Posts

Showing posts from April, 2022

ဗမာလူမျိုးကြီးဝါဒ (သို့မဟုတ်) စစ်တပ်မနိုင် ဗမာမဲ (part 1)

Image
ဗမာလူမျိုးကြီးဝါဒ (သို့မဟုတ်) စစ်တပ်မနိုင် ဗမာမဲ   (part 1) ================================== ဒီနေရာမှာ ဝါဒ ဆိုတာ ဘာလဲ သိဖို့ လိုတယ်။ ဝါဒဆိုတာ စနစ်တကျ တီထွင် ရေးသား ဖြန့်ဝေထားတဲ့ အယူအဆ ၊ အတွေးအခေါ်ကို ဆိုလိုတာ ဖြစ်တယ်။ဗုဒ္ဓဝါဒ၊ မာ့စ်က်ဝါဒ၊ ကွန်မြူနစ်ဝါဒ၊ နာဇီဝါဒ ဆိုတာ စံတော်ဝင် အတွေးအခေါ် ခေါင်းဆောင်တယောက် သို့ တစုက ရေးသား ဖြန့်ဝေ ကျင့်သုံးတာ ဖြစ်တယ်။   တိုင်းရင်းသားတွေ အကြားမှ ဟိုတစ ဒီတစ ဖွလန်ကြဲနေတဲ့ အသိအမှားတွေကို ဗမာလူမျိုးကြီး ဝါဒဆိုတဲ့ အမှိုက်ပုံထဲ လာပြီး ပစ်ထည့်နေတာ ဖြစ်တယ်။ သူတို့ကတော့ ကိုယ်ချင်းစာတတ်အောင် ဇာတ်နာပြတယ် လို့ ပြောတာပဲ။ တိုင်းရင်သားအဖွဲ့က  မိမိပြည်နယ် အချုပ်အခြာအာဏာ ရရေးအတွက် မိမိလူမျိုးကို စည်းရုံးဖို့     အမျိုးဘာသာ ဘာသနာ ဆိုတဲ့ far right nationalism  လက်ယာစွန်း အမျိုးသားရေး ဝါဒကို သုံးနေတာပါ။ ရန်သူတော်အဖြစ် ဗမာလူမျိုးကြီးဝါဒ ဆိုတဲ့ စွပ်စွဲချက်ကို ပုံဖော်ရတယ်။  အခြေခံ အိုင်ဒီရော်လော်ဂျီက Nationalism ပဲ ..     ဗမာလူမျိုးကြီးဝါဒက ရန်သူနံပါတ် ၁၊ စစ်အာဏာရှင်စနစ်က ရန်သူနံပါတ်    ၂ လို့  ဝါဒဖြန့်ရတယ်။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ကို ထိပ်စီးတင်ရင် မိမိငယ်သားတွေ မြန်မာခ

၂၀၀၈ အခြေခံဥပဒေကို ရေးဆွဲသည့် အမျိုးသားညီလာခံ ခေါ် ညောင်နှစ်လိမ် ညီလာခံတွင် ပါဝင်ဆွေးနွေး သဘောတူခဲ့ကြသော

Image
၂၀၀၈ အခြေခံဥပဒေကို ရေးဆွဲသည့်  အမျိုးသားညီလာခံ ခေါ် ညောင်နှစ်လိမ် ညီလာခံတွင် ပါဝင်ဆွေးနွေး သဘောတူခဲ့ကြသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ( မဲ - ဘဲဥကွဲ )   ရွေး ကောက်ပွဲတွင် ရွေးချယ်ခံထားရသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ မြို့(ခေါ်)ခမိ အမျိုးသားညီညွတ် ရေးအဖွဲ့နှင့် တစ်သီးပုဂ္ဂလများ နိုင်ငံရေးပါတီများ ( မဲ - ဘဲဥမကွဲ )   ကိုးကန်ဒီမိုကရေစီနှင့်ညီ ညွတ်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ ပြည်ထောင်စုကရင် အမျိုးသားများအဖွဲ့ချုပ်၊ ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ မြို(ခေါ်) ခမိ အမျိုးသားညီညွတ်ရေးအဖွဲ့၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ "ဝ”အမျိုးသားဖွံ့ဖြိုးတိုးတက် ရေးပါတီတို့မှကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ   ငြိမ်းချမ်းရေး ရယူထားသော အဖွဲ့ အစည်းများဖြစ်ကြသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) အထူးဒေသ(၁)၊ ( ကိုးကန့် - MNDAA) ရှမ်း ပြည်နယ်(မြောက်ပိုင်း) အထူးဒေသ (၂) ( "ဝ" UWSP / UWSA ) ရှမ်းပြည်နယ် (မြောက်ပိုင်း) အထူးဒေသ(၃)၊ ( ရှမ်း SSPP/ SSA စိန်ကျော့) ရှမ်းပြည်နယ်(အရှေ့ ပိုင်း) အထူးဒေသ(၄)၊ ( NDAA - မိုင်းလား ) ရှမ်းပြည်နယ် (မြောက်ပ

ဗမာပြည်နယ် ဖွဲ့စည်းရေး "ဂျင်း"

Image
 ဗမာပြည်နယ် ဖွဲ့စည်းရေး "ဂျင်း"     " ဗမာပြည်နယ် ဖွဲ့ပါ " တခွန်းပဲ ကြက်တူရွေးစာအံသလို အော်တတ်ကြတယ်။ implementation လို့ ခေါ်တဲ့ မည်သို့မည်ပုံ ဖွဲ့ရမယ် ဆိုတာ စိုးစဉ်းမျှ မသီဘူး။  ယုတ်စွဆုံး ဗမာလူမျိုးလား မြန်မာလူမျိုးလားတောင် မှန်အောင် မသိဘူး။  မြန်မာလူမျိုး သမိုင်းကို သိရင် ဗမာလူမျိုး ဆိုတာ မရှိဘူး။  ( ၁၉၄၈ နိုင်ငံသားဥပဒေနဲ့ ၁၉၈၂ နိုင်ငံသာဥပဒေပါ  လူမျိုးနာမည် တွေကို ပြန်ကြည့်၊  မြန်မာလူမျိုးကို  နေဝင်းက ဗမာလူမျိုးလို့ ဂျင်းထည့်ခဲ့တာ တွေ့ရမယ်) ဒီတော့ ဗမာပြည်နယ် ဆိုတာ ဂျင်းပဲ။  " မြန်မာလူမျိုး၊ မြန်မာပြည်နယ် "ဆိုမှမှန်ကန်မယ်။     👉 မြန်မာလူမျိုးလာ ဗမာလူမျိုးလား ဖတ်ကြည့် 👉https://www.facebook.com/168239896917155/posts/858134667927671/  မြန်မာ ပြည်နယ် ဖွဲ့စည်းတာ ဒီအတိုင်း မြေပုံပေါ် ခဲတံတချောင်းနဲ့ ကောက်ခြစ်ပြီး ဖွဲ့လို့ မရဘူး။  ပထမဆုံး De Facto လို့ ခေါ်တဲ့ နယ်မြေစိုးမိုးမှု ရှိရမယ်။ မဟုတ်ရင် NUG က D Day ကြေညာသလိုရှေ့က ကြေညာပြီး နောက်လှည့်ကြည့်တော့ မအလနဲ့ ပလူးနေတဲ​့ EAO တွေကြောင့် လှောင်ရယ်စရာဖြစ်သွားသလိုမျိုး အထင်သေးစရာ ဖြစ်သွားမယ်။ ​အရေးကြီးဆုံးက .... ▪️

NCA ဂျင်း

Image
ညောင်နှစ်ပင် အမျိုးသားညီလာခံ ဂျင်းလည်း စားဖူးကြပြီ။  ၂၀၀၈ အခြေခံဥပဒေ ဟာ  ခေတ်နဲ့အညီ ပြင်လို့ရပါတယ် ဆိုပြီး  ဂျင်းလည်းစားဖူးကြပြီ ရင်ကြားစေ့ရေး  ဂျင်းလည်းစားဖူးကြပြီ NCA ဂျင်းလည်း စားဖူးကြပြီ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ  မအလက ဆိတ်ခေါင်း ချိတ်ပြီး ခွေးသား မရောင်းကြနဲ့ လို့ NCA ထိုး ERO တွေကို စော်ကားခဲ့တာ သတိရပြီး အောက်က စာလေး ဖတ်ကြည့်ပါ    https://www.youtube.com/watch?v=h39Ynz7EWVA NCA ဂျင်း ======== ဒီ NCA Road Map ဖတ်ကြည့်ပါ။ နိုင်ငံရေးလမ်းပြမြေပုံချမှတ်ခြင်း ၂၀။  ( က)  NCA စာချုပ် လက်မှတ်ရေးထိုးခြင်း။ (ခ) အစိုးရ နှင့်  EAO များက “မူဘောင်" ကို ရေးဆွဲ သဘောတူညီမှုရယူခြင်း။ (ဂ) ထိုမူဘောင်ကိုအခြေခံ၍  - အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်း၊  - လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ဆွေးနွေးခြင်းနှင့်  - ကြိုတင်ဆောင်ရွက်ဖွယ်ရာများကို လုပ်ဆောင်ခြင်း။ (ဃ) ပြည်ထောင်စုငြိမ်းချမ်းရေး (ပြည်/ငြိမ်း) ညီလာခံကျင်းပခြင်း။ (င) ပြည်ထောင်စုသဘောတူစာချုပ် ချုပ်ဆိုခြင်း။ (စ) ပြည်ထောင်စုလွှတ်တော်သို့တင်သွင်း၍ အတည်ပြုချက်ရယူခြင်း ။ (ဆ)  ပြည်ထောင်စုသဘောတူစာချုပ် (Pyidaun

အမျိုးသားညီလာခံ

Image
အမျိုးသားညီလာခံ   နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည် ၁၉၉၂ ဧပြီလ ၂၄ရက်နေ့တွင် ကြေညာချက်အမှတ် (၁၁/၉၂) ကို ထုတ်ပြန်လျက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရေးအတွက် အခြေခံမူများချမှတ်ရန် အမျိုးသားညီလာခံကို ခေါ်ယူကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။  အမျိုးသားညီလာခံကို ၁၉၉၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ၁၄ နှစ်တိုင်တိုင် ကျင်းပကာ မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို ရေးဆွဲအတည်ပြုခဲ့သည်။ ၁၉၉၂ ဂျူလိုင် ၁၀  အမျိုးသားညီလာခံကိုယ်စားလှယ် ၇၀၂ ၍ကိုရွေးချယ်ခဲ့သည်။ ၁၉၉၀၊ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ် 107ဦး (၁၅%)သာပါဝင်ပြီး ကျန်ကိုယ်စားလှယ် အများစုကို စစ်အစိုးရမှ ရွေးချယ်ခဲ့သည်။ ၁၉၉၂ စက်တင်ဘာလ ၁၆  အမျိုးသားညီလာခံ အခြေခံမူ ၁၀၄ ချက်ကို ချမှတ်ခဲ့သည်။ ၁၉၉၂ အောက်တိုဘာ ၂ စစ်အစိုးရကြေညာချက်မှတ် ၁၃/၉၂ ဖြင့် အမျိုးသားညီလာခံ ဦးတည်ချက် ၆ ရပ်ကို ချမှတ်ခဲ့သည်။ ပြည်ထောင်စုမပြိုကွဲရေး တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ် ပေါ်ထွန်းရေး နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်း တည်းဟူသော လောပပါလ တရားများ ပိုမိုထွန်းကားရေး အ

နိုင်ငံရေး လိုတိုရှင်း

Image
နိုင်ငံရေး  လိုတိုရှင်း     ▪️  မဲစာရင်း   ဆိုတာ  - ☝️   မအလက    မဲစာရင်း   လို့  " လုံးချ "  ပြောရင်    ပြည်သူကို   အချဉ်ဖမ်းပြီး   လိမ်တာပဲ။   ဘယ်မဲစာရင်းလဲ လို့   သေသေချာချာ   နားထောင်ကြည့်ရင်   ပုံစံ  ( ၁ )  ကို   အကြောင်းပြတယ်။ ☝️   ပုံစံ  ( ၁ )  ဆိုတာ   မဲပေးခွင့်ရှိသူ   စာရင်း   ဖြစ်ပြီး   လဝက + ထွေအုပ် + ရပ်ကျေးက   ပြုစုတာ   ဖြစ်တယ်။ လဝက   ဆိုတာ   ဘင်္ဂလီပြဿနာကြီး   ဖြန်တီးတဲ့   လာဘ်စား၊   ပျင်းထူး၊   အသုံးမကျဆုံး   ခြတောင်ပို့ကြီး ဖြစ်တယ်။   နိုင်ငံတကာမှာ   လဝကစာရင်း   နဲ့ပဲ   မဲပေးကြတယ်။   မြန်မာပြည်မှာ    ပုံစံ  ( ၁ )  ဖရိုဖရဲ   စာရင်း ကို   ရပ်ကွက်ရုံးမှာ   ကပ်ပြီး   ပြည်သူကို   မှန်မမှန်   စစ်ခိုင်းတယ်။   မပါရင်   မှားရင်   ပုံစံ ( ၃ )  နဲ့ လျှောက်လွှာတင်ခိုင်းတယ်။   ပထမအကြိမ်၊   ဒုတိယအကြိမ်    ခဏခဏ   စစ်ခိုင်းတယ်။   ပြည်သူ့လစာစားတဲ့   ကောင်းတွေ   ညံဖျင်းတာကို   ပြည်သူမှာ   အလုပ်ပို   လုပ်ခိုင်းတယ်။       မအလ   စကစ   အပြစ်ရှာနေတာ   အဲဒီ   ပုံစံ  ( ၁ )  ပဲ   ဖြစ်နယ်။   ပုံစံ ( ၁ )  စာရင်း   နဲ့    မဲထည့်သူစာရင်းဟာ   မိုးနဲ့   မြေလို   ကွာတယ်။    လူဦးရေစာရင်းနဲ့