဆန်အိတ်ယူပြိး အပစ်ရပ်တာ၊ 

RCSS  ။  ဟုတ်တယ် . ဟုတ်တယ် .   ရှမ်းပြည်နယ်ထဲ EAO တွေ ဘိန်းစိုက်နေတာ  ... ဗမာပြည်နယ် မဖွဲ့လို့။

မွန်ပြည်သစ်။ ။ ဒါပေါ့ဗျာ၊ NLD က ဗမာလူမျိုးကြီး ဝါဒ သမားဗျ။ ကျုပ်တို့ကတော့ စကစနဲ့ ပဲ ဖက်ဒရယ် ခြေဥပြင်ဖို့ ဆွေးနွေးတယ်။ 

SPP။ ။ NUG က ဗမာပြည်နယ် မဖွဲ့သလိုလို လုပ် နေတာ စိတ် မရှည်ဘူး။ မအလ ဆီ သွားပြီး ၈ ပြည်နယ်မူ တင် ပြလိုက်တယ်။ အေး ရော.. ။

MNDAA ။ ။ ဗမာပြည်နယ် တွေ ဘာတွေ သိပ်စိတ်မဝင်စားဘူး။ ကိုးကန့်အထူးဒေသ ပြန်ရပြီး အရင်လို နဝတ၊ နဖ ခေတ်လို နေရဖို့ပဲ အရေးကြီးတယ်။

ဗိုလ်နဂါး။ ။ ဗမာပြည်နယ် ဖွဲ့ပေးရင် EAO တွေ မအလကို တကယ် အမြစ်ဖြတ် တိုက်မယ် ဆိုတာ NUG က ဘာကြောင့် ကြန့်ကြာနေတာလဲ

တရုပ်သံအမတ်။ မအလတပ်ကို EAO တွေ  တကယ် အမြစ်ဖြတ်တိုက်ခွင့် ငါစီလုပ်က ခွင့်ပြုပေးမယ်လို့ မင်းကို ငါပြောခဲ့လို့လား နထုံနထိုင်း ပေါက်စလေး

BPL ။  ။ ဟုတ်တယ်နော် ... ဗမာပြည်နယ် မဖွဲ့တော့ ..  EAO တွေ လည်း တရုပ် ဖိအားပေး နေလို့.. စကစနဲ့ ငြိမ်းချမ်းရေး ယူဖို့  အကြောင်း ပြစရာရှိမှာ။  NUGကိုပဲ အပြစ်ဖို့ပြီး ဆင်ခြေပေးရမယ်။ ဒါမှ  .. ကျနော်တို့ နောက်ပေါက်လေးတွေ နောက် ထပ် အနှစ် ၇၀ တော်လှန်ရေး လုပ်ကြဦးမယ်။ ငိငိ

KNU မူတူးဆေးဖိုး။  ။ မင်းတို့ ပြော လို့ ပြီးပြီးလား ။ ငါလည်း မအလ ပေးတဲ့ ဝဏ္ဏကျော်ထင်ဘွဲ့ ယူလာတာ ... ဗမာပြည်နယ် မဖွဲ့လို့ ဆိုတာ လာပြောတာ

NUCC။ ။ ဖက်ဒရယ် ဖွဲ့စည်းပုံရေးဖို့ NUCC ထဲ ပါဝင်ကြပါ

EAO များ ။  ။  NUG ကို စကစ က အကြမ်းဖက် ကြေညာထားလို့ ၊ ငါတို့ မပါရဲဘူး။ မင်းတို့ ဘာသာရေးကြ။ ငါတို့မပါဘူး 

NUCC။  ။  ..... ဖက်...ဖက် ..ဒ ...ရယ် ..... ဆို တာ .... အားလုံး ပါဝင် .. တာဝန်ယူမှု ... တာဝန်ခံမှု ... ရှိ .. ရ

EAOများ ။  ။ ငါတို့ နယ်ထဲ က ထွက်သွားချင်သလား၊ သောက်စကားမရှည်နဲ့။ မင်းတို့ကိုယ် မင်းတို့ အစိုးရ ထင်နေသလား။ ဒုက္ခသည်တွေကွ။ သနားလို့ ခိုလှုံခွင့်ပေး အလှူခံပေးနေတာ၊ ကိုယ့် ဘဝ ကိုယ်သိ။ လိုင်းပေါ်မှာ ဟန်ပြအထာထားပေးတာ။  သဘောပေါက်။


သရော်စာ )

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား