ဗမာတွေ အင်အားကောင်းရင် အခြားတိုင်းရင်းသားတွေကို ပြန်တိုက်နိုင်သလား

 ဗမာတွေ အင်အားကောင်းရင် အခြားတိုင်းရင်းသားတွေကို ပြန်တိုက်နိုင်သလား


Phd ဘွဲ့ရ ဒေါက်တာတစ်ယောက်ရဲ့ အတွေးအခေါ်ဟာ ဒီလောက်ချာတူးလန် နေပုံထောက်တော့ 
NUG မှာ နေရာမရလို့ ရူးနေတဲ့ ဒေါက်တာပဲ ဖြစ်လိမ့်မယ် .. NUG က ဘာကြောင့်တိုင်းရင်းသားလက်နက်ကိုင်တွေကို ချေမှုန်းစရာ လိုသလဲ ..  သူ့ရဲ့ အတွေးအခေါ်ဟာ မြေပြင်အခြေနေမှန်ကို ဘာမှ မသိပဲ ပြည်ပကနေ မျက်မမြင်ပုဏ္ဏားဆင်ကိုစမ်းသလို  ပေါက်ကရအတွေးအခေါ်တွေသာဖြစ်တယ်

တကယ့်မြေပြင်မှာ EAO တွေနဲ့ NUG ရဲ့ ဆက်ဆံရေးဟာ အထူးကောင်းမွန်နေတယ် ...  ဒါကြောင့်လဲ MOD ရဲ့ စစ်ဒေသ တွေကို EAO က အရာရှိတွေက ဦးစီးပေးနေသလို .... MOD အောက်က PDF တပ်ရင်းအများစုရဲ့ တပ်ရင်းမှူးတွေဟာလဲ EAO က အရာရှိတွေပါပဲ ...  လက်ရှိတော်လှန်ရေးကာလမှာမှ လက်နက်ကိုင်ဖူးတဲ့
တပ်ရင်းမှူး တွေဟာ MOD ဖွဲ့စည်းပုံအရ  ယာယီတပ်ရင်းမှူး တွေ ပါပဲ ...  EAO က အရာရှိတွေ မလာသေးခင် ခဏ တာဝန်ယူပေးနေရတဲ့ တပ်ရင်းမှူးတွေ ပါပဲ ...  EAO တွေနဲ့ NUG ဆက်ဆံရေးဟာ အကောင်းဆုံးအခြေနေမှာ ရှိနေပါတယ် ...  

ကဂျိုးကဂျောင် ကောင်တွေရဲ့  ဘူမသိ ကိုးမသိ မြေပြင်အနေအထားဘာမှမသိတဲ့ အတွေးအခေါ် တွေဟာ  NUG ကို တော်လှန်ရေးကနေ ဖယ်ထုတ်ချင်နေကြတဲ့ ၊  NUG မှာလဲ နေရာမရ  EAO တွေမှာလဲ နေရာ မရတဲ့ 
ပြည်ပရောက် တိုင်းရင်းသားတွေထဲက  ဒေါက်တာအီနွေ  ဂွမ်ဆန်အောင် တို့လို ကောင်တွေ ပါဝင်နေတဲ့ Third ပါတီ အဖွဲ့အစည်းတွေက NUG ကို တိုင်းရင်းသားပြည်သူတွေ အမြင်စောင်းအောင် လိုရာစွဲရေးထားတဲ့ ပြောဆိုရေးသားချက်တွေသာ ဖြစ်ပါတယ် ..  ပြည်သူများ စိတ်ဓာတ်ကျ ဝေဝါးသွားရန် မလိုပါဘူး 
 နေမျိုးပဲခူး 

ဗမာတွေ အင်အားကောင်းရင် အခြားတိုင်းရင်းသားတွေကို ပြန်တိုက်နိုင်သလား
 
Rule of Law ကို မလေးစား မလိုက်နာပဲ လူမျိုးရေး ဘာသာရေး ရှေ့တန်းတင်ရင် PDF ဖြစ်စေ၊ မအလတပ် ဖြစ်စေ၊ BNRA ဖြစ်စေ၊ BPLA ဖြစ်စေ ၊ BDLF ဖြစ်စေ.. မူလခံယူချက် သော်လည်းကောင်း၊ ခေါင်းဆောင်သော်လည်းကောင်း ပြောင်းလဲသွားပြီး အခြားတိုင်းရင်းသားတွေကို ဒုတိယမ္ပိ တိုက်ခိုက်နိုင်ပါတယ်
ဗမာတွေ အင်အား မကောင်းအောင် လုပ်သင့်သလား
ဗမာတွေ အင်အားမကောင်းရင် ပြည်ထောင်စု ကာကွယ်ရေးအတွက် ထိခိုက်နိုင်ပါတယ်။ လူဦးရေ ၆၈% ရှိသော ဗမာကို ချိုးနှိမ်ခြင်းဟာ ဖက်ဒရယ် ဒီမိုကရေစီကို ဖျက်ဆီးမယ့် ပြည်တွင်း ပြည်ပ ရန်ကို မကာကွယ်နိုင်ပါ။ ဗမာကို အင်အား မကောင်းအောင် မလုပ်သင့်၊ ဗမာတွေရဲ့ လူမျိုးရေး ဘာသာရေး မဘသ ဝါဒ အတွေးအခေါ် မှ .. နိုင်ငံသား လူသားအခြေပြု အတွေးအခေါ် ဖြစ်အောင် ပြောင်းလဲမှု လုပ်မှပဲ ရပါမယ်။ 

ဒီလို လုပ်ဖို့ ဗမာ .. ဗမာ.. ထိပ်စီးတွေ နဲ့ မြှောက်မပေးပါနဲ့။ ဗမာ မဘသ ဝါဒကို အမြစ်လှန်ချင်ရင် အခြားတိုင်းရင်းသား မဘသ ဝါဒတွေလည်း အမြစ်လှန်ရပါမယ်။ AK မီဒီယာက ကို သိန်းထွန်းဇံပြောသလို မိမိကိုယ်ကို that ပြီးမှ တဖန် ရှင်သန် နိုးထဖို့ လိုပါတယ်။
ချေမှုန်းရေး လက်နက်ကိုင်တပ်တွေကို Rule of Law နဲ့ Civilian Control အရပ်သား ထိန်းချုပ်မှု အောက်မှာ ရှိရပါမယ်။ မည်သည့်အရပ်သားမှ စစ်ပွဲကို မလိုလားပါ။အရပ်သား (အများစု) ရဲ့ ထိန်းချုပ်မှု အောက်ရှိသော လက်နက်ကိုင်တပ်သည်သာ အာမခံမှု ပေးနိုင်ပါတယ်။

