အခြားလူမျိုးများက မြမ္မာတို့ရဲ့ ကိုယ်ပိုင်ပြဒါန်းခွင့်ကို ထိပါးလာခြင်း

အခြားလူမျိုးများက မြမ္မာတို့ရဲ့ ကိုယ်ပိုင်ပြဒါန်းခွင့်ကို ထိပါးလာခြင်း
▪️ မြမ္မာလူမျိုးတို့ရဲ့ နာမည်အမှန်သည် မြန်မာဖြစ်တယ်။ ဗမာ မဟုတ်ပေ။ ဗမာဟူသော ဝေါဟာရကို ရုံးသုံးစာပေအဖြစ် အသုံးပြုခဲ့သော တို့ဗမာအစည်းအ ရုံး၏ နိုင်ငံရေး ရည်ရွယ်ချက်မှာ တရုပ် ကုလားအပါအဝင် လူမျိုးစုံ၏ ဘုံအမည်ကို သတ်မှတ်ခြင်း ဖြစ်တယ်။ လွတ်လပ်ရေးရသောအခါ ၁၉၄၈ နိုင်ငံသား ဥပဒေတွင် မြန်မာလူမျိုး Burmese သည် တိုင်းရင်းသား လူမျိုးတမျိုး အဖြစ် သတ်မှတ်ထားတယ်။ နေဝင်းက ၁၉၈၂ နိုင်ငံသားဥပဒေမှာ ဗမာလူမျိုးဟု ပြောင်းလဲပစ်ခဲ့တယ်။ ယခုအခါ အခြားလူမျိုးတို့သည် ( လူမျိုးအမည်တုမှန်း သိသိနဲ့ ) နေဝင်း သတ်မှတ်သော သော ဗမာလူမျိုးကို တမင်တကာ သုံးစွဲ နေကြတယ်။ မြန်မာပြည်နယ် မဖွဲ့ခိုင်းပဲ ဗမာပြည်နယ်ဟု မှားယွင်းသော အမည်နာမဖြင့် လူမျိုးတမျိုးကို စော်ကားနေကြတယ်။
▪️ အခြားလူမျိုး လူမှုရေးအဖွဲ့အစည်း လူ့အခွင့်အရေးအဖွဲ့အစည်းတို့သည် လူမျိုး အမည် ခွဲခြားရန် ခက်ခဲသော ရိုဟင်ဂျာ၏ အမည်ကို ထောက်ခံကြသော်လည်း သမိုင်းသက်သေ ခိုင်မာသော မြန်မာလူမျိုးအမည်ကို မသိယောင်ပြုကာ ဗမာလူမျိုးဟု နေဝင်းအလုံးကို ပျော်ပျော်ကြီး မြိုနေကြသည်မှာ ရိုးသားမှု ကင်းမဲ့နေသည်။ မြန်မာတို့က မသိနားမလည်လျှင်ပင် စေတနာမှန်ဖြင့် ရှင်းလင်းသင့်သည် မဟုတ်ပါလော။
▪️ သူတို့သည် သိ၏၊ ဒီစာရေးသူပင်လျှင် KIC ကရင် မီဒီယာတွင် ၂၀၁၂ က တင်ထားသော ဆောင်းပါးရှည် တပုဒ်ကို ဖတ်ပြီး သိရှိရသည်။ KIC မှ ဆောင်းပါးရှင်သည် ထိုစဉ်က နိုင်ငံအမည် မြန်မာလော ဗမာလော အငြင်းပွားစဉ်က ရှင်းလင်းရင်း လူမျိုးအမည်အကြောင်း ကျွဲကူးရေပါ ရေးခဲ့ခြင်း ဖြစ်သည်။
▪️ မြန်မာလူငယ်များထဲတွင် ဗကသ တကသ ကျောင်းသားအစုသည် လူမျိုးအမည်မှန်သည် မြန်မာလား ဗမာလားကို ကောင်းစွာ သိ၏။ ဗကပ အနွယ်တို့လည်း သိ၏၊ သို့သော် နွေဦးတော်လှန်ရေးတွင် ထိုလူငယ်တို့သည် မိမိအသိတရား အမှန်တရားကို သစ္စာဖောက်ကာ လနရရှိရေး စစ်ပညာရရှိရေးအတွက် ဗမာပြည်နယ်ကို ထောက်ခံနေကြပြန်သည်။ အနာဂတ်အတွက် ရင်လေးစရာပင်။
▪️ အခြားလူမျိုးတို့သည် မိမိတို့လူမျိုး၏ ကိုယ်ပိုင်ပြဒါန်းခွင့်ကို တတွင်တွင် ဟစ်အော်ကြွေးကြော်နေကြသည်။ ရှမ်းလူမျိုးချင်း အတူတူ ရှမ်းပြည်နယ် ၂ ခု လိုချင်သောအခါ ရှမ်းနီဟု မိမိဘာသာ တီထွင်ကြသည်။ ကရင်ချင်းအတူတူ ကရင်ပြည်နယ်နှင့် ကရင်နီပြည်နယ်ဟု ပြဒ့ါန်းကြပြန်သည်။ လူမျိူးအမည်တွင် colour အရောင်ပါသည်မှာ တမင်တကာ တီထွင်ထားကြောင်း သိသာသည်။ မြန်မာတို့သည် မကန့်ကွက်သင့်။ သူတို့ လူမျိုး၏ ဆန္ဒကို ကျူးကျော်ရန် မသင့်။ ရိုဟင်ဂျာအမည်ကို လက်ခံသလို ရှမ်းနီ အမည်သစ်ကိုလည်း လက်ခံရဦးမည်။ နောင်အခါ ကရင်စိမ်း ၊ ရှမ်းစိမ်းဟု ပေါ်လာရင်လည်း ငြင်းရန် မသင့်။
▪️ KNU ကွန်ကရက်တွင် "ကော်သူလေပြည်နယ် " ထူထောင်မည်ဟု ကြေညာသည်။ ကြိုဆိုရမည်း ကရင်တို့၏ ကိုယ်ပိုင်ပြဒါန်းခွင့် ဖြစ်သည်။ ကော်သူလေး ဆိုသည်မှာ အဘယ်နည်း။ "သန့်ရှင်းသော မြေ" ဟု အဓိပ္ပါယ်ရသည်။ ထိုသို့ဆိုလျှင် လူမျိုးအမည် မဟုတ်တော့ပေ။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်တွင် ကရင်ပြည်နယ် မရှိတော့ပေ။ ။
▪️ ကရင်တို့သည် ၎င်းတို့ ပြည်နယ်ကို လူမျိုးအမည် မဟုတ်ပဲ ပြဒါန်းသလို ရခိုင်တို့ကလည်း အာရကန်ပြည်နယ်ဟု ပြဒါန်းနိုင်သည်။ အာရကန်သည် လူမျိုးအမည် မဟုတ်။ ရှေးက အာရကန်မြို့ ရှိခဲ့သည်။ အာရကန်မြို့ကို စွဲပြီး အာရကန်တိုင်း Arakan Division ဟု ခေါ်သည်။ လူမျိုးအမည် မဟုတ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်တွင် ရခိုင်ပြည်နယ် မရှိတော့ပေ။ ရခိုင်ပြည်နယ် ဟု နေဝင်းက သမုတ်ခဲ့သည်ကို မမေ့နှင့်။ AA ၏ ကမ္ဘာကို ကြေညာသော နာမည် အမှန်သည် Arakan Army ဖြစ်သည် ကို သတိပြု ။ Rakhine Army ( RA) မဟုတ်။


ထိုသို့ဆိုလျှင် မြန်မာလူမျိုးတို့သည်လည်း ကိုယ်ပိုင်ပြဒါန်းခွင့်အရ မူလလူမျိုးအမည် ဖြစ်သော မြန်မာလူမျိုးကို ပြန်လည်သတ်မှတ်ရမည်။ မြန်မာလူမျိုးတို့သည် မိမိတို့ ဒေသကို မြန်မာပြည်နယ် ဖြစ်စေ၊ မြန်မာနီဟု အခြားတခု သပ်သပ် ဖြစ်စေ၊ ဒေသအမည် ဖြစ်သော ပုဂံပြည်နယ်၊ တောင်ငူပြည်၊နယ်။ ဥသာပဲခူးပြည်နယ်၊ ပုသိမ်ပြည်နယ်၊ သရေခေတ္တရာပြည် နယ် စသည် ယခင် ပဒေသရာဇ် မြို့ပြနိုင်ငံအမည်များကို စွဲ၍ သတ်မှတ်နိုင်တယ်။
မြန်မာတို့၏ လူမျိုးအမည်ဖြစ်စေ၊ ပြည်နယ် ဖြစ်စေ ၊ပြဒါန်းရာ .တွင် မြန်မာတို့၏ ကိုယ်ပိုင်ပြဒါန်းခွင့်အရသာဖြစ်ရမည်။ အခြားလူမျိုးတို့က ဆွဲဆောင် သိမ်းသွင်း အကြပ်ကိုင် ဖြားယောင်းသောကြောင့် မဖြစ်သင့်။ မြန်မာတို့၏ ကိုယ်ပိုင်ပြဒါန်းခွင်ဟူသည် မြန်မာအများစုကြီး ၏ ဆန္ဒသဘောထားအပေါ် တွင် မူတည်သည်။ သို့မှသာ တရားဝင်မည်။ တဦး တစု တဖွဲ့ ၏ သဘောထားဖြင့် ကိုယ်စားပြုပါသည်ဟု လီဆည် ကြေညာလျှင် တရားမဝင်ပေ။ တရားမဝင်သော အကျိုးဆက်သည် အားလုံး၏ အနာဂတ်ကို ထိခိုက်စေလိမ့်မည်။
---
မြန်မာလူမျိုး ကို သိရန် အလွယ်နည်း

ကျောင်းသုံးဖတ်စာတွင် မြန်မာဘာသာဟု ရေးပြီး ၊ မြန်မာစာဌာနဟု ရေးပြီး မှတ်ပုံတင်တွင် ဗမာလူမျိုး ဖြစ်နေသည်ကို သတိပြု၊ မြန်မာ့လွတ်လပ်ရေး ကြေညာစာတမ်းတွင် ရှူ၊ ရန်ကုန် လွတ်လပ်ရေး ကျောက်တိုင် ရှိ ဝန်ကြီးချုပ် ဦးနု မိန့်ခွန်းတွင် ရှူ။




Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား