Posts

Showing posts from July, 2022

NLD ၃ မျိုး - အကြမ်းနည်း ၃ မျိုး

NLD ၃ မျိုး -    အကြမ်းနည်း ၃ မျိုး မင်းသေ့က ဘာရေးသလဲ ဆိုတော့ " NLD ဟာ လက်နက်ကိုင်တော်လှန်ရေးကို လုပ်ဖို့ မူဝါဒရှိသလား" တဲ့။ လက်နက်ကိုင်တော်လှန်ရေးကို အကြမ်းဖက်ဝါဒ လို့ တခါတရံ သုံးတယ်။ မြန်မာစကားဟာ လိုရာဆွဲကြတာပဲ။ "အကြမ်းဖက်" ဝါဒ ဆိုတဲ့​ ​ဝေါဟာရဟာ အရှေ့အလယ်ပိုင်းဒေသက စစ်သွေး​ကြွ တွေနဲ့ ပက်သက်ပြီးမှ ဆိုးရွားတဲ့ ဝေါဟာရ ဖြစ်လာတာ။ အင်္ဂလိပ်လို terrorist လို့ ခေါ်တယ်။ အရပ်သားတွေကို ဥပဒေမဲ့ ပရမ်းပတာသ/တ်ဖြတ်ခြင်း လို့ ဘာသာပြန်သင့်တယ်။ ဒါပေမယ့် မြန်မာ စကားမှာ "အကြမ်းနည်း" ဆိုတာ terrorism ကိုချည်း သုံးတာ မဟုတ်ဘူး။ လက်နက်ကိုင် တော်လှန် ရေး armed revolution ကို ဖြစ်စေ၊ စစ်ရေး military mean ကို ဖြစ်စေ အကြမ်းနည်းလို့ သုံးတယ်။ ဒါကို ဘယ်မှာ တွေ့နိုင်သလဲ ဆိုတော့ .. ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတွေမှာ တွေ့ရတယ်။ လွတ်လပ်ရေးကို " အသာတကြည် ရရင်ရ မရရင် အကြမ်းပတမ်း လုပ်ရမှာပဲ " လို့ ပြောသွားတယ်။ မြန်မာပြည်ဘုရင်ခံ၏ အလုပ်အမှုဆောင် ကောင်စီ ဒု-သဘာပတိ (ဝန်ကြီးချုပ် ) ဦးအောင်ဆန်း ဘိလပ်သို့ မသွားမီ တိုင်းပြည်သို့ အသံလွှင့် ပြောကြားခဲ့သော မိန့်ခွန်း - " အဲဒီလို အာ

တရားဥပဒေစိုးမိုးရေး Rule of Law 法律规则

Image
တရားဥပဒေစိုးမိုးရေး Rule of Law 法律规则 ============================== တရုတ်က မြန်မာပြဿနာကို ဥပဒေဘောင်ထဲက ဖြေရှင်းပါလို့ ပြောတယ် ဥပဒေဘောင်ထဲ ဖြေရှင်းရင် ပထမဆုံး အဆင့်သည် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၂၁ (ဃ) အရ မြန်မစစ်တပ်ကို နိုင်ငံတော်ပုန်ကန်မှုနဲ့ အရေးယူဖို့ ဖြစ်တယ်။ အဲဒီလို မြန်မာစစ်ခေါင်းဆောင်တွေကို ဥပဒေဘောင် အတွင်းက အရေးယူမှုဖို့ တရုတ်က မြန်မာပြည်သူတွေကို ကူညီမလား ဖြေပေးပါ China said to solve Myanmar problem within the framework of the law. In order to solve within the legal framework, the first step is to prosecute the Myanmar Army for high treason under Section 121 (d) of the Penal Code. To take action within such legal framework, China needs to please answer whether China will help Burmese people to prosecute Myanmar Army Leaders for high treason. 中方表示将在法律框架内解决缅甸问题。 为了在法律框架内解决,第一步是根据刑法第121(d)条以叛国罪起诉缅甸军队。 要在这样的法律框架内采取行动,中方需要回答中方是否会帮助缅甸人民以叛国罪起诉缅军领导人。

ရခိုင့်အနာဂတ်

Image
ရခိုင့်အနာဂတ် မအလ မိစ္ဆာတပ်ကို ကျွေးမယ့် ဝင်ငွေ အများစုက ရခိုင်ကို မှီခိုနေရတယ်။ မုတ္တမ ပင်လယ်ကွေ့ထဲက ဓာတ်ငွေ့တွေဟာ ခန်းခြောက်သွားပြီ။ လတ်လတ်ဆတ်ဆတ် ရှိသေးတာ ရခိုင်ကမ်းလွန်ပဲ။ အနှစ် ၃၀ ကြာရင်တော့ ဓာတ်ငွေ့ခန်းခြောက်ပြီ။ ငါးဖမ်းလုပ်ငန်းနဲ့ ပင်လယ်ဆိပ်ကမ်းပဲ အသုံးဝင်တော့မယ်။ ဒါပေမယ့် တရုပ်ပိုက်လိုင်းနဲ့ ရထားလမ်းက တရုပ်ပင်လယ်ထွက်ပေါက်ဖြစ်နေဦးမှာပါ။ အဲဒီ ၂ ခုက ဝင်ငွေရဦးမယ်။ ဓာတ်ငွေ့ပိုက်လိုင်းကလည်း အနှစ် ၃၀ ထုတ်ပေးနိုင်ရင်တောင် တရုပ်က ယူချင်မှ ယူမယ်။ ဆိုလာပြားတွေရဲ့ လျှပ်စစ်ထုတ်နှုန်း၊ ကုန်ကျစားရိတ်၊ ဘက်ထရီ တွေရဲ့ သိုလှောင်စွမ်း တိုးတက်လာတဲ့အတွက် ၊ သိပ်မကြာခင်မှာ ရထားတွေ၊ ကားတွေ၊ ပင်လယ်ကူးသင်္ဘောတွေတောင် ဆိုလာသုံးစနစ်ဖြစ်တော့မယ်။ အိမ်သုံး ဆိုလာ လျှပ်စစ်ကို မဟာဓာတ်အားလိုင်းထဲ ထည့်ပြီး ရောင်းစားလိူ့ရလာပြီ။   တရုပ်မှာ ကတ္တရာလမ်းပေါ်မှာ ခင်းတဲ့ ဆိုလာပြားတောင် ပေါ်လာပြီ။ လျှပ်စစ်ကားတွေ စတင်သုံးလာပြီ။ တရုပ်မှာ ဂိုဘီ သဲကန္တာရကြီး ရှိတယ်။ အဲဒီမှာ ဆိုလာ လျှပ်စစ် ထုတ်လို့ရတယ်။ ဆိုလာပြား ဈေး ကျလာရင် ဖြစ်လာလိမ့်မယ်။    ဒါကြောင့် အမေရိကန်က ကမ္ဘာစစ်ဖြစ်ရင် သုံးဖို့ ချန်ထားတဲ့ မတို့မထိ ပဲ ဥ, ထားတဲ့ ရေနံသိ

ပျက်ပြီးမှ ပြန်ကောင်းမယ့် နိုင်ငံ

Image
ပျက်ပြီးမှ ပြန်ကောင်းမယ့် နိုင်ငံ ဒီနိုင်ငံဟာ ပျက်ပြီးမှ ပြန်ကောင်းမယ့် နိုင်ငံဖြစ်တယ်။ ပြင်လို့ မရဘူး။ ပြင်လို့ရတဲ့ အခြေအနေက လွန်ခဲ့ပြီ။ ၁၉၈၈ တုံးက ပြည်သူတွေက ပြင်ဖို့ ကြိုးစားခဲ့တယ်။ အထမမြောက်ဘူး။ ပြင်မယ်​့ လူတွေကို သ/တ်ပစ်တယ်။ အခုတော့ ပြင်မရ ဖျက်ပစ်ရတော့မယ်။ ဒီနိုင်ငံဟာ ခြစားနေတဲ့ အိမ်စုတ်ကြီးနဲ့ တူတယ်။ ဘယ်ဌာန ဘယ်ကိစ္စ ဘယ်အရေးမှာ ကြည့်ကြည့် ခြစားနေတယ်။ ခြစားနေတဲ့ တိုင်ကြီး ၄ တိုင်ဟာ ပြင်မရတော့ဘူး။ ခေါင်မိုးကလည်း ပေါက်ပြဲနေပြီ။ ကြမ်းခင်းကလည်း မရှိတော့ဘူး။ အကာမှာ .. ခြကောင်တွေ အသိုက်ဖွဲ့နေတာ။ ဒီအိမ်ကြီးကို ဖြိုချပြီး အသစ်ဆောက်မှပဲရမယ်။ ပြန်သုံးလို့ရတာ သိပ်မကျန်ဘူး။ စစ်တပ်၊ တရားရုံး၊ အုပ်ချုပ်ရေး ဌာနအသီးသီးကို ဝင်ရောက်လာတဲ့ ပြည်သူ့ဝန်ထမ်းဟာ ပြည်သူ့ဝန်ထမ်းချင်လို့ မဟုတ်ဘူး။ ဂွင်ဖန်ဖို့ ဝင်ကြတာ။ မဝင်ခင်ထဲက လာဘ်စားဖို့ ကြံပြီးသား။ ခြတွေ ... ခြတွေ။ စစ်တပ်ထဲဝင်လာသူတွေထဲမှာ စစ်သားတကယ်လုပ်ချင်သူကို လက်ချိုးရေလို့ရတယ်။ ခု CDM စစ်သားတွေက အဲဒီအုပ်စု။ ကျန်တာ ၂ မျိုးပဲရှိတယ်။ နဝတ-နအဖ ခေတ်က မိုးကျရွှေကိုယ်တွေ ချမ်းသာကြတာကို အားကျပြီး ငါ့အလှည့် အာဏာသိမ်း ရင် ဝါးမယ် ဆိုတဲ့ အတ္တသမားတွေနဲ့ တေလေဂျပိုး ၁

မြန်မာစစ်တပ်ရဲ့ ပထဝီနိုင်ငံရေး ဂျင်း

Image
မြန်မာ စစ်တပ်ရဲ့ ပထဝီနိုင်ငံရေး ဂျင်း ======================== မြန်မာစစ်တပ်က လူထု နဲ့ တပ်တွင်းကို ပထဝီနိုင်ငံရေး ဂျင်းတိုက်ခဲ့တယ်။  မြန်မာ စစ်တပ်ရဲ့ ပထဝီနိုင်ငံရေး ဂျင်း က ဒီလိုပါ .......  " ........   ချီးနား၊ အိန္ဒိယ နိုင်ငံတွေဟာ ကမ္ဘာ့ လူဦးရေ အများဆုံးနိုင်ငံတွေ၊ ပြီးတော့ စစ်အင်အားလည်း အကြီးမားဆုံးဖြစ်တယ်။ ချီးနားက ဘာသာမဲ့ ကွန်မြူနစ်တွေ ဖြစ်တယ်။ ဘဂ်လားဒေ့ရှ်က လူဦးရေပေါက်ကွဲနေတယ်။ စစ်အင်အားက တိုးတက်နေတယ်။ နိုင်ငံတကာ အစ္စလမ်မစ် အစည်းအရုံး OIC က နောက်ကွယ်မှာရှိတယ် ။ .... ဒီနိုင်ငံတွေကြားမှာ ရှိတဲ့ နိုင်ငံငယ်လေးဟာ တပ်မတော် အင်အားရှိဖို့ လိုတယ်။ တပ်မတော် အင်အားမရှိရင် ကျွန်နိုင်ငံ ဖြစ်သွားမယ်။ တပ်မတော်ဟာ ပထဝီနိုင်ငံရေး အခြေအနေကြောင့် အမျိုးသားနိုင်ငံရေး ဦးဆောင်ရမယ်။ ဒီအိမ်နီချင်း နိုင်ငံတွေ ရှိနေသရွေ့၊ တပ်မတော်ဟာ အမျိုးသားနိုင်ငံရေး လုပ်ရမယ်။ ..... အမျိုးသား နိုင်ငံရေး ဆိုတာ ဖတ်ကောင်း ပြောကောင်းအောင် ရေးထားတာ။ လိုရင်းက စစ်ခေါင်းဆောင်တွေက အာဏာချုပ်ကိုင်ထားတာကို ပြောတာ။ ၈၈ မှာ ပြည်သူတွေက ဒီမိုကရေစီ လိုချင်တယ် ဆိုလို့ ၂၀၀၈ ခြေဥထဲမှာ ဒီမိုကရေစီလည်း ထည့်ပေးထားတယ်။ တရသတွေက ဖက်ဒရယ်လို

ဦးအောင်ထူး - နွေဦးတော်လှန်ရေးအောင်မြင်ဘို့ သော့ချက် အပိုင်း (၂)

ဦးအောင်ထူး - နွေဦးတော်လှန်ရေးအောင်မြင်ဘို့ သော့ချက် အပိုင်း (၂) မှာ ဦးအောင်ထူးက ဒီလိုပြောတယ်။ ကိုမင်းကိုနိုင်က CRPH နဲ့  NUCC ဟာ ဥပဒေပြု အဖွဲ့တွေလို့ ဝေဝေဝါးဝါး ရောချ ပြောတယ်။ CRPH ဟာ  ဥပဒေပြု  အာဏာမရှိဘူး။ NUCC ဟာ အကြံပေးအဖွဲ့သာ ဖြစ်တယ်။ ဒါကြောင့် ဖက်ဒရယ် လွှတ်တော်လိုအပ်တယ်။ ဖက်ဒရယ် လွှတ်တော်ဖြစ်ဖို့ အခြေခံဥပဒေ ရှိရမယ်လို့ သိုင်းဝိုင်းပြီး ပြောလိုက်တာ၊ နောက်ဆုံးတော့ ဒီဘူတာပဲ ပြန်စိုက်သွားတယ်။  ဦးအောင်ထူးပြောတဲ့အထဲမှာ ပြည်သူ့ညီလာခံ People Assembly ကျန်ရစ်သေးတယ်။ ကျနော်လည်း အဲဒီလောက် ရှုပ်ထွေးနေတာ သဘောမကျဘူး။ ဖြစ်ရပုံက အဖွဲ့တွေများတယ်၊ နေရာများများ ဖန်တီးပေးရတယ်။ NUCC နဲ့ People Assembly ဟာ ပုလင်းပြောင်းထည့်တာပဲ ရှိတယ်။ အဖွဲ့တွေ က အတူတူပဲ၊ လူများတာနဲ့ လူနည်းတာပဲ ကွာတယ်။ တကယ့် သဘောတရားက ပြည်သူက ရွေးကောက်ပွဲက တဆင့် ကျနော် ကျမတို့ကိုယ်စား ဤနေရာ ဤဒေသက လူတွေကို စီမံခန့်ခွဲဖို့ လုပ်ပိုင်ခွင့် ကို လွှဲအပ်ပါတယ်လို့ ဆိုလိုတာပဲ၊ ဝမ်းစာရှာဖွေရတာ မအားဘူး၊ ကိုယ်စားလှယ်တွေက သင့်ရာကို စီမံစေလို့ အာဏာဆင့်လွှဲတာပဲ။ အခု NUCC ထဲပါနေသူတွေက ၂၀၂၀ ရွေးကောက်ပွဲမှာ NLD SNLD ANP စတဲ့ ကိုယ်စားလှယ်တွေကို အာဏာဆင့်လ

ဦးအောင်ထူး - နွေဦးတော်လှန်ရေးအောင်မြင်ဘို့ သော့ချက် အပိုင်း (၁)

ဦးအောင်ထူးက နွေဦးတော်လှန်ရေးအောင်မြင်ဘို့ သော့ချက်။ အပိုင်း (၁)  မှာ တရားဥပဒေ စိုးမိုးရေး လိုအပ်တယ်လို့ ပြောသွားတယ်။ Rule of Law  ပေါ့။ ၁၉၆၂ ရော ၂၀၂၁ ရော စစ်တပ်က အာဏာသိမ်းတာလည်း Rule of Law ကို ချိုးဖောက်လို့ ဖြစ်တယ်။ ရင်ကြားစေ့ရေး မအောင်မြင်တာလည်း Rule of Law ကို ချိုးဖောက်လို့ ဖြစ်တယ်။  Rule of Law  ဆိုတာ ဘာလဲ။ အများစုက ခိုး ဆိုး လုယက်မှုတွေကို ရဲက ဖမ်း၊ တရားရုံးက အပြစ်ဒဏ်ချတာကို တရားဥပဒေစိုးမိုးရေးလို့ သိကြတယ်။ အင်စတီကျူးရှင်းတွေက Rule of Law ကို လိုက်နာပြီး ယှဉ်ပြိုင် ရမယ်ဆိုတာ အရေးအကြီးဆုံးပဲ။  Law ဥပဒေ ဆိုတာမှာ တရားသော ဥပဒေ ဖြစ်သင့်တာပေါ့၊ ဒေါ်အောင်ဆန်းစုကြည်က  မိမိကို ဖိနှိပ်ထားတဲ့ Unjust Law မတရားသော ဥပဒေအောက်မှာ  ယှဉ်ပြိုင်တာတောင် မြန်မာစစ်တပ်က စည်းကမ်းဖောက်ခဲ့တယ်။ ဒီတော့ ရင်ကြားစေ့ရေးဟာ မင်းမှာ သစ္စာ လူမှာ ကတိ မရှိတဲ့ မြန်မာစစ်တပ်နဲ့ ထပ်ဖြစ်စရာ မရှိဘူး။  ကစားကွင်း Ground ပျောက်သွားပြီ။ တိုင်းရင်းသားတချို့က Rule of Law မရှိတဲ့ ground မှာ ဝင်ကစားချင်ကြသေးတယ်။ မြန်မာစစ်တပ်အတွက် မောက်မာစရာပဲ၊ ဖိုးပြုံးချိုက ပြုံးနေပေမယ့် စစ်တပ်မူဝါဒက  မောက်မာဖို့ လောင်စာထိုးပေးနေတာပဲ။ အဲဒီတော့ ထပ

ဆန်မရှိ စောက်စားကြီး၊ အလှမ်းကျယ် အလယ်လပ်

 မြန်မာ အင်္ဂျင်နီယာတွေဟာ စတွေးပြီ ဆိုတာနဲ့ နောက်ဆုံးပေါ် နည်းပညာက စပြီး ငါးကြင်းခေါင်းကိုင်ကြတာပဲ။ ခေတ်ဟောင်းနည်းပညာကို အထင်မကြီးကြဘူး။ ခေတ်ဟောင်းနည်းပညာမှာ အားနည်းချက် ချို့ယွင်းချက်တွေရှိလို့  အဆင့်ဆင့် တိုးတက်အောင် လုပ်ရင်း အဆင့်မြင့်လာတာပါ၊ ဒီနေ့ခေတ်မီပါတယ်ဆိုတဲ့ နည်းပညာဟာ အနာဂတ်မှာ ပြတိုက်ထဲ ပို့ရဦးမှာပဲ၊ ဒါပေမယ့် သတိလစ်ဟင်းနေတဲ့ အချက်တခုက နည်းပညာ ခေတ်မီလေလေ ကိုယ်တိုင် ထုတ်လုပ်ဖို့ ခက်ခဲလေလေ စားရိတ်စက ကြီးမားပဲ။ နည်းပညာ ရှေးကျလေလေ တိကျမှု စွမ်းဆောင်ရည် နည်းပါးလေလေ ထုတ်လုပ်ဖို့ လွယ်ကူလေလေ ကုန်ကျစားရိတ် နည်းလေလေပဲ။ ဥပမာ M16 ကို ပစ်အားနဲ့ စွမ်းဆောင်ရည်ဟာ တူမီးကို ယှဉ်မရတာ လူတိုင်း သိတာပဲ။ ဒါပေမယ့် ငွေတမတ်နဲ့ ငါးကြင်းခေါင်းကိုင်လို့ မရတာ ကန့်သတ်ချက်ပဲ။ ဒီတော့  M16 တလက်ကို သိန်း ၈၀ ပေးဝယ်မလား၊ သယ်ရခက်မယ်၊ ဖမ်းမိရင်လည်း အကုန်မှောက်မယ်၊ ကျည်လည်း ရှားမယ်။ သိန်း ၈၀ နဲ့  ၆ ချက်ပစ် တူမီး ၁၀ လက် ထုတ်နိုင်ရင် ဒေသတွင်း ထုတ်လုပ်နိုင်မယ်၊ ကျည်ပြသနာပူစရာမလိုဘူး။ လမ်းမှာ အဖမ်းခံရစရာလည်းမရှိဘူး။ ဒီလို Pros Cons တွေကို ချိန်ခွင်တင်ပြီး စဉ်းစားသင့်တယ်။ တဖန် M16 ဝယ်လိုအားက လျော့ကျလာရင် သိန်း ၂၀ ဝန်းကျ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထွက်ဗူးသီးနဲ့ ၂၀၁၀ / ပြည်သူ ရှိနေသရွေ့ ပါတီ ရှိနေမှာပါ ၂၀၂၁

Image
ဒေါ်အောင်ဆန်းစုကြည်ရဲ့  ခြံထွက်ဗူးသီးနဲ့  ၂၀၁၀ / ပြည်သူ ရှိနေသရွေ့ ပါတီ ရှိနေမှာပါ  ၂၀၂၁ (၁)  ဗူးသီး ...  လွန်ခဲ့သော  ၂၂ နှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ် ကျနေပါတယ်။ သန်းရွှေက ၂၀၁၀ နိုဝင်ဘာမှာ ရွေးကောက်ပွဲကို  ကျင်းပပြီး ၂၀၀၈ ခြေဥကို အသက်သွင်းခါနီး ဖြစ်ပါတယ်။   ၂၃ မတ်လ ၂၀၁၀ မှာ   ဒေါ်အောင်ဆန်းစုကြည်ဟာ ရှေ့နေတွေက တဆင့် ဗူးသီးကြီး တလုံးပေးလိုက်ပါတယ်။ အဓိပ္ပာယ်က ၂၀၁၀  ရွေးကောက်ပွဲကို မဝင်"ဘူး"  လို့ ဆိုလိုပါတယ်။    ------   " ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထွက်ဗူးသီးနဲ့ ၂၀၁၀ "   https://groups.google.com/g/freemyanmar/c/7ttsbaMWnFU?pli=1      https://tinyurl.com/4yb6922k အဲဒီသတင်းနဲ့ ပက်သက်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး ABMA က အခုလို တင်ပြထားပါတယ်။ http://allburmamonksalliance.com/?p=4974 (၂၃-၃-၂၀၁၀) နေ့ နေ့လည်ပိုင်းကNLD ဗဟိုအလုပ်အမှုဆောင်လည်းဖြစ် အဖွဲ့ဝင်လည်းဖြစ်ပြီး NLD ရဲ့ပြောရေး ဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းဟာ ရှေ့နေကြီး ဦးကြည်ဝင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဦးဉာဏ်ဝင်းတို့ဟာ ဒ

မြန်မာနိုင်ငံ မရှိ၊ မြန်မာပြည်ထောင်စု (သို့မဟုတ်) ဗမာနိုင်ငံ ပဲရှိတယ်

Image
မြန်မာနိုင်ငံ မရှိ၊ မြန်မာပြည်ထောင်စု (သို့မဟုတ်) ဗမာနိုင်ငံ ပဲရှိတယ် ▪️ လွတ်လပ်ရေး ရခါစ မြေပုံမှာ  တိုင်းရင်းသား လို့ မသုံးနှုန်းပါ ပြည်ထောင်စုသား လို့ ခေါ်ဝေါ်ပါတယ်   ▪️ မြန်မာ ပြည်မ နဲ့ တောင်တန်းဒေသ ပေါင်းစည်းတာမို့ မြန်မာကို ပင်မ ထားပါတယ်။ ဒါကြောင့်  မြန်မာ + ပြည် များ + စုစည်းထေားသော + နိုင်ငံ =   ပြည်ထောင်စု မြန်မာ နိုင်ငံ လို့ ရေးရပါတယ်။ ပြည်ထောင်စု ကို ဖြုတ်ပြီး "မြန်မာနိုင်ငံ"လို့ မရေးရပါ။  ပြည်များသည် ကိန်းသေ မဟုတ်၊ ကိန်းရှင် ဖြစ်ပါတယ်။ အာသံ၊ မဏိပူရ ၊ ယူနန် ပြည်တွေ အတွက်လည်း လမ်းဖွင့်ထားတာပါတယ် ▪️ ပြည်ထောင်စု မြန်မာ နိုင်ငံ လို့ အပြည့်အဝ မရေးရင် အတိုကောက် "ဗမာနိုင်ငံ" လို့ ရေးရပါတယ်။ တို့ဗမာအစည်းအရုံး က မြန်မာလူမျိုး၊ တရုပ်၊ ကူလားအပါအဝင် လူမျိုးစုံ နေထိုင်တဲ့ ဒေသကြီး နဲ့ ဒေသသားအားလုံးကို ဗမာ လို့ သတ်မှတ်လို့ပါ ...   နိုင်ငံရေး သတ်မှတ်ချက်ပါ။  မြန်မာစာပေသတ်ပုံနဲ့ မဆီလျော်ပါ။ ▪️ အိန္ဒု မြစ် ကို စွဲလို့ အိန္ဒိယ ခေါ်ပါတယ်။ ဗြဟ္မပုတ္တရမြစ်ကို  စွဲလို့  ဗမာ ခေါ်ပါတယ်။  လူမျိုးအမည် မဟုတ်။ ပထဝီဒေသ အမည်ဖြစ်တယ်  အိန္ဒိယ အခေါ်အဝေါ်ပါ။ မြန်မာအခေါ်  အဝေါ် မဟုတ်ပါ။ ဗ