Posts

Showing posts from February, 2023

ဘီလူးကျွန်းက သမိုင်း သက်သေများ

Image
  ဘီလူးကျွန်းက သမိုင်း သက်သေများ Friday, December 6, 2013 - 12:12  by -  ရွှေဟင်္သာ (မွန်တို့ဌာနေ ရာမည)။   ။ ဘီလူးကျွန်း က ဟင်္သာ တံဆိပ် ငွေပြား လွန်ခဲ့သေ ာနှစ်ပေါင်း ၂၀၀၀ ခန့်အခါကမြန်မာနိုင်ငံ အတွင်းကိုရောက်ရှိနေထိုင်ခဲ့တဲ့ “မွန်၊ ပလောင်၊ ဝ” ထက်စော တဲ့ ရှေ့ပြေး လူမျိုးတမျိုး နီဂရစ်တို တို့ နေ ထိုင်ခဲ့ တယ်လို့ဆိုတယ်။ မွန်လူမျိုးတွေဝင်ရောက် အခြေချလာတဲ့ အခါ နီဂရစ်တို လူမျိုးများ တောင်ဘက် ကို ပြောင်းရွေ့ နေထိုင်ခဲ့ ဟန်တူတယ်လို့ဆိုတယ်။ ဘီလူးကျွန်း ဒေသမှာ နီဂရစ်တို အနွယ်ဝင် စမင်း( ဆေးမန်း)လူမျိုးများ နေထိုင်ခဲ့ပြီး မော်မြိုင် တဘက် ကမ်းဘီး လူးကျွန်းကို မွန်အခေါ် တကော့ခမိုင်း လို့ခေါ်တယ်။ တကော့= ကျွန်းလို့အဓိပ္ပါလ်ရပြီး ခမို်င်းဆိုတာ မူလ အသံထွက်( စမောင်) ( စမင်း) ဖြစ်တယ်။ ရှေးမွန်စာ ရှင်မွေ့နွန်း မင်းနန္ဒာ ပျို့မှာ ခမိုင်းကို အကိုင်းခက်များ တဲ့သစ်ပင်လို့ ဆိုတယ်။   တကော့ သမိုင်းရေးရာ ကနေ တကော့ခမိုင်းလို့ပြောင်းလဲခဲ့တယ်။ အဲဒီခေတ်က စမောင် (သို့) စမင်း ( semang) လူမျိုးတို့ဟာ အဝတ်စား မဝတ် နှုတ်ခမ်းထူ ပြီး အသားမဲ ဆံကောက် ၊ ရေကူး ကျွမ်းကျင်ပြီး ခက်ထန် ကြမ်းကြုတ်တဲ့ လူ...

ရှမ်းပြည်မြောက်ပိုင်း လားရှိူး

 ရှမ်းပြည်နယ်မှာ ဗြိတိသျှတို့ တည်ထောင်ခဲ့သောမြို့ပြ များ အပိုင်း(၂) ——————————————- ရှမ်းပြည်မြောက်ပိုင်း လားရှိူး လားရှိူးမြို့ဟာ မြန်မာ ဘုရင်လက်ထက်က ရွာငယ်လေး တရွာသာဖြစ်ပါတယ် ။ ၁၈၈၇ ခုနှစ်မှာ မေမြို့ကို ရှမ်းပြည် မြောက်ပိုင်းတခုလုံးရဲ့ စစ်ဌာနချုပ် အဖြစ်အသုံးပြုခဲ့ပါတယ် ။ ၁၈၈၈ ခုနှစ်မှာ မြောက်ပိုင်းပြည်နယ်များရဲ့ အုပ်ချုပ်ရေးယူနစ် တခုအဖြစ် ပူးပေါင်း ဖွဲ့စည်းပြီး ၁၈၈၉ ခုနှစ်မှာတော့ လားရှိူး ကို အရေးပိုင်ရုံးစိုက်ရာ နေရာ အဖြစ် သတ်မှတ်ရုံးထိုင်ခဲ့ပါတယ်။ လားရှိူးမြို့ရဲ့ အာရုံတော် ရပ်ကွက် မြောက်ဘက် အစွန် မှာရှိတဲ့ လွယ်ရိုးရွာနဲ့ လားရှိူးရွာ ဟာ မြောက်သိန္နီစော်ဘွားရဲ့ နယ်မြေထဲမှာ ပါပါတယ် ။ဒီရွာ နှစ်ရွာကြားမှာ ဗြိတိသျှ တွေဟာ စစ်တပ်နဲ့အုပ်ချုပ်ရေးရုံးတွေ ဆောက်လုပ်ခဲ့တယ် ။ ၁၈၉၈ ခုနှစ် မှာ ရှမ်းပြည်မြောက်ပိုင်း မြောက်သိန္နီ နယ်အတွင်းရှမ်းရွာ ၂၃ ရွာ ၊ ပလောင်ရွာ ၈ ရွာနဲ့ ဖွဲ့စည်းထားတဲ့ လားရှိူးရွာလေးဟာ တိုက်နယ် အဆင့်ရှိလာပါတယ် ။  လားရှိူး မြို့ ကို (၁) အရေးပိုင်ရုံးနဲ့ မြို့ပြ အရာရှိများအတွက်  နေအိမ်များပါဝင်တဲ့ ဥရောပ သားတို့ နေထိုင်တဲ့ အရပ် ( The European Station ) (၂) စစ်ပုလိပ်မျ...

ရာဇဝင်ကို ပြည်ဖုံးကားမချပဲ အနာဖေးခွါရင်

Image
မြန်မာပြည် လွတ်လပ်ရေး    "လူသားအာလုံး လွတ်လပ်ဖို့ ဖြစ်တယ်။ မြန်မာတမျိုးထည်း လွတ်လပ်ဖို့ မဟုတ်ဘူး" ..   ကံမကောင်းလို့ စစ်အာဏာရှင်အောက် ရောက်တော့ "လူသားအားလုံး လွတ်လပ်ရေး ဆုံးရှုံးရတယ်။ အခြားတိုင်းရင်းသားတွေပဲ ကွက်ပြီး ဆုံးရှုံးတာ မဟုတ်ဘူး" ဒါကို "မြန်မာက လွတ်လပ်ရေးရတယ်၊ ငါတို့က မရဘူး " လို့ ထင်နေသူတွေဟာ "လူမျိုး တမျိုးစီက တနိုင်ငံစီ ခွဲထွက်ပြီး နေတာကို လွတ်လပ်ရေး" လို့ ယူဆနေသူတွေဟာ  လူမျိုးရေး အမြင်ကျဉ်းမြောင်းသူတွေ ဖြစ်တယ်။ သဘာဝမကျ ယုတ္တိ မရှိပဲ အတွေးအခေါ် နုံချာ ညံ့ဖျင်းသူတွေ ဖြစ်တယ် ..  ပဒေသရာဇ် သူငယ်နာ မစင်ပဲ ၊ မိမိတို့ ရှုံးခဲ့ရတဲ့ ပြိုင်ပွဲ တခုကို အခဲ မကြေ ဖြစ်နေကြတယ်။  သမိုင်းဦးဘုံမြေစနစ်မှာ ဘယ်လူမျိုး မဆို ရေကြည်ရာ မြက်နုရာ ရှာဖွေ ရင်း နယ်မြေအသစ် ကို ကျူးကျော်ရတာပဲ။ ပဒေသရာဇ် စနစ်မှာ ဘယ်လူမျိုး မဆို ( အင်အားကြီးလာရင် )  နယ်မြေ ချဲ့ထွင်တာပဲ။  ရှမ်းလည်း အင်အားကြီးလာရင် မြန်မာတွေ နေတဲ့ ဧရာဝတီ မြစ်ဝှမ်းဒေသ ကို ပြည်အထိ နယ်ချဲ့ကြတယ်။ ရှမ်းညီနောင်သုံးပါး ခေတ်က တကြိမ်၊ မိုးညှင်းစလုံ သိုဟန်ဘွား ခေတ်က တကြိမ်။  ရခိုင်လည်း အင်အားကြီးလာရင် မြန...