Posts

Showing posts from May, 2023

၁၉၄၈ လွတ်လပ်ရေး ယူခါစ မြန်မာနိုင်ငံ မြေပုံ ( Union of Burma )

Image
  ၁၉၄၈ လွတ်လပ်ရေး ယူခါစ မြန်မာနိုင်ငံ မြေပုံ ( Union of Burma ). ပုံထဲက အနီရောင် စာသား၊ မျဉ်းကြောင်းတွေ ဟာ ၁၉၄၇ ခြေဥမှာ ဖဆပလအစိုးရ က အသစ် ရေးဆွဲပေးတာ ဖြစ်တယ်။   အချို့တွေက ပင်လုံစာချုပ်ထက် ပိုရသွားကြတယ်။ သူတို့ ဗမာလူမျိုးကြီးဝါဒီလို့  စွပ်စွဲနေတဲ့ "ကရင်နု" လက်ချက်ပေါ့။ နောက်မှ ရှင်းပြဦးမယ်။   အလိမ်ဖြည်ခြင်း (၁) တိုင်း division တွေဟာ နေဝင်းက သတ်မှတ်တာပါ။ ကိုလိုနီခေတ်နဲ့ လွတ်လပ်ရေးရတုန်းက မရှိခဲ့ပါဘူး လို့ လိမ်ပြောကြတယ်။ အမှန်တရားက -  တိုင်း division ခုနှစ် (၇) တိုင်း ရှိတယ်။ ဟောဒီ မြေပုံမှာ မြင်ရမယ်။ စစ်ကိုင်း ၊ မကွေး၊ မန္တလေး၊ ပဲခူး၊ အာရကန်၊ တနင်္သာရီ တိုင်း ကို မြင် ရမယ်။    အလိမ်ဖြည်ခြင်း (၂)  ချင်း နဲ့ ကချင်ဟာ ပြည်နယ် (ပြည်ထောင်) state တွေ ဖြစ်တယ်လို့ လိမ်ပြောကြတယ် အမှန်တရားက - ချင်း၊ ကချင်၊ ကရင်၊ မွန် ဟာ ပြည်နယ် state မရှိခဲ့ဘူး။ ရခိုင်သည်လည်း ပြည်နယ် state မဟုတ်ခဲ့ဘူး။  Arakan Division အာရကန်တိုင်းသာ ဖြစ်တယ်။ ရခိုင်ပြည်နယ် ဆိုပြီး လူမျိုးစွဲပြည်နယ် မရှိခဲ့ဘူး။ အာရကန် ဆိုတာ လူမျိုးစုံ တိုင်း တခုဖြစ်တယ် ..  မြေပုံမှာ ကြည့် .. စစ်...

ပြည်သူသာ အဓိက၊ EAO သရဏံ ဂစ်စာ မမိကြနဲ့

" တော်လှန်ရေးဆိုတာ အကြီးကျယ်ဆုံး ပြုပြင် ဖန်တီးတတ်တဲ့ သတ္တိရှိ ပါ တယ်။  တော်လှန်ရေးရဲ့ အခြေခံ ရည်ရွယ်ချက်ကြီးကတော့ လုပ်စားကိုင်စား လူထုကြီး လွတ်လပ်မှု ဖြစ်ပါတယ်။  တော်လှန်ရေးရဲ့ အခြေခံ အုတ်မြစ်ကတော့ လူထုပါ၀င်အောင် ဆောင်ရွက်ရေ းဖြစ်ပါတယ်။  တော်လှန်ရေးအောင်မြင်ဖို့ အခြေခံကတော့ လူထုကြီးရဲ့ နိုးကြားထကြွမှု တနည်းအားဖြင့် လူထုကြီးဟာ ဘယ်အထိ ဖွဲ့ဖွဲ့စည်းစည်းရှိလို့ ဘယ်အထိ မိမိရဲ့တာ၀န်နဲ့ တန်ခိုးအာဏာကို သိရှိနားလည်နိုးကြားသလဲ ဆိုတဲ့ အပေါ်မှာ တည်ပါတယ်။ " ဗိုလ်ချုပ် အောင်ဆန်း ဖ၊ ဆ၊ ပ၊ လ  ပဏာမ ပြင်ဆင်မှု ညီလာခံ ၁၉၄၇ ခု၊ မေလ ၁၉ ရက်နေ့ ၊ ဂျူဗလီဟော ==== ပြည်သူသာ အဓိက၊ EAO သရဏံ ဂစ်စာ မမိကြနဲ့ ၊ သူတို့တောင် သူတို့ဘဝ သူတို့ မပိုင်၊ တရုတ်ကိုင်ထားတာ  

ဦးသန့်နှင့် လူမျိုးရေးဝါဒ U Thant & Racism

ဦးသန့်နှင့် လူမျိုးရေးဝါဒ U Thant &  Racism တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း လူမျိုးရေးဝါဒနှင့် လူမျိုးရေး ခွဲခြားဆက်ဆံမှုတို့ကို အဆုံးသတ်စေရန် လုပ်ဆောင်ခဲ့သည့် ပထမဆုံးသော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်မှာ ဦးသန့် ဖြစ်ပါသည်။  အထွေထွေ အတွင်းရေးမှူးချုပ်အနေဖြင့် မိမိ၏ အလုပ်တာဝန်မှန်သမျှသည် နိုင်ငံရေး၊ စီးပွားရေးနှင့်လူမှုရေး၊ လူမျိုးရေးခွဲခြားဆက်ဆံမှုကို အဆုံးသတ်ရေးဟူသော ကဏ္ဍသုံးရပ်တွင် ငြိမ်းချမ်းစွာ ၀ိုင်း၀န်းဆောင်ရွက်မှုများ ပေါ်ပေါက်လာရန် ဦးတည်သင့်သည်ဟု ဦးသန့် လက်ခံထားခဲ့သည်။  ကုလသမဂ္ဂရုံးတွင် တာဝန်ထမ်းဆောင်သည့် အစောပိုင်းကာလများကပင် လူမျိုးရေးဝါဒကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။  ၁၉၆၄ ခုနှစ်က ခရီးစဉ် တစ်ခုတွင် လူမျိုးရေးဝါဒသည် “စိုးရိမ်စရာ အလွန်ကောင်းလှသော ရောဂါဆိုးကြီးတစ်ခု” ဖြစ်သည်ဟု ခိုင်းနှိုင်းခဲ့ပြီး လူမျိုးရေးဝါဒီများအား ယင်းတို့သည် “ပြဿနာကို မြေတောင်မြှောက်ပေးနေခြင်း ဖြစ်ကာ နောက်ဆက်တွဲ ဘေးဒုက္ခဆိုး ကျရောက်ကိန်း ဆိုက်ဖို့သာ ရှိသည် ”ဟု ဝေဖန်ခဲ့သည်။ “ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုနှင့် ပေါင်းဖက်ထားသည့် လူမျိုးရေး ခွဲခြားမှုဒဏ် ကြုံတွေ့ရသူများ၏ ဒေ...