NUG က LDF နဲ့ PDF ပေါင်းစပ်မယ့် ၃ ရင်းတဗျူဟာ အစီအစဉ်
NUG က LDF နဲ့ PDF ပေါင်းစပ်မယ့် ၃ ရင်းတဗျူဟာ အစီအစဉ်


LDF တွေကို လက်နက်နဲ့ ရိက္ခာ တာဝန်မယူ၊ ဒါပေမယ့် PDF တပ်ရင်းတွေနဲ့ ပူးပေါင်းပြီး ၃ ရင်း တဗျူဟာ ဖွဲ့မယ်။ နမူနာပြ ရရင် KNLA နဲ့ PDF ပူးပေါင်း စစ်ကြောင်း တွေ ဖွဲ့စည်းတဲ့ ပုံစံပါ.. PDF တွေအတွက် လက်နက် ရိက္ခာကို KNLA က တာဝန်မယူ၊ စစ်ဆင်ရေး ပူးတွဲလုပ်တယ်။

ဗနဂ ဟာ NUG ထက် လက်သွက်ပါတယ်။ LDF တွေကို လက်နက်ပေးမယ် ဆိုပြီး BNRA တပ်အသစ်မှာ ဆွဲစိလိုက်တာပါ။
ပြီးတော့ အသံကောင်းဟစ်ပါတယ်။ ရုံအပြင်မှာ ပွဲမကြည့်ရလို့ ကျန်ရစ်တဲ့ ကလေးတွေကို စုပြီး ဇာတ်ထောင်တာပါတဲ့။ တကယ်က ဘယ်ကလေးမဆို ပွဲကြည့်ရအောင် NUG က ရုံဖွင့်နေတာ ပါ။

NUG ဝါဒဖြန့် ယန္တရားဟာ ခေါက်ရိုးကျိုးနေတဲ့ MRTV ပုံစံ ဖြစ်နေတယ်။ Informal ဝါဒဖြန့်တာ မလုပ်တတ်ပါ။ စောင့်စည်းရမယ့် အချက်တွေများတဲ့အခါ formal ဝါဒဖြန့်နည်းဟာ အလုပ်မဖြစ်ပါ



အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးက PDF များနဲ့ LDF များ စုစည်းပြီး " ၃ ရင်း ၁ ဗျူဟာ " ဖွဲ့စည်းနေသည့်အတွက် LDF များ ပါဝင်ရန် ဖိတ်ခေါ်နေပါတယ်။
ဗျူဟာများသည် -




မြန်မာနိုင်ငံ၏ ပဉ္စမ မြောက် အရပ်သား ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က လမ်းညွှန်မိန့်ကြားပါတယ်။
မကြာမီ စစ်သည်ဗိုလ်ပါ ထုနဲ့ ထည်နဲ့ ထိုးစစ်ကြီး စတင်တော့မည်ဖြစ်လို့ LDF တွေ ပါဝင်ကြဖို့ ပြည်သူအပေါင်းက မေတ္တာရပ်ခံလိုက်ပါတယ်။
ဗီဒီယို လင့်ခ် 

အစဉ်အဆက် အရပ်သား ကာကွယ်ရေး ဝန်ကြီးများမှာ ဦးနု ( ၁၄-၉-၄၈ မှ ၃-၄-၄၉)၊ ဦးဝင်း ( ၁၈-၉-၅၀ မှ ၁၅-၃-၅၂) ၊ ဦးဗဆွေ ( ၁၆-၃-၅၂ မှ ၄-၆-၅၈) ၊ ဦးနု ( ၁၆-၃-၆၀ မှ ၂-၃-၆၂) ၊ ဦးရည်မွန် ( ၁၆-၄-၂၀၂၁ မှ လက်ရှိအချိန်အထိ ဖြစ်ပါတယ်။
Comments
Post a Comment