ဗမာ EAO / ဗမာ လက်နက်ကိုင်တပ်တွေ ရှိဖူးသလား
လူမျိုးရေးစစ်တပ်များ နဲ့ ပြည်နယ်တပ်များ ဟူ၍ ဝေါဟာရရော အနှစ်သာရ ပါ မတူသည်ကို ရှေးဦးစွာ သိနားလည်ရန် လိုသည်။ ဖက်ဒရယ် နိုင်ငံများတွင် ပြည်နယ်စောင့်တပ် ဟူသော ဗော်လံဒီယာ ပြည်သူ့စစ်များ ရှိပါတယ်။ လူမျိုးရေးတပ်များ မဟုတ်။ ပြည်နယ်တွင်း လူမျိုးစုံပါဝင်တယ်။ ဗမာ EAO သည် လူမျိုးရေးတပ်များ ဖြစ်တယ်။ 
သခင်အောင်ဆန်း ဖွဲ့သော BIA ဗမာ့လွတ်လပ်ရေးတပ်မတော်ဟာ မူလနိုင်ငံရေး သတ်မှတ်ချက် ( ဗမာသည် မြန်မာအပါအဝင် လူမျိုးစုံကို ရည်ညွန်းသည်ဆိုသော တို့ဗမာအစည်းအရုံး၏ မူ) အတိုင်း တည်ထောင်ခဲ့တယ်။ BIA နဲ့ ဂျပန်တပ်မကြီးတွေ ပူးပေါင်းပြီး ဗြိတိသျှကို တိုက်တယ်။
ဗြိတိသျှတွင်လည်း မြန်မာပြည်တပ်မတော် Burma Army ရှိတယ်။ 
BIA ဟာ ဂျပန်ကို ပြန်တိုက်တဲ့အခါ PBF မျိုးချစ်ဗမာ့တပ်မတော် သို့ ပြောင်းလဲသွားတယ်။ PBF နဲ့ အင်္ဂလိပ် ပူးပေါင်းပြီး ဂျပန်ကို တိုက်ကာ အနိုင်ရသွားတဲ့အခါ ..... သီရိလင်္ကာ ကန္ဒီမြို့မှာ PBF ကို အစိုးရတပ်အဖြစ် တရားဝင် အသိအမှတ်ပြုဖို့ လော်ဒ့်မောင့်ဘက်တန်နဲ့ ဆွေးနွေးတယ်။ 
လော်ဒ့်မောင့်ဘက်တန်ကအင်္ဂလိပ်ရဲ့ မြန်မာပြည်တပ်မတော် အောက်မှာ ဗမာ့သေနတ်ကိုင် တပ်ရင်း တွေအဖြစ် သွတ်သွင်းပေးမယ် ဆိုတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို စစ်ဆေးရေး အရာရှိချုပ် ရာထူးပေးမယ် ဆိုတယ်။ 
PBF ကို မြန်မာပြည်တပ်မတော် (BA) အောက်မှာ တပ်သား ၅၀၀၀ ဗိုလ် ၂၀၀ နဲ့ ဗမာ့သေနတ်ကိုင် တပ်ရင်းတွေအဖြစ် သွတ်သွင်းခဲ့တယ်။ ဗခ အောင်ဆန်းက နုတ်ထွက်ခဲ့တယ်။ ပြည်သူ့ရဲဘော် PVO ကို ဖွဲ့ပြီး ဥက္ကဌ (ဗိုလ်ချုပ် ) လုပ်တယ်။ 
မြန်မာပြည်တပ်မတော် (BA) အောက်မှာ ကရင်သေနတ်ကိုင် တပ်ရင်း၊ ချင်းသေနတ်ကိုင် တပ်ရင်း၊ ကယားသေနတ်ကိုင် တပ်ရင်း၊ ကချင်သေနတ်ကိုင် တပ်ရင်း တွေရှိနေတယ်။ နောက်တိုး PBF အဖြစ်လဲ ဗမာ့သေနတ်ကိုင် တပ်ရင်းတွေဟာ ... 
မူလ တို့ဗမာအစည်းအရုံးရဲ့ မူကို သွေဖယ်ပြီး ။ ဗိုလ်ချုပ်အောင်ဆန်း ပင်လုံညီလာခံ ညစာစားပွဲ မှာ မိန့်ကြားခဲ့သော အမျိုးဘာသာ သာသနာ နဲ့ နိုင်ငံရေး မလုပ်ရန် တားမြစ်ချက်ကို ဖောက်ဖျက်ပြီး ..
ဗမာလက်နက်ကိုင်အဖွဲ့ တွေအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာလိုက်တာ အခြားတိုင်းရင်းသားတွေက ဗမာစစ်တပ် ( = ဗမာ EAO) လို့ သမုတ်လာကြတယ်
မောင်ဆောင်းခဟာ ဗမာEAO မရှိဖူးဘူးလို့ ပြောနေတာ သမိုင်းမသိလို့ အ နေတာပါ၊ သမိုင်း သိတယ်လို့ လာပြောရင်လည်း ၊ ဗမာ့သေနတ်ကိုင်တပ်ရင်း ရင်း၄ ရဲ့ တပ်မှူး နေဝင်းဟာ စစ်အာဏာရှင် ဖြစ်လာတာ ဘာကြောင့် ဖုံးကွယ်နေတာလဲလို့ မေးခွန်းထုတ်ပါရစေ၊ 

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား