ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဖျက်ပေမယ့် ပြည်သူ့အာဏာ မပျက်ရခြင်း
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဖျက်ပေမယ့် ပြည်သူ့အာဏာ မပျက်ရခြင်း
(ဝါ) ပြည်သူ့အာဏာဖြင့် အစိုးရတရပ် တင်မြှောက်ခြင်း
==================================




( စကားချပ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ constitution မရှိသော နိုင်ငံ ၅ ခုရှိသည်။ ဥပဒေဘိုးအေကြီး UK ဗြိတိသျှနိုင်ငံပါဝင်သည်။ base law များသာရှိသညိ။ )
ထို့ကြောင့် အစိုးရ တရပ် ဖြစ်ရန် အခြေခံဥပဒေ မလိုပေ။ ပြည်သူသာ အဓိက ဖြစ်သည်။ ပြည်သူ့ဆန္ဒ သည် အချုပ်အခြာ အာဏာ ဖြစ်သည်။
ပုဒ်မ ၂၁ နှင့် လျော်ညီသော ရွေးကောက်ပွဲရှိလျှင် mandate ဟုခေါ်သော ဆင့်လွှဲအာဏာ ကို ကိုယ်စားပြုသူများထံ လွှဲအပ်သည်။ ကိုယ်စားပြုသူများက စုဝေးကာ မင်းတပါးကို တင်မြှောက်နိုင်သည်။ အစိုးရတရပ်ကို ခန့်အပ်နိုင်သည်။ ဒီမိုကရေစီ စံနှုန်းညီရန် ၅၀% ထက်ကျော်သော အများစု ဆန္ဒရရှိရန်သာ လိုအပ်သည်။
ထိုအာဏာဖြင့် မဟာသမ္မတမင်းကို ခန့်အပ်သည်။ NUG အစိုးရ ကို ခန့်အပ်သည်။
ဒီမိုကရေစီက အဓိက၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက သာမည။
========================
ပြည်သူလူထုက ဆင့်လွှဲအာဏာ အပ်နှင်းသော ကိုယ်စားပြုတို့သည် စုဝေးကာ ဥပဒေပြုနိုင်သည်။ အစိုးရခန့်အပ်နိုင်သည်။
ဥပဒေပြုအာဏာရှိသောကြောင့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အပါအဝင် မည်သည့်ဥပဒေမဆို ဖျက်သိမ်းနိုင်သည်။ ပြင်ဆင်နိုင်သည်။ ပြဒါန်းနိုင်သည်။
၂၀၂၀ ရွေးကောက်ပွဲမှ ပြည်သူ့ကိုယ်စားပြုတို့သည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အဟောင်းကို ဖျက်သည်။ ဖက်ဒရယ် ဒီမိုကရေစီ ပဠိဉာဉ်ကို ပြဒါန်းသည်။ NUG အစိုးရကို ဖွဲ့သည်။

ဖဆပလသည် ပုံမှန် ပါလီမန်လွှတ်တော်အစား ၊ တိုင်းပြုပြည်ပြုလွှတ်တော်ကို ခေါ်ယူသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အသစ် (၁၉၄၇ ) ကို ရေးဆွဲသည်။ အတည်ပြုသည်။ စဝ်ရွေသိုက်ကို ယာယီသမ္မတ ခန့်အပ်သည်။ ယာယီသမ္မတအဖြစ် ဘုရင်မ အဲလိစဘက် နန်းတက်ပွဲသို့ တက်လိုက်သေးသည်။
၁၉၄၈ ဇန်နဝါရီ ၄ နံက် ၄ နာရီ မိနစ် ၂၀ တွင် ၁၉၃၅ ခြေ/ဥ ဖျက်သိမ်းကာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အသစ် အသက်ဝင်လာသည်။ စဝ်ရွေသိုက်သည် သမ္မတကြီး ဖြစ်လာသည်။
လွတ်လပ်သော နိုင်ငံဖြစ်လာသောကြောင့် ရွေးကောက်ပွဲအသစ်လုပ်ရန် လိုအပ်ပါသလား။ ( မလိုအပ်ပါ၊ ) ၁၉၃၅ ခြေ/ဥ မှ ၁၉၄၇ ခြေ/ဥသို့ ပြောင်းလဲသော်လည်း ပြည်သူ့အာဏာသည် မပျက်ဆီးပါ၊ ၁၉၄၇ ရွေးကောက်ပွဲ ဆင့်လွှဲအာဏာ မပျက်ပါ။ ဖဆပလ သည် လွှတ်တော်နှင့် အစိုးရတွင် ဆက်လက် အုပ်ချုပ်သည်။ ၁၉၅၂ တွင်မှ ရွေးကောက်ပွဲ ထပ်မံကျင်းပသည်။
ကိုလိုနီခေတ်မှ လွတ်လပ်ရေး စပ်ကြားတွင်ပင် ဒီမိုကရေစီသည် အပျိုရည်မပျက်ခဲ့ပဲ ၊ လွတ်လပ်ရေးပြီး နှစ် ၇၅ ကြာသောအခါ မြန်မာတို့သည် ဒီမိုကရေစီကို နားမလည်ကြ၊ ခြေ/ဥပျက်ရင် ရွေးကောက်ပွဲမှ ဖော်ပြသော ပြည်သူ့ဆန္ဒပျက်ပြီ၊ ဆင့်လွှဲအာဏာ ပျက်ပြီဟု အထင်မှားသော လူဖျင်းလူညံ့တို့ ပေါ်ပေါက်လာလေသည်။
ဆက်ရန်
Comments
Post a Comment