FCDCC ဘာလဲ။ ဘယ်လဲ

FCDCC ဘာလဲ။ ဘယ်လဲ 
▪️ FCDCC ဟာ တရားမဝင်ဘူး။ ဘာကြောင့်လဲ။ FCDCC ရေးတဲ့အထဲပါတဲ့ ၁၉၉၀ ရွေးကောက်ပွဲ mandate ရ ကိုယ်စားပြု အရေအတွက်ဟာ လက်ဆယ်ချောင်း မပြည့်ဘူး။ အောင်စောဦးလို ခွန်မားကိုဘန်လို အမတ်တွေပါတာပဲ လို့ "လုံးချ" ပြောနေတာ ဖြစ်တယ်။ ဒီမိုကရေစီ စံနှုန်းအရ ​ရွေးကောက်ခံ အမတ် ဟာ ပြည်ထောင်စု တခုလုံးရဲ့ ၅၀% ကျော်မှ အထမြောက်တယ်။ ၁၉၉၀ ရွေးကောက် ခံတွေကို ကိုယ်စားပြုတဲ့ DASSK ပါဝင်တဲ့ CRPP က FCDCC ကို အတည်ပြုပေးတာ မရှိခဲ့ဘူး။ ဒါက De Jure ပိုင်း 

▪️ De Facto နယ်မြေစိုးမိုးမှုပိုင်းမှာ ကြည့်ရင် FCDCC ကို ၂၀၀၅ မှာ စတင်ရေးဆွဲပြီး ၂၀၀၈ မှာ အပြီးသတ်တယ်။ EAO တွေ ပါဝင်ရေးဆွဲတယ် ဆိုပေမယ့် အတည်ပြုခဲ့တာ မရှိဘူး။ EAO တွေရဲ့ စိုးမိုးနယ်မြေ ( ပြည်နယ်တခုလုံးတောင် မဟုတ်) မှာတောင် ကျင့်သုံးတာ မရှိခဲ့ဘူး။ အဆိုးရွားဆုံးပြဿနာက EAO တွေဟာ FCDCC ရေးဆွဲနေတဲ့ ကာလမှာ သိန်းစိန် ဦးစီးတဲ့ ညောင်နှစ်ပင် အမျိုးသားညီလာခံမှာ ၂၀၀၄-၂၀၀၈ မှာ တက်ရောက် အဆိုပြု လက်မှတ်ရေးထိုးခဲ့တယ်။ ဒါဟာ FCDCC ကို အလေးအနက် အသိအမှတ်မပြုခဲဲ့တာ ပေါ်လွင်နေတယ်။ 

 ▪️ EAO တွေဟာ FCDCC ကိုသာ အတည်မပြု မကျင့်သုံးခဲ့ပေမယ့်၊ ညောင်နှစ်ပင် အမျိုးသားညီလာခံက ရေးဆွဲခဲ့တဲ့ ၂၀၀၈ ခြေ/ဥကို လိုက်နာကျင့်သုံးခဲ့တယ်။ NCA လမ်းကြောင်းဟာ ဟာ ၂၀၀၈ ခြေ/ဥကို ပြင်ဆင်ဖို့ ပြည်ထောင်စု ကတိကဝတ်ရဖို့ လုပ်တဲ့ စာချုပ်ဖြစ်တယ် ။ ဒီအချက်ဟာ FCDCC ကို လက်နှီးစုတ်ဘဝ ရောက်စေတယ်။  

၂၀၀၈ အခြေခံဥပဒေကို ရေးဆွဲသည့်  အမျိုးသားညီလာခံ ခေါ် ညောင်နှစ်လိမ် ညီလာခံတွင်
ပါဝင်ဆွေးနွေး သဘောတူခဲ့ကြသော



ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ( မဲ - ဘဲဥကွဲ )
 
ရွေး ကောက်ပွဲတွင် ရွေးချယ်ခံထားရသော
တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ
မြို့(ခေါ်)ခမိ အမျိုးသားညီညွတ် ရေးအဖွဲ့နှင့်
တစ်သီးပုဂ္ဂလများ
နိုင်ငံရေးပါတီများ ( မဲ - ဘဲဥမကွဲ )
 
ကိုးကန်ဒီမိုကရေစီနှင့်ညီ ညွတ်ရေးပါတီ၊
တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊
ပြည်ထောင်စုကရင် အမျိုးသားများအဖွဲ့ချုပ်၊
ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊
မြို(ခေါ်) ခမိ အမျိုးသားညီညွတ်ရေးအဖွဲ့၊
လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊
"ဝ”အမျိုးသားဖွံ့ဖြိုးတိုးတက် ရေးပါတီတို့မှကိုယ်စားလှယ်များ၊

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ
 
ငြိမ်းချမ်းရေး ရယူထားသော အဖွဲ့ အစည်းများဖြစ်ကြသည့်
ရှမ်းပြည်နယ် (မြောက်ပိုင်း) အထူးဒေသ(၁)၊ ( ကိုးကန့် - MNDAA)
ရှမ်း ပြည်နယ်(မြောက်ပိုင်း) အထူးဒေသ (၂) ( "ဝ" UWSP / UWSA )
ရှမ်းပြည်နယ် (မြောက်ပိုင်း) အထူးဒေသ(၃)၊ ( ရှမ်း SSPP/ SSA စိန်ကျော့)
ရှမ်းပြည်နယ်(အရှေ့ ပိုင်း) အထူးဒေသ(၄)၊ ( NDAA - မိုင်းလား )
ရှမ်းပြည်နယ် (မြောက်ပိုင်း)အထူးဒေသ(၅)(KDA ကောင်းခါး )
ရှမ်းပြည်နယ်(တောင်ပိုင်း) အထူး ဒေသ (၆)၊ ( ပအိုးဝ် - PNO / PNA)
ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ(၇) ၊ ( ပလောင် - PLSP)
ကချင်ပြည်နယ် အထူးဒေသ(၁)၊ ( ဇခုန်တိန့်ယိန်း - ပန်ဝါ NDA- K)
ကချင်ပြည်နယ် အထူးဒေသ(၂)၊ ( ကချင် KIO / KIA)
ကယားပြည်နယ် အထူးဒေသ(၁) ( KNG မြေနီကုန်းပြည်သူ့စစ်)
ကယားပြည်နယ် အထူးဒေသ(၂)၊ ( KNPLF )
ကယားပြည်နယ် အထူးဒေသ(၃)၊ (ကယန်းပြည်သစ် KNLP - ဘီစီကုန်း)
ကရင်နီအမျိုးသား ဒီမိုကရက်တစ်ပါတီ(KNDP)နဂါး အဖွဲ့၊
ကရင်နီ အမျိုးသားတိုးတက် ရေးပါတီ(KNPP) ခွဲထွက်(ဟိုယာ)၊
ကရင်နီအမျိုးသား စည်းလုံးညီညွတ် ရေးအဖွဲ့(ကမစည)၊
ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက် ရေးအဖွဲ့(ရလလဖ)၊
မွန်ပြည်သစ်ပါတီ (NMSP/ MNLA)
တိုးတက်သော ဗုဒ္ဓဘာသာကရင် အမျိုးသားအစည်းအရုံး (DKBA)၊
ဟောင်သရော အထူးဒေသအဖွဲ့၊
လက် နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်သည့်
ကရင်ပြည်နယ်ဘားအံမြို့နယ် ငြိမ်းချမ်း ရေးမြို့ သစ်အဖွဲ့၊
ရှမ်းပြည်အမျိုးသား တပ်မတော်၊ (SNA)
ရခိုင်ပြည်နယ် ဦးစော ထွန်းဦး ဦးစီးအဖွဲ့၊
ဟိုမိန်းဒေသ ကေ သက်သာချောင်ချိရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊
ရွှေပြည်အေး(MTA) အလင်းဝင်အဖွဲ့
မန်ပန်ဌာနေပြည်သူ့ စစ်အဖွဲ့၊
မွန်လက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့(ချောင်ချိဒေသ)၊
မွန်(ခွဲထွက်) - နိုင်စိုက်ချမ်းအဖွဲ့နှင့်
ရခိုင်တပ်မတော် - (အေအေ)အဖွဲ့တို့မှ
ညီလာခံကိုယ်စား လှယ်များ တက်ရောက်ကြသည်။





























Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား