NLD ကို တပါတီ အာဏာရှင်လို့ စွပ်စွဲရခြင်းရဲ့ လက်သည်တရားခံ
NLD ကို တပါတီ အာဏာရှင်လို့ စွပ်စွဲရခြင်းရဲ့ လက်သည်တရားခံ
တပါတီ အာဏာရှင်ဆိုတာ ပါတီတခုထဲက ကေဒါတွေကပဲ ရွေးကောက်ခံပြီး အဲဒီပါတီကပဲ အာဏာရတာ ဖြစ်တယ်။ ဥပမာ ဗကပ၊ မဆလ၊ KNU၊ ၊ KIA
ပါတီစုံ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို နိုင်လို့ အစိုးရ ဖြစ်တာကို တပါတီ အာဏာရှင်လို့ ပြောခြင်းသည် လိမ်လည်ခြင်း ဖြစ်တယ်။
EAO တွေဟာ ၂၀၀၅ မှာ FCDCC ခြေဥကို ရေးတယ်။ ပြည်သူက ရွေးကောက်တဲ့ NLD ၁၉၉၀ ပြည်သူကိုယ်စားပြု တချို့ ( ၁၀ ယောက်မပြည့်) ပါတယ်။ ဒီမိုကရေစီ စံနှုန်း ၅၀% မကျော်ဘူး။ လွတ်တော်ကိုယ်စားပြု CRPP က အသိအမှတ်မပြုဘူး။ နယ်စပ်က ၂ ယောက်တပိုင်း အဖွဲ့တွေ ဆွဲထည့်ပြီး အဖဲွ့စုံပါသတဲ့
EAO တွေဟာ နယ်စပ်မှာ FCDCC ရေးနေတုံး ၂၀၀၈ ခြေဥရေးတဲ့ အမျိူးသားညီလာခံကို တက်ရောက် ပြီး ၂၀၀၈ ခြေဥကို လက်မှတ်ထိုးကြတယ်။
သူ့တို့ရဲ့ မနုဿီဟ ဖျင်နှစ်ခွ ဇာတ်ရှုပ်က ဒီနေ့အထိ ပြဿနာ ၂ မျိုးကို သယ်ဆောင်လာတယ်။
ပြဿနာ (၁) FCDCC ခြေဥကို ရေးပြီး သူတ်ု့ဘာသာ အတည်ပြုတယ်။ ဒီနေ့အထိ မကျင့်သုံးဘူး။ ဒါပေမယ့် NLD , NUG ကို ဖောင်းထုစရာရှိရင် ဆွဲထုတ်လာတယ်.. တကယ် ကျင့်သုံးလေ လို့ ဆိုရင် ကြောင်ပျောက်သလိုလို ရွှီရှောင်လုပ်တယ်။ FCDCC အရ ပြည်နယ်ခြေဥလည်း ၁၅ နှစ်လုံးလုံး မရေးကြ မကျင့်ဘူး။ အဲ့ဒီ FCDCC ဟာ အခုမှ ဖုန်သုတ်ပြီး ပဏာယူပြ အမွှေစိန်လုပ်နေတာ
ပြဿနာ (၂ ) ၂၀၀၈ ခြေဥကို တက်ရောက်ရေးဆွဲပြီး အသိအမှတ်ပြုတယ်။ ၂၀၀၈ ခြေဥကို မကြိုက်ဘူး ဖျက်သိမ်းပါလို့ NLD ကို ပြောတယ်။ CRPH က ဖျက်သိမ်းတယ်။ NLD က ထောက်ခံတယ်။ တရာဝင် ကြေညာတယ်။ မည်သည့် EAO မျှ တရားဝင် ကြေညာချက် မထုတ်ဘူး
၂၀၀၈ ခြေဥဟာ ၂၀၁၀ မှာ အသက်ဝင်တယ်။ NLD ကို လွှတ်တော်တက်ဖို့ တရသပါတီတွေက ဝိုင်းပြောတယ်။ dr အေးမောင် က ခေါင်းဆောင်ပြီး DASSK ကို ကျုံးသွင်းတယ်။ EAO တွေက NCA ကို သိန်းစိန်နဲ့ လက်မှတ်ထိုးတယ်
၂၀၀၈ ခြေဥအရ လွှတ်တော်မှာ စစ်တပ်က ၂၅% ပါတီနေရာယူတယ် ။ ကြံဖွတ်က ၁၉%% တရသပါတီတွေက ၁၀% ယူတယ်။ ဒါကို ကြည့်ရင် တပါတီထဲ မဟုတ်တာ မြင်ရမယ်။
NLD က ခြေဥပြင်ဖို့ ပြည်သူတွေက သောင်ပြိုကမ်းပြို မဲထည့်ကြတယ်။
အဲဒီအခါမှာ ၂၀၀၈ ခြေဥတရားခံ တရသပါတီ / EAO တွေက NLD ကို ဗမာလူမျိုးကြီးဝါဒ/ တပါတီ အာဏာရှင်လို့ စွပ်စွဲကြတယ်။
တကယ်လို့ စစ်မှန်သော ဒီမိုကရေစီ ခြေဥ ဆိုရင် စစ် ၂၅% မရှိတဲ့အတွက် အခြားပါတီတွေ ကို ပြည်သူက မဲပေးကြမယ်။
EAO တွေဟာ ကိုယ့်အမှား ကိုယ်မြ င်ဖို့ အရေးကြီးတယ်။ အမှားမြင်မှ အမှန်ကို ရောက်မယ်။ မဟုတ်ရင် NLD မိအေးနှစ်ခါ၊ EAO တွေဟာ NLD နဲ့ ဓာတ်မတည့်နာ စွဲနေမယ်
Comments
Post a Comment