စုကို လွှတ်ပေးနိုင်သလား

စုကို လွှတ်ပေးနိုင်သလား




















(၁) လွှတ်ပေးနိုင်တယ်။ ။ နိုင်ငံတကာ ဖိအားတွေ လျော့ကျသွားအောင် လွှတ်ပေးနိုင်တယ်။

မလွှတ်ပေးနိုင်ဘူး။ ။ လွှတ်ပေးလို့ နိုင်ငံတကာ ဖိအားတွေ "ချက်ချင်း" လျော့ကျသွားမှာ မဟုတ်ဘူး။ နိုင်ငံရေးအကျဉ်းသားတွေ သောင်းချီ ကျန်သေးတယ်။ စုက ဦးဝင်းမြင့် နဲ့ သူတို့ကို လွှတ်ပေးဖို့ ပြောရင် စု စကားနဲ့ ဖိအား တိုးတာပဲရှိမယ်။

(၂) လွှတ်ပေးနိုင်တယ်။ ။ သဘောထားကြီးရာရောက်အောင် စွဲချက်တွေကို ပယ်ဖျက်ပေးပြီး လွှတ်မယ်၊

မလွှတ်ပေးနိုင်ဘူး။ ။ စွဲချက်တွေက သန်းရွှေခေတ်လို နိုင်ငံရေးမှုတွေ မဟုတ်ဘူး။ အဂတိမှုတွေ ဖြစ်တယ်။ ပယ်ဖျက်လို့ မရဘူး။ စထဲက စုကို နိုင်ငံရေး အသေသတ်ဖို့ စွပ်စွဲထားတာ၊ နိုင်ငံတကာမှာ အဂတိမှုနဲ့ စွပ်စွဲခံရရင် နလန်မထူတော့ဘူး။ အဂတိမှုတွေကို ပယ်ဖျက်ရင် တရားစီရင်ရေးစနစ်ဟာ လိမ်ဆင်ကြီး လို့ ဝန်ခံလိုက်တာပဲ။ ဒီအတွက် တပ်တွင်း မေးခွန်းတွေ တက်လာမယ်။

(၃) လွှတ်ပေးနိုင်တယ်။ ။ ၂၀၂၀ ရွေးကောက်ပွဲ ရလာဒ်ကို လက်ခံပြီး လွှတ်ပေးမယ်။

မလွှတ်ပေးနိုင်ဘူး။ ။ အာဏာသိမ်းရခြင်း အကြောင်းပြချက်ဟာ ၂၀၂၀ ရွေးကောက်ပွဲ ရလာဒ်ကို မသမာလို့ သိမ်းတာ။ ထွက်ပြီးသား တံတွေး ပြန်မြိုလို့ မရတော့ဘူး။ နိုင်ငံတော် ပုန်ကန်မှု ရာဇသတ်ကြီးအတွက် ဝန်ခံချက်ပေးလိုက်သလိုပဲ။ စုဟာ မအလကို မဖြစ်မနေ အရေးယူရမယ်။ မဟုတ်ရင် စု ဟာ ရာဇဝတ်သားကို အပြစ်လွှတ်လိုက်သလိုပဲ

(၄) လွှတ်ပေးနိုင်တယ်။ ။ ၂၀၁၅ အစိုးရကို ပြန် အာဏာလွှဲမယ်။

မလွှတ်ပေးနိုင်ဘူး။ ။ လက်ရှိမှာ ဦးဝင်းမြင့်ရော စုရော ကုလသမဂ္ဂ စာရင်းဝင် မြန်မာနိုင်ငံတော် သမတ နဲ့ အတိုင်ပင်ခံဖြစ်တယ်။ ဒီရာထူးမှာ ၃ လ တာဝန်ထမ်းဖို့ကျန်သေးတယ်။ လွှတ်လိုက်တာနဲ့ မူလတာဝန်ဟာ အသက်ဝင်လာမယ်။ စုစကား တခွန်းဟာ မအလအတွက် ရူးခါသွားနိုင်တယ်။ သန်းရွှေခေတ်က အတိုက်အခံ ခေါင်းဆောင် ရိုးရိုး မဟုတ်ဘူး။ ၂၀၁၅ အစိုးရ အာဏာပိုင်သူ ဖြစ်တယ်။ တဖန် CRPH ကလည်း အလားတူ အာဏာအပ်နှင်းထားတော့၊ ၃ လအလွန်မှာလည်း ကုလသမဂ္ဂ စာရင်းဝင်နေဦးမှာပဲ။

(၅) လွှတ်ပေးနိုင်တယ်။ ။ ရင်ကြားစေ့ပြီး လွှတ်မယ်။

မလွှတ်ပေးနိုင်ဘူး။ ။ စုဟာ မအလနဲ့ အရမ်း အရမ်းကို ရင်ကြားစေ့ချင်ရင်တောင် ရင်ကြားစေ့လို့ အခြေအနေ မရှိတော့ဘူး။ အရင်က ရင်ကြားစေ့ဖို့ အကြောင်းပြချက်ရှိတယ်။ (၁) စစ်ဗိုလ်တွေဟာ ဖြောင်းဖြလို့ ရတယ်။ (၂) ယုံကြည်အောင် အရိုးသားဆုံးနေပြလိုက် (၃) ၂၀၀၈ ခြေဥဟာ NLD နဲ့ စစ်တပ် ညီညွတ်ရင် ပြင်လို့ရတယ်။ (၄) နောက်ကြောင်း မပြန်ကြေး၊ သင်ပုန်းချေပေးပါ။ အဲဒီ အကြောင်းပြချက်ကို စုလည်း မယုံတော့ဘူး။ ပြည်သူလည်း လက်မခံတော့ဘူး။ ခွေးမြီးကောက် ကျည်ထောက်စွပ်ပြီး ရက်စက် ယုတ်မာ ရိုင်းဆိုင်းနေတာ စု ကိုယ်တိုင် ခံစားရပြီ၊ လုပ်ကြံ အဂတိမှုတွေနဲ့ အသရေဖျက်နေတာ " all absurd " လို့ ပြောခဲ့တယ်။ ပြည်သူက ဘီဘီစီ နားထောင်ပြီး ယုံတဝက် မယုံတဝက် ဖြစ်တဲ့ ခေတ်မဟုတ်ဘူး။ ၁၉၈၈ က ၂၀၂၀ ကြားမှာ ဘဝပေး အသိရှိနေပြီ။ ၂၀၂၁ မှာ အင်တာနက် တန်ခိုးနဲ့ မျက်ဝါးထင်ထင် သိမြင်ကြပြီ။

ပြည်သူက ရင်ကြားစေ့ဂျင်းကို စုမပြောနဲ့ စုအဖေ လာပြောတောင် လက်မခံတော့ဘူး။ရင်ကြားစေ့လို့ မရတော့ပါဘူး

(၆) လွှတ်ပေးနိုင်တယ်။ ။ အာဆီယံနဲ့ တရုပ်က လွှတ်ခိုင်းတယ်

လွှတ်မပေးနိုင်ဘူး။ ။ မအလရဲ့ NLD အပေါ် သဘောထားဟာ သန်းရွှေနဲ့ မတူဘူး။

သန်းရွှေက စုကို လွှတ်ပေးပြီး ဆုတ်ခွါဖို့ ကြံထားတယ်။ ဒါပေမယ့် စု ဘေးက အကြံပေး တတ်သိပညာရှင်အုပ်စုကို ရှင်းထုတ်ဖို့နဲ့ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို တဖြည်းဖြည်း မှေးမှိန်အောင် လုပ်ခဲ့တယ်။ ၂၀၀၈ ခြေဥဟာ ဝင်/ပြင် လမ်း လို့ နိုင်ငံတကာကိုရော NLD ကိုပါ အယုံသွင်းခဲ့တယ်။ ဒီကာလရှည်မှာ တိုင်းပြည် ဓနဥစ္စာကို ငါ့ပိုင်၊ ဦးပိုင်၊ တပ်ပိုင် လုပ်ရင်း အင်အားမွေးနေတယ်။ ဒီကာလရှည်မှာ စုကို ချုပ်ထားရတယ်။ မအလလည်း သန်းရွှေလို အကြံမအောင်မခြင်း စုကို ချုပ်မှာပဲ

မအလက စုကို လွှတ်ပေးပြီး ဆုတ်ခွါဖို့ ရည်ရွယ်ချက် မရှိဘူး။

( မအလက NLD ကို အမှုန့်ခြေဖို့ ကြံစည်ထားတာ။ တရုပ်က သိလို့ ဝင်တားတာဟာ နအဖ ခေတ် နဲ့ မတူတာကို ပြနေတယ်။ တရုပ်ကြောင့် မအလဟာ လက်လျော့မယ် လို့ မယူဆနဲ့။ မအလက NLD ပါတီ (ခဏတာ) အချိန်ဆွဲတာကို အခွင့်အရေးပေးတယ် မထင်နဲ့။ PDF သာ မပေါ်ရင် ပါတီဖျက်ပစ်တာ ကြာပြီ။ ရွေးကောက်ပွဲ မသမာမှု တံဆိပ်ကပ်ထားပြီးသား Delete ခလုပ်နှိပ်ရုံပဲ။

UEC ဥပဒေနဲ့ ပြောရင် လက်ရှိ NLD ကလည်း ၁၉၉၀ က NLD မဟုတ်ဘူး။ ၂၀၁၂ မှာ မှတ်ပုံတင်တဲ့ NLD ဖြစ်တယ်)

မအလဟာ စုကို လွှတ်ပေးဖို့ နေ​ေနသာသာ လူချင်းတွေ့ ပေးဖို့တောင် မလုပ်ရဲဘူး။ စု စကားတခွန်းကို ကြောက်နေတာ စု ရပ်တည်ချက် မှန်ကန် ခိုင်မာနေတာကို ပြသနေတာပဲ။

စုကို လွှတ်ပြီး အိမ်မှာ ပြန်နေခိုင်းရုံနဲ့ လူထုအပေါ် ဘာသက်​ရောက်မှုမှ မရှိဘူး။ ဒိအတိုင်းပဲ ။ NLD လည်း မျက်နှာပြောင်တိုက်ပြီး မအလ ရွေးကောက်ပွဲ ဝင်မှာ မဟုတ်ဘူး။ နိုင်ငံရေး Road Map မရှိပဲ "ကုလသမဂ္ဂ" ဆန်ဆန် ကြေညာချက် ထုတ်လည်း ဘယ်သူမှ စိတ်မဝင်စားဘူး ဆိုတာ သိကြတာပဲ။ ကိုကိုကြီးလို နိုငံရေးနည်းနဲ့ ဖြေရှင်းပါလို့ အရူးထပြောကြမှာလည်းမဟုတ်ဘူး ( နိုငံရေးနည်းဆိုတာ စစ်တပ် မပါရဘူး)

(၇) လွှတ်ပေးနိုင်တယ်။ ။ --

လွှတ်မပေးနိုင်ဘူး။ ။ မအလဟာ စုကို "တရားခံ " အဖြစ်တင်မကဘူး "ဓားစာခံ " အဖြစ်ပါ ကြံစည်ထားတာ။

==

ထောင်ဒဏ် အနှစ် ၁၀၀ အထိ စွဲချက် ပုဒ်မ တွေ ထပ်တိုးပြီး မအလဘက်က အဆက်မပြတ် တရစပ် လုပ်နေတာတောင် ၊ လွှတ်ပေးမလား တွေးနေကြတာ အံ့ဩပါရဲ့။

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား